မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Tuesday, December 20, 2011

ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…


                        လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။ ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်သပ0x081ပါယ်သားပဲ..၊ ဆိုင်ကဝယ်ယူပြီး ပူဇော်တာလား..၊ ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။
ဒီတော့ ဒကာမက “ဆိုင်ကဝယ်လာတာ မဟုတ်ဘူးဘုရား…၊တပည့်တော်မတို့ အိမ်မှာကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊ အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့ ဗေဒင်ဆရာ သွားမေးကြည့်တော့ ဗေဒင်ဆရာက အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊ အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ် သွားလှူလိုက်ပါလို့ ပြောလို့ အဲဒါ အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။ ဒါလားဟဲ့ ဗုဒ0x081ဓဘာသာလို့လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။ ဘုရားဆင်းတုတော်ကို ကျောင်းမှာလာလှူတာပါတဲ့။ ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။ တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က ခိုက်တာဆိုပဲ။ ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ဗေဒင်ဆရာက ရိုက်တာပါ။ဗေဒင်ဆရာရိုက်တာကို ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ လိုက်လုပ်နေကြတာပါ။ ဘုရားစင်မှာ လူတွေဘာပဲ ကပ်ကပ် အကောင်းအဆိုး၊ ဘာမှမပြော၊ ဘယ်လိုပဲနေနေ ဘာမှမလုပ်ပဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့ ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့ စဉ်းစဉ်းစားစား လုပ်ကြပါဦး။ ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ဖာသာ မကောင်းတာတွေ ဖြစ်နေတာကိုပဲ ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။ယနေ့ခေတ် ဗုဒ0x081ဓဘာသာ အများဟာ မကောင်းတာတွေကြုံ ဒုက0x081ခတွေဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မကြည့်၊ ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများအားကိုပြီး ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။ နောက်ဆုံး အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့ ဗေဒင်လက0x081ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ် ဆိုရင် အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ သိထားပြီးသားဆိုတော့ ရောက်တာနဲ့ တန်းပြီး အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့ ရောက်လာသူက ဟာ…သူသိနေပါလား..၊ ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့ သူပြောသမျှမှာ အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။ အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ကို စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။တကယ်တော့ ဗုဒ0x081ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အစဉ်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုတော့ သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့ ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက် အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊ အကောင်းတွေနဲ့ မပြင်ဆင်ဘဲ သူများအားကိုပြီး ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့ ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ အပါယ်အထိရောက်အောင် ထိုပုဂ0x081ဂိုလ်များက ရိုက်တတ်တဲ့အတွက် ဗေဒင်ဆရာရိုက်မှာကို သတိပြုဆင်ခြင်ကြဖို့ မှားတတ်တဲ့အမှားတစ်ခုအဖြစ်သတိပေးတင်ပြလိုက်ပါတယ်။....နေမင်းခhttp://www.futurestars-mm.com/group/Buddisim/forum/topics/6405389:T... မှ ပြန်လည်ကူးယူ ပူဇော် ဖော်ပြပါသည်။" ဗုဒ0x081ဓဘာသာဝင် အားလုံး အယူလွဲများမှကင်းဝေးကြပါစေ "“အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ် စိတ် နှစ်ဖြာ ချမ်းသာကြပါစေ”မေတ0x081တာရပ်ခံချက်။  ။ ဘာသာ သာဿနာ တိုးတက်ရေးအတွက် အားလုံးတက်တက်ကြွကြွရှိကြစေချင်ပါတယ် ။တုံ့ပြန်မှုလေးတွေရှိစေချင်ပါတယ်။

1 comment:

  1. အင်း မှန်ပါတယ်အရှင်ဘုရား ကံကံရဲ့အကျိုးပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...