မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Thursday, December 1, 2011

HJ Split နဲ့ဖိုင်များကိုခွဲခြင်း ၊ ဖိုင်များကိုဖြည်ခြင်း


                            HJ Split နဲ့ File များကို ဘယ်လိုခွဲထုပ်မယ် ၊ဘယ်လို ပြန်ဖြည်မလဲဆိုတာကို

ရှင်းပြပေးမှာဖြစ် ပါတယ်။ File Size ကသေးပေမယ့် တော်တော်လေးအသုံးဝင်ပါတယ်
။ဆောင်ထား သင့်တဲ့ Software တစ်မျိုးပါဘဲ သူ့ကိုဘယ် လိုနေရာတွေမှာ အသုံးများလဲဆိုရင် Upload တင်ဖို့အတွက် File Sizeကကြီးနေပြီဆိုရင်ဒါလေး နဲ့ခွဲလို့ရပါတယ်။ ဥပမာ File က 1GB ရှိတယ်ဆိုပါစို့ဗျာ။ ဒါဆိုရင် Upload တင်မယ့် Site ကလက်ခံမှာမဟုတ်ပါ ဘူး ။
ကျွန်တော်တို့ အသုံးအများဆုံး Mediafire ,Ziddu , ifile.it စတဲ့ site တွေက Upload တင်လို့အကောင်းဆုံး
ပါဘဲ။အဲဒီ Site တွေက 3 GB ဆိုတဲ့ Size ကိုလက်မခံနိုင်ပါဘူး။ အဲဒါကြောင့် 3GB ကို အပိုင်6း ပိုင်းဒါမှမဟုတ် 7ပိုင်း ခွဲပြီးတင်ရင်အဆင်ပြေပါတယ်။ နောက်တစ်ခုက ကိုယ်တင်လိုက်တဲ့ File ကို ဒေါင်းလုပ်ဆွဲတဲ့သူကလည်း
ကွန်နရှင်ပေါ်မူတည်ပြီးတော့ ဆွဲရမှာဖြစ်တဲ့အတွက် File Size သေးသေးနဲ့ အပိုင်းများများခွဲပြီးတင်ပေးတာက
ဒေါင်းလုပ်ဆွဲဖို့ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ 100MB ရှိတဲ့ Size ကို 20MB နဲ့ 5ပိုင်းခွဲတင်တော့ ဒေါင်းတဲ့သူ
အတွက်ပိုအဆင်ပြေစေတာပေါ့။ 100MB လုံးတင်လိုက်လို့ ဆွဲနေတဲ့သူက ကွန်မကောင်းလို့ 90MB မှာ ကျသွား
ပြီဆိုရင် အစကနေပြန်ဆွဲရမှာပေါ့။အဲဒါကြောင့်အပိုင်းလေးတွေနဲ့ခွဲတင်တော့ ပိုပြီးအဆင်ပြေစေတာပေါ့ဗျာ။
တစ်ခုတောရှိတယ်ဗျ ဘာလဲဆိုတော့ ကိုယ်က HJ Split နဲ့ခွဲပြီးတင်ပေးလိုက်ရင် ဒေါင်းတဲ့သူကလည်း HJ Split
နဲ့ဘဲ ပြီးပြီး File တွေကို ဆက်ပြီး သုံးရမှာဖြစ်ပါတယ်။
                အခုကျွန်တော် Flie ခွဲတာကို ရှင်းပြပေးပါ့မယ်။ ပထမဦးဆုံး Split ကိုနှိပ်လိုက်ပါ ဒါဆို Input Flie
နဲ့ Output File ဆိုတာကျလာပါလိမ့်မယ် Input File ကို နှိပ်လိုက်ပါ။ ကိုယ်ခွဲချင်တဲ့ဖိုင်ကိုရွေးပြီး Ok နှိပ်ပေးပါ။
ပြီးရင် Split File Size ဆိုတဲ့နေရာမှာ ကိုယ်ခွဲချင်သလောက် ပမာဏကိုရိုက်ထဲ့ပေးပါ ။အဲဒီမှာ ကိုယ်က Kbytes နဲ့ခွဲချင်တာလား Mbytes နဲ့ခွဲချင်တာလားဆိုတာ ရွေးပေးရပါမယ်။ဥပမာ 500MB ရှိတဲ့ File ကို တစ်ပိုင်းမှာ 100MBနဲ့ ထားချင်တယ်ဆိုရင် အပိုင်း5ပိုင်းခွဲသွားပေးပါလိမ့်မယ်။ Split File Size နေရာမှာတော့ 100 နဲ့ Mbytes ကိုတော့ ရွေးပေးရပါလိမ့်မယ် အားလုံးပြီးသွားပြီဆိုရင် အောက်နားလေးက Start ဆိုတာကိုနှိပ်လိုက်ပါ။
Splitting Complete ဆိုတာပေါ်လာရင် Ok နှိပ်လိုက်ပါ။ အဲဒါဆိုရင် File ခွဲတဲ့အဆင့်ပြီးဆုံးသွားပါပြီ။
                   ခွဲထားတဲ့ File တွေကို ပြန်ဆက်ချင်တယ်ဆိုရင် Join ကိုနှိပ်လိုက်ပါ။အဲဒီက Input File နေရာမှာ ကိုယ်ပေါင်းချင်တဲ့ File ကိုရွေးပြီးOk နှိပ်လိုက်ပါ။ ပြီးသွားရင် Start ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် File တွေကိုပြန်ပေါင်း တဲ့ အဆင့်ပြီးဆုံးသွားပါပြီ။အသုံးလိုမယ်ထင်ရင်အောက်ကလင့်မှာယူထားလိုက်ပါနော်။အားလုံးဘဲဆင်ပြေကြပါ
စေဗျာ။ကျွန်တော်ရှင်းပြပေးသွားတာ က File တစ်ခုအနေနဲ့ရှင်းပြပေးသွားတာပါ။ ဘယ်File မဆိုရပါတယ်။ Video လည်းအရည်အသွေးကျသွားခြင်းမရှိပါဘူး။ ရှင်းပြပေးထားတာ စာအရေးအသားမရေးတက်တဲ့
အတွက်နားမလည်တာရှိ ရင်ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်ဗျာ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...