မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Thursday, December 8, 2011

Wi Fi အကြောင်း သိကောင်းစရာ


                                
WiFi ကို WiFi လို့ ပဲရေးရေး ။ Wi-fi လို့ ပဲရေးရေး ၊ Wifi လို့ ပဲရေးရေး ရပါတယ်။ အတူတူပါပဲ ။ အရှည်
ကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ WiFi ရဲ့မူလပိုင်ရှင်ဟာ Wi-Fi Allance ဖြစ်ပါတယ်။ ၄င်းဟာ IEEE802.11 ရဲ့ Specifications တွေပေါ်မှာ Based လုပ်ထားတဲ့ WLAN (Wireless Local Area Network) ပဲဖြစ်ပါတယ်။ Wi-Fi ကိုဘယ်မှာအသုံးပြုကြမလဲဆိုတော့ Mobile Computing ပေါ့ဗျာ ။ Laptops တွေကို Wireless LAN ချိတ်မယ်။ ဒါပေမဲ့ အခုဒါကသိပ်မထူးဆန်းဘူးဗျ ။ ဒီထက်ပိုပြီး သုံးလာကြပြီမဟုတ်ပါလား ။

ဥပမာ Internet အပါအ၀င် VOIP Phone Access တွေ ၊ Gaming Application တွေ ၊ အခြားသော
အခြေခံလျှပ်စစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ TV တွေ ၊ DVD တွေကိုချိတ်ဆက်တဲ့နေရာတွေမှာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ်။ ကြိုးတွေတွေ့ ကြရမှာမဟုတ်ပါဘူး ။ ဒီထက်ပိုပြီး ဖွံ့ ဖြိုးတိုးတက်လာတာပြောရဦးမလား ။ ဥပမာWi-Fi ကိုကားတွေမှာသုံးမယ် ။ ဘယ်လိုသုံးကြမလဲ ။ ၄င်း WiFi ကိုအသုံးပြုပြီး ကားရဲ့ရှေ့ ကအခြေ
အနေတွေ Statistics တွေကိုစုဆောင်းမယ် ။ တင်ပြမယ် ဒီတော့ပိုပြီးတော့ Safety ဖြစ်လာမယ် ။ ဒါကို
Intelligent Transportation System လို့ ခေါ်ပါတယ် ။ နောက်ပြီး Highway သွားနေရင်းနဲ့  Mobile
Commerce လုပ်လို့ ရပါသေးတယ် ။
မှတ်ချက် ။ ။ Wi-Fi Alliance ဆိုတာ Wi-Fi Trademarks ကိုပိုင်ဆိုင်တဲ့ စီးပွားရေးအဖွဲ့ အစည်းတစ်ခု
ပဲဖြစ်ပါတယ်။ Wi-Fi ဆိုတာ Wireless Local Area Network ရဲ့ Technique နှင့် Methods ကိုသတ်မှတ်
ပေးတဲ့ IEEE 802.11 ကိုရည်ညွှန်းတာပဲဖြစ်ပါတယ် ။ ဒီ Wi-Fi Alliance က ၁၉၉၉ တုန်းက WECA
(Wireless Ethernet Compatibility Alliance) နာမည်နဲ့ ပါ ။ နောက်မှ WECA ကို Wi-Fi Alliance လို့ 
၂၀၀၃ ခုနှစ်ကျမှ ပြောင်းလိုက်တာပါ ။ ဒီ WECA မှာ ပါဝင်သူတွေကတော့ -
(၁) 3 Com
(၂) Aironet (ယခု Cisco)
(၃) Harris Semiconductor (ယခု Intersil)
(၄) Lucent (ယခု Agere)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ပဲဖြစ်ကြပါတယ် ။ Wi-Fi Alliance က Austin , Texas မှာဖြစ်ပါတယ် ။
မှတ်ချက် ။ ။ IEEE 802.11 ဆိုတာ Wireless LAN ကိုသတ်မှတ်ခဲ့တဲ့ LAN / MAN Standard
ကော်မတီဖြစ်တဲ့ IEEE 802 ရဲ့အလုပ်အဖွဲ့ (၁၁) ကိုဆိုလိုတာဖြစ်ပါတယ် ။ ယခုအခါ IEEE 802.11 ကို
802.11 Legacy လို့ လည်းတစ်ခါတရံခေါ်ပါသေးတယ် ။ ဘာလို့ လဲဆိုတော့ IEEE 802.11 မှာ IEEE 802.11a , IEEE 802.11b စသည်ဖြင့် IEEE 802.11x ဆိုပြီး ရှိနေတာကြောင့်ဖြစ်ပါတယ် ။
မှတ်ချက် ။ ။ VOIP ဆိုတာ Voice Over Internet Protocol ဖြစ်ပါတယ် ။ သူ့ ကို IP Telephony ,
Internet Telephony , Broadband Telephony , Broadband Phone , Voice Over Broadband စသည်ဖြင့် ခေါ်ဆိုကြပါသေးတယ် ။ ဆိုလိုရင်းကတော့ အင်တာနက်ကိုပဲဖြစ်စေ တခြား IP Based Network တစ်ခုကိုပဲဖြစ်စေသုံးပြီး Voice Conversation တွေကို Routing လုပ်တာပဲဖြစ်ပါတယ် ။
Wi-Fi ပစ္စည်းတွေကို ကိုင်ဆောင်အသုံးပြုထားသူဟာ ဥပမာ ကွန်ပျူတာပဲဖြစ်ဖြစ် ၊ Telephone ပဲဖြစ်
ဖြစ် PDA ဆိုတဲ့ Personal Digital Assistant ပဲဖြစ်ဖြစ်ပေါ့ ။ ကိုယ်က Access Point မှာရှိနေရင် Internet
ကိုချိတ်ဆက်အသုံးပြုလို့ ရပါတယ် ။ ဒီ Access Point တစ်ခုဖြစ်စေ ၊ တစ်ခုထက်ပိုပြီးဖြစ်စေ ဖြစ်ပေါ်နေ
သော Region တစ်ခုကို Hot Spot လို့ ခေါ်ပါတယ် ။ ဒီ Hot Spot တွေဟာတစ်ခုနှင့်တစ်ခု OverLap ဖြစ်
သွားခြင်းဖြင့် Hot Spot ရဲ့အတိုင်းအတာဟာ အခန်းတစ်ခန်းရဲ့ အကျယ်ပမာဏကနေ ပတ်လည်မိုင်ပေါင်း
များစွာအထိဖြစ်သွားနိုင်ပါတယ် ။ Wi-Fi ဟာ Wireless Mesh Network တွေကိုလည်း ဖန်တီးပေးနိုင်ပါ
တယ် ။
Wi-Fi ဟာ၎င်းပစ္စည်းတွေကို Peer to Peer Mode နှင့်လည်းချိတ်ဆက်စေလို့ ရပါတယ် ။ ဒါကြောင့်
ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခုတိုက်ရိုက်ချိတ်ဆက်နိုင်ပြီး ဒီလိုချိတ်ဆက်နိုင်မှုဟာ လျှပ်စစ်ပစ္စည်းနှင့် Game Application အသုံးပြုသူတွေကို များစွာအသုံးတည့်စေပါတယ် ။ ဒီ WiFi နည်းပညာဟာ ပထမဦးဆုံး
ဈေးကွက်ကိုတင်တဲ့အခါမှာ ပြဿနာပေါင်းစုံကြုံတွေ့ ရပါတော့တယ် ။ အဓိကပြဿနာကတော့ အသုံးပြုသူ
တွေဟာ ဒီမတူညီတဲ့ ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန်တွေဟာတစ်ခုနှင့်တစ်ခု အလုပ်တွေပူးပေါင်းအတူတကွ
လုပ်နိုင်ပါ့မလားပေါ့ ။ ဒါအသုံးပြုသူ ၀ယ်မယ့်သူတွေဘက်က သံသယ၀င်တာဖြစ်ပါတယ် ။ ဆိုလိုတာက ဒီ
ကုမ္ပဏီကထုတ်တဲ့ WiFi ပစ္စည်းတစ်ခုဟာ နောက်ကုမ္ပဏီကထုတ်တဲ့ WiFi ရဲ့မူလ မူပိုင်သူ Alliance ဟာ
နောက်ထပ် Brand တံဆိပ်အသစ်တစ်ခုကို ဖန်တီးရပါတော့တယ် ။ အဲ့ဒါက Wi-Fi Certified ဆိုတာပါပဲ ။
အဲ့ဒီ Wi-Fi Certified တံဆိပ်ပါတဲ့ ပစ္စည်းတိုင်းဟာ ဘယ်ကုမ္ပဏီကထုတ်ထုတ် အတူတကွပေါင်းစည်း
အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ် ။ ။
Wi-Fi နဲ့ Wi-Max ကွာခြား ချက်လေး ပါ။
Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။
wifi.gif
WiFi အကြောင်းကို ကျွန်တော် စေ့စေ့ ပေါက်ပေါက်တော့ နားမလည်သေးပါဘူး တစ်ခုတော့ သိပါတယ် Wireless Connection လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်ဗျာ WiFi ဆိုတာကတော့ Wireless Connection တစ်ခုရဲ့နာမည်ပါပဲ အသုံးများကြလို့သာ အထင်တွေ အမြင်တွေ များနေကြခြင်းဖြစ်ပါတယ် ဗျာ Wifi ရဲ့ အရှည်ကတော့ Wireless Fidelity ဖြစ်ပါတယ် ဗျာ တစ်ခုပဲမှတ်သားထားလိုက်ပါဗျာ wifi ဆိုတဲ့ wireless connection ဆိုတာက ၀ါယာကြိုးကိုအစားထိုးတဲ့ ပစ္စည်းတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ တခြားဆိုက်တွေကနေ ကူးယူထားတဲ့ wifi အကြောင်း တွေကို စာအုပ်လေးတစ်အုပ်ပြန်လုပ်ထားပြီးတော့ တင်ပေးလိုက်ပါတယ် ဗျာ Download ရယူရန်
အဆင်ပြေကြပါစေဗျာ
လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ . တစ်ခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး . လေ့လာတာတော့ ကို့ဟာကိုပဲ ကျုပ်ကျက်လိကြပါ . တစ်ခြားဟာလေးတွေလဲ လေ့လာလို့ရအောင် တင်ပေးပါဦးမယ် . အဆင်ပြေကြပါစေဗျာ ... ကျွန်တော်တော့ မစမ်းရသေးဘူး . အခုတစ်လော နာမည်ကြီးနေတဲ့ AIO ကိုလဲ ကိုပါ ထည့်ပေးထားတယ် . အသစ်ရလာရင် တင်ပေးပါဦးမယ် . ကို့ဟာကို စမ်းကြပါ . ကျွန်တော်ကတော့ သိပ်ဝါသနာမပါဘူး . ကို့ရုံးခန်းနဲ့ကို ဆိုတော့ ဘာ password မှာလဲ မလိုဘူးလေ . password က ကို့လက်ထဲမှာဆိုတော့ သိပ်စိတ်မပါဘူး . လိုက်စမ်းရမှာ .
Download mediafire ၊ Download ifile.it
ဒါက အခုနောက်ပေါ် Wireless Hack Tools (2009) software ပါ .. စမ်းချင်ရင် Download လုပ်လိုက်ပါ . ကြိုပြောထားပါတယ် . ကိုညီနေမင်းက လက်လှမ်းမီ သလောက်ကလေး တွေ့တဲ့ software များကို ဝေမျှနေခြင်းသာ ဖြစ်ပါသည်။ သူများတွေပြောပြောနေတဲ့ Hacker မဟုတ်သလို ဘာကာ မှလဲ မဟုတ်ပါ . Joker တော့ ဖြစ်ချင်ဖြစ်မယ် ပြောမရဘူး . ကြိုပြောထားမှ မဟုတ်ရင် နေရင်းထိုင်ရင်းနဲ့ ဆွဲစိခံနေရဦးမယ် .. ဆွဲစိတော့ မခံနိုင်ဘူး . မတောက်တခေါက်ပညာလေးနဲ့ ပါသွားရင် ရင်ကျိုးရချည်ရဲ့ . ထိုင်းနိုင်ငံမှာဆိုရင်တော့ ချကြဗျာသိလား . သူများနိုင်ငံမှာပဲဟာ . ထိုင်းကလူတွေက နဲနဲဒူတယ်ဗျ . ဗျင်းသာဗျင်း . မသနားနဲ့ . သူတို့က ကို့နိုင်ငံသားကိုလဲ သနားတာမဟုတ်ဘူး . ကျွန်တော်ကတော့ အားပေးတယ် . ကိုယ့်နိုင်ငံမှာတော့ မလုပ်ကြပါနဲ့လို့ . ဘာပဲလုပ်လုပ်ပေါ့ .

ကျွန်တော်လေ့လာခဲ့ဖူးသော site တစ်ခုမှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...