မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Showing posts with label IT ဗဟုသုတ. Show all posts
Showing posts with label IT ဗဟုသုတ. Show all posts

Thursday, January 31, 2013

မြန်မာနိုင်ငံကို နည်းနည်းလေး အာရုံစိုက်လာတဲ့ Google

 

Google ဆိုတာ နည်းပညာလောကမှာ လက်ရှိ အခြေအနေအရ ဘရင်တစ်ပါး ပါပဲ။ မြန်မာပြည် အပါအ၀င် တကမ္ဘာလုံးမှ အင်တာနက် အသုံးပြု သူများ Google Searchကိုမှ မသုံးရရင် လိုချင်တဲ့ အဖြေ ရှာမတွေ့သလိုလို ဘ၀င်မကျ ဖြစ်တတ် ကြပါတယ်။ ထိုနည်းတူပဲ Googleရဲ့ အခြား ထုတ်ကုန်များ နှင့် ၀န်ဆောင်မှုများထဲမှ Gmailလို့ ခေါ်တဲ့ အီးမေးလ် ၀န်ဆောင်မှုသည်လည်း မြန်မာလူမျိုး တိုင်းရဲ့ မူပိုင်လို ဖြစ်နေခဲ့တာပါ။ အီးမေးလ် ဆိုတာနဲ့ Gmail ကောက်ဖွင့်တတ်ကြတဲ့ အကျင့်ကလည်း ကမ္ဘာနဲ့ ရင်ဘောင်တန်းနေပြီ မဟုတ်လား။
သို့ပေမယ့် Googleမှ ၎င်းရဲ့ အခြား စီးပွားရေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများ ကိုတော့ မြန်မာပြည်မှ ၀ယ်ယူအားပေးမှုအတွက် ပိတ်ပင်ထားဆဲဆိုတာကတော့ အံ့သြစရာပါပဲ။ UKလို နိုင်ငံမျိုးမှာတော့
အရှေ့တစ်ပတ်က ရုံးခွဲများကို ငှားရမ်းနေခြင်းကနေ ရပ်နားပြီး ပိုမို ကောင်းမွန်တဲ့ ၀န်ဆောင်မှုများ ပေးသွားနိုင်ရန် အတွက် မြေနေရာများကို အပြီးအပိုင် ၀ယ်ယူပြီး ရုံးခွဲ အသစ်များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

အခြေအနေ အရပ်ရပ်ကြောင့် Googleဟာ သူရဲ့ဝန်ဆောင်မှုများကို ယနေ့လို အချိန်မျိုးမှာ အရေးတကြီး လိုအပ်နေသည့် မြန်မာပြည်သို့ လှည့်မကြည့် သေးသော်ငြားလည်း ဖြေသိမ့်စရာ လေးများ ရှိကြောင်း မျှဝေချင်ပါတယ်။
၂၀၁၂ နှစ်လယ်ပိုင်းလောက်က စပြီး ပြည်တွင်းမှာ ၀ယ်ယူရရှိနိုင်တဲ့ မြန်မာပြည် ကိုယ်စားပြု “.com.mm” ဒိုမိန်းလိပ်စာများကို Google၏ Search စာမျက်နှာများပေါ်တွင် ရှာဖွေ တွေ့ရှိလာနိုင်ခြင်းဟာ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များအတွက် မြန်မာကို ကမ္ဘာမှ အသိအမှတ်ပြုလိုက်သည့် အတိုင်းကို ခံစားခဲ့ရပါတယ်။
ဒီမှာတင် မရပ်သွားပဲ ယခုအခါမှာတော့ ကမ္ဘာမှာ မြန်မာလို့ ၀ံ့ကြွားစွာ ထောက်ပြနိုင်တဲ့ Google Maps ပေါ်က မြန်မာပြည်ဟာ လမ်းတွေ၊ တံတားတွေ၊ စေတီတွေ၊ ဘုရားတွေ၊ စားသောက် ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကွန်ပျူတာ ဆိုင်ကြီးတွေ နှင့် ကျက်သရေ ရှိလာပါပြီ။ ထို့ကြောင့် Googleရဲ့ မြန်မာပြည်အတွက် ၀န်ဆောင်မှု ပေးနေသည် များကို အိုင်စီတီ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် နိုင်ငံခြားသား ဧည့်သည်များ၊ နိုင်ငံအတွင်းရှိ မည်သူမဆို တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ သွားရောက်နိုင်ဖို့အတွက် အရင်ခေတ်ကလို လမ်းညွှန် စာအုပ်များ ကိုင်ဆောင်စရာ မလိုသည့် Google၏ နာမည်ကျော် ၀န်ဆောင်မှု တစ်ခု ဖြစ်သော Google Maps ကို တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြပါတယ်။
Google Maps သွင်းထားသည့် Android, iOSအစရှိသည့် စမတ်ဖုန်းများသည် GPS နည်းပညာကို အသုံးပြုကာ တစ်နေရာနှင့် တစ်နေရာ မိုင် ဘယ်လောက် ဝေးကွာလဲ၊ အချိန်ဘယ်လောက် ကြာနိုင်လည်းဆိုတာကို တွက်ချက်မှုများပေးနိုင်ပါတယ်။ ထို့အပြင် နိုင်ငံ တော်တော်များများမှာ ယာဉ်ကျော ပိတ်ဆို့မှုကိုပါ တွက်ချက်ပေးနိုင်သဖြင့် ခရီးသွားများအတွက် လွန်စွာ အဆင်ပြေစေပါတယ်။ Google Mapsဟာ မော်တော်ယာဉ် မောင်းနှင်သူများအတွက်တင် မဟုတ်ပဲ၊ ခြေလျှင် ခရီးသွားများအတွက်သော် လည်းကောင်း၊ အများသုံး ဘတ်စ်ကား၊ ရေယာဉ် အစရှိသည်များကို အသုံးပြုနေရသူများအတွက် လည်းကောင်း နေ့စဉ် တဓူဝ ဖြတ်သန်း သွားလာမှုများကို အဆင်ပြေ လွယ်ကူအောင် ဖန်တီးပေးထားပါတယ်။

နိုင်ငံခြား ခရီးသွားများ ကျိတ်ကျိတ်တိုး ၀င်ရောက်လာနေပြီဖြစ်သော ယနေ့ မြန်မာပြည်အတွက်လည်း စမတ်ဖုန်း သုံးစွဲသူများမှာ အိုင်စီတီ ဂျာနယ်သို့ screenshotsများ ပေးပို့ခဲ့ကြပါတယ်။ အိုင်စီတီ ဂျာနယ်မှ လေ့လာကြည့်ချက်အရ မြန်မာစာ မသွင်းထားသော စမတ်ဖုန်းများတွင် Google Mapsမှာ မြန်မာလို ရေးသား ဖော်ပြထားသော လမ်းများကို ဖတ်ရှု၍ မရသေးခြင်း၊ မြန်မာပြည်မှ တိုးတက်နေသော ဘတ်စကားလမ်းကြောင်းနှင့် အချိန်ဇယားကို နာမည်ကျော် Googleမှ အာကာသပေါ်ရှိ စတလိုက်ရဲ့ ကူညီမှုနှင့်တောင် ဖြေရှင်း၍ မရနိုင်သေးခြင်းများကို တွေ့ရပါတယ်။
သို့ပေမယ့် အထက် ဖော်ပြပါအတိုင်း အဓိက နေရာဒေသများနှင့် လမ်း အများစုမှာ အင်္ဂလိပ်လို ရေးသားထားသည့်အတွက်ကြောင့် စိတ်ပူစရာတော့ မလိုပါဘူး။

စမတ်ဖုန်း အသုံးပြုပြီး စမ်းသပ်ထားသည့် Screenshot အရ ဗိုလ်တထောင်ဘုရားမှ ရွှေတိဂုံဘုရားသို့ သွားရောက်ရမည့် လမ်းကြောင်း၊ ရွှေဘဲ စားသောက်ဆိုင်၊ Sedona ဟိုတယ်တိုသို့ သွားရောက်နိုင်သည့် လမ်းကြောင်းများနှင့်အတူ အချိန် အကွာအဝေး တွက်ချက်မှုများကိုပါ ဖော်ပြထားသည့် အတွက်ကြောင့် နည်းပညာ လိုက်စားသော နိုင်ငံခြားသား ခရီးသည်များအတွက် ယခင်ကထက် ပိုမို အဆင်ပြေစေမှာ အမှန်ပါပဲ။ တစ်ဘက်မှာလည်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရတော့ Google ဟာ Facebookလိုမျိုး မဟုတ်ပဲ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မြေပုံပေါ်၌ ထည့်သွင်းချင်သည်ကို ယခုထက်ထိ လက်မခံသေးကြောင်း ဆိုကြပါတယ်။ ထို့ကြောင့် နိုင်ငံခြားသား ဧည့်သည်များကို Google Mapsပေါ်မှ ဆွဲဆောင်နိုင်ဖို့ရာ အခက်အခဲ များစွာ ရှိနေသေးသည့် အတွက်ကြောင့် ရသင့်ရထိုင်သည့် အခွင့်အရေးများကို လက်လွတ် ဆုံးရှုံးနေရကြောင်း ပြောဆိုကြပါတယ်။
ထို့ကြောင့် ပြည်တွင်းမှ တိုင်းပြည် အကျိုးထမ်းပိုးနေသော ပညာရှင်များလည်း နည်းလမ်းသိရင် Googleကို နည်းနည်းလေးမှ များများကြီး အာရုံစိုက်လာစေရန် ကူညီကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း Google မြန်မြန် လာပါတော့လို့သာ အဆုံးသတ်လိုက်ရပါတယ်။
==================================
Credit to MyanmarICT
Read More ...

Wednesday, January 23, 2013

Gtalk မှာမြန်မာစာ မပေါ် လျှင်ဖြေရှင်းနည်း

                 အခုပြသာနာက အင်တာနက်သုံးတဲ့သူတော်တော်များများကြုံတွေ့နေကျဖြစ်တဲ့ပြသာနာ
တစ်ခုပါ။ အဲဒီပြသာနာဖြေရှင်းဖို့အတွက် ဒီမှာ ရှင်းပြပေးထားပြီးပါပြီ။ အခု Post ကိုလည်း ညီငယ် IT
Helper က ရှင်းပြပေးထားတာလေးကိုလည်း သဘောကျလို့ ကျွန်တော် ထပ်ပြီးမျှဝေပေးလိုက်တာပါ။
အောက်က နည်းလမ်းနဲ့မှ အဆင်ပြေသေးဘူးဆိုရင် ဒီမှာ ထပ်ကြည့်လိုက်ပါနော်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

 
Windows 7 တွေမှာအဖြစ်များတဲ့ ပြသနာတစ်ရပ်ဖြစ်ပါတယ်...ZawGyi Fonts Install လုပ်ထားသော်လည်း Gtalk မှာ စာရိုက်တုန်းက အတည့်..Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာ..ဘယ်လို
ဖြစ်ဖြစ် ဖြေရှင်းနည်းလေးတစ်ခု တင်ပြလိုက်ပါတယ်...
အရင်ဆုံး  Internet Explorer ကိုဖွင့်ပါ.. ပြီးတာနဲ့ ထိပ်ဆုံးက Tool >> Internet Options ထဲသို့ဝင်လိုက်ပါ..
ပြီးတာနဲ့.. Fonts ကိုနှိပ်ပါ..Webpage Fonts နေရာမှာ Zawgyi-One ကိုရွေးလိုက်ပါ..ပြီးတာနဲ့ OK>>OK အဆင့်ဆင့် နှိပ်ထွက်လိုက်ပါ... Gtalk မှာဖြစ်နေတဲ့ လေးထောင့်တုံး Square တွေ အမှန်ပေါ်လာပါလိမ့်မယ်..
မသွားတတ်လျှင်..အောက်က ပုံလေးကိုကြည့်နိုင်ပါတယ်ခင်မျာ..အဆင်ပြေပါစေ..
 ပုံကြီးကြီးမြင်ရန် ပုံပေါ်သို့ Click ပါ.

Read More ...

Friday, November 2, 2012

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ



                 မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်
တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profileကိုယ်ဘယ်သူဝင်
ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့
 ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

    ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Read More ...

Sunday, October 7, 2012

Exchange Mail Server အကြောင်း တစေ့တစောင်း

 

        Exchange Mail Server အကြောင်းကို ဘောလုံးကန်နေကြ အသင်းဖော် သူငယ်ချင်းတစ်ယောက်က တင်ပေးပါဆိုလို့  ကျွန်တော်လည်း ဘာမသိညာမသိနဲ့ ဟိုမွှေဒီမွှေနဲ့ ရှာတွေ့တဲ့ Exchange Mail Server
အကြောင်းကို အခြားသောသူငယ်ချင်းများလည်း သိရှိနိုင်အောင်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။
အဲဒီလိုပြော လိုက်လို့ ပြည့်ဖြိုးတစ်ယောက် တယ်ဟုတ်ပါလားလို့မထင်လိုက်နဲ့ IT လောက က Senior
တစ်ယောက်ရှင်းပြထားတာကို လေ့လာပြီး ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။  မူရင်းရေးသားသူကို
လေးစားသောအားဖြင့် မူရင်းအတိုင်းဘဲ တင်ပေးလိုက်ပါတယ်ဗျာ။
Credit to - Thant Zin Soe

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



                  Website လည်း Post အသစ် မတင်တာကြာလို့ ဖှုန်တက်နေလောက်ပါပြီ။ ဒါကြောင့် Email Server တွေအကြောင်း သိသလောက် ရေးကြည့်ရင် ကောင်းမလားလို့ပါ။ အဓိကတော့ Exchange Mail Server အကြောင်း ရေးချင်တာပါ။ မြန်မာ Forum တွေထဲမှာလည်း Exchange Mail Server အကြောင်း Forum ရေးထားတာ သိပ်မတွေ့မိသေးပါဘူး။မြန်မာလို စာအုပ်တွေလည်း မရှိပါဘူး။ ဒါကြောင့် Network ကို လေ့လာသူတွေ အထောက်အကူ ရလိုရများ ရေးလိုက်ပါတယ်။ ကျွန်တော်လည်း Networking ဘက် စလိုက်တုန်းက Exchange Server အကြောင်းကို  စပ်ကြား စပ်ကြား ကြားမိပါတယ်။ အဲ့တုန်းကတော့ Exchange Server ဆိုတာ Phone ရုံးမှာသုံးတဲ့ Server ကြီးများလားလို့။ Exchange Server လို့ပြောတာနဲ့ ဖုန်းရုံးဘဲ ပြေးပြေးမြင်မိပါတယ်။ နောက်မှ Exchange Server ဆိုတာ Mail Server ကြီးပါလား လို့သိခဲ့တာပါ။ Network field မှာကတော့ Sharing ပြီးရင် Email ကတော့ တော်တော်လုပ်ရတယ်ဗျ။ Mail Rule ချပေးတာတို့၊ Email Backup၊ Restore လုပ်ရတာတို့၊ Email Setup လုပ်ပေးရတာတို့ပေါ့။ အဓိကတော့ Mail Server ထိုင်ပေးရတာပါ။ Mail server ထိုင်ပြီးမှသာ user တွေ တစ်ယောက်နဲ့ တစ်ယောက် ရုံးအတွင်းမှာ Email ပို့နိုင်ကြမှာလေ။ internet မတပ်ထားလည်း ရုံးအတွင်းမှာ user တွေအချင်းချင်း email ပို့နိုင်ကြမှာပါ။ Internet တပ်ထားပြီး External mail account ရှိရင် (ဒါမှမဟုတ်) Public IP ရှိပြီး domain name ၀ယ်ထားရင် လည်း user တွေ လက်ရှိရုံးအတွင်းမှာသုံးနေတဲ့ email account ကို ဘဲသုံးပြီး internet ထဲသို့ email ပို့နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက user တစ်ယောက်ရဲ့ email client (microsoft outlook ဖြစ်ဖြစ်၊ outlookexpress ဖြစ်ဖြစ်) မှာ  email account တစ်ခုဘဲ  ရှိနေမှာဖြစ်ပါတယ်။Local မှာ email ပို့ဖို့အတွက် email account တစ်ခု၊ အပြင်ကို email ပို့ဖို့အတွက် email account တစ်ခုဆိုပြီး ရှိနေမှာ မဟုတ်ပါဘူး။ ရုံးထဲမှာဘဲ ပို့ပို့ အပြင်ကိုဘဲပို့ပို့ email account တစ်ခုဘဲ သုံးပြီး ပို့ရုံပါဘဲ။

မြန်မာပြည်မှာတော့ Email Server အဖြစ် VPOP3 Mail server ကို သုံးတာများပါတယ်။ ကျွန်တော် ရောက်ရောက်သွားတဲ့ Customer site တွေမှာ VPOP3 Mail Server ဘဲသုံးကြတာကိုတွေ့ရပါတယ်။ Microsoft ရဲ့ exchange server ကို မြန်မာပြည်မှာ သုံးတာ သိပ်မတွေ့ဖူးပါဘူး။ ရှိတော့ရှိမှာပါ။ Xin Jia Po မှာတော့ တော်တော် အသုံးများတယ်လို့ပြောကြပါတယ်။ Microsoft Exchange Server ရဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။အဓိကတော့ Microsoft ရဲ့ exchange mail server ကို email user တွေ အများကြီးရှိတဲ့ နေရာတွေမှာ သုံးသင့်ပါတယ်။ ကျွန်တော့် အတွေ့အကြုံတစ်ခုကိုပြောချင်ပါတယ်။ MEC site တုန်းက သုံးနေကျဖြစ်တဲ့ VPOP3 server ကို Email Server အဖြစ်သုံးခဲ့ပါတယ်။ အဲ့ဒီမှာက email user တွေက အယောက် ၆၀ လောက်ရှိပါတယ်။ ပြသနာက ဘာဖြစ်လဲဆိုရင် email address စာရင်းပါ။ user တစ်ယောက်ချင်းဆီကို မိမိရုံးမှာရှိတဲ့ email address တွေ သိအောင် လုပ်ပေးရပါတယ်။ ဒါမှသာ သူတို့တွေ အချင်းချင်း mail ပို့နိုင်ကြမှာလေ။ ဒါကြောင့် ထို ရုံးမှာရှိတဲ့ email တွေအားလုံးကို excel ထဲရိုက်ထည့်ပြီး ထို Excel file ကို လူတစ်ယောက်ချင်းဆီ email နဲ့ပြန်ပို့ပေးရပါတယ်။ အဲ့ဒီမှာ အဆင်မပြေမူတွေကို တွေ့ရတယ်။ ဘာလဲဆိုတော့ user တွေက email တစ်ခါပို့တိုင်း ထို excel file ကို ဖွင့်ရပါတယ် ။ နောက်တစ်ခုက သူတို့ဘာသာ email address မှားရိုက်မိပြီး သက်ဆိုင်ရာ လူဆီ email မရောက်ရင်လည်း Complaint တက်ကြပါတယ်။ ပြီးတော့ တချို့ user တွေက သူတို့ရဲ့ email address ကို မကြိုက်လို့ email address အသစ် ပြန်ပြင်ခိုင်းကြတယ်။ အဲ့ဒီလိုဖြစ်တိုင်း VPOP3 Mail server နဲ့ သူတို့ computer မှာ email address အသစ်ကို ပြန်ထည့်ရတယ်။ ဒါနဲ့ မပြီးသေးဘူး။ excel file မှာလည်း mail အသစ်ကို ထပ်ထည့်ရတယ်။ ပြီးရင် ပြင်လိုက်တဲ့ excel file ကို ရှိသမျှ user တွေအားလုံးဆီထပ်ပို့။ နောက် user ကလည်း email address အသစ်လိုချင်။ ထပ်လုပ်။ ထပ်ပို့။ အာ….တော်တော်ကို လုပ်ရတယ်။ user တွေကိုလည်း အပြစ် မတင်ချင်ပါဘူး။ သူတို့လည်း သူတို့ အဆင်ပြေသလို လုပ်ချင်ကြမှာဘဲ။ ကျွန်တော်ခုနက ပြောခဲ့ပါတယ်။ Mail server ကို VPOP3 Mail server ထိုင်ခဲ့ပါတယ်လို့။ အဲ့ဒီနေရာမှာ VPOP3 Mail Server မထိုင်ဘဲ Exchange Mail Server ထိုင်ခဲ့မယ်ဆိုရင် ???

Exchange Mail Server ထိုင်ခဲ့မယ်ဆိုရင်တော့ Email address List တွေကို user တွေဆီ Mail ပို့ဖို့ မလိုတော့ပါဘူး။Exchange Mail Server မှာ ဆောက်ထားတဲ့ Mail address တွေအားလုံးက user တွေရဲ့ Microsoft Outlook address book မှာ auto သွားပေါ်နေမှာပါ။ Exchange Server မှာ email address အသစ်ဆောက်လိုက်တာနဲ့ (သို့မဟုတ်) ပြင်လိုက်တာနဲ့ user တွေရဲ့ email client (Microsoft Outlook) မှာ တခါတည်း ပေါ်ပြီးသားဘဲ။ ဘယ်လိုပေါ်လဲဆိုရင် outlook ရဲ့ address book ကို Click နှိပ်လိုက်ရင် ပေါ်တယ်။ထပ်ပြောရမယ်ဆိုရင် user တစ်ယောက်က email ပို့မယ်ဆိုရင် New Mail ကိုနှိပ်။ “To” button ကို Click နှိပ်လိုက်တာနဲ့ ရှိသမျှ mail address list (exchange မှာဆောက်ထားတဲ့) တွေကျလာမယ်။ အောက်ကပုံမျိုး


  ထိုထဲက ကိုယ်ကြိုက်တဲ့ mail ကို ရွေးပြီး ပို့လိုက်ရုံဘဲ။ email address မှားတာတွေ။ ပို့လိုက်တဲ့ email address ကအဟောင်းကြီးဖြစ်နေတာတွေ။address list ကို Import လုပ်ရတာတွေ၊ email တစ်ခါပို့တိုင်း excel file ကြည့်ရတဲ့ ကိစ္စတွေ မရှိတော့ဘူး။ ပြီးတော့ Exchange server မှာ email address တွေကို department အနေနဲ့ ခွဲထားရင်လည်းရတယ်။ ဒီလိုဆိုရင် email ပို့တဲ့ အခါကျရင် လူတွေအများ အများကြီးထဲက ကိုယ်လိုချင်တဲ့ email address ကို လိုက်ရှာစရာမလိုတော့ဘူး။ကိုယ်ပို့ချင်တဲ့ လူရှိတဲ့ department ကိုရွေးပြီး ထို လူ့ရဲ့ email address ကို ရှာလိုက်ရုံဘဲ။ ဥပမာ admin department က မောင်အေးဆီ ပို့ချင်ရင် အရင် New email ကိုရွေး။ “To” ဆိုတဲ့ button ကိုနှိပ်။ email address book လာပြလိမ့်မယ်။ ထိုထဲမှာ admin department ကိုရွေးလိုက်။ ဒါဆိုရင် admin department မှာရှိကြတဲ့ ရှိသမျှ address တွေအားလုံးကို လာပြမယ်။ ထိုထဲမှမောင်အေး email address ကို ရွေးလိုက်ရုံဘဲ။ အဲ အဲ့သလို ဖြစ်အောင်တော့ exchange မှာ လုပ်ပေးရမှာပေါ့။

Exchange ရဲ့ နောက်ကောင်းတဲ့ feacture တစ်ခုက calendar …..

MIS ကျောင်းမှာ Network ဆင်တုန်း အဲ့ဒီက ကျောင်းအုပ်ကြီးက ဘယ်လို လိုချင်သလဲဆိုရင်

Timetable ကို ကျောင်းသားတွေဆီ email system သုံးပြီး ပို့ချင်တယ်တဲ့။ သူက Foreigner ဆိုတော့ တခြားမှာ အဲ့သလို သုံးဖူးပုံရတယ်။ Microsoft outlook မှာ calendar ဆိုတဲ့ Tab တစ်ခုပါပါတယ်။ တွေ့ဖူးကြသလားတော့ မသိဘူး။ Microsoft outlook ကို Exchange နဲ့ မချိတ်ဘဲ (exchange email account မဆောက်ဘဲ) သူ့ချည်းသုံးမယ်ဆိုရင် calendar က calendar လိုပြတယ်။ တော်တော် ရှင်းသွားပြီထင်တယ်။

Calendar မှာ date နံပါတ်တွေနဲ့။ ထပ်ရှင်းပြန်ပြီ။ အဲ့ဒီ date နံပါတ်တွေပေါ်မှာ click နှိပ်ပြီး ထို date, ဘယ်အချိန်မှာ ကိုယ်ဘာလုပ်ဖို့ရှိသလဲဆိုပြီး ရေးထားလို့ရတယ်။ ပြီးတော့ အဲ့ဒီ  လုပ်ရမယ့် ကိစ္စကို မမေ့အောင် alarm တွေပေးအောင် လုပ်လို့ရတယ်။ ကိုယ့်ကို လာလာသတိပေးနေမှာ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ outlook calendar မှာ  သူငယ်ချင်းတွေရဲ့ မွေးနေ့တွေထည့်ထားဖို့ စဉ်းစားထားတယ်။ J

ဒါက ရိုးရိုးသုံးတာပေါ့။ ဆန်းဆန်းသုံးတာကတော့…အဲ exchange နဲ့ တွဲသုံးရင်တော့ ကိုယ် Calender မှာ မှတ်ထားတဲ့ ကိစ္စတွေကို ကိုယ် ပို့ချင်တဲ့ လူဆီ လှမ်းပို့လို့ရတယ်။ ဟိုဘက်ရဲ့ လူရဲ့ calendar မှာ ကိုယ့်အတိုင်းဖြစ်သွားလိမ့်မယ်။

ခုနက ကျောင်းအုပ်ဆရာကြီးလုပ်ခိုင်းသလိုဆို

ကျောင်းဆရာတွေရဲ့ စက်မှာ ကျောင်းဆရာတွေက ဘယ်နေ့မှာ ဘာသင်မယ်ဆိုတဲ့ timetale ကို email calendar မှာ ဆောက်ပြီး သက်ဆိုင်ရာ ကျောင်းသားတွေဆီကို ပို့လိုက်ရုံဘဲ။ timetable ကို ပို့လိုက်တဲ့ ကျောင်းသားတွေက လွဲလို့ ဘယ်သူမှ မကြည့်နိုင်ဘူး။ ပိုရှုပ်အောင် ထပ်ပြောရရင် grade 4 ဆရာက exam time table ကို Grade 4 ကျောင်းသားတွေကို ပေးသိချင်တယ်။ကျောင်းသားတွေက သူတို့ရဲ့ outlook calendar ကိုကြည့်ပြီး ဘယ်နေ့မှာ ဘာ exam ရှိလဲဆိုတာကို သိနိုင်ရမယ်။

ဒါဆိုရင် ဆရာက အရင် outlook calendar မှာ date တစ်ရက်ကို နှိပ်။ message အလွတ် တက်လာမယ်။ Subject တွင် Myanmar Subject လို့ထည့်။ To နေရာတွင် grade 4 ကျောင်းသားတွေရဲ့ email address ကိုထည့်။ ပြီးရင် send button ကို နှိပ်လိုက်ရုံဘဲ။ ဒါဆိုရင် ဆရာ့ရဲ့ calendar မှာ ထို date တွင် Myanmar subject ဆိုတဲ့ အတုံးလေးတစ်ခု ရောက်နေတယ်။ ပို့လိုက်တဲ့ ကျောင်းသားတွေရဲ့ calendar မှာလည်း ထို အတိုင်း ဖြစ်သွားတယ်။ ဆရာ့ Outlook calendar မှာ လုပ်ဖို့ကျန်သေးတဲ့ ရက်တစ်ရက်ချင်းစီအတွက် အဲ့ဒီလိုမျိုး လိုက်လုပ်ပေးရမယ်။ အားလုံးပြီးသွားရင်တော့ grade 4 ကျောင်းသားတွေရဲ့ calendar မှာ exam time table ထွက်လာပြီပေါ့။ “To” textbox နေရာမှာ grade4@mis.com ဆိုပြီး ပို့လိုက်ရုံနဲ့ grade 4 ကျောင်းသားအားလုံးဆီ ရောက်စေချင်ရင်တော့ exchanger server မှာ Distribution mailbox လုပ်ထားလို့ရတယ်။ Exchange ရဲ့ distribution mailbox က VPOP3 မှာဆို List နဲ့ တူတယ်။

ပြီးရင်တော့ အောက်က Calander လိုမျိုး ဆရာရော၊ ကျောင်းသားတွေဆီမှာ ဖြစ်သွားတယ်။23 ရက်ကနေ 28 ရက်ထိ စစ်မယ့် Exam subject Information ပေါ့။
အောက်ကပုံကတော့ ဆရာက 23 ရက်နေ့ ဘာ စာမေးပွဲရှိလဲဆိုတာကို ဘယ်ကျောင်းသားဆီပို့မလဲဆိုတာကို လုပ်နေတာ။ ဆရာက 23 ရက်နေ့ပေါ်မှာ double click နှိပ်လိုက်ရင် အဲ့ဒီလို Message Form တက်လာမှာပါ။Subject မှာတော့ အဲ့နေ့မှာ စစ်မယ့် Subject ကို ရိုက်ထည့်လိုက်ပါတယ်။ ပြီးရင် “To” button ကိုနှိပ်လိုက်ရင် address book တက်လာလိမ့်မယ်။ အဲ့ဒီ address တွေထဲမှာမှ grade 4 ကျောင်းသားတွေကို ရွေးပြီးထည့်လိုက်ပါ။ ပြီးရင် Send button ကိုနှိပ်လိုက်ရင် ထို ကျောင်းသားတွေရဲ့ calendar မှာ ဆရာရဲ့ calander လိုမျိုးဖြစ်သွားလိမ့်မယ်။
ပြီးတော့ Exchange မှာ Unified messaging Server Role ကို သုံးရင် တစ်ယောက်နဲ့ တစ်ယောက် အသံ file တွေပါ ပို့လို့ရလာတယ်။ကျွန်တော် အဲ့ဒါကတော့ မစမ်းဖူးသေးဘူး။

Exchange မှာ ကောင်းတဲ့ အချက်တွေ ထပ်ရှိသေးတယ်။ ကျွန်တော်တို့ POP3 setting နဲ့ setup လုပ်တဲ့ mail တွေသုံးဖူးကြမှာပါ။ Teleport က ရောင်းတဲ့ mail တွေလေ။ အဲ့ဒီ Mail တွေမှာဆို ကျော်ကျော်က အေးအေးဆီ Mail ပို့လိုက်တယ်။ အေးအေးက Outlook တော့ ဖွင့်ထားတယ်။အေးအေးက Send/Receive button မနှိပ်မချင်း ကျော်ကျော်ပို့တဲ့ mail ကို ရမှာ မဟုတ်ဘူး။ (send/receive auto လုပ်ပေးတဲ့ Schedule ပေးထားတာကို မပြောဘူး)။ Exchange နဲ့ mail setup လုပ်ထားပြီး သုံးတယ်ဆိုရင်ကျော်ကျော်က အေးအေးဆီ Mail တစ်စောင် ပို့လိုက်တယ်။ ပို့ပြီးတာနဲ့ တပြိုင်နက် အေးအေး ရဲ့ outlook ထဲ တန်းဝင်လာရော။အေးအေးက Send/Receive button နှိပ်စရာမလိုဘူး။

နောက် Feacture တစ်ခု။ ကျွန်တော်တို့ Public chat တော့ သုံးဖူးကြမယ်ထင်ပါတယ်။ Public chat မှာ user တစ်ယောက်က ပြောလိုက်တဲ့ စာကို Log In ၀င်ထားတဲ့ user အားလုံးက ဖတ်လို့ရတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကို အားလုံးက တွေ့ရတယ်။ အားလုံးပြောတဲ့ စကားကို ကိုယ် တွေ့ရတယ်။ MIRC chatting ကို သုံးဖူးတဲ့သူတွေတော့သိမှာပါ။

အဲ့သလိုမျိုး email message တွေကိုလည်း Public Chat လို လုပ်လို့ရတယ်။ Exchange မှာတော့ Public folder feature  လို့ခေါ်တယ်။ Outlook ထဲမှာ Public folder ဆိုတာကို တွေ့ဖူးကြလားမသိဘူး။ ထို Folder ထဲမှာ message အသစ်ရေးပြီး Post button နှိပ်လိုက်ရင် ရှိသမျှ email user တွေအားလုံးက ထို email ကို မြင်ရလိမ့်မယ်။ Public folder ထဲမှာ Folder အသစ် ထပ်ဆောက်ရင်လည်းရတယ်။ ပြီးရင် အဲ့ဒီ Folder တွေကို ဘယ်သူတွေဘဲ ကြည့်ခွင့်ပေးမလဲဆိုပြီး Permission တွေ သတ်မှတ်ပေးလို့လည်းရတယ်။ အောက်က ပုံကတော့ Public folder ကို သုံးနေကြပြီး အချင်းချင်း စကားပြောနေကြတာပါ။ Network က လူတွေအချင်းချင်း စကားပြော (message ပို့) နေကြတာပါ။ Network Department ကလူတွေ Software folder ထဲဝင်ပြီး စကားပြော (message ပို့) လို့၊ message တွေဖတ်လို့မရအောင် Folder တွေကို Permission လည်းပေးလို့ ရပါသေးတယ်။
ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ outlook မှာ auto ပေါ်တဲ့ email address list တွေတို့၊ ၊calendar တို့၊ Public folder တို့၊ on the sport email receive တို့တွေက exchange mail server ကို သုံးတဲ့အခါ ရတဲ့ Advantages တွေပါ။ VPOP3 Mail Server မှာဆို မရနိုင်ပါဘူး။

Exchange ရဲ့ ဆိုးတဲ့အချက်တွေက Exchange Mail Server ကို installation လုပ်ချင်ရင် အရင် Computer တစ်လုံးမှာ Server OS တင်ရပါမယ်။ ဘာလို့လဲဆိုတော့ Exchange Mail Server က Server OS ပေါ်မှာသာ Install လုပ်နိုင်တာလေ။ VPOP3 Mail Server က အဲ့ဒီ အချက်မှာ Exchange Mail Server ထက်သာတယ်။ VPOP3 Mail Server က Server OS သာမက Client OS (window XP) မှာပါ install လုပ်လို့ရပါတယ်။ Exchange Mail Server ကို ပြန်ဆက်ရအောင်။ Server OS တင်ပြီးတာနဲ့ exchange installation တန်းလုပ်လို့မရပါသေးပါဘူး။ အရင် ထို Server ကို domain controller ပြောင်းပေးရပါသေးတယ်။ တနည်းအားဖြင့် AD တင်ရပါတယ်။ AD တင်ပြီးရင်တော့ Exchang Server တင်လို့………မရသေးပါဘူး။ setup /prepareschema,setup /prepareAD , setup /preparealldomains, servermanager –ip ….xml –restart စတဲ့ command တွေ၊ office 2007 convertor Microsoft filter pack တွေ install လုပ်ပေးရတယ်။ အများကြီးဘဲ လုပ်ပေးရတာတွေ။ အဲ့ဒါတွေက Exchange 2010 installation လုပ်ရင် လိုတာတွေကို ပြောတာပါ။ ပြီးတော့ Client computer တွေက mail ကို ဒီအတိုင်း သုံးလို့မရသေးပါဘူး။ Client computer က Exchange တင်ထားတဲ့ domain controller  computer ကို domain လှမ်းချိတ်ရပါမယ်။တနည်းအားဖြင့် domain member ဖြစ်အောင်အရင် လုပ်ရပါမယ်။ Client Computer က domain member ဖြစ်ပြီးမှသာ Domain controller မှာ ရှိတဲ့ user name နဲ့ password ကို သုံးပြီး window ကို login ၀င်ရမှာပါ။ window ရောက်ရင် Microsoft outlook ကို ဖွင့်လိုက်တာနဲ့ email account တစ်ခုကို ဆောက်ပေးလိုက်ပါလိမ့်မယ်။ ဘယ် email account နဲ့ ဆောက်ပေးလိုက်လဲဆိုရင် ကိုယ် login ၀င်ထားတဲ့ user နဲ့ဆိုင်တဲ့ email account ပါ။ (exchange Mail Server ဘက်ခြမ်းမှာတော့ ထို Domain user အတွက် Mailbox ကို အရင် create လုပ်ထားပေးဖို့လိုပါတယ်။ AD user တိုင်း Mail သုံးလို့မရနိုင်ပါဘူး။ Mailbox create လုပ်ပေးထားတဲ့ AD user မှသာ mail သုံးနိုင်တာပါ) ကျွန်တော်က အခု Configuration အပိုင်းထက် ဘာ feacture တွေရှိလဲဆိုတာကို ဇောင်းပေး ပြောနေတာပါ။ Configuration အပိုင်းရေးရင် Webpage ဆန့်တော့မှာမဟုတ်ဘူး။ အဲ့ဒီလို Feacture တွေ သိဖို့ကလည်း အရေးကြီးတယ်ဗျ။ detail Configuration ကြီး မသိရင်တောင် ဘာ feacture တွေရှိလည်းဆိုတာ သိထားရင် ပိုကောင်းတယ်။ဒါမှသာ Customer ပြောလိုက်တာနဲ့ ဘာသုံးရင် အဆင်ပြေမလဲဆိုတာ ခေါင်းထဲက တန်းထွက်လာမှာ။ နို့မဟုတ်ရင်တော့ ဘာမှ ဆက်လုပ်လို့မရတော့ဘူး။ စမ်းထားဖူးရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော့် အမြင်ပေါ့။

အဲ့။ ဘယ်တွေ ရောက်သွားပြီလဲတောင် မသိတော့ဘူး။ တွေ့တယ်မလား။ Exchange mail သုံးဖို့ဆိုရင် AD တင်ရတယ်။ Exchange တင်ရတယ်။ အဲ့ဒါက မဆိုးသေးဘူး။ဆိုးတာက Client စက်တွေကိုပါ Domain member ဖြစ်အောင်လုပ်ရတယ်။ ပြီးရင် domain user name နဲ့ password ကို သုံးပြီး Login ၀င်ရတယ်။ သိတဲ့အတိုင်းဘဲ။ Window ကို domain နဲ့ ချိတ်ပြီး login ၀င်တာက ရိုးရိုး Login ၀င်တာထက် ပိုကြာတယ်မလား။  တစ်ခုတော့ရှိတယ်ဗျ။ Client စက်ကို domain member မလုပ်ဘဲ ပုံမှန် Workgroup နဲ့ဘဲ သုံးပြီး Exchange က mail တွေကို စစ်လို့ရတာရှိတယ်ဗျ။ နှစ်နည်းရှိတယ်။ တစ်ခုက Web Browser ကိုသုံးပြီး ၀င်တာ။ နောက်တစ်ခုက Microsoft outlook မှာ exchange နဲ့ account မဆောက်ဘဲ POP3 နဲ့ဘဲ account ဆောက်ပြီး သုံးတာ။ POP3 နဲ့ သုံးရင်တော့ email တော့ စစ်လို့ရတယ်။ ဒါပေမယ့် Exchange ရဲ့ calendar feature တို့၊ Contact တို့၊ Pubic folder တို့ကိုတော့ သုံးလို့ရတော့မှာ မဟုတ်ဘူး။ (POP3 service ကိုသုံးချင်တယ်ဆိုရင် Exchange server မှာအရင် Microsoft exchange POP3 service ကိုတော့ ဖွင့်ပေးထားရမှာပါ)

အောက်ကပုံက Client စက်မှာ Exchange Mail ကို Web Browser ကိုသုံပြီး Mailbox ထဲဝင်နေတာ။ Public folder တွေ ရော။ Calander တွေပါ သုံးလို့ရတယ်။

နောက်ဆုံးထွက်လာတဲ့ Exchange Server version က 2010 ပါ။ အရင်က 2003 တို့ 2007 တို့ရှိပါတယ်။ Exchange 2010 ရဲ့ hardware requirement တွေကလည်း လွန်ပါတယ်။ Exchange 2010 ကို installation လုပ်နိုင်ဖို့ computer ကို Server 2008 64bit OS တင်ထားဖို့လိုပါတယ်။ ရိုးရိုး 2008 မရဘူး။ SP2 or R2 edition မှရမယ်။ 64bit OS တင်ရမှာ ဖြစ်တဲ့အတွက် computer မှာ 64 bit processor ရှိရပါမယ်။ Recommend လုပ်ထားတဲ့ Typical installation အတွက် Memory က 8 GB လား မသိဘူး။ တော်တော် မလွယ်တဲ့ကောင်။ ကြုံတုန်း တစ်ခုပြောချင်တယ်ဗျ။ Server 2008 64 bit edition မှာ Hyper V Feature တစ်ခုရှိတယ်ဗျ။ သူက VMWare၊ Virtual PC လိုမျိုးသုံးရတာ။ Server 2008 32 edition မှာတော့ Hyper V မပါဘူး။ 64 bit edition မှာဘဲပါတယ်။

Exchange Mail Server မှာ လုပ်နိုင်တဲ့ Feature တွေ ဆက်ကြည့်ရအောင်။

Customer က ကိုယ့်ကို ပြောတယ်။ တချို့ ရိုးရိုး office staff တွေကို MD ဆီ တိုက်ရိုက် Mail ပို့ခွင့် မပေးချင်ဘူး။ ဘာလို့လဲဆိုတော့ Office Staff တွေက MD ဆီ Complaint Email လှမ်းပို့တတ်ကြလို့။MD ကလည်း အာရုံနောက်တယ်။ Email တွေဆိုတာက address သိရင်ပို့လို့ရပြီလေ။ email address သာသိတယ်ဆိုရင် ဆင်းရဲသားကနေ President ထိပါ email ပို့နိုင်တာလေ။  ဒီလိုမျိုးမဖြစ်စေချင်ရင် ထို ရိုးရိုး ၀န်ထမ်းတွေရဲ့ email ကနေ ဘယ် address တွေဆီဘဲ ပို့ခွင့်ပေးမယ်ဆိုပြီး Exchange Server မှာသတ်မှတ်ပေးထားလို့ရတယ်။ VPOP3 မှာတော့ အဲ့ဒီ setting မပါဘူးထင်တယ်။ သေချာတော့ မရှာကြည့်ဖြစ်သေးဘူး။

MD က Director ဆီ ရောက်လာတဲ့ Mail တွေကိုလည်း ကြည့်ချင်တယ်တဲ့။ တနည်းအားဖြင့် Director ဆီ ရောက်သမျှ mail မှန်သမျှကို MD Mailbox ထဲလည်း ၀င်ချင်တယ်။ အဲ့ဒီလိုမျိုးကို Exchange မှာ director ရဲ့ mail forwarding setting မှ တဆင့်လုပ်နိုင်တယ်။

MD က သူ့ Mailbox တစ်ခုလုံးကို (inbox,sent,outbook,etc) သူ့ Assistant ဖြစ်တဲ့ လှလှ ဆိုတဲ့ user ကို ကြည့်ခွင့်ပေးမယ်။ ဒါပေမယ့် MD က လှလှကို သူ့စက်ကို မကိုင်စေချင်ဘူး။ လှလှစက်၊ လှလှ email account ကနေဘဲ ကြည့်ခွင့်ပေးမှာ။ ပြီးတော့ လှလှ စက်မှာ MD account ကို ဆောက်စရာမလိုဘဲ MD mailbox ကို ကြည့်စေချင်တယ်။ဘယ်လို ကြည့်လို့ရလဲဆိုရင် လှလှက မိမိရဲ့ Mail client ထဲမှာ open another mailbox (md@alphachannel.com) လို့ ရိုက်ထည့်လိုက်ရင် MD mailbox က လှလှ mailbox အောက်မှာ လာပေါ်တယ်။ (MD ရဲ့ mailbox မှာ လှလှကိုFull Access permission ပေးပြီး)

တခါတလေကျရင် MD က လှလှကို mail တွေကို သူ့အစား ပြန်ပို့ခိုင်းတယ်။ဒါပေမယ့် MD က သူ့ computer ကို လှလှကို မကိုင်စေချင်ဘူး။ လှလှက သူမ computer,သူမ account ကနေဘဲ ပြန်ပို့ရမှာ။ လှလှ account ကနေ ပို့ပေမယ့် ပြန်ပို့လိုက်တဲ့ mail ရဲ့from နေရာမှာ လှလှ mail address မဖြစ်စေချင်ဘဲ md mail address နဲ့တခြားလူဆီ ရောက်စေချင်တယ်။ ဒါဆိုရင် လှလှ ပို့တဲ့အခါ message ရဲ့ from နေရာမှာ MD ရဲ့ email address ကိုရွေးပြီးပို့နိုင်တယ်။ အဲ့ဒီလို ပို့နိုင်အောင်လို့ MD ရဲ့ mail setting မှာ လှလှကို Send As Permission ပေးပေးရမယ်။

Customer က ရုံးက ၀န်ထမ်းတွေကို Mailbox Storage ပမာဏ ကန့်သတ်ချင်တယ်။ မသတ်မှတ်ထားရင် -၀န်ထမ်းတွေက email ကို ပို့ချင်သလို ပို့ ပြီး Server မှာ Disk space ကုန်သွားမှာ စိုးရိမ်တယ်။ အဲ့ဒီလို Mailbox Storage ကို user တစ်ဦးချင်းစီအလိုက်လည်း ကန့်သတ်နိုင်တယ်။

ကျွန်တော်တို့ Gmail သုံးရင် Email Message ကို 5MB အများဆုံးဘဲ ထားပြီးပို့နိုင်တယ်။ ထို့ထက် ပို ပို့လို့မရဘူး။ Exchange Mail Server  မှာလည်း အဲ့သလို ဖြစ်အောင်လုပ်နိုင်တယ်။email တစ်စောင်ရဲ့ အများဆုံး ပို့နိုင်တဲ့ Size ကို သတ်မှတ်လို့ရတယ်။
Read More ...

Tuesday, October 2, 2012

Kaspersky Internet Security Offline Update ပြုလုပ်နည်း


lu aye: ကျွန်တော်..kaspersky internet security ရဲ့ offline update လုပ်နည်းလေးကိုသိချင်ပါတယ်....မျှဝေပါအုံးနော်...။ 
    ကျွန်တော်ဒါကို Post တစ်ခုအနေနဲ့ တင်ဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် Cbox မှာအကိုတစ်ယောက်
တောင်းသွားလို့ အခြားသော သူငယ်ချင်းတွေလည်း အဆင်ပြေပြေနဲ့ လိုက်လုပ်နိုင်အောင်လို့ ပြန်လည်
မျှဝေပေးလိုက်ပါတယ်ဗျာ။ နမူနာအနေနဲ့ Kaspersky Internet Security 2012 ကို ပုံနဲ့ရှင်းပြထားပါ
တယ်ဗျာ။ Offline Update လုပ်နည်းကို ပုံစံနှစ်မျိုးနဲ့ ရှင်းပြထားတယ်ဗျာ။ အဆင်ပြေကြပါစေနော်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

ဒါက ပထမနည်းလမ်းပါ။
  1. open the main application window
  2. on the upper right hand corner of the main application window, click on the Settings button
  3. on the right hand part of the Settings window in the Additional section, check the box Copy update to folder
  4. click on the Browse button if you wish to change the folder to copy update
  5. clicc OK in the Select folder window
  6. click OK in the Settings window
  7. run update of anti-virus databases
ဒါက နောက်တစ်နည်းပါ။ 

 
3. click on the update option
 4. Click run mode
 5. Click Run mode select Schedule on Manually Mode then click OK

6. Click Update Source.
7. Remove Kaspersky Lab update server source.
8. Click add button.
 9. Browse your update source. ( where your update file is )
10. Click Apply and ok.
 11. Now click Update button.
undefined





Read More ...

Friday, August 17, 2012

Android အကြောင်း ပါးပါးလေး ပြောမယ်


                   ကျွန်တော့်အရည်အချင်းနဲ့ ဒီလိုမျိုး အကြောင်းအရာကို မရေးနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း
ဝန်ခံတာပါဗျာ။ ဒီနေ့မနက်သူငယ်ချင်းတစ်ယောက်က ကျွန်တော့် Mail ထဲကို ပို့ပေးထားတယ်ဗျာအောက်
က Link ကိုကြည့်လိုက်တော့ ကိုအာကာဖြိုးရေးထားတယ်လို့သိရပါတယ်ဗျာ။ ဖတ်ကြည့်လိုက်တော့အ
ဗဟုသုတရစေမယ့် Post လေးဖြစ်လို့ကျွန်တော်တဆင့်ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။အောက်
မှာသေချာလေးလေ့လာကြည့်ပါဗျာ။

ဒီ Post လေးကိုကြိုက်တယ်ဆိုရင် Facebook ရဲ့ Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။ 


Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့ OS ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့  OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ  Tablet ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတာပါ အပေါ်ကဖော်ပြထားတဲ့ စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေ

ဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး ဘာလုပ်နေတယ်တော့ မသိရပါဘူး 2007 ခုနှစ်ေ၇ာက်တော့မှ Google က Android ကို (OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad တွေကို ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ် ဒါကို ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး ထပ်ဆင့်အဆင့်မြင့်ရေးသားကြပြန်ပါတယ် လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်ပြင်လို့ရတာပဲလေ
နောက် Android Software တွေ ဖန်တီးဖို့ Android Software development kit (SDK) 1.0 ကို 2008 ခုနှစ်မှာထုတ်ပေးပြီး လွတ်လွတ်လပ်လပ် ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့ Android သုံး မိုဘိုင်းဖုန်းတွေ Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ
Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး ဘာမှမကြာလိုက်တဲ့ နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က ဦးဆောင်လာပါတော့တယ် ဘာကြောင့် ဒီလို ကြီးစိုးလာသလဲဆိုရင်တော့ ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source coad တွေရယ်ကြောင့်ပါပဲ အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး နည်းပညာလဲလေ့လာလို့ရသေး တယ် ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်
ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ OS ကို အလကားပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ ဖရီးမဟုတ်တာလေးတွေ သင်ကြည့်ပါလား အဲကနေလဲ ရတယ် အင်တာနက်အခြေခံတဲ့ ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲသူပေါင်း သန်း 280 ကျော်နေပါပြီ ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ အလကားပေးရတာ တန်တယ်ပေါ့ဗျာ ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပညာပါ တကယ်လဲကောင်းပါတယ် စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ
Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ ဒီဟာအကုန်လုံးကို Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး နိုင်ငံပေါင်း 30 လောက်က software ရေးတဲ့ သူတွေက တင်ထားတာတွေ လေ Android Market က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ ကောင်းပါတယ် ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ လာဝယ်ခိုင်းတာမျိုးက ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲ တွေ့နိုင်တာမျိုးလေ ဟဲဟဲ အာကာဖြိုးလဲ အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် ဟီး တော်တော်တတ်တာကိုးဗျ နော် အဟဲ Google ကလဲ လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ သူ့ဈေးကွက်မှာ ရောင်းချင်ရင် ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ Google ကို 30% ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်းနေဦးမယ် ဟိဟိ

အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်

ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ

ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်ဆုံးထွက်တဲ့ အထိ မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို နာမည်ပေးထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်  ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို  ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ စဉ်ပြီးထွက်လာတာပါ အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး C,D,E စသဖြင့် ထွက်လာတာလေ

ကဲ့ကြည့်လိုက်ရအောင် CupCake (version 1.5)

ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး ထွက်လာတာလေ


နောက် Donut (version 1.6)

ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်နိုင်လာပါတယ်  CDMA နဲ့ EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်


Eclair (version 2.0/2.1)

 2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် အီးမေးလ်အကောက်တွေကို  Device  အတါင်းထည့်သွင်းနိုင်မယ့် နည်းပညာတွေ စခရင် ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာတွေ  မာတီ touch feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲ စိပုစ့်လုပ်နိုင်လာလဲ့ပါတယ်

Frovo (version 2.2)

ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်းဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ဘာကြောင့်ဆို ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေသေးတာလေ ဒီဗားရှင်းမှာ မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ဖုန်းကနေ ကွန်ပျူတာကို အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့ နည်းပညာတွေ ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ အွန်လိုင်းမှာ ဖက်နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ

Gingerbread (version 2.3.x)

 ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ  အသုံးပြုသူ 60% လောက် ရှိနေပါတယ် ဒီကောင်ကတော်တော်မြင့်လာပါပြီ အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြောတော့ဘူးကျော်လိုက်တော့မယ် ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ လုပ်လို့ရလာပါတယ်  Broswer Email နဲ့ software တွေကနေ အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ


Honeycomb (version 3.0,3.x)

ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ်  ဒီကောင်က tablet မှာပဲ သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat  လုပ်နိုင်ပါတယ် မာတီ core processors ကို စပို့လုပ်လာနိုင်ပါတယ်

Ice Cream sandwich (version 4.x )

ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ ထွက်လာတာလေးပါ မြန်မာတွေကတော့ ရေခဲညှပ်လို့ ခေါ်နေတာပါပဲ  ဒီကောင်တွေမှာ အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့ သော့ခတ်ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါတယ် ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ်  အခုလက်ရှိ တော်တော်များများချိတ်ဆက်နေတာက wireless router တွေ wireless access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာလက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Drive အချင်ချင်း တိုက်ရိုက်ချိတ်လို့ရတာပါ လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး


Jelly Bean (5.x)

ဒါကတော့ အခု နောက်ဆုံးထွက်လာမယ့် ဟာလေးပေါ့ 2008 .8 မှာထွက်မယ် ပြောထားတာပဲ ခုတော့ ကျွန်တော်လဲ မလေ့လာရသေးဘူး နောက်များမှ ဆက်ဦးမယ်ပေါ့နော်

နဲနဲလောက်မသိသေးတာကို ဖြည့်ပေးနိုင်တယ်ဆိုရင်ပဲ

မူရင်းရေးသားထားသူ - အာကာဖြိုး
Read More ...

Wednesday, August 15, 2012

ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်း အကြောင်း ၁၀ ရပ်


                  အခုတစ်လော Post တွေတင်လို့အဆင်မပြေဘူးဖြစ်နေတယ်ဗျာ။ ကွန်နရှင်တွေအရမ်းကျ
နေတယ်ဗျ။ 4MB လောက်ရှိတဲ့ Software ကို မနေ့ကတည်းက Upload တင်နေတာ ဟဲဟဲ အခုထိကို
တင်လို့မရဘူးဖြစ်နေတယ်ဗျာ။ အဲဒါကြောင့် Software မဟုတ်ဘဲ နည်းပညာဆိုင်ရာ Post လေးတစ်ခုကို
ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ဖတ်ကြည့်တာ တော်တော်လေးကို ကြိုက်လွန်းလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပြသာနာမျိုးကြုံတက်လို့သူငယ်ချင်းများလည်း ဒီလိုပြသာနာမျိုးမဖြစ်အောင်
ဘယ်လိုကာကွယ်ရမလည်းဆိုတာသိစေချင်ပါတယ်။ ဒီ Post လေးကို အသစ်ဆက်ဆက် ဆရာတင်ထားတဲ့ ကိုပြည့်ဖြိုးဆိုဒ်ကနေဘဲဖော်ပြပေးလိုက်ပါတယ်ဗျာ။ ပြည့်ဖြိုး ရဲ့ဆရာ ပြည့်ဖြိုး ပါ။

ဒီ Post လေးကိုကြိုက်တယ်ဆိုရင် Facebook ရဲ့ Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။ 
သူငယ်ချင်းတစ်ယောက်မေးထားလို့ လေ့လာဖို့ကူးယူသိမ်းထားတဲ့ အထဲက ပြန်ရှာပြီးတင်ပေးလိုက်တာပါ...  ဘယ်ဆိုက်က ကူးထားမိမှန်းလည်း မမှတ်မိတော့ပါဘူး မူရင်းရေးသားထားတဲ့ သူငယ်ချင်း နားလည်ပေးစေလိုပါတယ်.... ကျွန်တော် ကူးယူထားတဲ့အတိုင်းကတော့... ခင်ဗျားတို့ ကွန်ပြူတာ သုံးနေရင်း တန်းလန်းနဲ့ ရုတ်တရပ်ကြီး hang သွားပြီး အပြာရောင် နောက်ခံနဲ့ “Fatal error: the system has become unstable or is busy,” it says. “Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications. အဲဒီ စာသား မျိုးတွေပေါ်တာကို window သုံးတဲ့ သူတိုင်းတွေ့ ဖူးမှာ ပါ။ အခု အဲဒီ Blue Screen တက်လာရင် ဘာတွေကိုစစ်ဆေးရမယ် အဲဒါထက်အရေးကြီးတာက မဖြစ်အောင်ဘယ်လိုကာကွယ် ရမလဲ ဆိုတာ ပြန်ဝေမျှပါ့မယ်။
 ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်း အကြောင်း ၁၀ ရပ်
1. Hardware Confilct
အပြာရောင်စကရင် တက်ရခြင်း ရဲ့  နံပတ် တစ် အဓိက အကြောင်းရင်းခံကတော့ Hardware တွေကြောင့် အဖြစ်များပါတယ်။ ကွန်ပြူတာ မှာ တက်ထားတဲ့ Hardware တစ်ခု ချင်းစီတိုင်းက တခြား Hardware တွေနဲ့  IRQ(Interrupt Request Channel) ဆို တာနဲ့ ဆက်သွယ်ထားပါတယ်။ Hardware တခုစီတိုင်းအတွက် IRQ တစ်ခု ပုံသေ သတ်မှတ်ပေးထားပါတယ်။ ဥပမာ  ပရင်တာ က IRQ 7 အနေ နဲ့ ပုံသေ ရှိပြီး Keyboard ကတော့ IRQ 1 စသဖြင့်ပေါ့။ တကယ်လို ခင်ဗျား ရဲ့ ကွန်ပြူတာ မှာ တပ်ဆင်ထားတဲ့ Devices တွေ များနေခဲ့မယ် ဒါမှမဟုတ် အဲဒီ Devices တွေက Install ကျကျ နန မလုပ်ထားဘူး ဆိုရင် Devices တွေက IRQ တစ်ခု ထဲကို မျှပြီး သုံး တတ်ကြပါတယ်။ အဲဒီလို အခါမျိုး မှာ ခင်ဗျားကလဲ အဲဒီ Devices ၂ ခု လောက်ကို တစ်ပြိုင်ထဲ သုံးမိမယ်ဆိုရင် Interrupt request တွေ Crach ဖြစ်မှာ ဖြစ်ပါတယ်။ ကို့ ကွန်ပြူတာ မှာ Hardware Conflict ရှိမရှိ စစ်ဆေးတဲ့နည်းက တော့ Start-Control Panel-System-Devicemanager ဒါမှမဟုတ် RUN box ထဲမှာ devmgmt.msc ရိုက်ပြီး  run ခိုင်းရင် Device manager ထဲကို ရောက်ပါမယ်။ အဲဒီ မှာ ပြဿနာရှိနေတဲ့ Device ဆိုရင် အ၀ါရောင် exclamation mark လေးနဲ့ ပြတတ်ပါတယ်။ အဲဒါမျိုးပေါ်နေရင်တော့  အဲဒီ Device နေရာကို right click နှိပ် ပြီး properties မှာ IRQ နံပတ်ကြည့် နိုင်ပါတယ်။ တကယ်လို့  IRQ နံပတ် က တခြား Devices တွေနဲ့ တူနေမယ်ဆိုရင် အဲဒီမှာ ပြဿနာပါပဲး)။ အဲဒါကို ရှင်းတဲ့အကောင်းဆုံးနည်းက တော့ devices ကို uninstall လုပ်ပြီး install ပြန်လုပ်တာပါပဲ။ Devices ရဲ့ Driver ကို ရှာဖို့ က တော့ www.driverguide.com မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ တကယ်လို့  ပြဿနာ ဖြစ်နေတဲ့ Device ဟာ Sound Card တို့ PCI Modem တို့ ဖြစ်ခဲ့မယ်ဆိုရင် တော့ motherboard ပေါ်မှာ တပ်ထားတဲ့ Slot ကိုပြောင်းပေး ခြင်းဖြင့်လဲ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကတော့ warranty rules တွေနဲ့ ငြိ နိုင်တဲ့ အတွက် စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်။
2 Bad RAM
RAM ( Random- Access Memory) တွေကလဲ Fatal Error (BSD) တက်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါပါတယ်။ မမ်မိုရီ ကြောင့်ဖြစ်၇တဲ့အကြောင်းမှာ တော့ chips မတူ Frequency မတူ တဲ့ RAM ၂ ချောင်းကို တူတူ တွဲပြီး တတ်ဆင်ထားတာကြောင့် အဖြစ်များပါတယ်။ ဥပမာ 70ns ရှိတဲ့ RAm နဲ့  60ns ရှိတဲ့ RAM ကို တူတူ တွဲထားသလို ပေါ့။
3. BIOS setting
motherboard တိုင်းက သူ့ ရဲ့  chipset range ကို စက်ရုံမှာ ထဲက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် အဲဒီ ဆက်တင် ကို သွားကြည့် ချင်ရင် စက်စစ တက်ခြင်း မှာ F2 ဒါမှမဟုတ် Delete key နဲ့ ဝင်ကြည့်လို့ ၇ပါတယ် တစ်ချို့  laptop တွေ မှာတော့ F10 နဲ့ ဝင်ရတာတွေ့ ဖူးပါတယ်။ IOS ထဲက ၀င်ပြီး ဆိုရင်တော့ သတိထား ဖို့ လို ပါမယ်။ အကောင်းဆုံးနည်းက တော့စာရွက် အလွတ်တရွတ်ကို ယူပြီး အဲဒီက ဆက်တင်တွေ အကုန်လုံးကို ရေးချထားလိုက်ပါ။ ဒါမှ ကို က တစ်ခုခု ပြောင်းလိုက်လို့  ကွန်ပြူတာ က သုံးလို့ အဆင်မပြေဘူးဆိုရင် ဘာပြန်ပြောင်းရမလဲ အလွယ်တကူ သိအောင်ပါ။
4. Hard Drive
ခင်ဗျား ရဲ့ Hard Drive ထဲမှာ Data တွေ အလွန်တရာပြည့်ကျပ်နေမယ် ဆိုရင်လဲ Freeze Screen တွေဖြစ်ပြီး BSD ပါတက်နိုင်ပါတယ်။ ကို့ Hard drive ကို ဖြစ်နိုင်ရင် တပတ်တစ်ခါလောက် Defrag လုပ်ချင်း TEMP ဖိုင်တွေ ရှင်းခြင်း internet cookies တွေရှင်းခြင်း ဖြင့်လဲ သန့် အောင် ထားရပါမယ်။
5. Fatal OE exceptions and VXD errors
ဒီ error ကတော့ Video Card ကြောင့်ဖြစ်တာပါ အဲဒါမျိးဖြစ်လာခဲ့ရင်တော့ Desktop ပေါ်မှာ Right click-Properties or Control panel-Display ကို သွားပြီး Display setting ကိုချိန်ညှိုကြည့် ပါ။
6. Viruses
ဟုတ်ပါတယ် အကောင် ပါ ကွန်ပြူတာ သုံးတဲ့သူတွေကို အမြဲ ခြိမ်းခြောက်နေတဲ့အကောင်ပါ။ တစ်ချို့ Virus တွေက harddrive က boot sector တွေကို ပါဖျက် ပစ်တတ်ပါတယ် အဲဒီလို အဖြစ်ခံ၇ပြီးတဲ့နောက်မှာ OS က တက်မလို နဲ့ BSD ပေါ်တာတွေ တွေ့ ဖူးကြမှာ ပါ။ ကာကွယ် ဖို့ နည်း ကတော့း) အဟဲ အန်တီဗိုင်းရပ်စ် ကောင်းကောင်းသာ ရှာထည့်ထားပေါ့ဗျား)
7. Printers
ပရင်တာတွေမှာ က Buffer memory ပါတယ် ဆိုပေမဲ့  နဲတာတွေလဲရှိတယ်လေ။ တကယ် လို့  အစုလိုက် အပြုံ လိုက် ပရင့် ထုတ်တော့မယ်ဆိုရင်တော့ CPU power ကိုပါစားနိုင်ပါတယ်။ ပရင်တာကနေတစ်ဆင့် ပုံမှန်မဟုတ်တဲ့  character တွေ ပရင့်တော့ မယ်ဆိုရင်လဲ BSD တက်နိုင်ပါတယ်။ အဲဒါမျိုးကြ ရင် တော့ printer cable တွေကို ခဏဖြုတ် printer ကို default setting ထားပြီး reboot လုပ်ခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။
8. Software
စနစ်တကျ install မလုပ်ထား တဲ့ software တွေက နေ လဲ BSD ဖြစ်နိုင်ပြီး System Crash ဖြစ်တတ်ပါတယ်။ အဲဒီပြဿ နာကိုရှင်းဖို့ ကတော့ REGCLEANER လို software မျိုး နဲ့ registry file တွေကို default လုပ်ခြင်း repair လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။
9. Over Heating
ခင်ဗျား ရဲ့ ကွန်ပြူတာ က Cooling System မှန်ကန် စွာမတပ်ထားဘူးဆိုရင် ဒါမှမဟုတ် mother board ထဲမှာ ဖုန်တွေတက်နေတယ်ဆိုရင်လဲ CPU မှ Overheated ဖြစ်ပြီး System Crash ဖြစ်တတ်ပါတယ်။ ဒီ အဆင့်ကတော့ CPU ကိုဖြုတ်ပြီး သန့် စင်ရမှာ ဖြစ်တဲ့အတွက် ကို့ ကို ကို စိတ်မချရင် တော့ ကျွမ်းကျင်သူ တစ်ယောက်လက်ထဲ ကို သာ အပ်လိုက်တာ အဆင်ပိုပြေမှာ ပါ။
10. Power supply Problems
ကို့ ရဲ့ စက်မှာ တပ်ထားတဲ့ Hardware တွေရဲ့ power requirement နဲ့ ကို့ စက်မှာ ရှိတဲ့ power supply ရဲ့  support လုပ်နိုင်တဲ့ အား မတူညီခဲ့၇င် လဲ System Crash ဖြစ်တတ်ပါတယ်။
Read More ...

Tuesday, July 3, 2012

Laptop Service Guide မြန်မာဘာသာပြန် (Ebook)


                      PC အသုံးပြုနည်းစာအုပ်လေးတွေကို တင်ပေးပြီး Laptop ပြုပြင်နည်းနှင့်သိသင့်စရာများ
စာအုပ်ကိုလည်းမျှဝေပေးလိုက်ပါတယ်။ တခြားဆိုဒ်တွေမှာလည်း PC အကြောင်းတွေသာအရေးအသားများ
ပြီး Laptop နဲ့ပတ်သတ်လို့ သိပ်မတွေ့ရပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေ ကြိုက်နှစ်သက်ကြမယ်လို့ထင်
ပါတယ်ဗျာ။ စာအုပ်ထဲမှာ Laptop ရဲ့ အစိတ်အပိုင်းတွေအားလုံးကို တစ်ခုချင်းစီအလိုက် ခေါင်းစဉ်လေးတွေ
နဲ့ခွဲပြီး ရှင်းပြထားတဲ့အတွက်။ လေ့လာသူများအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်ဗျာ။
လေ့လာဖတ်ရှုချင်
တယ်ဆိုရင်တော့အောက်က Link မှာဒေါင်းယူကြပါနော်။အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9SfbtdAqVFkLMCJdWqITARASIlIssWW0Jb3M8gbt6Or3UN3lpS0OmiYCSGFKUOJqNaQ2K0fQHBeT2Yui4NXF8FK8tdfULPGmEgRhFzmagKv1gUKY6OamVxn5mWyMSWGBbhIm7IRCG7dA/s1600/1.Download+Here.gif 

Read More ...

Friday, June 1, 2012

Gmail Account ဖွင့်နည်း (နောက်တစ်မျိုး)

              Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
 
အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။

ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။

ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
 
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။

Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကျနော်ဒီနည်းနဲ့ဖွင့်တိုင်း အကောင့်ဖွင့်လို့ရပါတယ်။အဆင်မပြေတာရှိရင်ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။
Mmitd member များ Gmail account ဖွင့်ရအခက်အခဲရှိနေရင် ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါတယ်ခင်
ဗျာ။ ခုတလောတွေ့နေရတယ်လေ။ IT ဂျာနယ်တွေမှာ Gmail တစ်ခါဖွင့် ၉၀၀၀ ကျပ်တဲ့။ရိုက်စားဗျာ။
တော်တော်ကိုဆိုးပါတယ်။ခုဆိုဒီနည်းနဲ့အေးအေးဆေးဆေးဖွင့်လို့ရပါပြီခင်ဗျ။တပြားမှမကုန်ပါဝူး :P
ဟိမရရင်ရင်ပြောဦးနော်။ ဒီနည်းကို မလှျိုထားပါနဲ့။များများဖြန့်ပါ။ဒါမှ သူများလိမ်တာမခံရမှာလေ။
ကျနော်ကတော့မလှျိုဖူးနော် :P  mmitd အဖွဲ့သားများကျန်းမာချမ်းသာ ကြပါစေ။

Post By....BoBoAung :) MMiTD
Read More ...

Friday, May 18, 2012

CD Drive ပျောက်နေသူများအတွက်


                    ကျွန်တော့်ကိုတော်တော်များများမေးဖူးတယ်ဗျ CD-Drive ပျောက်နေလို့ ဘယ်လိုပြန်ရှာရ
မလည်းဆိုပြီးမေးကြတယ်ဗျာ။ မေးတုန်းကတော့ ကျွန်တော်ပြန်ပြီးမဖြေနိုင်ခဲ့ပါဘူး။အဲဒါနဲ့နည်းလမ်းတစ်ခု
ကိုလိုက်ရှာရင်းနဲ့ ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။CD-Drive ပျောက်နေတဲ့သူငယ်ချင်များလွယ်လွယ်ကူကူ
ပြန်ရှာနိုင်အောင်လို့ CD-Drive ပြန်ဖော်နည်းကို Video File လေးမျှဝေပေးလိုက်ပါတယ်ဗျာ။
စိတ်ဝင်စားတယ်ဆို
ရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။


http://multiply.com/mu/pyaephyommitd/image/-PBbI5XzbDsBV7Xg3fylDA/photos/1M/300x300/41/image005.gif?et=UvS6uYbta1rdX1oym9815Q&nmid=0 

Read More ...

Wednesday, May 9, 2012

Gtalk မှာ မိမိနားထောင်နေတဲ့သီချင်း ကိုပေါ်နေစေဖို့အတွက်


         
                         Gtalk မှာ မိမိနားထောင်နေတဲ့သီလေးလေးပေါ်ချင်တယ်ဆိုပြီးတော့ ကျွန်တော့်ကို Mail မှာ ခဏခဏ မေးဖူးတယ်ဗျ။အဲဒီအချိန်တုန်းကတော့ ဘာမှန်းမသိသေးတာနဲ့ဘဲ မဖြေဖြစ်ဘူးဗျာ။ အခုမှဘဲ နည်းလမ်းလေးတစ်ခုတွေ့ထားလို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။သိပြီးသားသူငယ်ချင်းများ
လည်းရှိပါတယ်။ ကျွန်တော် က မသိသေးသူများအတွက်ရည်ရွယ်ပြီးမျှဝေပေးလိုက်ရပါတယ်။ နည်းလမ်းက
တော့လွယ်လွယ်လေးပါ။ 


http://api.ning.com/files/BFsnHVHTw8YuLpItPBocHC91Mvhe6nLr1G7HHktS2pRvsQpSutfgZm2BTlg6CzDNoj-w260aUuSipFmr-eCOGv80EmNp-d*d/WMplayer.jpg

Window Media Player နဲ့ မိမိနားထောင်ချင်တဲ့သီချင်းလေးကိုအရင်ဖွင့်ထားလိုက်ပါ။ ပြီးသွားရင် Tools > Options >Plug-ins ကိုရွေးပေးပါ။ ပြီးသွားရင် Category: ထဲကနေပြီးတော့ Background ကိုရွေးပေး
ပါ။ ဒါဆိုရင် ဘေးကအကွက်လေးမှာ Google Talk Music Plugin ကို ကိုအမှန်ခြစ်ပေးပါ ။ ပြီးသွားရင် Ok
နှိပ်ပေးပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsBDVC6ZRmND-pCD9Iw5EUV8uUQOv8fzv7ZUEA9mUYlAJHgVmkN_FvZxso1Evrud0wR8RFxKu2nKnB-SG2HsX1Uy9dQMfqfsmZRFisFV0xpEiezN28nElzw01xMV1QDCw-izXiixFNC_w/s320/gtalk.png

Gtalk မှာ အပေါ်ကပုံအတိုင်းရွေးပေးလိုက်တာနဲ့ မိမိနားထောင်နေတဲ့သီချင်းကိုပေါ်လာမှာဘဲဖြစ်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ။
Read More ...

Tuesday, April 3, 2012

Huawei U8650 Android 2.3.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်နည်း


 
 
                          
                           ကျွန်တော် Phone အကြောင်းသိပ်နားမလည်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော့်ဆိုဒ်မှာ
လည်းဖုန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေတင်ချင်ပါတယ်။ အဲဒါကြောင့် ဖုန်းနဲ့ပတ်သတ်တာ
လေးတွေကို လိုက်ရှာတဲ့အခါမှာ ကိုဝင်းကမ္ဘာကျော်ဆီမှာ ဒီ Post လေးကိုသွားတွေ့ပါတယ်။ ဖတ်ကြည့်
လိုက်တဲ့အခါမှာ ခိုင်လုံတဲ့ Data တွေ ကိုဖတ်လိုက်ရလို့ ကျန်တဲ့ သူငယ်ချင်းများအားလုံးလည်း သိရှိနိုင်
အောင်ကျွန်တော်ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။ ကိုဝင်ကမ္ဘာကျော်ကို Credit ပေးပါတယ်ဗျာ။

အခုပို့စ်လေးက ၉.၃.၂၀၁၂ ရက်နေ့က ခက်ခက်ခဲခဲစမ်းထား
ပြီးအောင်မြင်တဲ့ ပို့စ်လေးဆိုလဲ မမှားပါဘူး။
အောက်ပါနည်းလမ်းကို
ကျွန်တော်ကိုယ်တိုင်အပင်ပန်းခံ လေ့လာစမ်းသပ်ပြီးအောင်မြင်ခဲ့တဲ့
နည်းလမ်းလေးပါ။
root လုပ်လို့အောင်မြင်တဲ့ နည်းလမ်း ၂-ခု ရှိပါတယ်
မိမိအတွက် အဆင်ပြေမဲ့ နည်းလမ်းနဲ့
အသုံးပြုလို့ရပါတယ်။
Huawei U8650 Android 2.3.3 ကို root လုပ်ဖို့အတွက်
လိုအပ်တဲ့ root tool များကို download ဆွဲပါ


ပုံစံ ၁ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
http://minus.com ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
OR
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်

ပုံစံ ၂ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
root file အားရယူရန်

ဥပမာအနေနဲ့ root လုပ်ပြမဲ့ Huawei U8650 ရဲ့ အချက်အလက်ပါ


Model number
U8650
Android version
2.3.3
Baseband version
60501009
Kernel version
2.6.35.7-perf
android@localhost#1
Build number
U8650V100R001C223B826
Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၁
အဆင့် ၁ :
root ပြုလုပ်ဖို့အတွက် အသုံးပြုမဲ့ Computer မှာ
Huawei U8650 Phone driver ကို install ပြုလုပ်ပါ။
အဆင့် ၂ :
root ပြုလုပ်မဲ့ Huawei U8650 မှ
Call or Dial ကို နှိပ်ပြီး
*#*#2846579#*#* ကိုနှိပ်ပေးပါ။
အဆင့် ၃ :
Project menu >>> background settings >>>
log settings >>> log switch မှ
set log on ကိုရွေးပြီး ” On ” ပေးပါ။
အဆင့် ၄ :
Phone ကို restart ချပေးပါ။
အဆင့် ၅ :
Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၆ :
Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင် ကိုဖြည်ပါ။
အဆင့် ၇ :
Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
Phone Setting>>Applications>>Unknown sources နှင့် Development>>မှ
USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ဂ :
ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို
ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၉ :
Root button ကို ကလစ်နှိပ်ပေးပါ။
root အတွက် Super One Click က အချိန် မိနစ်ပိုင်းလောက် အလုပ်လုပ်နေပါလိမ့်မယ်
Root install has completed! Would you like run a test ? box ပေါ်လာလျှင်
No ကိုရွေးပြီး ကလစ် နှိပ်ပေးပါ။
အခုအဆင့်တွေ မှန်ကန်စွာပြီးရင်တော့ မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်သွားပါပြီ။
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
ဖုန်းပြန်တက်လာချိန်မှာ ယုန်ခေါင်းပုံစံလေးနဲ့ Superuser icon ကိုရရှိသွားပြီဆိုလျှင်
Root လုပ်တဲ့အဆင့်ပြီးသွားပါပြီး
အဆင့် ၁၀ :
root ပြုလုပ်ပြီးပြီဆိုလျှင် Huawei U8650 မှ
Call or Dial ကို နှိပ်ပြီး
*#*#2846579#*#* ကိုနှိပ်ပေးပါ။
အဆင့် ၁၁ :
Project menu >>> background settings >>>
log settings >>> log switch မှ
set log off ကို ပြန်ပြီး ” Off ” ရွေးပေးပါ။
အဆင့် ၁၂ :
Phone ကို restart ချပေးပါ။
Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်


——————————————————————————————————————-Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၂
အဆင့် ၁ :
root ပြုလုပ်ဖို့အတွက် အသုံးပြုမဲ့ Computer မှာ
Huawei U8650 Phone driver ကို install ပြုလုပ်ပါ။
အဆင့် ၂ :
ပထမဆုံး Root.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
အဆင့် ၃ :
ဖုန်းကို ပါဝါပိတ်ပြီး
ဘထ္ထရီဖြုတ်ပေးပါ။
၅ စက္ကန့်လောက်အချိန်ရောက်ပြီဆိုလျှင်
ဘထ္ထရီ ပြန်တက်ပေးပါ။
အဆင့် ၄ :
အခုအဆင့်မှာအရေးကြီးပါတယ်
ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။
အဲတွက် Volume Up + Power ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း Huawei logo နဲ့တက်လာပါလိမ့်မယ်
Volume Up ခလုတ် နဲ့ Power ခလုတ်ကို မလွတ်ပါနဲ့။
Huawei logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။
Volume Up + Power ခလုတ် လွတ်ပေးပါ။
အဆင့် ၅ :
Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ Power ခလုတ်ကို အသုံးပြုပါမယ်။
အဆင့် ၆ :
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
Power ခလုတ်ကို နှိပ်ပေးပါ။
အဆင့် ၇ :
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root.zip file ကိုရွေးပေးပါ ) ။
အဆင့် ၈ :
Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။
Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၁ နည်းလမ်း
နှင့် Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၂ ထဲမှ
နည်းလမ်းမှန်ကန်စွာနဲ့ အောင်မြင်စွာ root ပြုလုပ်ပြီးပြီဆိုလျှင်
Fontchanger ကိုသုံးပြီး မူရင်း Fontchanger ကိုသုံးပြီး မူရင်း
Japanese,Chinese font မပျောက်အောင်
မြန်မာဖောင့်ထည့်နည်းလမ်းနဲ့ မြန်မာဖောင့်ထည့်နည်းလမ်း
အဆင့်ကို သွားနိုင်ပါပြီ ………………..
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုမနှိပ်ပဲ
Power button ကိုနှိပ်ပြီး Power ပိတ်ပေးပါ။
( fontchanger နဲ့ ဖုန်းကို restart ချပေးလျှင် ဖုန်းပြန်အတက်မှာ
တခါတလေ ဖုန်းပြန်မတက်တာတွေ ဖြစ်မှာစိုးလို့ပါ )
ကျွန်တော်ကတော့ အခုနည်းလမ်းလေးနဲ့ ပြုလုပ်ပါတယ်။
Power ပိတ်သွားပြီဆိုလျှင် ၁ မိနစ်လောက် ခဏစောင့်ပေးပါ။
ပြီးလျှင် Power button ကိုပြန်နှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ။




fontchanger.apk အားရယူရန်


Root Explore.apk အားရယူရန်


Busybox.apk အားရယူရန်


Zawgyi_One.ttf font အားရယူရန်


မြန်မာစာကီးဘုတ် အားရယူရန်


Huawei U8650 Android 2.3.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်နည်း
အခုပြောပြတဲ့ နည်းလမ်းလေးနဲ့ အခက်ခဲမရှိ ပြုလုပ်ရတာ အဆင်ပြေပြီး
အောင်မြင်ကြမယ်ထင်ပါတယ်…….
အားလုံးကိုကျေးဇူးတင်ပါတယ် ….. :)
Read More ...
Related Posts Plugin for WordPress, Blogger...