မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Wednesday, January 23, 2013

Gtalk မှာမြန်မာစာ မပေါ် လျှင်ဖြေရှင်းနည်း

                 အခုပြသာနာက အင်တာနက်သုံးတဲ့သူတော်တော်များများကြုံတွေ့နေကျဖြစ်တဲ့ပြသာနာ
တစ်ခုပါ။ အဲဒီပြသာနာဖြေရှင်းဖို့အတွက် ဒီမှာ ရှင်းပြပေးထားပြီးပါပြီ။ အခု Post ကိုလည်း ညီငယ် IT
Helper က ရှင်းပြပေးထားတာလေးကိုလည်း သဘောကျလို့ ကျွန်တော် ထပ်ပြီးမျှဝေပေးလိုက်တာပါ။
အောက်က နည်းလမ်းနဲ့မှ အဆင်ပြေသေးဘူးဆိုရင် ဒီမှာ ထပ်ကြည့်လိုက်ပါနော်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

 
Windows 7 တွေမှာအဖြစ်များတဲ့ ပြသနာတစ်ရပ်ဖြစ်ပါတယ်...ZawGyi Fonts Install လုပ်ထားသော်လည်း Gtalk မှာ စာရိုက်တုန်းက အတည့်..Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာ..ဘယ်လို
ဖြစ်ဖြစ် ဖြေရှင်းနည်းလေးတစ်ခု တင်ပြလိုက်ပါတယ်...
အရင်ဆုံး  Internet Explorer ကိုဖွင့်ပါ.. ပြီးတာနဲ့ ထိပ်ဆုံးက Tool >> Internet Options ထဲသို့ဝင်လိုက်ပါ..
ပြီးတာနဲ့.. Fonts ကိုနှိပ်ပါ..Webpage Fonts နေရာမှာ Zawgyi-One ကိုရွေးလိုက်ပါ..ပြီးတာနဲ့ OK>>OK အဆင့်ဆင့် နှိပ်ထွက်လိုက်ပါ... Gtalk မှာဖြစ်နေတဲ့ လေးထောင့်တုံး Square တွေ အမှန်ပေါ်လာပါလိမ့်မယ်..
မသွားတတ်လျှင်..အောက်က ပုံလေးကိုကြည့်နိုင်ပါတယ်ခင်မျာ..အဆင်ပြေပါစေ..
 ပုံကြီးကြီးမြင်ရန် ပုံပေါ်သို့ Click ပါ.

Read More ...

Friday, June 1, 2012

Gmail Account ဖွင့်နည်း (နောက်တစ်မျိုး)

              Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
 
အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။

ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။

ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
 
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။

Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကျနော်ဒီနည်းနဲ့ဖွင့်တိုင်း အကောင့်ဖွင့်လို့ရပါတယ်။အဆင်မပြေတာရှိရင်ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။
Mmitd member များ Gmail account ဖွင့်ရအခက်အခဲရှိနေရင် ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါတယ်ခင်
ဗျာ။ ခုတလောတွေ့နေရတယ်လေ။ IT ဂျာနယ်တွေမှာ Gmail တစ်ခါဖွင့် ၉၀၀၀ ကျပ်တဲ့။ရိုက်စားဗျာ။
တော်တော်ကိုဆိုးပါတယ်။ခုဆိုဒီနည်းနဲ့အေးအေးဆေးဆေးဖွင့်လို့ရပါပြီခင်ဗျ။တပြားမှမကုန်ပါဝူး :P
ဟိမရရင်ရင်ပြောဦးနော်။ ဒီနည်းကို မလှျိုထားပါနဲ့။များများဖြန့်ပါ။ဒါမှ သူများလိမ်တာမခံရမှာလေ။
ကျနော်ကတော့မလှျိုဖူးနော် :P  mmitd အဖွဲ့သားများကျန်းမာချမ်းသာ ကြပါစေ။

Post By....BoBoAung :) MMiTD
Read More ...

Monday, May 7, 2012

Gtalk ရဲ့ Sign ကို အမြဲတမ်းဝါနေချင်သူများအတွက်ပါ။



                         ကျွန်တော့်ကို အကိုတစ်ယောက်က မေးထားဖူးလို့ ပါဗျာ။  အဲဒီ Bro နဲ့ အခြားသော သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဗျာ။ ဘာလေးလည်းဆိုတော့ ဒီကောင်လေးက Gtalk မှာရှိတဲ့ Sign လေးကိုအမြဲတမ်း ၀ါနေအောင်ပြုလုပ်ပေးမယ့် Software လေးဖြစ်ပါတယ်။ ပထမဦး
ဆုံး ဒီကောင်လေးကို Run လိုက်ပါ။
ပြီးသွားပြီဆိုရင် Gtalk Logo လေးကိုRight Click နှိပ်ပြီး Always Idle ကိုရွေးပေးလိုက်တာနဲ့ Gtalk မှာ အမြဲတမ်းဝါနေမှာဘဲဖြစ်ပါတယ်။ စမ်းပြီးအသုံးပြုချင်သူများအောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNAyfDxzQuvXjzVfpt4yNbROSkFSKERnMaUwmnjNO_pTMG9DkgP_6MY9a-3Zlb_mCe3zZ94D5qjQCColajQyd3sC8Mp3dWjdoVjOfNaZPV5GQnK98htZISTReW3kYoeKJP7tSlt5loxo/h120/image005.gif

Read More ...

Friday, January 13, 2012

Gmail Account ကို ကြိုက်သလောက်သာဖန်တီးကြပေတော့ဗျာ


Gmail Account အသစ် လုပ်ချင်ပါသလား ?
Gmail Account Disable ဖြစ်နေလို့လား ?
Gmail ၀င်ရင် Verification Phone number တောင်းနေလို့လား ?
လုံးဝ စိတ်ညစ်နေစရာမလိုပါ ။ အောက်မှာဖေါ်ပြထားသော နည်းအတိုင်းသာ လုပ်လိုက်ပါ ။ အားလုံး အဆင်ပြေသွားပါလိမ့်မည် ။


အရင်ဆုံး မြန်မာပြည်ကဆိုရင်  ဒါလေးအရင် ဒေါင်းယူထားလိုက်ပါ

Sept 1. ဒီနေရာလေး  ကနေ Sing In ၀င်လိုက်ပါ ။ Sing In ၀င်ပြီးသွားရင်

Step 2. Google Voice mail ထဲမှာ  Get a Voice number  (or) UPGRADE ကို နှိပ်ပါ။ ( Upgrade you account box )  ကျလာပါမည် ) ။

Step 3. I want a new number ကို နှိပ်ပါ ။ ( Choose your number box ကျလာပါမည် ) ။

Step 4. Word , phrase , number box မှာ 123456 ကို ထည့်ပြီး ၊ Search Numbers ကိုနှိပ်ပါ ။
Searching လုပ်ပါမည်။ ခဏစောင့်ပါ ။

Step 5. Result For 123456 ဆိုပီး ဖုန်း နံပါတ် ၅ ခု ပေါ်လာပါမည် ။ အဲထဲက တစ်ခုကိုမှတ်ထားလိုက်ပါ ။
ဥပမာ ။ ။ (234) (56) 34164 ၊ ပြီးရင် Continue ကို နှိပ်ပါ ။ Reserving number ဆိုတဲ့ စာတန်းလေး ပေါ်လာပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် Creat new PIN box ကျလာပါမည် ။

Setp 6. Enter PIN နှင့် Confirm PIN မှာ ဂဏန်းလေးလုံးရိုက်ထည့်ပါ ။ ဥပမာ ။ ။ 4587 ပေါ့။ ( အတူတူဖြစ်ရပါမည် ) ။ ပြီးရင် I accept Google Voice’s Terms and Privacy Policy ကို ရွေးပါ ။ Continue ကိုနှိပ်ပါ ။ Creating account ဆိုတဲ့ စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် Add a forwarding phone box လေးကျလာပါမည် ။ ခဏထား ထားလိုပ်ပါ ။

ဒီ Step တွေလုပ်နေချိန်မှာ တစ်ဖက်ကလဲ gmail account registrations လုပ်နေပါ ။ ဖုန်း နံပတ်တောင်းတဲ့ နေရာမှာ အခုန ကမှတ်ထားတဲ့ ဖုန်း နံပတ် (234 564 3416 ပေါ့) ကို ထည့်လိုက်ပီး Send Verification Code ကိုနှိပ်လိုက်ပါ ။ Country ကိုတော့ United State ရွေးထားရပါမည် ။ Verify Code တောင်းတဲ့နေရာကို ရောက်ရင် ၊ google voice ကိုပြန်သွားပီး add forwarding phone box ကို Cancel setup လုပ်လိုက်ပါ ။ canceling setup စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် google voice ကိုလဲ loading ပြန်လုပ်ပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် +14065454961 ဖုန်းနံပါတ်ကနေ Verification Code ပို့ပေးပါမည် ။
( +14065454961: You Google Verification Code is 989841 8:20 AM )
အဲဒီ Code ကို အခုနက Verification Code box မှာထည့်လိုပြီး Verify ကိုနှိပ်ပါ ။ ဒါဆို gmail account အသစ် တစ်ခုရသွားပါပြီး ။ ဒီနည်းအတိုင်း gmail account ကို ကြိုက်သလောက် လုပ်ယူလို့ရ ပါတယ် ။
( ဒါလေးတော့သိထားမှရပါမယ် ။ ။ Didn’t get your code? Sometimes it can take up to 15 minutes. If it’s been longer than that, try again.   15 မိနစ်ကျော်ရင် Gmail gmail Registrations က Expire ဖြစ်သွားပါမည် ။ )
Gmail account မှမဟုတ်ပါ ။ Gmail Disable ဖြစ်ရင် ၊ Verification Phone number တောင်းရင် လဲ ဒီနည်းအတိုင်း လုပ်နိုင်ပါသည် ။ Verification phone number တောင်းတဲ့ နေရာတိုင်းမှာ ဒီနည်းအတိုင်း လုပ်ဆောင်နိုင်ပါသည် ။
မှတ်ချက်။ ။ google voice မရတဲ့ အင်တာနက်လိုင်နဲ့ဆို ကျော်ခွမှ ရပါမည် ။
( UltraSurf လိုမျိုးပေါ့ မရှိသေးရင် ဒီမှာဒေါင်းယူပါ  )

ဒါကတော့ Gtalk account lock ဖြစ်ရင် Unlock ပြန်ဖြေတဲ Link လေးပါ ။


လူသားများအားလုံး နှစ်တိုင်း ၊ လတိုင်း ၊ နေ့ ရက်တိုင်း ၊ နာရီတိုင်း ၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း………ပျော်ရွင်မှုအပေါင်းနှင့် ခငြောင်းနိုင်ပါစေကြောင်း ။


ref: http://mandalaygazette.com/77651/uncategorized-other/copypaste
Read More ...

Wednesday, December 21, 2011

မေးလ်ဝင်လာတာနဲ့ AutoReply Massage လေးပြန်ပို့ချင်တယ်ဆိုရင်

ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတာလေး ရှိလို့ ရေးပေးလိုက်ပါတယ် .. မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. ကျွန်တော်တို့ ဆီကို တစ်ယောက်ယောက် ကပို့လိုက်တဲ့ မေးလ်တစ်စောင်စောင် ၀င်လာတာနဲ့ မိမိတို့ဆီက  Auto Reply ပြန်လုပ် ပေးနိုင်တဲ့ နည်းလမ်းလေးပါ .. လုပ်နည်းလေးကတော့ လွယ်ပါတယ် .. ကျွန်တော် အောက်မှာ လိုက်လုပ်ရတာ အဆင်ပြေအောင် ပုံလေးတွေနဲ့ ဖော်ပြ ပေးထားပါတယ် ..  



အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် Setting ကိုသွားလိုက်ပါ ..ကျွန်တော် အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
ဒီအောက်က ပုံမှာပြထားတဲ့အတိုင်း Subject မှာ မိမိတို့ရေးချင်တဲ့ ခေါင်းစဉ်ကို ရေးလိုက်ပါ .. Massage မှာတော့ မိမိတို့ ရေးချင်တဲ့ အကြောင်းအရာကို ရေးလိုက်ပါ .. ပြီးရင် Out of Office AuteReply on ကိုရွေးပေးလိုက်ပါ .. ပြီးရင် Save Change ပေးလိုက်ပါ ..
ဒါဆိုရင် မိမိတို့ဆီကို မေးလ်တစ်ခု ၀င်လာပြီ ဆိုတာနဲ့ မိမိတို့ ရေးထားတဲ့ Massage လေးကို AutoReply ပြန်ပေးမှာ ဖြစ်ပါတယ် .. 
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ကိုနေမင်းမောင်ထံမှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
Read More ...

Sunday, December 11, 2011

phone no. ထည့်စရာမလိုပဲဂျီမေးအကောင့်ဖွင့်နည်း

                       ကဲဗျာ.. မြန်မာပြည်မှာ Gmail Account ဖွင့်တာ ခုနောက်ပိုင်း မရတော့ပါဘူး - Phone နံပါတ်ထည့်မှဆိုတော့လည်း မြန်မာပြည်ဖုန်းနံပါတ်က ထည့်မရ... ဒါနဲ့ လျှောက်မွှေတော့ mysteryzillion.org က အတိုချုပ်လေးရေးထားတာကို စမ်းရင်း ပုံနဲ့တကွဖော်ပြပေးလိုက်ပါတယ်.. 100% အကောင့်လုပ်လို့ရတယ်နော...
Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။





Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။

Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။

Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။

တစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။



Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။

Reference: http://www.mysteryzillion.org/discussion/10428/phone-%E1%80%99%E1%8...


အဆင်ပြေကြပါစေနော်...။
Read More ...

Friday, December 9, 2011

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်းပေါ့


                          ဒီ Post လေးကို အရမ်းသဘောကျလို့ ကို အာကာဖြိုး ထံမှ ပြန်လည်မျှဝေပေးခြင်းဖြစ်
ပါတယ်။Type your sGmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်
တွင်ပါဝင်သော Microsoft Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။

၃။ “Setting” အောက်မှ “Lab”ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ “Lab”စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ “Offline”ဆိုသည့်ဘေးတွင် “Enable”ကို ရွေးပေးရပါမည်။

၅။ ထို့နောက် “Lab”စာမျက်နှာ အောက်ဆုံးကိုသွား၍ “Save Changes” လုပ်ပါ။

၆။ “Save Changes” လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ “Settings”၏ဘေးတွင် “Offline 0.1”ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ “Allow it to use Gears”ဘေးမှ check boxကို အမှန်ခြစ် ပြုလုပ်ပါ။ “Allow” buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ ထို့နောက် “OK” buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင် သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု သိရသည်။ummary here. [more] Type the rest of your post here.
Read More ...

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်


 ဒီ Post လေးက ကျွန်တော့် ဆရာသမား ဆရာ ထက်ဇော်ရဲ့ MMiTD က Post လေးကို သဘောကျလို့ပြန်ပြီးမျှဝေတာပါ။
ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။

ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်
ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။
အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ
ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account ရှိသလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင် ဖွင့်ထားသလောက် အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။ အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ အားလုံးကိုလည်း တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။
Read More ...

Thursday, December 1, 2011

G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်

ဒီ Post လေးကို ကောင်လေးငယ် Post မှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
 
                  ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးချင်နေတာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ်
.. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..
ဒီအောက်က ပုံကတော့ Google + အသုံးပြုသူတွေရဲ့ Personal Setting ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery Option ကိုသွားလိုက်ပါ ..
အောက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover your password ကိုသွားလိုက်ပါ ..
အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..
အောက်မှာ ကျွန်တော် 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( ၁ )ကတော့ ကျွန်တော်တို့ recovery email address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် ( ၂ ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..
အောက်ပုံအတိုင်း Recovery Email နဲ့ Security question ကို မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..
ဒါကတော့ မိမိတို့ G-mail အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..
ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..
ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 
ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue ပေးလိုက်ပါ ..
ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က  Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email  နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ .. 
အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password ပေးလိုက်ယုံပါပဲ ..
ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် .. 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Read More ...
Related Posts Plugin for WordPress, Blogger...