မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Monday, December 12, 2011

Windows 7 Admin Account ကို CD မပါပဲ Reset ချနည်း





                   ကျွန်တော် ဒီနေ့ ဘလော့မိတ်ဆွေများအတွက် ၀င်းဒိုး ဟက်ကင်းနည်းပညာ တစ်ခု တင်ပြပေးပါမယ် ၀င်းဒိုး 7 မှာ သုံးနည်းပါ အခြားဝင်းဒိုးများမှာတော့ ကျွန်တော်လဲ မစမ်းရသေးပါဘူး ၀င်းဒိုး အက်ဒမင် ကို ဟက်တာ နည်းတွေ မြောက်မြားစွာ ရှိပါတယ် အဲဒီ နည်းတွေ များစွာမှာ CD မပါပဲ လုပ်တဲ့နည်း ရယ်လို့ မရှိသလောက်ပါပဲ အခု ရှားပါးနည်းပညာဖြစ်တဲ့ နယ်မှာနေပြီး repair CD အတွက် အခက်အခဲ ဖြစ်နေသူများ အတွက် အဓီကထားပြီး repair CD မသုံးပဲ အက်ဒမင် ကို ဟက်နည်းလေး ပြပေးလိုက်ပါတယ်
အီး ဟက်ကင်းရေးတယ်ဆိုပြီး ဟက်ကာလို့တော့ မထင်လိုက်နဲ့ တကယ် မသိတာ ဟက်ကင်းနည်းတွေကို အခုလဲ ရမ်းသမ်းကလိပြီး ရလာတဲ့နည်းလေးကို အသုံးဝင်တဲ့နည်းလေးတစ်ခု ဖြစ်မှာပါဆိုပြီးတင်ပေးလိုက်တာ အာကာဖြိုးက ဘလော့ဂါပါ ဟက်ကာ မဟုတ်ပါဘူး အောက်မှာလုပ်နည်းလေးလေ့လာလိုက်ပါဦး



ကျွန်တော်မှားလုပ်နေမိမှာ စိုးလို့ မူကြို ကလေးတွေကိုပြောပြသလို ပြောပြထားပါတယ် စေတနာပါ တလွဲတော့ မတွေါ်လိုက်ပါနဲ့ အဲလိုပြောနေရအောင် မင်းစာကိုဖတ်နေတဲံ ငါက ကလေး မဟုတ်တော့ဘူးဟ လို့ ပြောနေမှာစိုးလို့ပါ
1. computer power ကို ဖွင့်ပါ
2.  Microsoft logo ပေါ်လာပြီဆိုတာနဲ့ Power ခလုတ်ကို ပြန်နှိပ် ပြီး စက်ကို ပိတ်ပေးလိုက်ပါ
3.နောက် စက်ကို ပြန်ဖွင့်ပါ
4.  Start Up Repair လုပ်ဖို့ option ကိုမြင်နေရပါပြီ  the option ကို ရွေးပြီး enter ခေါက်လိုက်ပါ
5. Startup Repair Run နေပါမယ်
6. screen ပေါ်မှာ အလုပ်လုပ်နေတဲ့ ဟာတွေ မှာ အပြာရောင် ဘားတစ်ခု မြင်ရပါလိမ့်မယ် “searching for problems” လို့ ပြောပါနေပါလိမ့်မယ် ဒီအဆင့်မှာ စာဖတ်ရင်တော့ နဲနဲ ရှုပ်နေပါလိမ့်မယ် လုပ်ကြည့်ရင် သိသိသာသာလွယ်ပါတယ် ဘာမှ လုပ်ရသေးတာမဟုတ်ဘူးအခုမှ ကလစ် လေးငါးချက်ပဲနှိပ်ရသေးတာ “searching for problems” အဲလိုပြောတာ အမြဲတမ်းတော့ မဟုတ်ဘူးနော် တစ်ခါတလေ something လို့ပြောတတ်တယ်
7. အဲဒီ မက်ဆေ့က မိနစ်အနည်းငယ် အတွင်းမှာ  “Attempting repairs” ပြောင်းဖို့ ပြောတာပါ
8. computer running လုပ်နေတာကနေ ထွက်လိုက်ပါ  ထွက်ဖို့ အတွက် သင့်ကွန်ပျူတာမှာ 10-40 minutes အထိ အားထားမှီခိုနေရပါတယ်ဆိုတဲ့ မက်ဆေ့တက်လာပါမယ်
9.  10-40mins ပြီး၇င်  “start up repair could not fix the problem” ဆိုတဲ့ မက်ဆေ့ ဘောက်တစ်ခုတက်လာပါမယ် “show problem details” ဆိုတာကို ကလစ်ပါလိုက်ပါ next ကို ကလစ်သွားလဲ ရပါတယ်
10. Scroll ဘားကိုသု့းပြီး .txt file ကို ကလစ်ပေးပါ
11. Notepad ဖိုင်လေးတစ်ခု ရပါမယ်
12.  notepad မှာ File->Open ဒါမှ မဟုတ် ကလစ်နှစ်ချက်ပေါ့
13. အခုသင် ဟာ အရင် အက်ဒမင် အကောက်နဲ့ ပတ်ဝကို ဟက်လာခဲ့ပြီးပါပြီ  sethc.exe လေးကို မြင်နေပါမယ်
14.  C:\Windows\system32 ကို သွားပါ sethc.exe နဲ့ rename (သို့) random.exe လို့ ပြတတ်ပါတယ် တစ်ခါတလေမှပါ sethc.exe ဒီလိုပဲ ပြတာများပါတယ်
15.  sethc.exe ကို ကော်ပီ ယူပါ ယူလာတဲ့ ကော်ပီဖိုင်ကို cmd.exe လို့ နာမည်ပြောင်းပေးလိုက်ပါ ကော်ပီလုပ်ပြီးတော့လုပ်နော် တစ်ခါတည်းမလုပ်လိုက်နဲ့ ပြသနာတက်သွားမယ်
16.computer ကို Restart ချပေးလိုက်ပါ  login screen ၀င်ရောက်ဖို့   “shift” key ကို 5 ချက် မြန်မြန်လေးခေါက်လိုက်ပါ ဟိဟိ သူ့ဟာသူလဲ ၀င်ပါတယ်ဗျ “shift” key ကို 5 ချက်ခေါက်တာက မြန်အောင်လို့
17. cmd ကိုခေါ်လိုက်ပါ ဘယ်လိုခေါ်၇မယ် ဆိုတာတော့ပြောတော့ဘူး ဒါတောင်လုပ်နေပြီ ဆိုမှတော့ သိလောက်တယ်လေ “control userpasswords2″လို့ ရေးထည့်လိုက် ဘာမှ မပါစေနဲ့ အဲဒါပဲရေး ရေးပြီးရင် သိမ်းထားနော် ဟိဟိ နောက်တာ နဲနဲ ဦးနှောက်စားခိုင်းလိုက်မယ် ပြောပြဘူး ဘာလုပ်လို့ ဟိ ဟိ
18.  a new admin account တစ်ခုကို အခု သင်လုပ်လို့ ရနေပြီ  လုပ်ပြီး login ၀င်ပါ
ဝင်ပြီးရင် ဘာလုပ်ရမလဲ ဆိုတော့ ထပြီး ကလိုက်ပါ ငါ ၀င်းဒိုးဟက်တာ CD မပါပဲ လုပ်တတ်ပြီလို့ အော်လိုက်ပါဦး အသံလဲ အရမ်းမကျယ်စေနဲ့ ကိုယ့် ဟာကိုယ်အော်တာကိုဘေးခန်းက လူတွေ မခံနိုင်လို့ ဒီကောင် ဟက်နေပါတယ်ဆိုပြီး ရဲတိုင်လိုက်မှ အဖမ်းခံနေရမယ်

ဒီ Post လေးကို ကြိုက်လွန်လို့ ကို အာကာဖြိုးထံမှ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်
အာကာဖြိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...