Microsoft Security Essentials လေးကိုကျွန်တော် တင်ပေးလိုက်ပါတယ်ဗျာ။ဒါလေး
ကိုတင်တော့ တချို့လူတွေကတစ်မျိုးပြောလာနိုင်ပါတယ်။ Microsoft က Free ပေးထားတာကြီးကိုအပိုလုပ်
ပြီး တင်တယ်ဆိုပြီး ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် Microsoft က Free ပေးထားတာကြီးကတော့ Window XP SP2 မှာ လုံးဝသုံးလို့မရပါဘူး။ အဲဒါကြောင့်ဘဲ MMiTD က ကျွန်တော် သူငယ်ချင်တစ်ယောက်က MSE
ကို SP2 မှာသုံးချင်တယ်ပြောလို့ ဒီPost လေးကိုတင်ဖြစ်သွားတာပါ။ SP2 မှာသုံးဖို့အတွက် ကျွန်တော် File
တစ် File ထည့်ပေးထားပါတယ်။
WindowsXP-KB914882-x86-ENU.exe File လေးပါ။ အဲဒီ File လေးကို Double Click နှိပ်ပြီးမှ mseinstall.exe ကို နှိပ်ပြီး Install လုပ်ပေးပါ။ ဒါလေးက SP2 အတွက်သီးသန့်
ပါ။ SP3 , 7 , Vista တွေကတော့ တန်းပြီး mseinstall.exe ကို နှိပ်ပြီး Install လုပ်ရုံပါဘဲ။ ကျွန်တော်အ
ကြိုက်ဆုံးတစ်ချက်က ဒီကောင်လေးက လိုင်စင်မလိုဘူးဗျ။ ဘယ်လိုမလည်း Microsoft ကထုတ်ထားတော့
Microsoft ကထုတ်ထားတဲ့ window တွေဖြစ်တဲ့ XP , 7 , Vista တွေမှာ Free ပေးထားတာပေါ့။ နောက်
တစ်ခုက တခြား Antivirus တွေနဲ့ မတူဘဲ အရမ်းကိုပေါ့ပါးလွန်းပါတယ်။ ရှိလို့ရှိမှန်းတောင်မသိဘူးဗျာ။ ဒီကောင်လေးရဲ့ကောင်းကျိုးကိုတော့ ကျွန်တော်ကိုယ်တိုင် သုံးထားလို့ သိရတာပါ။ ကျွန်တော်စက်က Viurs တွေကိုက်နေတာ တစ်ပတ်အတွင်း Window ကို 7ကြိမ်တိတိ ပြန်တင်ရပါတယ်။ အဲဒါလည်းအဆင် မပြေပါဘူး နောက်ဆုံးဒီကောင်လေးကို စမ်းသုံးကြည့်တော့မှဘဲ အားလုံးအဆင်ပြေသွားတာပါ။ စိတ်ပါဝင်
စားတယ်ဆိုရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

ကျေးဇုးဗျာ ခုလိုမျှဝေတာ
ReplyDeleteအရမ်းကိုလေးစားတယ်