မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Friday, December 9, 2011

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်


 ဒီ Post လေးက ကျွန်တော့် ဆရာသမား ဆရာ ထက်ဇော်ရဲ့ MMiTD က Post လေးကို သဘောကျလို့ပြန်ပြီးမျှဝေတာပါ။
ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။

ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်
ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။
အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ
ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account ရှိသလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင် ဖွင့်ထားသလောက် အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။ အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ အားလုံးကိုလည်း တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...