မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Wednesday, December 21, 2011

မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ

                  
                      ဟန်းဖုန်းတွေမှာ အင်တာနက်ချိတ်ပြီးတော့ မြန်မာဆိုက်တွေကို ကြည့်ချင်ကြသူများ အထူးသဖြင့် ဘလောဂ်တွေကိုပေါ့ . ဆိုက်တွေရဲ့ 85% လောက်ဟာ zawgyi နဲ့ ရေးထားကြတာဖြစ်
တဲ့အတွက် ဇော်ဂျီနဲ့မှ မဟုတ်ရင် အဆင်ပြေပြေ မြင်နိုင်မှာမဟုတ်ပါဘူး . ကဲ နိုင်ငံခြားရောက်လို့ ဟန်းဖုန်းသုံးတဲ့သူတိုင်း ဒါလေးကိုတော့ လိုချင်ကြမယ်ဆိုတာကို ကြိုသိနေပါတယ် . ကျွန်တော်လဲ ရရချင်း တင်ပေးလိုက်တာပါ . ကဲဗျာ စိတ်ချလက်ချသာဒေါင်းပြီး သုံးကြဗျာ . Mobile phone and Pocket pc များအတွက် မြန်မာစာနဲ့ရေးထားတဲ့ ဆိုက်တွေကို ဖတ်နိုင်ကြပါစေဗျာ . အဲ့ထဲမှာ pdf နဲ့ရေးထားတာပါပါတယ် ဖတ်ကြည့်လိုက်ပါ .

Download menual zip >> Download mediafire

Download Zawgyi keyboard >> Download mediafire

လုပ်နည်းလေးကတော့ ပထမဦးဆုံး
web >> go to address >> www.google.com ကိုနှိပ်လိုက်ပြီး google ကိုသွားပါ ...
ပြီးတာနဲ့ google search မှာ mobile myanmar ဆိုပြီး ရိုက်ထည့်လိုက်ပါ. အောက်ပုံဆိုက်လိပ်စာလေးကိုတွေ့ရမှာပါ သေသေချာချာ ရှာစေချင်ပါတယ် ..



အဲ့ဆိုက်လေးကို အရင် သွားလိုက်ပါ သွားလိုက်တာနဲ့ အောက်ကဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်။



အဲ့ဒီ့မှာ ကျွန်တော်တို့ အပေါ်ဆုံး Bar လေးမှာ download ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ ..
အောက်ဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်


စာလုံးအနီနဲ့ရေးထားတာက သိအောင်ကျွန်တော်ရေးထားတာပါ ဆိုက်မှာပေါ်နေမှာက အဲ့ဒီ့စာလုံးအနီနဲ့ဟာ ပျောက်နေမှာပါ.
မြန်မာလို phone message ပို့ချင်တယ်ဆိုရင် အပေါ်ဆုံးက Messx ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ.

အဲ့ အင်္ဂလိပ်မြန်မာ dictionary ကိုလိုချင်ရင်တော့ အောက်ဆုံးက defined:mobile က download full ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ။
ကွန်ပျူတာဖြင့် download လုပ်ချင်ရင်တော့ ဒီဆိုက်ကို သွားပါ ..

ကိုလိုချင်တာ download လုပ်ပြီးရင်တော့ install ပေါ့နော်.. ဒါကတော့ပြောစရာ မလိုလောက်တော့လို့ပြောတော့ပါဘူးဗျာ ..
ကိုညီနေမင်းဆိုဒ်မှ ကူးယူဖေါ်ပြလိုက်တာပါ.

Android ကို ဘယ်လို Root လုပ်တယ်ဆိုတာ သိပြီးပြီဆိုတော့... အခု Root လုပ်ထားတဲ့ Android ဖုန်းမှာ ဇော်ဂျီ မြန်မာစာဖောင့် ဘယ်လိုထည့်သွင်းမလဲဆိုတာကို ဖော်ပြပေးပါ့မယ်။


Android မှာ ဇော်ဂျီဖောင့်ထည့်တော့ ဘာတွေလုပ်လို့ရလဲ...?

ဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ဇော်ဂျီ လက်ကွက် ထည့်သွင်းထားမယ်ဆိုရင် Myanmar Website တွေကို ဖတ်လို့ရမယ်။ ရေးလို့ရမယ်။ ဒါအပြင့် ဖုန်း Contacts တွေ၊ SMS တွေမှာပါ မြန်မာလိုရိုက်ပြီး သုံးနိုင်ပြီလေ... တခြားလုပ်လို့ရတာတွေလည်း ရှိပါသေးတယ်...။

ကဲ... သူရဲ့ အကျိုးကျေးဇူးကို သိပြီဆိုတော့။ ဇော်ဂျီဖောင့်ကို ဘယ်လိုထည့်ရမယ်ဆိုတာကို ပြောပါ့မယ်။
စာရေးသူအနေဖြင့် ဖောင့်ထည့်သွင်းပုံနည်းလမ်း နှစ်မျိုးပဲ သိပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

အခု ပထမ နည်းလမ်းက FontChangerLite Application ကိုသုံးပြီး ဖောင့်ကို ထည့်သွင်းမှာပါ။


၁။ FontChangerLite_v1.7.10.apk <OR> FontChangerLite_v1.8.3.apk လိုပါတယ်။

Download Link:
FontChangerLite_v1.7.10.apk
OR
FontChangerLite_v1.8.3.apk


၂။ FontChangerLite​.apk ကို ဖုန်း၏ SDCard ထဲသို့ ကူးထည့်ပေးပါ။ ထို့နောက် မိမိ Android ဖုန်း၏ Menu တွင် ( File Manager OR Root Explorer OR And Explorer ) ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ FontChangerLite​.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးပါမယ်။ Open မှာ နှိပ်ပါ။ အဲ... ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။


(မှတ်ချက် - Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ Root လုပ်နည်းမသိပါက ဒီမှာ နှိပ်ပြီး လေ့လာပါ။)


၃။ FontChangerLite Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပေးသွားပါတယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။

၎။ ထို့နောက် FontChangerLite App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ Long Press ခဏအကြာဖိထားပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။

၅။ ဖုန်းပြန်အတက်တွင်တော့ မူရင်းဖောင့်နေရာတွင် ဇော်ဂျီဖောင့်ကို အစားထိုးပြီး တက်လာပါပြီ။ ဒီအဆင့်ထိ အဆင်ပြေခဲ့ရင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း ပြီးပါပြီ။ မြန်မာ Websites တွေကို ဖတ်ရှုလို့ ရပါပြီ။ အိုင်တီမန်း(မန္တလေး)
.............................................................
Android ဖုန်းတွင် မြန်မာစာရိုက်၍ အသုံးပြုနိုင်ရန်

Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်သွင်းနည်း သိပြီးပြီဆိုတော့ Myanmar Tutorials က ရေးသားသည့် MyanDroid Soft Keyboard Zawgyi Beta ကို အသုံးပြုပြီး မြန်မာစာ ရိုက်သွင်းနိုင်အောင် ပြုလုပ်ပုံတို့ကို ဖော်ပြပေးလိုက်ပါသည်။

Download Link: MyanDroid-Soft-Keyboard-Zawgyi-Beta.apk

ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို အသေးစိတ် လေ့လာလိုပါက Myanmar Tutorials ( www.myanmartutorials.com ) တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

သို့မဟုတ်

ebook အဖြစ် ဖတ်ရှုလိုသော၊ သိမ်းထားလိုသော စာဖတ်သူတို့အတွက် ကျွန်တော် PDF ဖိုင်ပြုလုပ်ပေးထားပါတယ်။ ဤ PDF ဖိုင်ကို Download လုပ်ပြီး အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

Download Link: MyandroidKeyboardbyMyanmarTutoirals.pdf

  မူရင်း...အိုင်တီမန်း(မန္တလေး)

5 comments:

  1. အစ်ကိုကျွန်တော်ဖုန်းက Nokia C6-o1 မလုပ်တတ်လို့..သိရင်ပြောပြပါလား.ဆိုင်တွေမှာတော့မရသေးဘူးပြောတယ်.
    သိရင်ကျေးဇူးပြုပြီးပြောပြပေးပါ

    ReplyDelete
    Replies
    1. ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download Now

      >>>>> Download Full

      ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download LINK

      >>>>> Download Now

      ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download Full

      >>>>> Download LINK ta

      Delete
  2. nokia 7မှာ root မလုပ်ပဲမြန်မာfoontထည်လု့်ရလားကူညီပါဦး

    ReplyDelete
  3. HUAWEI U8825D ကို 4.1 တင်ချင်လို့ပါ
    ရနိုင်လား ဘာဖြစ်နိုင်လည်းဆိုတာလေးသိချင်လို့ပါအစ်ကိုရေ

    ReplyDelete
  4. ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download Now

    >>>>> Download Full

    ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download LINK

    >>>>> Download Now

    ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): မိုဘိုင်း ဖုန်းများအတွက် မြန်မာဖေါင့်ထည့်နည်းများ >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...