မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Showing posts with label Root. Show all posts
Showing posts with label Root. Show all posts

Tuesday, February 5, 2013

Android Phone/Tablet များတွင် Root လုပ်စရာမလိုဘဲ မြန်မာဖေါင့်ထည့်သွင်းနည်းစာအုပ်


                 ဒီစာအုပ်လေးကတော့ Android Phone နဲ့ Tablet တွေကို Root လုပ်ဖို့ မလိုဘဲ မြန်မာ Font
ထည့်သွင်းနည်းစာအုပ်လေးပါ။ Android User တိုင်း လေ့လာသင့်တဲ့စာအုပ်ဆိုလည်းမမှားပါဘူး။ ဒီစာ
အုပ်ကိုမူရင်းရေးသာသူကတော့ကျွန်တော့်ရဲ့မြင်ဆရာတစ်ဦးလို့ပြောလို့ရတဲ့ ကိုနေမင်းမောင် ဖြစ်ပါ
တယ်ဗျာ။ စာအုပ်လေးထဲမှာ ကိုနေမင်းမောင်က ပြုလုပ်ပုံအဆင့်အဆင့်တိုင်းကို ပုံနဲ့တကွ အသေးစိတ်
မြင်သာအောင်ရှင်းပြပေးထားပါတယ်ဗျာ။ လူတိုင်းနားလည်လွယ်မယ်လို့ထင်ပါတယ်ဗျာ။ File Size က
လည်း 4.64MB လေးဘဲရှိတာကြောင့် ဒေါင်းယူရတာအဆင်ပြေပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Read More ...

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ကူဆုံး Root လုပ်နည်းနှင့် မြန်မာစာထည့်သွင်းနည်း





                       ကျွန်တော့်ဆိုဒ်မှာ Sony Xperia ဖုန်းအတွက် Root လုပ်နည်းမတင်ဖူးသေးလို့ တင်ပေး
လိုက်ပါတယ်ဗျာ။ ကိုအောင်လေးဆိုဒ်မှာတွေ့လို့ မူရင်းအတိုင်းဘဲ တင်ပေးလိုက်တာပါ။ အောက်မှာ
တော့အသေးစိတ်ကိုပုံနဲ့တကွရှင်းပြပေးထားပါတယ်ဗျာ။ မူရင်းရေးသားသူကတော့ နတ်သားလေး
လို့ဆိုထားပါတယ်။

(ကျွန်တော် phone က Sony Ericsson - XPERIA -Model- ST18i ပါ ။ root လုပ်တာနဲ့ font ထဲ့တာ တင်ပေးပါခင်ဗျာ။. )
ဆက်ဖတ်ရန်
ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ 

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
  Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။ 
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။ 
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။ 
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။ 
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။ 
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။ 
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။ 
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။ 
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။ 
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။
နတ်သားလေးဆိုဒ်ကပြန်ရှဲပေးလိုက်တာပါ
Read More ...

Thursday, January 17, 2013

Unlock Root-3 For Android

 

                      Android Phone တစ်လုံးကို Application ပိုင်းဘဲဖြစ်ဖြစ် System ပိုင်းတွေဘဲဖြစ်ဖြစ် မိမိစိတ်ကြိုက် ကလိတော့မယ်ဆိုရင်တော့Root လုပ်ဖို့လိုအပ်ပါတယ်။ အဲဒီအတွက် Unlock Root
ကိုမျှဝေပေးလိုက်ပါတယ်ဗျာ။ Android OS တော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။ တရုတ်
ဟန်းဆက်တော်တော်များများကို Root ပြုလုပ်နိုင်ပါတယ်။Root လုပ်ရမှာလည်း အန္တရာယ်မရှိပါဘူး မရ
ဘူးဆိုရင် ပြန်ဖြုတ်ချပေးပါတယ်။Root လုပ်တာမကျွမ်းကျင်သူများအတွက်သင့်တော်ပါတယ်။
Credit  to - IT Helper

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



1.အောက်က Download Button ကိုနှိပ်လိုက်ပါ
2. "5sec". လောက်စောင့်ပေးပါ။
3. "Skip ".ကိုနှိပ်ပေးပါ။
4. Download Link ကျလာပါလိမ့်မယ်။

ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။


 


Read More ...

Tuesday, January 15, 2013

Samsaung Galaxy Note 2 GT-N7100 ကို Root လုပ်နည်း + မြန်မာဖေါင့်ထည့်နည်း

              ဖုန်းတွေကို Root လုပ်နည်းကိုတော့ ကျွန်တော့ရဲ့သင်ဆရာမြင်ဆရာလို့လည်းပြောလို့ရ
တဲ့ ကိုကျော် (၀င်ကမ္ဘာကျော်) ဆီကနေဘဲ အများဆုံး ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ ကိုကျော်က
တော စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးနိုင်ပေမယ့် ကျွန်တော့်တော့ ပျင်းနေတာနဲ့ဘဲ မရှင်းပြဖြစ်ဘူး
ဗျ။ အခုတစ်ခေါက်လည်း ကိုကျော်တင်ပေးထားတဲ့ Samsaung Galaxy Note 2 GT-N7100 ကို Root လုပ်နည်း + မြန်မာဖေါင့်ထည့်နည်း ကိုအောက်မှာ ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးလိုက်ပါတယ်ဗျာ။
 
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

ကဲ Samsaung Galaxy Note 2 GT-N7100 ဖုန်းလေးကို ကျနော်နဲ.အတူ Root လိုက်လုပ်ကြမယ်နော်။ Root လုပ်ရင်တော. Warranty ပျက်သွားပါတယ်။ဒါပေမယ်.လည်း ကျနော်ကတော. ကျနော်.ဖုန်းလေးကို  crack application တွေထည့်ချင်တာကြောင့် Warranty အပျက်ခံပြီးတော့ Root လုပ်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း Root လုပ်မယ်လို့စိတ်ကူးထားရင် ကျနော်နဲ့အတူလိုက်လုပ်ကြရအောင်နော်။

 Odin3 ကို Galaxy Note2 Root ဖိုင်ထဲမှာ တခါတည်းထည်.ပေးလိုက်တယ်။

လိုအပ်တာတွေဒေါင်းမယ်- Samsaung USB Driver or Samsaung KiesGalaxyNote2Root
ဒေါင်းပြီးတဲ.ဖိုင်တွေကို Desktop ပေါ်မှာပဲ extraလုပ်ထားပါ။ Samsaung USB Driverကိုတော. PCမှာ Runထားပါ။  

 မိမိတို.ဖုန်းရဲ.Download Mode ထဲကိုဝင်နိုင်ဖို. Volume Down+Center Home+Power  Buttonတွေကို တပြိုင်နက်တည်း တအောင်.လောက် ဖိနှိပ်ထားလိုက်ပါ။  

Samsung-Galaxy-Note-Download mode buttons

 
အပေါ်ပုံကလို Warning ဆိုတဲ.စာသားလေးနဲ. စာတွေပေါ်လာပြီဆိုရင် Odin Mode ထဲကို ၀င်နိုင်ဖို.အတွက် Volume upကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းကို USB Cableနဲ. PC နဲ.ချိတ်ဆက်လိုက်ပါ။ 


စောစောက Galaxy Note2 Root.Zip ကို extra လုပ်ထားတဲ. ဖိုင်တွေထဲက odin3 ဆိုတာလေးကို ဖွင်.လိုက်ပါ။ဖွင်.လိုက်ပြီးရင်တော. PDA ဆိုတာလေးကို တချက်ကလစ်လိုက်ပြီး cwm6-root-note2.tar 
ဖိုင်လေးကို ထည်.လိုက်ပါ။


ထည်.ပြီးရင်တော. အောက်ကပုံမှာပြထားတဲ.အတိုင်း Start ဆိုတာလေးကို နှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း သူ.ဘာသာသူ installလုပ်နေပါလိမ်.မယ်။


USB Cableကို မဖြုတ်သေးပဲ reboot ပြန်တက်လာသည်အထိ ခဏစောင်.လိုက်ပါ။ 


ကဲ Reboot ပြန်တက်လာပြီဆိုရင်တော. မိမိဖုန်းလေးဟာ Superman ပုံစံ Super Userလေးနဲ. Root Access ရသွားပြီးဖြစ်ပါတယ်။

အပေါ်ကနည်းအတိုင်း Root ရတာအဆင်မပြေရင် အောက်ကနည်းအတိုင်း ကြိုစားကြည့်နိုင်ပါတယ်..  မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်...အားလုံး လုပ်တတ်ကြမှာပါ...:)

This guide shows you how to root the Samsung Galaxy Note 2.

Warning

  • The instructions in this guide are intended for use with the Samsung Galaxy Note 2, model number GT-N7100 or GT-N7105. Applying these instructions on another device or model may produce undesired outcomes.
  • The method described in this guide will increment your phone’s binary flash counter.
  • The information in this guide is provided for instructional and educational purposes only. There is no guarantee that these instructions will work under your specific and unique circumstances.
  • Use these instructions at your own risk. We shall not hold any responsibility or liability for whatever happens to you or your device arising from your use of the info in this guide.
  • Read and understand the whole guide first before actually performing the instructions.

Requirements

  • Samsung Galaxy Note 2 GT-N7100 or GT-N7105
  • A Windows PC
  • Handset USB drivers installed on the PC. You may install the drivers by installing Samsung Kies.
  • Enable USB debugging on your handset.
  • Disable antivirus, firewall, and other security software. Also disable Samsung Kies and other software that accesses your phone. Such software can interfere with the procedure in this guide.
  • Odin3 v3.04 (Odin3_v3.04.zip, 457 kB)
  • CF-Auto-Root for your phone variant:
    • GT-N7100 — CF-Auto-Root-t03g-gtn7100.zip (12.0 MB)
    • GT-N7105 — CF-Auto-Root-t0lte-gtn7105.zip (13.1 MB)
  • Make sure your device’s battery still has at least 70% power. You don’t want the device to shut down in the middle of the procedure.
  • Backup all personal data on your phone to make sure you have a copy of your personal data (e.g., contacts, SMS, MMS, Internet settings, Wi-Fi passwords, and the like) in case the procedure in this guide erases such data.

  1. Extract Odin3_v3.04.zip into a folder on your computer. You will find the Odin3 v3.04.exefile together with other system files inside the folder.
  2. Unzip the CF-Auto-Root-*.zip file to obtain a *.tar.md5 file. You will need it when running Odin later on.
  3. Turn off your phone.
  4. Boot your phone to Download Mode by holding down the Volume Down, Home, and Power buttons at the same time.  When you see the warnings screen, press Volume Up to continue to Download Mode.
  5. Launch Odin on your PC.
  6. Connect your phone to your PC using your USB cable. An Added! message will appear on the message box at the bottom-left corner of the Odin window.
  7. Click on PDA and select the *.tar.md5 file you extracted from the ZIP file earlier. Do not make any other changes aside from this.
  8. Click the Start button in Odin to begin. You will get a “Pass” message at the top-left part of the tool window when you have successfully installed CF-Auto-Root. Your phone will automatically reboot once the installation is done.
  9. Only unplug your phone from your PC after you see the “Pass” message in Odin.
Great job! You now successfully rooted your Samsung Galaxy Note 2 GT-N7100/GT-N7105.

Credit to: 
http://www.androidauthority.com/


Myanmar Font ထည့်သွင်းနည်း

 NoteII မှာမြန်မာဖောင့်သွင်းနည်းလေးပါ။ လွယ်တော့လွယ်ပါတယ်။ ဒါပေမယ့် Android Version 4.1မှာ မြန်မာဖောင်.တွေမမှန်သေးပါဘူး။ Space ခြားရိုက်ရပါမယ်။ သွင်းချင်တယ်ဆိုရင်တော. အောက်ပါနည်းအတိုင်းသွင်းနိုင်ပါမယ်။


1.အောက်က Download Button ကိုနှိပ်လိုက်ပါ
2. "5sec". လောက်စောင့်ပေးပါ။
3. "Skip ".ကိုနှိပ်ပေးပါ။
4. Download Link ကျလာပါလိမ့်မယ်။

ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။
 
  1. FrozenKeyoard လေးကိုဒေါင်းပြီးဖုန်းထဲမှာ installလုပ်ထားပါ။ 
  2. Setting>Language and inputထဲမှာ Frozen Keyboard ကိုအမှန်ခြစ်ပေးပါ။Default Keyboard ကို Frozen Keyboardကိုပဲရွေးပေးပါ။ 
  3. Font Changerလေးကို မိမိတို.ဖုန်းထဲမှာ install လုပ်ပြီးဇော်ဂျီဖောင်.ပြောင်းရန် ဆိုတာလေးကိုရွေးလိုက်ပါ။
  4. reboot ဖြစ်သွားပါလိမ်.မယ်။ ပြန်တက်လာရင်တော. မြန်မာဖောင်.မြင်နိုင်ပါပြီ။ဒါပေမယ်. တလွဲတွေတော.ဖြစ်နေမှာပါ။ အခြား Version တွေမှာဆိုရင်တော. ဒီနည်းကအဆင်ပြေပါတယ်။Jelly Beanမှာတော. အဆင်မပြေနိုင်သေးတာပါ။ 
အားလုံးအဆင်ပြေနိုင်ကြပါစေ။



Read More ...

Monday, December 31, 2012

Samsung S3 I9305 4.1.1 root လုပ်နည်း


                     ဒါလေးက ကျွန်တော့်အတွက် 2012 ရဲ့ နောက်ဆုံး Post လေးပါ။ ဒီPost လေးနဲ့ 2012
ကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာ။ 2012 ခုနှစ်အတွင်းမှာ Post ပေါင်း 640 အထိတင်နိုင်ခဲ့ပါတယ်။ မနက်ဖြန်
မှာလာမယ့် နှစ်သစ် 2013 မှစပြီး နှစ်သစ်မှာ ယခုထက်ပိုမိုကောင်းမွန်တဲ့ Post တွေနဲ့ နည်းပညာလေ့
လာနေသောသူများအားလုံးကို ကျွန်တော်တက်နိုင်သလောက်လေးနဲ့ ကြိုးစားပြီး အကောင်းဆုံးပေးဆပ်
သွားပါ့မယ်ဗျာ။ သူငယ်ချင်းများအားလုံး Happy New Year ပါဗျာ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။


တခြားဖုန်းတွေလိုပါပဲ root လုပ်နည်းကလွယ်ပါတယ် ခက်ခက်ခဲခဲကြီးတော့မဟုတ်ပါဘူး ။ about ဖုန်းထဲမှာတော့ ဖုန်းကိုသေချာအောင်ကြည့်လိုက်ပါအုံး I9305 ဆိုရင်တော့ ကစ်လို့ရပါပြီ။
CWM + Root i9305 ဖိုင်ကို zip ဖြည်လိုက်ပါ အထဲမှာ SuperSU ဆိုတဲ့ဖိုင်လေးကို တွေ့ရင် copy ကူးပြီး sd ကဒါထဲကိုထည့်ထားပါ။ supersu ဆိုတဲ့ဖိုင်လေးကိုတော့ဖြည်စရာမလိုပါဘူး ။
Odin3 v 3.04 လေးကို run လိုက်ပါ။ pda ဆိုတဲ့နေရာမှာ I9305_CWM_Recovery.tar.md5 ဆိုတာလေးကိုထည့်ပေးလိုက်ပါ ။
 
ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ခဏနေရင် volume down +home+power နှိပ်ပြီး download mode ၀င်ထားလိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိန်ပါ odin ရဲ့ ID:com မှာ အပြာနုရောင်လေးလင်းလာရင် ကွန်ပျူတာနဲ့သိပါပြီ ဘာမှ မပြောင်းပါနဲ့ သေချာချင်တယ်ဆိုရင်တော့ odin ကိုစစ်ကြည့်လိုက်ပေါ့ auto reboot နဲ့F.reset time ရယ် PDA သုံးနေရာမှာပဲ အမှန်ခြစ်ထားရမှာပါ။

 သေချာပြီဆိုရင်တော့ start သာနှိပ်လိုက်ပါ။ အားလုံးပြီးသွားတယ်ဆိုရင်တော့ pass ပေါ်လာမှာပါ။

ပြီးရင် ကြိုးဖြုတ်လိုက်ပါ။ Batteryပါ ဖြုတ်လိုက်ပါ ။ ခဏနေစောင့်ပြီးVolume up + power + Home နှိပ်ပြီး rocovery ၀င်လိုက်ပါ။logo နှစ်ခါပေါ်ရင် ခလုပ်တွေကိုလွှတ်လိုက်ပါ။ recovery mode ၀င်ပါပြီ။ယInstall Zip From SD Card မှ SuperSU -Zip ဖိုင်ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် root ရပါပြီ။

Credit to - ပြည့်ဖြိုး (ပြည်)

CWM-Root-i9305

>> Download <<
Odin3 v3.04
>> Download <<
Read More ...

Friday, December 21, 2012

Samsung Galaxy Note 2 Root နည်း

                       ကျွန်တော် ပြည့်ဖြိုးရဲ့ ဆိုဒ်မှာ ဒီ Post လေးကို တင်ချင်လို့ ကိုပြည့်ဖြိုးရဲ့ဆိုဒ်ကနေ
ပြီး မလာတာပါဗျာ။ ကိုပြည့်ဖြိုး ကတော့ ဘယ်ကနေမလာမှန်းမသိဘူးဗျ။ ဟဲဟဲဟဲ နည်းနည်းတော့
မျက်စိမလည်သွားနဲ့နော်။ မူရင်း Post ပိုင်ရှင်ကို မသိလို့ Credit မပေးမိတာ ခွင့်လွတ်ပါနော်။ ကဲဗျာ
Root လုပ်နည်းကိုတော့ အောက်မှာ ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်နော်။ 

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
 
 No.1 အရင်ဆုံးဖုန်းကိုပါဝါပိတ်လိုက်ပါ ၅စက္ကန့် ၁၀ စက္ကန့်လောက်ကြာရင် volume down + home+ power သုံးခုလုံး တွဲပြီးနှိပ်လိုက်ပါ။ အောက်ကလိုပုံလေးတတ်လာမှာပါ။

ခုလိုပုံလေးတတ်လာပြီဆိုရင်တော့ volume up ကိုနှိပ်ပေးလိုက်ပါ။ downloading mode ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ 
 ကွန်ပျူတာနဲ့ချိတ်ကြည့်လို့ odin မှာ မသိဘူးဆိုရင်တော့ samsung usb driver ကို install လုပ်ပေးလိုက်ပါ။

ဒေါင်းထားတဲ့ဖိုင်လေးထဲက Galaxy Note 2 Root ဖိုင် လေးထဲ Odin3 v1.85.exe ကို  Run ပေးလိုက်ပါ။

 phone ကိုကွန်ပျူတာက သိနေတယ်ဆိုရင် id:com လေးမှာ အ၀ါရောင်လေး ဖြစ်နေမှာပါ။ ပြီးလျှင် ဒေါင်းထားတဲ့ဖိုင်ထဲက cwm6-root-note2.tar ဖိုင်လေးကို PDA ဆိုတဲ့နေရာလေးမှာထည့်ပေးလိုက်ပါ ဆိုလိုတာကတော့ pda ကိုနှိပ်လိုက်ပြီး cwm6-root-note2.tar သွားရွေးခိုင်းလိုက်တာပါဗျာ။ တခြားဘာ odin က ဘာဆက်တင်မှာ အပြောင်းအလည်းမလုပ်ရပါဘူး
root ချမယ်ဆိုရင်တော့ Odin မှ start ကိုသာ နှိပ်လိုက်ပါ။ odin မှာ pass ဆိုတာလေးပေါ်လာရင် အောင်မြင်ပါပြီ။ စောင့်လိုက်ပါ ဖုန်းပေါ်မှာ run နေတာမြင်နေရမှာပါ ဖုန်းနဲ့ကွန်ပျူတာချိတ်ထားတဲ့ကြိုးကိုမဖြုတ်ပါနဲ့အုံး  ဖုန်းပါဝါတတ်လာတဲ့အထိစောင့်ဆိုင်းပေးပါခင်ဗျာ။
ဖုန်းတတ်လာရင်တော့ super man အရုပ်ကလေးနဲ့ SuperSu လေးပေါ်လာပါပြီဖြစ်လို့ ဖုန်း root အောင်မြင်သွားပါပြီး သူငယ်ချင်းတို့လုပ်ချင်တာလုပ်လို့ရပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ် ပြန်လည်
မျှဝေပေးတာပါခင်ဗျာ။

Galaxy Note 2 Root

>>>  Download  <<< 

samsung usb driver

>>>  Download  <<< 
Read More ...

Tuesday, December 18, 2012

Samsung Galaxy Tab P6200 Root ဖောက်နည်း


                        Android ဖုန်းတွေကို Root ဖောက်နည်းတွေချည်းဘဲ တင်ပေးနေတော့ တချို့ Tablet
သုံးနေတဲ့သူငယ်ချင်းတွေကလည်း Root ဖောက်နည်းတွေမေးလာကြာတာကြာပါပြီ။ ကျွန်တော်ကိုယ်
တိုင်ကလည်း Root ဖောက်နည်းကို မတင်ပေးချင်ဘူးလေ သိပ်မကျွမ်းလို့ပါ။ တင်ပေးလိုက်ရင်မှားသွား
မှာစိုးရိမ်လို့ပါ။ အခုလည်း Bro အမျိုးကောင်းသား ဆီကနေပြီးမျှဝေပေးလိုက်တာပါ။Galaxy Tab တွေကို Root လုပ်ရတာတော့မခက်ပါဘူး.အန္တရာယ်လဲကင်းလို့လုပ်မဲ့သူတွေအဆင်ပြေမှာပါ။
Credit to =====> အမျိုးကောင်းသား


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



ပထမဆုံးဒီဖိုင်လေးကိုအရင်ဒေါင်းပါ။
P6200 CWM + Root By www.myanmarmobilesoftwaredeveloper.com.rar  (Sugar Sync)
P6200 CWM + Root By www.myanmarmobilesoftwaredeveloper.com.rar   (upload.net)
P6200 CWM + Root By www.myanmarmobilesoftwaredeveloper.com.rar
ပြီးရင်တော့ rar ကို Extract လုပ်လိုက်ပါ။
နှစ်ခုလုံးကို SD Card ထဲထည့်လိုက်ပါ။
ပြီးရင်တော့ Power ပိတ်လိုက်ပါ။
Volume up + power နဲ့ Stock Recovery Mode ၀င်မယ်…
Install zip from External  Storage ကိုရွေးလိုက်ပါ…
ပြီးရင် တော့ p6200_CWMR_20111214.zip ကို ရွေးလိုက်ပါ။
Reboot System Now ကို ရွေးလိုက်ပါ..
CWM သွင်းလိုက်တာဖြစ်ပါတယ်..
ပါဝါပြန်တက်လာမယ်..
ပြီးရင် ပါဝါပြန်ပိတ်လိုက်ပါ..
Root လုပ်လို့ရပါပြီ။
CWM Recovery  ၀င်ရမယ်..
Volume up + Power ကိုဖိနှိပ်လိုက်ပါ…
CWM တင်လာမယ်….
Install Zip From SD Card ကို ရွေးမယ်..
အောက်ဆုံးက Install Zip From Internal Storage ကိုရွေးမယ်…
root.zip ကိုရွေးရင်
ရပါပြီ။
-------------------
Ref>>> myanmarmobilesoftwaredeveloper
အယ်ရာတစ်ခုခုဖြစ်ခဲ့ရင်  http://myanmarmobilesoftwaredeveloper.com/?p=3806 ကွန်မန့်ပေးပြီးတော့ မေးမြန်းနိုင်ပါတယ်
Read More ...

Thursday, December 13, 2012

Android ဖုန်းနဲ့ Tablet တွေမှာအလွယ်တကူRoot လုပ်ကြမယ်(One Click Root)


                         အခုခေတ်မှာ Android ဖုန်းတွေသာမက Android Tablet တွေလည်း တော်တော်များ
များကိုပေါ်လာပါပြီ။ အဲဒါကြောင့် Android ဖုန်းနဲ့ Tablet တွေမှာ လွယ်လွယ်ကူကူ Root လုပ်နိုဖို့အတွက်
ဒီ Post လေးကို အမျိုးကောင်းသားမှတဆင့် မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်မှာတော့ ပုံနဲ့ အသေး
စိတ်ကိုရှင်းပြပေးထားပါတယ်ဗျာ။ အခု Root လုပ်နည်းကတော့ Android အမျိုးအစားတော်တ်ာများများ
ကို Support လုပ်ပေးနိုင်ပါတယ်ဗျာ။

Credit to : ====> အမျိုးကောင်းသား
 
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။


 ဒီလုပ်နည်းလေးကထွက်တာတော့ကြာပါပီ။အဟောင်းထဲကအကောင်းဆုံးတစ်ခုပေါ့ဗျာ။မိမိAndroid ဖုန်းနဲ့ Tablet တွေနဲ့ ကိုက်ညီတဲ့Root လုပ်နည်းကိုလိုက်ရှာနေရတာအချိန်ကုန်ပါတယ်။ဒီတော့ Click လေးတစ်ချိတ်နှိပ်ရုံနဲ့ root လုပ်ပေးအောင်ဒီကောင်လေးကကူညီပါလိမ့်မယ်။



Download>>Box 
          (Or)
Download>>Dropbox
        
၁-ဒေါင်းလုပ် လုပ်ပီးရင်install လုပ်လိုက်ပါ။
၂-သွင်းပြီးရင်တော့ဖွင့်လိုက်ပါ။(ဖုန်းနဲ့ ချိတ်ထားမှ Application ကပွင့်ပါလိမ့်မယ်၊ဖုန်းမချိတ်ထားရင်တော့လုံးဝမပွင့်ပါ။)
၃-ပထမဦးဆုံးပေါ်လာမှာမတော့တရုတ်စာတွေနဲ့ ပါ။နောက်English ပြောင်းပါမယ်။ဘယ်ဘက်အပေါ်နားကAndroid Icon လေးကိုClick လိုက်ပါ။တတိယစာကြောင်းကိုနှိပ်လိုက်ပါ၊ပြီးရင်လည်းတတိယစာကြောင်းကိုပဲထပ်နှိပ်ပါ။ဒါဆိုEnglish လိုပြောင်းသွားပါလိမ့်မယ်။






၎-ပြီးရင်တော့ System ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးရင်အောက်ဆုံးနားမှာOne Key Root လေးကိုထပ်click လိုက်ပါဗျာ။



၅-ပြီးရင်တော့Start လိုက်တော့ပေါ့။ခနာ့စောင့်လိုက်ပါ။အဆင့်သုံးကိုရောက်ရင်တော့Root လုပ်တာအောင်မြင်ပါပြီ။



၆-မိမိဖုန်းမှာ Super User ဆိုတဲ့ကောင်လေးရောက်လာရင်တော့ ကြိုက်တဲ့ Application တွေစိတ်ကြိုက်သွင်းနိုင်ပါပြီ။အဆင်ပြေပါစေ။
Read More ...

Thursday, November 29, 2012

Samsung Galaxy Y GT-S5360 Root လုပ်နည်း



how to root samsung galaxy y young s5360
                 Samsung Glaxy Y GT-S5360 Root ဖောက်နည်းလေးတင်ပေးလိုက်ပါတယ်ဗျာ။ Root 
ဖောက်နည်းကိုတော့ အောက်မှာပုံနဲ့တကွအသေးစိတ်ဖော်ပြပေးလိုက်ပါတယ်ဗျာ။ ဟဲဟဲဟဲ .... အပေါ်
ဆုံးက နှစ်ကြောင်းကိုကြည့်လိုက်ရင်တော့ ကိုယ်တိုင်ဘဲလုပ်ပြီး Post ရေးသလိုလိုနဲ့ပေါ့။ မဟုတ်ဘူး
ဗျ Root ဖောက်တာကိုပြန်ရှင်းပြရာတာ ဖတ်တော့သာလွယ်တာ တော်တော်တိုင်ပတ်တဲ့ အလုပ်ဗျ။
ဒီ Post လေးကို ကိုဝင်းကမ္ဘာကျော်ဆီကနေပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။
Credit to - http://winkabarkyaw.blogspot.com/     

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

 
 မိမိ ဖုန်းက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။




ပထမဆုံး Root လုပ်ဖို့အတွက် ဒီ update.zip  ဖိုင်လေးကို ဒေါင်းယူထားလိုက်ပါ...။
ပြီးရင် မိမိ ဖုန်းက SD Card လေးထဲ  update.zip  ဖိုင်လေးကိုကူးထည့်ပေးလိုက်ပါ
ပြီးရင်....

SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။
Recovery Mode ထဲကိုဝင်ပါမယ်...။

 Recovery Mode ကိုဝင်ဖို့  Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့  Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။  (HOME + Volume UP + POWER button)




Recovery Mode ထဲရောက်ပြီဆိုရင် Volume + , -  ခလုတ်လေးတွေကို အသုံးချပြီး  Update from sdcard ကို ရွေး Home  ခလုတ် ကိုနှိပ်ပေးလိုက်ရင် သူ့ဘာသာသူ အလုပ် လုပ်သွားပါလိမ့်မယ်... ခဏနေရင် reboot လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... ဖုန်းလေး ပြန်ပွင့်လာရင် "Super user"  ဆိုတဲ့  application လေးတစ်ခု ပေါ်လာပြီး Root လုပ်ပြီးကြောင်း ပြနေပါလိမ့်မယ်။

root samsung galaxy y gt-s5360

မြန်မာစာ , မြန်မာ Keyboard ထည့်နည်းတွေကိုတော့ ဒီ Label မှာရှာပြီး အဆင်ပြေမဲ့ နည်းတစ်ခုခုနဲ့ ထည့်ပေးနိုင်ပါတယ်.....။

အဆင်ပြေပါစေ....
Read More ...

Monday, November 26, 2012

Huawei T8620 အတွက် Root လုပ်နည်းတင်ပေးလိုက်ပါပြီ။



                    Huawei T8620 အတွက် Root ကိုလည်း ကိုဝင်းကမ္ဘာကျော်ဆိုဒ်ကနေဘဲ မူရင်းအတိုင်း
မျှဝေပေးလိုက်    ပါတယ်ဗျာ။ Huawei T8620 အတွက် Root လုပ်ချင်သူများအတွက် တင်ပေးလိုက်
ပါပြီ..အရင်ဆုံး Root Zip ကို Download ယူပါ။ 
Credit to - http://winkabarkyaw.blogspot.com


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

 

ပြီးရင်တော့ Rar ဖိုင်ကို Extract လုပ်လိုက်ပါ။ ပြီးကျရင်  TPSparkyRoot.bat ဖိုင်လေးကိုတွေ့ပါလိမ့်မယ်….
Run လိုက်ပါ…..
ပြီးရင်တော့ ပထမဆုံး Reboot တစ်ခါကျသွားပါလိမ့်မယ်…..
လုံးဝပြန်တက်လာတဲ့အထိစောင့်လိုက်ပါ။
ပြီးရင်တော့ Enter တစ်ချက်လောက်ထပ်ခေါက်လိုက်ပါ။
Reboot တစ်ခုထပ်ကျသွားပါလိမ့်မယ်…..
ပြန်တက်လာတဲ့အထိစောင့်ပါ။
Enter တစ်ချက်ထပ်ခေါက်ပါ။
Reboot ပြန်ကျသွားပါလိမ့်မယ်……
၃ခါလောက် Reboot ကျသွားပြီးပြန်တက်လာရင်တော့ Root ရပါပြီ…..။
Bat ဖိုင် run ပြီးရင် ခဏစောင့်ပါ ဖုန်း restart ကျသွားပါလိမ့်မယ်။ cmd box ထဲမှာလည်း press enter key to continue ဆိုတာ ပေါ်နေမယ် ဘာမှမနှိပ်ပဲ ဖုန်းပြန်တတ်လာတာကို စောင့်ပါ။ ဖုန်းပြန်တတ်လာမှ ကွန်ပြူတာမှာ enter နှိပ်ပါ။ အဲလို သုံးခါ restart ပြန်စောင့် သုံးခါ enter နှိပ်ပြီးရင်တော့ ဖုန်းမှာ super user ဆိုတဲ့ icon ပေါ်လာပါလိမ့်မယ်။ အဲဒါ Root လုပ်ပြီးပြီဆိုတာ ပြနေတာပါခင်ဗျာ။
Read More ...

Lenovo A690 Phone Root လုပ်နည်းတင်ပေးလိုက်ပါပြီ။

              Lenovo A690 Phone Root လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ဗျာ။ အခု Android ဖုန်း
ဈေးကွက်မှာ Huawei Phone နဲ့ Glaxy Phone အပြင် Lenovo Phone တွေလည်း ဈေးနှုန်းသက်သက်
သာသာနဲ့ ထိုးဖောက်လာပါပြီ။ Lenovo ဖုန်းကိုင်သူတွေလည်းရှိလာတော့ သူတို့အတွက်လည်း Root
လုပ်နည်းလေး တင်ပေးလိုက်တာပါဗျာ။ ကျွန်တော်က Root လုပ်တာ သိပ်မကျွမ်းပါဘူး။ ဒါကြောင့် ကို
ဝင်းမ္ဘာကျော် တင်ထားတဲ့  Lenovo A690 Phone Root လုပ်နည်းလေး Post ကို မူရင်းအတိုင်း မျှဝေ
ပေးလိုက်ပါတယ်ဗျာ။ Root လုပ်နည်းကို အောက်မှာရှင်းပြပေးထားပါတယ်ဗျာ။
Credit to - http://winkabarkyaw.blogspot.com

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
 ၁. SP flashtool ကို download ဆွဲပါ..
၂. Driver ကို download ဆွဲပါ…
၃. A690 root ကို download ဆွဲပြီး sd card ထဲကူးထည့်ထားပါ…
၎. Recovery file ကိုလည်း download ဆွဲပါ….

၅. ပြီးရင် phone ကို ပိတ်ပြီး battery ဖြုတ်လိုက်ပါ……
၆. Battery ဖြုတ်ရက်သား computer နဲ့တွဲပါ…
၇. Unknown device ပေါ်လာရင် device manager ထဲဝင်ပြီး update driver လုပ်ပြီး source 
ကိုရွေးပေးပါ…..source ကို a690 ကိုပေးပါ….
၈.Driver install လုပ်ပြီးရင် SP flashtool ကို ဖွင့်လိုက်ပါ….ပြီးရင် scattering ကိုရွေးပြီး..recovery ထဲက
android scattering ကိုရွေးပါ…ပြီးရင် download ကို နှိပ်လိုက်ပါ….complete ဖြစ်သွားရင်…phone ကို
ဖြုတ်ပြီး battery ပြန်တပ်ပြီး recovery ထဲဝင်ပါ…ပြီးရင် recovery ထဲကနေပြီး install from SD ထဲက
နေ ပြီး root.zip ကိုပေးလိုက်ပါ…ပြီးရင် reboot လုပ်လိုက်ရင် ပြီးပါပြီ…..
Myanmar Mobile Users' Club
(4Shared Accounts: Username: aung.uvs@gmail.com Passwords: 12213456)
Read More ...

Wednesday, October 31, 2012

Android Tablet (version 4.0.4) ကို Root လုပ်နည်း

 

                     Android Phone တွေအတွက် Root လုပ်နည်းတွေပြောပြီးသွားတော့ တချို့က Tablet
တွေမှာ Root လုပ်နည်းကို မေးလာကြပြန်ပါတယ်။ သိကြတဲ့အတိုင်းဘဲ ကျွန်တော်ကလည်း Root တာ
ကို ခပ်ကျွမ်းကျွမ်းရယ်ဆိုတော့ ရှာဖွေနေကြအတိုင်းဘဲ မွှေနှောက်ရှာဖွေလိုက်ပါတယ်။ကိုယ်တိုင်မကျွမ်း
ကျင်တာကြီးကို တင်လိုက်ရင်အမှားပါမှာစိုးလို့ ကျွမ်းကျင်ပြီးသားဆရာသမားတွေတင်ထားတာကို ရှာရှာ
ဖွေဖွေတင်ပေးလိုက်ပါတယ်။ ဒီ Post လေးကိုတော့ ကျွန်တော်လေးစားရတဲ့ ကိုအာကာဖြိုး ဆီကနေတ
ဆင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Android Tablet (version 4.0.4) ကို Root လုပ်နည်းပြောပေးမှာပါ
Download Root File

Driver သွင်းဖို့ အဆင်မပြေဘူး အခက်တွေ့နေရင် အောက်ကကောင်လေးဒေါင်းပြီးစက်ထဲ ထည့်ထားပါ


Download
ဒေါင်းထားပြီးရင် ပေါ့ဗျာ
Tablets ထဲက Settings >Security> Unknown Sources ဆိုတာလေးကို အမှန်ခြစ်ပေးပါ
နောက် Settings > Developer Options > USB debugging ဆိုတာလေးကိုလဲ အမှန်ခြစ်ပေးပါ
ကွန်ပြုတာနဲ့ ဆက်သွယ်ဖို့ USB ကြိုးထိုးပါ ကွန်ပြုတာတွင် Android SDK သွင်းထားတာရှိခဲ့မယ်ဆိုရင်တော့ Driverကိုအလိုလိသိမှာပါ
  Root စလုပ်ပါမယ်
အရင်ဆုံး Zip ကိုဖြေလိုက်ပါ။ V6-SuperCharger-Script.7z ဖိုင်ကို ဖြေပါ V6-SuperCharger-Script.7z ကို ဖြေလိုက်တဲ့အခါမှာ USB-Drivers.7z ကိုထပ်တွေ့ရပါမယ် Driver မသိခဲ့ရင် Driver ရှာပေးရပါမယ် နောက် Root-Script.7z ကို ဖြေပါ Root-Script.bat ကို Run လိုက်ပါ။
တက်လာတဲ့နေရာမှာ Enter နှိပ်ပေးပါ။
1.verify tablet connection.
2.check tablet root capability
3.root my tablet now.
အဲ့ဒီလို 3 ခု ရွေးခိုင်းပါတယ် ကြိုက်တာကို ရွေးချယ်နိုင်ပါတယ် ကျွန်တော်တို့ Tablet ကို Root မှာ ဖြစ်တဲ့ အတွက် နံပါတ် 3 ကို နှိပ်ပြီး Enter နှိပ်ပေးပါ ဒါဆိုရင်တော့ အလိုလို Root သွားပြီးတော့မိမိ Tablet ပေါ်မှာ Super User လေးပေါ်လာပါပြီ။

Super User လေးပေါ်လာရင် ဘာလဲ ဆိုတော့ The End ပေါ့ဗျာနော်
Read More ...

Tuesday, October 30, 2012

မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ (Ebook)


                 အခုတစ်လော Cbox မှာရော Mail မှာပါ Root လုပ်နည်းတွေကို ခဏခဏမေးတဲ့သူတွေ
များလာပါတယ်။ ဒါတွေအားလုံးကိုဖြေရှင်းပေးဖို့ ကိုအာကာဖြိုး ကိုယ်တိုင်ရေးသားထားတဲ့ မိုဘိုင်းဖုန်း
မျိုးစုံ Root လုပ်နည်းနှင့် အခြေခံ လိုအပ်ချက်များဆိုတဲ့ စာအုပ်လေးကို တွေ့လိုက်တော့ ကျွန်တော့်
ကိုမေးထားတဲ့သူတွေအားလုံးအဆင်ပြေသွားမယ်ထင်ပါတယ်။ ဒီစာအုပ်လေးထဲမှာ Root လုပ်နည်း
တွေကို သေသေချာချာလေး ပုံနှင့်တကွရှင်းပြထားတာဖြစ်ပါတယ်။ Root လုပ်နည်းသိချင်တဲ့သူငယ်
ချင်းတွေအားလုံးအဆင်ပြေကြမှာပါ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။




Read More ...

Thursday, October 25, 2012

Huawei U8836D ကို Root ဖောက်နည်း




ဝေဖြိုး: HUAWEI 8836D အတွက် Root လုပ်နည်းနဲ့ မြန်မာ font ထည့်နည်းလေး တင်ပေးပါဦး။ ကျေးဇူးပါ။

               Cbox မှာ ကိုဝေဖြိုးတောင်းထားလို့ အခြားလိုအပ်သောသူငယ်ချင်းများလည်း အဆင်ပြေ
သွားအောင် တဆင့်ပြန်ပြီးမျှဝေပေးလိုက်ရပါတယ်ဗျာ။ ကျွန်တော် Root ဖောက်တာသိပ်မကျွမ်းပါဘူး
ပြီးတော့ Screen Shoot တွေရိုက်ပြီးစာတွေရေး ပြန်ရှင်းပြရမှာ ပျင်းစိတ်ကလေးဝင်နေတာနဲ့ ဘဲ ရှာ
ရှာဖွေဖွေတဆင့်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။


ကဲ Huawei ကတော့နောက်အသစ်တစ်ခုထပ်လုပ်လိုက်ပြန်ပါပြီ….
ဒီကောင်လေးကတော့ Unlock Bootloader လုပ်စရာမလိုတော့ Root လုပ်ရတာမကြာတော့ဘူးပေါ့….
U8825D C8825D တို့ကတော့ စာတွေတင်ပြီး၂ရက်လောက်စောင့်ရတာစိတ်ပျက်စရာပါ။
ဒီမနက်ကတော့လုပ်ကြည့်လိုက်တာအဆင်ပြေပါတယ်….
Root လုပ်ဖို့ကတော့ ဒီ ဖိုင်လေးတစ်ခုပဲ လိုတာပဲ။
Driver ကတော့ ရှိကျမှာပါ။
မရှိလဲရှာသာဒေါင်းပေတော့….. :P
Driver.zip
U8836D Root.zip

Password:  phyochan

ပြီးရင်တော့ Extract လုပ်လိုက်ပါ။
RunMe.bat ဖိုင်ကိုတွေ့ပါလိမ့်မယ်….
USB Debugging နဲ့ Unknown Source ကိုအမှန်ခြစ်ဖို့မမေ့နဲ့အုံးနော်…
Computer နဲ့ကြိုးထိုးလိုက်ပါ။
ဒီအတိုင်း Normal Mode မှာတင်ကြိုးထိုးရမှာနော်….
ပြီးရင်တောါ RunMe.bat ကို Run လိုက်ပါ။
3 ကိုနှိပ်ပြီး Enter တစ်ချက်ခေါက်လောက်ပါ။
ဒီအတိုင်းအလုပ်ဆက်လုပ်သွားပါလိမ့်မယ်…..
ပြီးရင်တော့ဖုန်းကိုတစ်ချက်လောက်ကြည့်လိုက်ပါ။
Restore my data ကိုရွေးလိုက်ပါ။
အပေါ်က Password တွေကိုဂရုစိုက်မနေနဲ့နော်….
ပြီးရင်ဖုန်းက Power Off ကျသွားပါလိမ့်မယ်…
ဖုန်းကိုပါဝါပြန်ဖွင့်လိုက်ပါ။
ဆက်ပြီးအလုပ်လုပ်သွားပါလိမ့်မယ်…..
ပြီးရင်တော့ Reboot တစ်ခါကျသွားပြီး Super User Icon လေးကိုမြင်ရမှာပါ။

Credit to - ဖြိုးချမ်း - http://www.myanmarmobileapp.com/?p=17176
Read More ...
Related Posts Plugin for WordPress, Blogger...