ကျွန်တော်ကသူငယ်ချင်းတွေကိုသင်္ကြန်နှစ်ကူးမှာလက်ဆောင်အလန်းလေးပေးချင်ပါတယ်ဗျာ။
ကျွန်တော်ရဲ့ထုံးစံအတိုင်း အားနေရင် သားစိုးကို သတိရသွားတာပေါ့ ဒီနှစ် သင်္ကြန်မှာတော့ ဒီကောင့်ထက်
ဦးအောင်မွှေလိုတဲ့သဘောနဲ့ အင်တာနက်ကို မွှေနေတာ။ Lock ချတဲ့ Software လေးတစ်ခုကိုမထင်မှတ်ဘဲ
တွေ့သွားတယ်ဗျာ။ ကိုယ်တိုင်စမ်းသုံးကြည့်လိုက်တာနဲ့ အရမ်းသဘောကျပြီး အခုလိုပြန်လည်မျှဝေပေး လိုက်တာပါ။
မိတ်ဆက်ပေးရမယ်ဆိုရင်တော့ သူ့နာမည်က XUS PCLock ဘဲဖြစ်ပါတယ်။ Android ဖုန်းတွေ
မှာ Screen ကို Lock ချတဲ့ဒီဇိုင်းလေးနဲ့ ကွန်ပြူတာကိုလည်း အဲဒီပုံစံမျိုး Lock ချလို့ရပါတယ်။ လက်ညိုးလေး
နဲ့ လုပ်ရတာနဲ့Mouse လေးနဲ့လုပ်ရတာဘဲကွာပါတယ်။ ကျွန်တော် Full Version လေးဘဲတင်ပေးထားပါ
တယ်။ကျန်တာတွေအားလုံးအတူတူပါဘဲ။အောက်မှာပုံလေးနဲ့တကွရှင်းပြထားပါတယ်ဗျာ။တစ်ခုတော့အရင်
ပြောထားပါရစေဗျာ။ ဒီကောင်လေးကို install လုပ်ပြီးတာနဲ့သူက အလိုလို Password ပေးပြီးသားဗျ။အဲဒီ Password ပုံစံလေးက Z ပုံစံလေးပါအခုအောက်မှာမြင်နေရတဲ့ပုံစံလေးဖြစ်ပါတယ်
ဒီအဆင့်လေးကတော့ နဂို ရှိပြီးသား Password ကိုဖြုတ်ချပြီး Password အသစ် ပေးမယ့်နည်းလမ်းလေးပါ။ XUS PCLock လေးကို Run လိုက်ပါ။ပြီး ပြီးသွားရင် Win key+C ကိုနှိပ်လိုက်ပါ။ XUS PCLock-Configure Box လေးကျလာပါလိမ့်မယ်။ အဲဒီ Box လေးမှာ ရှိပြီးသား Password ပုံစံဖြစ်တဲ့ Z ပုံစံလေးကို လုပ်ပြီး Reset Pattern လေးကိုနှိပ်လိုက်ပါ ဒါဆို Password မရှိတော့ပါဘူး။
အခုလိုပုံစံမျိုးလေး ပေါ်လာမှာပါ။
ဒါလေးကတော့ မိမိလိုချင်တဲ့ Password အသစ်လေး ထားမယ့်အဆင့်ပါ မိမိလိုချင်တဲ့ ပုံစံလေးသတ်မှတ်
ပေးပြီးသွားပြီဆိုရင်တော့ Ok နှိပ်လိုက်ပါ။ Save လုပ်မလားဆိုတဲ့ Message Box လေးကျလာပါလိမ့်မယ်။ No ကိုနှိပ်ပေးပါ။ဒါဆိုရင် Password ပေးတဲ့အဆင့်ပြီးဆုံးသွားပါပြီ။
ဒါကတော့ Window မှာ Lock ကျနေတဲ့မြင်ကွင်းလေးပါ။ညာဖက်ထာင့်က အကွက်လေးနှစ်ကွက်ကိုရှင်းပြ
ချင်ပါတယ်
၁။ အဲဒီအကွက်လေးကတော့ မိမိ Password နှိပ်တဲ့အခါမှာ ဘယ်လိုမျိုးပုံစံလည်းဆိုတာကိုမြင်ရမှာဖြစ်
ပါတယ်။
၂။ အဲဒီအကွက်လေးကတော့ မိမိပေးထားတဲ့ Password က ဘယ်လိုမျိုးလည်းဆိုတာ မမြင်ရပါဘူး။
မိမိ ကွန်ပြူတာနားမှာမရှိဘူးဆိုရင်တော့ Win Key + A လေးကိုနှိပ်ပြီး Lock ချခဲ့လို့ရပါတယ်။
ဒီလောက်ဆို အားလုံးနားလည်လောက်ပြီလို့ထင်ပါတယ်ဗျာ။စိတ်ဝင်စားတယ်ဆိုရင်တော့အောက်ကLink
မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

မီဒီယာဖိုင်းယား လင့်လေး ပြောင်းပေးပါလားခင်ဗျာ ...
ReplyDeleteဒေါင်းလုပ်ဆွဲတာ အဆင်မပြေလိုပါ..
ခင်မင်လေးစားစွာဖြင့်
အသေးလေး
ဘယ်လိုအဆင်မပြေတာလည်းဗျ Rar ဆိုတဲ့ အကွက်ကြီးရဲ့အောက်မှာ Download ဆိုတာရှိတယ်
ReplyDeleteလေ အဲဒါဒေါင်းလိုက်ရင်အဆင်ပြေသွားမယ်။
ကျေးဇူးတင်ပါတယ် ကျွန်တော့် ကို movavi video converter လေးတင်ပေးပါလားခင်ဗျာ နော် ကျွန်တော့်နာမည်မိုးမင်းကျော်ပါ ဒီလိုဘဲကျွန်တော် လိုက်တောင်းထားတာ ဆိုဒ်တွေတောင်ကုန်သွားပြီးမတင်ပေးကြဘူး ခင်ဗျ ကျွန်တော့်အကောင့်က
ReplyDeletemoeminkyaw1991@gmail.com ပါ မအားရင် လည်း နောက်တင်ပေးပါနော်
အခု အစ်ကို တင်ပေးလိုက်တဲ့ ဆော့ဝဲက ညီတို့ဘက်က ဒေါင်းမရမဘဲဖြစ်နေတယ်အယ့်တာကြောင့်လင့်ပြန်တင်ပေးပါလို့ ကျွန်တော်ကိုဆက်သွယ်ရန်.........SoftwarePrinceChitThu@gmail.com
ReplyDeleteကျေးဇူးတင်ပါတယ်အစ်ကို
ကျွန်တော် Version အသစ်လေးတင်ပေးလိုက်ပါတယ်ဗျာ။
ReplyDeletehttp://www.pyaephyo.com/2013/01/pc-android-screen-lock-xus-pclock-v4168.html