မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Tuesday, January 21, 2014

Pinger ကို ကုဒ်မရောက်လို့ စိတ်ညစ်နေတဲ့ Friend တွေအတွက်

Pinger ဖုန်းနံပါတ်ကို သုံးပြီး
လော့ကျနေတဲ့အကောင့်ကို
ပြန်လည်ဆည်ယူတဲ့နည်းကို
ဒီပို့စ်လေး မှာ ရေးခဲ့ပြီးပါပြီ

နောက်ဆက်တွဲပြဿနာအနေနဲ့
Facebook က ပို့လိုက်တဲ့ ကုဒ်ဟာ
Pinger ထဲကို ရောက်မလာဘူးဆိုတဲ့
Reply တွေ ကျွန်တော့ mail ထဲကို
ပို့ပြီး မေးမြန်းလာကြပါတယ် ..

ဒါကြောင့်ဒီပို့စ်လေးမှာတော့ အဲဒီလို ပြဿနာမျိုးဖြစ်နေရင် ဘယ်လိုဖြေရှင်းပြီး
ကုဒ်ရောက်လာအောင် လုပ်သလဲဆိုတာကို ဗွီဒီယိုဖိုင်လေးနဲ့ လုပ်ပြထားပါတယ်

Read More ...

Saturday, January 18, 2014

Facebook အကောင့်လော့ကျတာကို ပြန်ယူရန် နောက်တစ်နည်း

Facebook အကောင့်တွေဟာ
အသုံးပြုနေရင်း အကြောင်းအမျိုးမျိုးကြောင့်
Lock ကျတတ်တာကို Facebook အသုံးပြုနေသူ
သူငယ်ချင်းအားလုံးနီးပါး သိကြမှာပါ။

လော့ကျတဲ့နေရာမှာ ဖုန်းနံပါတ်အတောင်းခံတဲ့နည်းနဲ့
လော့ကျသလို ဓာတ်ပုံရွေးခိုင်းတဲ့နည်းနဲ့လည်း
လော့ကျတတ်ပါတယ်။

ဖုန်းနံပါတ်အတောင်းခံရတဲ့ အကောင့်တွေကို
ပြန်ယူနိုင်တဲ့နည်းလမ်းကို ဒီပို့စ် မှာ တင်ပေးခဲ့ဖူးပါတယ်


Read More ...

Tuesday, February 5, 2013

လုံခြုံစိတ်ချစွာ Facebook အသုံးပြုခြင်း (Ebook)


                     
                      Facebook ကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့ အတွက် စာအုပ်လေးတစ်အုပ်မျှဝေပေးလိုက်
ပါတယ်ဗျာ။ အရှေ့က Ebook တွေမှာလည်း Facebook အကြောင်းကို စုံစုံလင်လင်ဖော်ပြပေးထားတဲ့စာ
အုပ်တွေတင်ပေးထားဖူးပါတယ်။ ဒီစာအုပ်ကတော့ 2012 Time Line Version လို့ ဆိုထားပါတယ်။ ဒီစာ
အုပ်ထဲမှာ Mobile Phone / Smart Phone နဲ့ Facebook အသုံးပြုခြင်း ဆိုတာပါဝင်လာပါတယ်။ ဒီစာအုပ်
ကိုရေးသားထားသူကတော့ ဆရာ မင်းသန့်အောင်ဖြစ်ပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



1.အောက်က Download Button ကိုနှိပ်လိုက်ပါ
2. "5sec". လောက်စောင့်ပေးပါ။
3. "Skip ".ကိုနှိပ်ပေးပါ။
4. Download Link ကျလာပါလိမ့်မယ်။

ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။





Read More ...

Friday, January 25, 2013

Website မှာတင်သမျှ Post တွေကို Facebook သို့ Auto ရောက်အောင်ပြုလုပ်နည်း။

How To Connect Your Blog to Facebook

                ဒီ Post လေးကို Website တစ်ခုကနေ ဘော်ဒါတစ်ယောက်က မေးထားလို့ ပြန်လည်ပြီးမျှ
ဝေပေးလိုက်တာပါ။ အခြားသော Blogger သူငယ်ချင်းများလည်း ဒီနည်းလမ်းလေးကိုလိုက်လုပ်နိုင်ပါ
တယ်အောက်မှာ နည်းလမ်းနှစ်မျိုးနဲ့ ပြထားပါတယ်ဗျာ။ အဆင်ပြေတဲ့ နည်းလမ်းကိုသာရွေးသုံးနိုင်ပါ
တယ်။
Credit to - ၀င်းကမ္ဘာကျော်

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

ပထမဆုံး ဒီနေရာကို သွားပါ  http://www.networkedblogs.com/
add your blog ကိုနှိပ်ပါ..
Facebook Login ဝင်ပါ..
မိမိ ရဲ့ Blog URL ကို ထည့်ပြီး Next ကိုနှိပ်ပါ..
လိုအပ်တာတွေ ဖြည့်ပေးပါ... ဥပမာ Blog Name မှာ
ကိုယ့် Blog နာမည်ပေါ့ဗျာ...
အားလုံး လိုအပ်တာတွေ ဖြည့်ပြီးရင် Terms of service မှာ
Check (အမှန်ခြစ်လေးထည့်) ပြီး Next ကိုဆက်သွားပါ...
Are you the author of (မိမိ Blog နာမည်)? YES , NO မှာ YES ကိုရွေးပါ...

ပြီးရင် အပေါ်နားမှာ  Blogger Dashboard ကိုနှိပ်ပါ...  Grant Permissions ကိုဆက်နှိက်ပါ..
ပွင့်လာတဲ့ Box မှာ Allow ကိုရွေးပါ ...
ဘယ်ဘက်နားက Blogger Tools အောက်က Syndiction ကိုနှိပ်ပါ  Choose a blog to syndicate မှာ ကိုယ့် Blog နာမည်ကိုရွေးပေးပါ....
ပြီးရင် မိမိ Email ကိုဖွင့်ပြီး (Facebook Account Email)  Verify your email ကိုနှိပ်လိုက်ပါ ....
Thanks. Your email is verified. အောက်က  Continue ကိုနှိပ်ပါ...
Quick Publisher ကိုနှိပ်ပြီး CLick to select one more target ကိုနှိပ်ပြီး Blog က Post တွေကို မိမိ ရောက်စေချင်တဲ့ Facebook က မိမိ Profiles (or) Fan Page (or) Group စ,တာတွေ ကိုရွေးပေးပြီး Publish ကိုနှိပ်လိုက်ပါ...။ 
အဲဒါမှအဆင်မပြေသေးဘူးဆိုရင် အောက်က နည်းလမ်းအတိုင်းဆက်လုပ်ကြည့်ပါ။
ကျွန်တော်ကတော့ အပေါ်က နည်းလမ်းနဲ့အဆင်ပြေပါတယ်။ အောက်ကနည်းလမ်းကတော့ မစမ်းကြည့်ရသေးဘူးဗျာ။

1.ပထမဦးဆုံးအနေနဲ့ Facebook Account ကို Login ၀င်ထားပါ။
2. Login ၀င်ပြီးရင် ဒီနေရာ လေးကိုသွားလိုက်ပါ။
3. အဲဒီမှာ Login ကိုထပ်ဝင်လိုက်ပါ။
4.အောက်က ပုံအတိုင်း Log In with Facebook ကို နှိပ်ပေးပါ။



5.အောက်မှာမြင်ရတဲ့ ပုံအတိုင်း “Click here to continue”ကိုနှိပ်ပါ။

6.Click Register a Blog Tab.


7.Register your blog with all required data.
8.Confirm your ownership.
10.go to the NetworkedBlogs Home Page and click Blogger Dashboard.

11.click Syndication under Blogger Tools.

12.click the Grant Permissions tab and then click Allow button


13.choose your blog to syndicate and click Add Facebook Target

14.Select your profile or fan page and click Add button.

 
Read More ...

Saturday, January 12, 2013

Facebook အသုံးပြူသူအချင်းချင်း Voice Message ပေးပို့နိုင်တဲ့ Facebook Messenger v2.2.4 For Android

 

                  Android နဲ့ Facebook အသုံးပြုနေတဲ့သူငယ်ချင်းတွေအတွက် Application အလန်းလေး
တစ်ခုမျှဝေလိုက်ပါတယ်ဗျာ။ Facebook အသုံးပြုနေတဲ့ ကာလတစ်လျှောက်လုံးမှာ စာသားတွေနဲ့ဘဲ
ချက် နေရလို့ ပျင်နေပြီပေါ့။ အခုအသစ်ထွက်ရှိလာတာလေးကတော့ Facebook အသုံးပြုနေတဲ့ သူ
ငယ်ချင်းအချင်းချင်း Voice Message ပေးပို့လို့ရမှာပါ။ လောလောဆယ်တော့ 1မိနစ်စာအချိန် Voice Message ပေးပို့ပေးနိုင်မှာပါ။ အောက်ကပုံမှာပြထားတဲ့ အနီစက်လေး (အသံသွင်းတဲ့ပုံလေး) ကိုနှိပ်ပြီး Voice Message ပေးပို့ရမှာပါ။ 

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



Facebook Messenger v2.2.4 Facebook Messenger para Samsung permite mensajes de voz 



 
 1.အောက်က Download Button ကိုနှိပ်လိုက်ပါ
2. "5sec". လောက်စောင့်ပေးပါ။
3. "Skip ".ကိုနှိပ်ပေးပါ။
4. Download Link ကျလာပါလိမ့်မယ်။

ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။




Read More ...

Friday, November 2, 2012

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ



                 မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်
တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profileကိုယ်ဘယ်သူဝင်
ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့
 ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

    ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Read More ...

Sunday, October 14, 2012

Blog မှာ Facebook ရဲ့ Like Box ထည့်သွင်းနည်း


                  Cbox မှာ Facebook ရဲ့ Like box ထည့်သွင်းနည်းတင်ပေးပါဆိုပြီး တော်တော်များများက
တောင်းနေလို့ ကျွန်တော်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီနည်းလမ်းကလည်း ကျွန်တော်တက်လွန်း
လို့ လုပ်ထားတာမဟုတ်ပါဘူး အရင်ကလည်း ကျွန်တော်မလုပ်တက်လို့ မေးနေကြ အကိုသူငယ်ချင်း
တစ်ယောက်ဖြစ်တဲ့ ကိုဝင်ကျော်ကျာ် (၀င်ကမ္ဘာကျော်) ကိုမေးစမ်းပြီး သင်ထားတာပါ။ အခုလည်း
ကိုကျော်ရှင်းပြတဲ့ ပုံစံအတိုင်းဘဲ အခြားသောသူငယ်ချင်းများ အတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။
ကနောင်သား လည်းအဆင်ပြေပါစေနော်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



မိမိ Blog မှာ Facebook Like Box လေးပြုလုပ်ဖို့အတွက် Facebook မှာ Fan Page လေးတစ်ခု အရင်ဆုံး တည်ဆောက်ရပါ့မယ်..။

Facebook Login
ဝင်ထားပြီး  ဒီနေရာကို  သွားပါ  ရွေးခြယ်စရာ ၆ ခု ရှိပါတယ် နှစ်သက်ရာ တစ်ခုကို Click လိုက်ပါ..။
ကျနော်ကတော့ Cause or Community ကို ရွေးလိုက်ပါတယ်..။ကိုယ့် Fanpage ရဲ့ နာမည် Title လေးရေးထည့်ပေးပြီး I agree မှာ အမှန်ခြစ်လေးထည့် Get Started ကို နှိပ်လိုက်ပါ..။
နောက်ပေါ်လာတဲ့ Page မှာ Facebook အကောင့်ဖွင့်တုန်းကလို ဓာတ်ပုံ ဘာညာလေးတွေ ထည့်ပေးလိုက်ပါ (နောက်မှ ထည့်ပေးလည်းရပါတယ်) ..။ ကဲ အခုဆိုရင် မိမိ ကိုယ်ပိုင် Fan Page လေးတစ်ခု ရရှိသွားပါပြီ... Like ကို နှိပ်ပြီး ဖွင့်လိုက်ပါ..။
မိမိ မှာရှိတဲ့ သူငယ်ချင်းတွေကို Invite လုပ်ချင်ရင် လုပ်နိုင်ပါတယ် မလုပ်ချင်သေးရင် Skip ကို နှိပ်ပါ... အဲ့ဒီ Fan Page မှာ Post တွေ စ ပြီးတင်လို့ရပါပြီ...။

Fan Page လေး ဖန်တီးပြီးရင်တော့ မိမိ Blog ထဲမှာ Like Box လေးထည့်ပေးဖို့   ဒီနေရာ  ကို သွားလိုက်ပါဦးးး..။ ပုံထဲမှာ ပြပေးထားတဲ့ နေရာကို စောစောက ဖန်တီးထားတဲ့ Facebook Fan Page ရဲ့ URL ကို Copy ကူးပြီး ထည့်ပေးလိုက်ပါ .. 
 

မိမိ Blog ရဲ့ အကျယ် အဝန်း နဲ့ ကိုက်ညီအောင်တော့ ကိုယ့်ဘာသာကိုယ် ချိန်ညှိပေးပါ.... ပြီးရင် အောက်နားက Get Code ကိုနှိပ်လိုက်ပါ .. Your Like Box plugin code : မှာ XFBML ကိုရွေးပါ ပုံထဲကလို နံပါတ် (3) မှာပေါ်လာတဲ့ Code တွေကို Copy ကူးလိုက်ပါ  ပြီးရင်...
 
 
 မိမိ Blog ကတဆင့် (ဒီအဆင့်ကိုတော့ Blogger တိုင်း လုပ်တတ်ကြမှာပါနော်)
HTML/JavaScript မှာထည့်ပေးပြီး Save လုပ်လိုက်ပါ ...။  ကဲ ခုဆိုရင် Facebook Like Box လေး မိမိ Blog ထဲမှာ ရောက်သွားပါပြီ   ဒီနေရာလေး  မှာ ကျနော်အစမ်းလုပ်ထားပါတယ်...။ 
... ကဲ....အဲ့ဒါပါပဲဗျာ .... အားလုံး အဆင်ပြေကြပါစေ....:)
Read More ...

Tuesday, October 9, 2012

လုံခြုံစိတ်ချစွာ Facebook အသုံးပြုခြင်း



                      Facebook ကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့ အတွက် စာအုပ်လေးတစ်အုပ်မျှဝေပေးလိုက်
ပါတယ်ဗျာ။ အရှေ့က Ebook တွေမှာလည်း Facebook အကြောင်းကို စုံစုံလင်လင်ဖော်ပြပေးထားတဲ့စာ
အုပ်တွေတင်ပေးထားဖူးပါတယ်။ ဒီစာအုပ်ကတော့ 2012 Time Line Version လို့ ဆိုထားပါတယ်။ ဒီစာ
အုပ်ထဲမှာ Mobile Phone / Smart Phone နဲ့ Facebook အသုံးပြုခြင်း ဆိုတာပါဝင်လာပါတယ်။ ဒီစာအုပ်
ကိုရေးသားထားသူကတော့ ဆရာ မင်းသန့်အောင်ဖြစ်ပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9SfbtdAqVFkLMCJdWqITARASIlIssWW0Jb3M8gbt6Or3UN3lpS0OmiYCSGFKUOJqNaQ2K0fQHBeT2Yui4NXF8FK8tdfULPGmEgRhFzmagKv1gUKY6OamVxn5mWyMSWGBbhIm7IRCG7dA/s1600/1.Download+Here.gif 
Read More ...

Thursday, October 4, 2012

Blog မှာ Facebook Comment ထည့်နည်း

 

ဦးဇင်းပ၀ရ: ဒကာတော် facebook comment မှာ blogထဲမှာထည့်ချင်တယ် အဲတာဘယ်လိုလုပ်လဲ နည်းလမ်းရှိရင် တင်ပေးအုံ.နော်

            ဒီ Post လေးကိုကျွန်တော်တင်ဖို့ စိတ်မကူးထားပါဘူး။ တော်တော်လေးကိုလွယ်လို့ပါ။ ဒါပေမယ့်
ဦးဇင်းတစ်ပါးက တင်ပေးပါအုံးလို့ မိန့်လို့ ဦးဇင်းကိုလေးစားသောအားဖြင့် ကျွန်တော်တင်ပေးလိုက်ပါ
တယ်ဗျာ။ အခြားမသိရှိသေးသောသူငယ်ချင်းများလည်း သိသွားတာပေါ့ဗျာ။ တော်တော်လွယ်ပါတယ်။
အောက်မှာ ပုံနဲ့ သေချာလေးရှင်းပြထားပါတယ်နော်။ ဦးဇင်း လည်းအဆင်ပြေပါစေ ဘုရား ။ ဟဲဟဲ

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

အဆင့် 1
 ဒီနေရာ လေးကို သွားလိုက်ပါ။
လေးခုမြောက်နေရာက Comments ကိုနှိပ်လိုက်ပါ။ အောက်က ပုံအတိုင်းပါ။


 အဆင့် 2
URL to Comment on အောက်က အကွက်ထဲမှာ မိမိဆိုဒ်ရဲ့ Address ကိုရေးပေးပါ။
Number of Posts မှာ Comment အရေအတွက် ထားပေးပါ။
width နေရာမှာတော့ မိမိ ဆိုဒ်နဲ့ ချိန်ပြီး အတိုင်းအတာကို ရိုက်ထည့်ပါ။
Color Scheme မှာ မိမိကြိုက်တဲ့ အရောင်ထည့်ပါ။ အဖြူနဲ့ အမည်း နှစ်မျိုးတည်းရှိပါတယ်။
အားလုံးပြီးသွားရင်တော့ Get Code ကိုနှိပ်ပါ။ ခဏစောင့်ပါ။


 အဆင့် 3
အောက်က Box လေးကျလာပြီဆိုရင် HTML5 ကိုရွေးပါ။
No.2 က code ကို ကူးယူပါ။


အဆင့် 4
Design ထဲက Layout ထဲက Add Gadget ကိုနှိပ်ပေးပါ။

drop down menu

Box တစ်ခုကျလာရင် HTML Java Script ကိုရွေးပြီး  ကူးယူထားတဲ့ HTML Code ကို ကူးထည့်ပေးပါ။
ပြီးသွားရင် Save နှိပ်လိုက်ပါ။  HTML JAVASCRIPT A simple Drop Down Menu For Blogger
ဒါဆိုရင် အားလုံးပြီးဆုံးသွားပါပြီဗျာ။ အဆင်ပြေကြပါစေနော်။
Read More ...

Wednesday, June 20, 2012

Android Phone မှာ Facebook သုံးမရသူများအတွက်


                 Android ဖုန်းတွေမှာ Facebook ပုံလေးကိုနှိပ်လိုက်ရုံနဲ့ Facebook ကိုတန်းသုံးလို့ရပါတယ်။
တချို့ကျတော့လည်း Facebook ပုံလေးရှိပေမယ့် သုံးလို့မရဘဲ Browser ထဲမှာ www.facebook.com ဆိုပြီးရိုက်မှ Facebook သုံးရတာဗျ။ အဆင့်တွေများတာပေါ့နော်။ အဲလိုမျိုး Facebook ကိုနှိပ်လိုက်ရုံနဲ့ သုံးချင်သူတွေအဆင်ပြေအောင် ကျွန်တော် ဒီ Software လေးကိုမျှဝေပေးလိုက်ပါတယ်ဗျာ။
လိုအပ်မယ်ဆို
ရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9SfbtdAqVFkLMCJdWqITARASIlIssWW0Jb3M8gbt6Or3UN3lpS0OmiYCSGFKUOJqNaQ2K0fQHBeT2Yui4NXF8FK8tdfULPGmEgRhFzmagKv1gUKY6OamVxn5mWyMSWGBbhIm7IRCG7dA/s1600/1.Download+Here.gif 

Read More ...

Monday, February 27, 2012

Facebook Virus ကိုဘယ်လိုရှင်းမလဲ



 
                               ဒီ Post လေးကို ဖတ်ဖူးတာတော့ ကြာပါပြီ။ ကျွန်တော့် Site လေးမှာပြန်ပြီးမျှဝေ
ပေးချင်လို့ ပြန်ရှာကြည့်တော့ ဘယ် Site မှာဖတ်ဖူးမှန်းမမှတ်မိတော့ဘူးဗျ။ အခုမှဘဲ မမျှော်လင့်ဘဲ သူ
ငယ်ချင်တစ်ယောက်ဆီကနေ Link ပြန်ရလို ဖတ်ကြည့်လိုက်တော့ ဒါလေးဖြစ်နေတာနဲ့ဘဲ ၀မ်းသာအား
ရပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးကို တော့ ကိုနေမင်းမောင် ဆိုဒ်ကနေပြီး ပြန်လည်မျှ
ဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ ကျွန်တော် စာတွေအဲဒီလောက်အများကြီး မရေးနိုင်တဲ့အတွက် တခြားကျွန်
တော်လေ့လာခဲ့ဖူးတဲ့ဆိုဒ်တွေကနေဘဲ မျှဝေပေးရခြင်းဖြစ်ပါတယ်ဗျာ။ 

 

အခုတစ်လော  Facebook  မှဝင်လာတဲ့  Malware  ကတော်တော်လေးကိုဒုက္ခပေးနေတာတွေ့ရပါတယ်
ဒီကောင်ဝင်လာပြီဆိုတာနဲ့စက်မှာရှိတဲ့ဘယ်  Antivirus  မဆိုအလုပ်မလုပ်တော့ပါဘူး..။ဖြုတ်လို့တောင်
မရတော့ပဲအသစ်ပြန်တင်တာနဲ့စက်က  Restart ထိုးထိုးကျသွားပြီးဘာမှကိုလုပ်လို့မရဘူးဖြစ်နေတာကို
တွေ့ရပါတယ်..အခုအကိုတစ်ယောက်ကလဲမေးထဲတာနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းလေးကိုအောက်
မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..မဖြစ်သေးတဲ့သူတွေလဲသတိထားစေချင်လို့အဲ့ဒီအကိုပို့လိုက်
Virus ၀င်လာပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်..

  မင်္ဂလာညီကိုရေ

 ကျနော်မသိတာလေးရှိလို့ မေးချင်လို့ ပါ....ခု ကျနော့စက်ထဲမှာ ဟိုနေ့ facebook က လင့် တခု ကိုသူငယ်ချင်းတယောက်က ပို့ ပေးလို့  ဖွင့်လိုက်တာ yotube ထဲရောက်သွားတယ်..ဒီထဲကလိုပဲ
( Facebook ထဲတွင်း သူငယ်ချင်းဆီကဖြစ်စေ မည်သည့်နေရာက ဖြစ်စေ အောက်ပါအတိုင်း ပေး
ပို့လာပါက မနှိပ်ကြရန်....... ၄င်းသည် virus ကဲ့သို့ အကယ်၍ နိပ်မိသွားပါကမိမိ စက်တစ်ခုခုဖြစ်
သည် သာမကကျန်သော Facebook ထဲမှ သူငယ်ချင်းတွေ အကုန်လုံးကို သူအလိုလို Auto လိုက်ပို့
သွားမည်ဖြစ်သည်.......​ မနေ့ညက ကျွန်တော်ကိုယ်တိုင်ခံလိုက်ရပါတယ်။ window auto shut 
down (သို့) restart ခဏခဏ ကျပါတယ် Antivirus တွေကိုပါ တစ်ခါထဲ သူက ဖျက်လိုက်ပါတယ်။ 
 antivirus လဲ ဘာမှလုပ်လို့မရတော့ပါဘူး။ window original 64 bit ပြန်တင်ရင်လဲ system ဖိုင်
တစ်ခုကို virus ကစားလိုက်သောကြောင့် Error 0x80070570 တက်ပီးတော့ window ဆက်တင်
လို့မရဖြစ်ပါလိမ့်မယ်။ Facebook မှ virus လာပုံက အောက်ပါအတိုင်းဖြစ်ပါတယ်။ hi. how are 
you? Wanna laugh? :):) http://46.185.65.225/100000512​217469   အနီရောင် လင့်ကိုနှိပ်
လိုက်တာနဲ့ youtube ကဲ့သို့သော စာမျက်နှာအားရောက်သွားပီး သင့်ကို Latest FlashPlayer 
တောင်းပါလိမ့်မယ် အဲ့ဒါကို နှိပ်မိပြီဆိုပါကသင့်စက်ကျွန်တော်ပြောထားသလိုဖြစ်မှာ သေချာ 
ပါတယ်။                         

အောက်ကပုံကိုတစ်ချက်ကြည့်ကြည့်လိုက်ပါ..။ဒါ U-Tube ကိုရောက်သွားတဲ့အချိန်မှာစတင်ပြီး  Malware
ဝင်တဲ့ပုံစံကိုပြထားတဲ့ပုံလေးပါ..။
 

အပေါ်ကပုံမှာပြထားတဲ့အတိုင်း  Download  it  from Adoble ကိုနှိပ်လိုက်ပြီဆိုတာနဲ့မိမိတို့စက်
ထဲကို Virus ကစတင်ဝင်ရောက်သောင်းကျန်းတော့မှာဖြစ်ပါတယ်...မဖြစ်သေးတဲ့သူများ သတိထား
သင့်ပါတယ်..အရင်ဆုံးကျွန်တော်တို့မိမိတို့ကွန်ပျုတာမှာဝင်ရောက်နေတဲ့ Virus ရဲ့မူရင်းအစဖြစ်တဲ့  Facebook  ကနေထပ်ပြီးမ၀င်ရောက်နိုင်တော့အောင်  Facebook  ကိုမိမိစက်ရဲ့  Host  ထဲကနေ   
Delete  လုပ်ပါမယ်..Keyboard  မှ  Windows  LogoR  ကိုနှိပ်ပြီး  Run Box  ကိုဖွင့်လိုက်ပါ.
.ပြီးရင်  Run  Box ထဲမှာအောက်ကအနီရောင်ကုဒ်လေးကိုရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ..။   

C:\Windows\System32\drivers\etc

အခုပြောတဲ့နည်းလမ်းလေးအတိုင်း Window XP , Vista နဲ့ Windows 7 အားလုံးမှာ
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်..

 အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် hosts ကို Double Click ပေးလိုက်ပါ..

အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် Note Pad ကိုရွေးပြီး Ok ပေးလိုက်ပါ..






အပေါ်ကပုံအတိုင်း  Notepad ကိုဖွင့်ပြီးပြီဆိုရင်အပေါ်ကပုံမှာမြင်ရသလို  102.54.94.97 
rhino.acme.com  # source server  လိုမျိုး  Facebook.com  ကိုရှာပြီး
Delete လုပ်ပေးရမှာဖြစ်ပါတယ်..(example: “127.0.0.1 http://www.facebook.com” )
Delete  လုပ်လိုက်ပါ..။ပြီးရင်  Notepad ကိုပြန်  Save လိုက်ပါ.. ပြီးရင်ဖွင့်ထားတဲ့ကောင်လေး
ကိုပြန်ပိတ်လိုက်ပါ..ပီးရင် Windows  Tab  Bar  ပေါ်မှာ  Right  Click  ထောက်ပြီး  Tab  Manager  ကိုဖွင့်လိုက်ပါ..။Keyboard မှ Ctrl + Shift + Esc  ကိုနှိပ်လိုက်ရင်လဲ  Tab  Manager ပွင့်လာပါလိမ့်
မယ်..။ Tab  Manager  ဖွင့်ပြီးပြီဆိုရင်  Processes  ထဲမှာ  fbtre6.exe  နဲ့  mstre6.exe ကိုရှာပြီးတွေ့
ပြီဆိုရင် End  Processes  ပေးလိုက်ပါ..





အပေါ်ကအဆင့်အတိုင်းပြီးပြီဆိုရင်တော့  Registry Editor ထဲမှာသွားပြီးတော့ရှင်းပါအုံးမယ်..။Run 
Boxကိုဖွင့်လိုက်ပါ..။ပြီးရင်  Run Box  ထဲမှာ  Regedit  လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ..။ဒါ
ဆိုရင်Registry  Editor  ပွင့်လာပါလိမ့်မယ်..ပြီးရင် HKEY_LOCAL_MACHINE > SOFTWARE 
>Microsoft > Windows  >  Current Version > Run   အထိအဆင့်ဆင်သွားလိုက်ပါ..
Run  ကိုရောက်ပြီဆိုရင်  Run  ကို  Click လိုက် ပါ..ပြီးရင်ညာဘက်မှာ ”systray”  ကိုရှာပါ..ပြီးရင်
အဲ့ဒီကောင်လေးကို  Double Click  ပေးလိုက်ပါ..ဒါဆိုရင်  Edit String ဆိုတဲ့ Box  လေးပေါ်
လာ  ပါလိမ့်မယ်..ပြီးရင်အဲ့ဒီမှာ Value  Data  တန်ဖိုး   c:\windows\mstre6.exe”  ကို  Delete 
လုပ်လိုက်ပါ..။ပြီးရင်  OK  ပြန်ပေးလိုက်ပါ..။Registry Editor  ကိုပိတ်လိုက်ပါ..။Value  Data  တန်ဖိုး
က“c:\windows\mstre6.exe”   နဲ့  “C:\Windows\fbtre6.exe”   လည်းဖြစ်နိုင်ပါတယ်..။
 




ကျွန်တော့်စက်ထဲမှာ Virus  မရှိတဲ့အတွက်  systray   ဆိုတာပေါ်မှာမဟုတ်ပါဘူး.လိုက်လုပ်ကလွယ်
အောင်ပုံလေးတွေနဲ့နမူနာပြပေးထားတာပါ..ဆက်ပြီးတော့ Registry  Editor  ကိုပိတ်ပြီးလို့ Restart
ချမှာလားလို့မေးရင်  Restart  မချပါနဲ့အုံး..။  C:\\Windows\\fbtre6.exe   နဲ့ C:\\Windows\\fmark2.dat  File  တွေကို  Registry  Editor  ထဲမှာ  Delete  လုပ်ပေးရပါအုံးမယ်..။ ဒီ  Registry  Key  တွေကို  Delete  မလုပ်ခင်  Backup လုပ်ထားဖို့လိုပါတယ်..ဒါမှမှားဖျက်မိတာတွေဘာတွေရှိတယ်
ဆိုရင်အလွယ်တကူပြန်ပြီးတော့Import  လုပ်ပေးယုံနဲ့အဆင်ပြေသွားမှာဖြစ်ပါတယ်..။Backup  ဘယ်လို
လုပ်ရမယ်ဆိုတာကိတော့အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..




  


အပေါ်ကပုံအတိုင်း Registry Key တွေကို  Backup  ဆွဲပြီးပြီဆိုရင်ပေါ်မှာပြောခဲ့သလို  Key  တွေကို
Delete  လုပ်ပါမယ်..ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့  Registry Editor  ကိုဖွင့်လိုက်ပါ...ပြီးရင်
Keyboard မှ  Ctrl + F  ကိုနှိပ်လိုက်ပါ.. Find  ဆိုပြီး  Box လေးကျလာရင်  Find watch  ထဲမှာ
C:\\Windows\\fbtre6.exe   နဲ့ C:\\Windows\\fmark2.dat  ကိုရိုက်ထည့်ပြီးရှာလိုက်ပါ..တွေ့ပြီ
ဆိုရင်အဲ့ဒီကောင်လေးကိုဘယ်လို  Delete လုပ်ရမယ်ဆိုတာအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..
တကယ်လို့မိမိမှားဖျက်မိလို့စက်က  Registry  ပိုင်းမှာ  Error  တစ်ခုခုတက်ပြီဆိုရင်လဲစောစောက
Backup လုပ်ထားတဲ့ကောင်လေးကို  export  အပေါ်မှာရှိတဲ့  import  ကနေရွေးပြီးပြန်ထည့်ပေး
လိုက်ယုံပါပဲ..။ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်..



 ပြီးရင်တော့မိမိတို့ကွန်ပျုတာကို  Restart  ချပေးလိုက်ပါ..။

Windows  ပြန်တက်လာပြီဆိုရင်မိမိတို့ရဲ့ကွန်ပျုတာကိုအောက်မှာပေးထားတဲ့ဆော့ဝဲလ်တွေသုံးပြီး
စစ်ကြည့်လိုက်ပါ..
Read More ...
Related Posts Plugin for WordPress, Blogger...