မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Showing posts with label Network. Show all posts
Showing posts with label Network. Show all posts

Friday, January 4, 2013

Complete Network Guide - Ebook (မြန်မာဘာသာပြန်)


            Networking ရဲ့ အခြေခံအကြောင်းကို ပြည့်စုံစွာဖော်ပြပေးထားတဲ့စာအုပ်လေးတစ်အုပ်မျှဝေ
ပေးလိုက်ပါတယ်ဗျာ။ Networking ကိုအခုမှစတင်လေ့လာသူတွေအတွက် လေ့လာသင့်တဲ့စာအုပ်
လေးပါ။ ဒီစာအုပ်လေးကို ရေးသားထားသူကတော့ နည်းပညာစာအုပ်တွေကို အများကြီးထုတ်ဝေထား
တဲ့ ဆရာဇော်လင်းဖြစ်ပါတယ်။ စာအုပ်ထဲမှာ Networking အကြောင်းအရာတွေကိုပုံနဲ့တကွအသေးစိတ်
ရေးသားထားလို့ စတင်လေ့လာသူများတွက် အဆင်ပြေစေမှာပါ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။




ဒေါင်းလုပ်ဆွဲဖို့ Link ရှာမတွေ့ဘူးဆိုရင် အပေါ်က ပုံကိုကြည့်လိုက်ပါနော်။


 
Rar Password - pyaephyo.com
Read More ...

Friday, November 23, 2012

EMCO Network Malware Cleaner v4.7.15.115 + Key


                 Network ထဲမှာရှိတဲ့ Virus တွေကို အကောင်းဆုံးရှင်းလင်းပေးနိုင်တဲ့ Malware Cleaner
လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Antivirus တွေကိုတော့ နည်းပညာဆိုဒ်တော်တော်များများမှာ တင်
နေကြတာတွေ့ရပေမယ့်။ EMCO Network Malware Cleaner လိုမျိုး Network ပိုင်းကိုစစ်ပေးနိုင်တဲ့
Antivirus ကိုတော့ တင်တာ ရှားပါတယ်။ ကျွန်တော့်ဆိုဒ်မှာလည်း အခုမှတင်ဖြစ်တာပါ။ Network သမား
တွေဆောင်ထားသင့်တဲ့ Antivirus တစ်မျိုးပါ။ အမြဲတမ်းသုံးနိုင်အောင် Key ပါထည့်ပေးထားပါတယ်
ဗျာ။ အသေးစိတ်ကိုတော့ အောက်မှာ ရှင်းပြထားပါတယ်နော်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



Scan Your Network to Find Viruses and Clean Them Silently and Remotely
An integrated network antivirus solution to protect your network from all kind of malware. It allows you to scan PCs in your network silently and remotely to detect and cleanup from over 10,000 viruses, trojans, and other malware.
Network virus scan takes just few seconds per PC and can be performed on multiple PCs in parallel, so you can scan entire network for viruses in few minutes. Up-to-date virus database guarantees detection of latest threats and your network protection.

One of the top priority tasks for system administrators is keeping network clean from different threats. It can be achieved by using active antivirus protection on each PC and performing regular network virus scanning. EMCO Network Malware cleaner was designed to help you with second task and is a good addition to other used antivirus tools.
EMCO Network Malware Cleaner is not an active antivirus engine; rather its main purpose is to check remote PCs silently for known viruses, warms, trojans, adware and to destroy found malware. Using it you can quickly wipe out malware that went through weak shields without visiting and perform virus scan on each PC.
Specially designed for network virus scanning, EMCO Network Malware Cleaner allows you to scan and clean remote PCs from viruses in silent mode, without interruption or user's work.

Advantages of EMCO Network Malware Cleaner

Unlike most antivirus tools, EMCO Network Malware Cleaner is a specialized network antivirus solution that allows you to protect from viruses not only a particular PC, but all computers in your network. Main advantages of this solution are listed below.
Remote virus scanning. Save your time to visit each PC and check it for viruses. Instead check all PCs at once by one mouse click.
Silent remote virus cleaning. Cleanup remote PCs from found malware in a silent mode without interruption of remote user work.
Regular network virus scan. Enable regular checks by spending only few minutes to scan network for viruses with a fast scan engine.
Weak shields detection. Get notification about remote PCs where antivirus protection is disabled or virus databases are out-of-date.
Costs saving. Spend only $2 per node or less for advanced network antivirus solution that allows you to keep your network protected from over 10,000 viruses, trojans, adware, spyware and worms.

Supported Platforms:

Windows 2000 (with SP4 or later), Windows XP, Windows XP x64, Windows 2003, Windows 2003 x64, Windows Vista, Windows Vista x64, Windows 2008, Windows 2008 x64, Windows 2008 R2, Windows 7, Windows 7 x64




http://www.pcfreetime.com/images/download.gif
Read More ...

Thursday, December 8, 2011

Wi Fi အကြောင်း သိကောင်းစရာ


                                
WiFi ကို WiFi လို့ ပဲရေးရေး ။ Wi-fi လို့ ပဲရေးရေး ၊ Wifi လို့ ပဲရေးရေး ရပါတယ်။ အတူတူပါပဲ ။ အရှည်
ကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ WiFi ရဲ့မူလပိုင်ရှင်ဟာ Wi-Fi Allance ဖြစ်ပါတယ်။ ၄င်းဟာ IEEE802.11 ရဲ့ Specifications တွေပေါ်မှာ Based လုပ်ထားတဲ့ WLAN (Wireless Local Area Network) ပဲဖြစ်ပါတယ်။ Wi-Fi ကိုဘယ်မှာအသုံးပြုကြမလဲဆိုတော့ Mobile Computing ပေါ့ဗျာ ။ Laptops တွေကို Wireless LAN ချိတ်မယ်။ ဒါပေမဲ့ အခုဒါကသိပ်မထူးဆန်းဘူးဗျ ။ ဒီထက်ပိုပြီး သုံးလာကြပြီမဟုတ်ပါလား ။

ဥပမာ Internet အပါအ၀င် VOIP Phone Access တွေ ၊ Gaming Application တွေ ၊ အခြားသော
အခြေခံလျှပ်စစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ TV တွေ ၊ DVD တွေကိုချိတ်ဆက်တဲ့နေရာတွေမှာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ်။ ကြိုးတွေတွေ့ ကြရမှာမဟုတ်ပါဘူး ။ ဒီထက်ပိုပြီး ဖွံ့ ဖြိုးတိုးတက်လာတာပြောရဦးမလား ။ ဥပမာWi-Fi ကိုကားတွေမှာသုံးမယ် ။ ဘယ်လိုသုံးကြမလဲ ။ ၄င်း WiFi ကိုအသုံးပြုပြီး ကားရဲ့ရှေ့ ကအခြေ
အနေတွေ Statistics တွေကိုစုဆောင်းမယ် ။ တင်ပြမယ် ဒီတော့ပိုပြီးတော့ Safety ဖြစ်လာမယ် ။ ဒါကို
Intelligent Transportation System လို့ ခေါ်ပါတယ် ။ နောက်ပြီး Highway သွားနေရင်းနဲ့  Mobile
Commerce လုပ်လို့ ရပါသေးတယ် ။
မှတ်ချက် ။ ။ Wi-Fi Alliance ဆိုတာ Wi-Fi Trademarks ကိုပိုင်ဆိုင်တဲ့ စီးပွားရေးအဖွဲ့ အစည်းတစ်ခု
ပဲဖြစ်ပါတယ်။ Wi-Fi ဆိုတာ Wireless Local Area Network ရဲ့ Technique နှင့် Methods ကိုသတ်မှတ်
ပေးတဲ့ IEEE 802.11 ကိုရည်ညွှန်းတာပဲဖြစ်ပါတယ် ။ ဒီ Wi-Fi Alliance က ၁၉၉၉ တုန်းက WECA
(Wireless Ethernet Compatibility Alliance) နာမည်နဲ့ ပါ ။ နောက်မှ WECA ကို Wi-Fi Alliance လို့ 
၂၀၀၃ ခုနှစ်ကျမှ ပြောင်းလိုက်တာပါ ။ ဒီ WECA မှာ ပါဝင်သူတွေကတော့ -
(၁) 3 Com
(၂) Aironet (ယခု Cisco)
(၃) Harris Semiconductor (ယခု Intersil)
(၄) Lucent (ယခု Agere)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ပဲဖြစ်ကြပါတယ် ။ Wi-Fi Alliance က Austin , Texas မှာဖြစ်ပါတယ် ။
မှတ်ချက် ။ ။ IEEE 802.11 ဆိုတာ Wireless LAN ကိုသတ်မှတ်ခဲ့တဲ့ LAN / MAN Standard
ကော်မတီဖြစ်တဲ့ IEEE 802 ရဲ့အလုပ်အဖွဲ့ (၁၁) ကိုဆိုလိုတာဖြစ်ပါတယ် ။ ယခုအခါ IEEE 802.11 ကို
802.11 Legacy လို့ လည်းတစ်ခါတရံခေါ်ပါသေးတယ် ။ ဘာလို့ လဲဆိုတော့ IEEE 802.11 မှာ IEEE 802.11a , IEEE 802.11b စသည်ဖြင့် IEEE 802.11x ဆိုပြီး ရှိနေတာကြောင့်ဖြစ်ပါတယ် ။
မှတ်ချက် ။ ။ VOIP ဆိုတာ Voice Over Internet Protocol ဖြစ်ပါတယ် ။ သူ့ ကို IP Telephony ,
Internet Telephony , Broadband Telephony , Broadband Phone , Voice Over Broadband စသည်ဖြင့် ခေါ်ဆိုကြပါသေးတယ် ။ ဆိုလိုရင်းကတော့ အင်တာနက်ကိုပဲဖြစ်စေ တခြား IP Based Network တစ်ခုကိုပဲဖြစ်စေသုံးပြီး Voice Conversation တွေကို Routing လုပ်တာပဲဖြစ်ပါတယ် ။
Wi-Fi ပစ္စည်းတွေကို ကိုင်ဆောင်အသုံးပြုထားသူဟာ ဥပမာ ကွန်ပျူတာပဲဖြစ်ဖြစ် ၊ Telephone ပဲဖြစ်
ဖြစ် PDA ဆိုတဲ့ Personal Digital Assistant ပဲဖြစ်ဖြစ်ပေါ့ ။ ကိုယ်က Access Point မှာရှိနေရင် Internet
ကိုချိတ်ဆက်အသုံးပြုလို့ ရပါတယ် ။ ဒီ Access Point တစ်ခုဖြစ်စေ ၊ တစ်ခုထက်ပိုပြီးဖြစ်စေ ဖြစ်ပေါ်နေ
သော Region တစ်ခုကို Hot Spot လို့ ခေါ်ပါတယ် ။ ဒီ Hot Spot တွေဟာတစ်ခုနှင့်တစ်ခု OverLap ဖြစ်
သွားခြင်းဖြင့် Hot Spot ရဲ့အတိုင်းအတာဟာ အခန်းတစ်ခန်းရဲ့ အကျယ်ပမာဏကနေ ပတ်လည်မိုင်ပေါင်း
များစွာအထိဖြစ်သွားနိုင်ပါတယ် ။ Wi-Fi ဟာ Wireless Mesh Network တွေကိုလည်း ဖန်တီးပေးနိုင်ပါ
တယ် ။
Wi-Fi ဟာ၎င်းပစ္စည်းတွေကို Peer to Peer Mode နှင့်လည်းချိတ်ဆက်စေလို့ ရပါတယ် ။ ဒါကြောင့်
ပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခုတိုက်ရိုက်ချိတ်ဆက်နိုင်ပြီး ဒီလိုချိတ်ဆက်နိုင်မှုဟာ လျှပ်စစ်ပစ္စည်းနှင့် Game Application အသုံးပြုသူတွေကို များစွာအသုံးတည့်စေပါတယ် ။ ဒီ WiFi နည်းပညာဟာ ပထမဦးဆုံး
ဈေးကွက်ကိုတင်တဲ့အခါမှာ ပြဿနာပေါင်းစုံကြုံတွေ့ ရပါတော့တယ် ။ အဓိကပြဿနာကတော့ အသုံးပြုသူ
တွေဟာ ဒီမတူညီတဲ့ ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန်တွေဟာတစ်ခုနှင့်တစ်ခု အလုပ်တွေပူးပေါင်းအတူတကွ
လုပ်နိုင်ပါ့မလားပေါ့ ။ ဒါအသုံးပြုသူ ၀ယ်မယ့်သူတွေဘက်က သံသယ၀င်တာဖြစ်ပါတယ် ။ ဆိုလိုတာက ဒီ
ကုမ္ပဏီကထုတ်တဲ့ WiFi ပစ္စည်းတစ်ခုဟာ နောက်ကုမ္ပဏီကထုတ်တဲ့ WiFi ရဲ့မူလ မူပိုင်သူ Alliance ဟာ
နောက်ထပ် Brand တံဆိပ်အသစ်တစ်ခုကို ဖန်တီးရပါတော့တယ် ။ အဲ့ဒါက Wi-Fi Certified ဆိုတာပါပဲ ။
အဲ့ဒီ Wi-Fi Certified တံဆိပ်ပါတဲ့ ပစ္စည်းတိုင်းဟာ ဘယ်ကုမ္ပဏီကထုတ်ထုတ် အတူတကွပေါင်းစည်း
အလုပ်လုပ်နိုင်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ် ။ ။
Wi-Fi နဲ့ Wi-Max ကွာခြား ချက်လေး ပါ။
Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။
wifi.gif
WiFi အကြောင်းကို ကျွန်တော် စေ့စေ့ ပေါက်ပေါက်တော့ နားမလည်သေးပါဘူး တစ်ခုတော့ သိပါတယ် Wireless Connection လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်ဗျာ WiFi ဆိုတာကတော့ Wireless Connection တစ်ခုရဲ့နာမည်ပါပဲ အသုံးများကြလို့သာ အထင်တွေ အမြင်တွေ များနေကြခြင်းဖြစ်ပါတယ် ဗျာ Wifi ရဲ့ အရှည်ကတော့ Wireless Fidelity ဖြစ်ပါတယ် ဗျာ တစ်ခုပဲမှတ်သားထားလိုက်ပါဗျာ wifi ဆိုတဲ့ wireless connection ဆိုတာက ၀ါယာကြိုးကိုအစားထိုးတဲ့ ပစ္စည်းတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ တခြားဆိုက်တွေကနေ ကူးယူထားတဲ့ wifi အကြောင်း တွေကို စာအုပ်လေးတစ်အုပ်ပြန်လုပ်ထားပြီးတော့ တင်ပေးလိုက်ပါတယ် ဗျာ Download ရယူရန်
အဆင်ပြေကြပါစေဗျာ
လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ . တစ်ခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး . လေ့လာတာတော့ ကို့ဟာကိုပဲ ကျုပ်ကျက်လိကြပါ . တစ်ခြားဟာလေးတွေလဲ လေ့လာလို့ရအောင် တင်ပေးပါဦးမယ် . အဆင်ပြေကြပါစေဗျာ ... ကျွန်တော်တော့ မစမ်းရသေးဘူး . အခုတစ်လော နာမည်ကြီးနေတဲ့ AIO ကိုလဲ ကိုပါ ထည့်ပေးထားတယ် . အသစ်ရလာရင် တင်ပေးပါဦးမယ် . ကို့ဟာကို စမ်းကြပါ . ကျွန်တော်ကတော့ သိပ်ဝါသနာမပါဘူး . ကို့ရုံးခန်းနဲ့ကို ဆိုတော့ ဘာ password မှာလဲ မလိုဘူးလေ . password က ကို့လက်ထဲမှာဆိုတော့ သိပ်စိတ်မပါဘူး . လိုက်စမ်းရမှာ .
Download mediafire ၊ Download ifile.it
ဒါက အခုနောက်ပေါ် Wireless Hack Tools (2009) software ပါ .. စမ်းချင်ရင် Download လုပ်လိုက်ပါ . ကြိုပြောထားပါတယ် . ကိုညီနေမင်းက လက်လှမ်းမီ သလောက်ကလေး တွေ့တဲ့ software များကို ဝေမျှနေခြင်းသာ ဖြစ်ပါသည်။ သူများတွေပြောပြောနေတဲ့ Hacker မဟုတ်သလို ဘာကာ မှလဲ မဟုတ်ပါ . Joker တော့ ဖြစ်ချင်ဖြစ်မယ် ပြောမရဘူး . ကြိုပြောထားမှ မဟုတ်ရင် နေရင်းထိုင်ရင်းနဲ့ ဆွဲစိခံနေရဦးမယ် .. ဆွဲစိတော့ မခံနိုင်ဘူး . မတောက်တခေါက်ပညာလေးနဲ့ ပါသွားရင် ရင်ကျိုးရချည်ရဲ့ . ထိုင်းနိုင်ငံမှာဆိုရင်တော့ ချကြဗျာသိလား . သူများနိုင်ငံမှာပဲဟာ . ထိုင်းကလူတွေက နဲနဲဒူတယ်ဗျ . ဗျင်းသာဗျင်း . မသနားနဲ့ . သူတို့က ကို့နိုင်ငံသားကိုလဲ သနားတာမဟုတ်ဘူး . ကျွန်တော်ကတော့ အားပေးတယ် . ကိုယ့်နိုင်ငံမှာတော့ မလုပ်ကြပါနဲ့လို့ . ဘာပဲလုပ်လုပ်ပေါ့ .

ကျွန်တော်လေ့လာခဲ့ဖူးသော site တစ်ခုမှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Read More ...

Sunday, November 27, 2011

Network Topology ဆိုတာ



Network Topology ဆိုတာ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ကို Network Topology လို့ ခေါ်ပါတယ်။ Network Topology လို့ ပြောတဲ့နေရာမှာ Network ချိတ်ဆက်မှု ပုံစံတွေ Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Network ကြိုးတွေ၊ Computer တွေ စတာတွေ အားလုံးသည် Network ရဲ့ Topology ထဲမှာ အားလုံး ပါဝင်ပါတယ်။
၎င်း Network ကြိုးတွေ Computer တွေပေါ် မူတည်ပြီး  Network Toplogy
တွေ ကွဲပြားပြီး ထွက်လာပါတယ်။ အဲဒီလို ကွဲပြားပြီး ပေါ်ထွက်လာတဲ့ Network Topology ကို အမျိုးအစား (၄) မျိုး
ခွဲထားပါတယ်။ အဲဒီ Network Topology အမျိုးအစားတွေကတော့
(1) Bus Topology
(2) Ring Topology
(3) Star Topology
(4) Mash Topology တို့ပဲ ဖြစ်ပါတယ်။

(1)    Bus Topology ရဲ့ ပုံသဏ္ဍန်








ကျွန်တော် အထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Bus Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍာန်ပဲ
ဖြစ်ပါတယ်။ Bus Topology ရဲ့ Network ချိတ်ဆက်မှုတွင် Backbone နှင့် Segment ဆိုပြီး (၂)မျိုး ဆွဲထားပါတယ်။
Segment အားလုံးသည် Backbone နဲ့ သွားရောက် ချိတ်ဆက်ထားရပါတယ်။ ၎င်း Backbone နဲ့ Segment ကို
ချိတ်ဆက်ရာတွင် Connector ဖြင့် ချိတ်ဆက်ရပါတယ်။ Bus Topology ဖြင့် Network ချိတ်ဆက်မှုတွင် ပထမဆုံး
Computer နှင့် နောက်ဆုံး Computer တို့ရဲ့ အစွန်းတစ်ဖက်စီမှာ Tarminator ဖြင့် ပိတ်ထားပေးရပါတယ်။ Bus
Topology မှာ အသုံးပြုတဲ့ Cable ကြိုးကတော့ Coaxial Cable ကြိုးကို အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။

(2)    Ring Topology









Physical အရမြင်နေရပုံ

ကျွန်တော် အထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Ring Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍန်ပဲ
ဖြစ်ပါတယ်။ ကျွန်တော်က Ring Topology မှာ Logical အရ အလုပ်လုပ်ပုံနှင့် Physical အရ မြင်နေရပုံ ဆိုပြီး ပုံ(၂)ပုံကို
တွဲလျှက် ယှဉ်ပြထားပါတယ်။ ၎င်း ပုံ(2)သည် အတူတူပဲ ဖြစ်ပါတယ်။ Ring Topology ဖြင့် Network ချိတ်ဆက်မှုတွင်
Physical အရ ကြည့်လိုက်ရင် Star Topology ဖြင့် ဆင်တူပါတယ်။ သို့သော် Physical အရ Star Topology ဖြင့်
တူသော်လည်း တကယ်တမ်း Logical အရ အလုပ်လုပ်တဲ့ ပုံစံကတော့ Ring ပုံစံဖြင့် အလုပ်လုပ်ပါတယ်။
အဘယ်ကြောင့်ဆိုသော် Ring Topology မှာ အသုံးပြုတဲ့ Central Davice က MAU (Multi Session Access Unit) ကို
အသုံးပြုပြီး ချိတ်ဆက်ထားရလို့ပဲ ဖြစ်ပါတယ်။ MAU Device ရဲ့ Logical အရ အလုပ်လုပ်တဲ့ပုံစံသည် Ring ပုံစံဖြင့်
အလုပ်လုပ်ပါတယ်။ Ring Topology မှာ အသုံးပြုတဲ့ Cable ကတော့ STP (Shielded  Twisted Pair) Cable ကို
အသုံးပြုပြီး ချိတ်ဆက်ရပါမယ်။

(3) Star Topology










ကျွန်တော် အခုအထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Star Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍာန်ပဲ
ဖြစ်ပါတယ်။ Star Topology တွင် အသုံးပြုရတဲ့ Central Device ကတော့ Switch ကို အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။
၎င်း Switch သည် Switching ပိုင်းကို လုပ်ပေးရပါတယ်။ Star Topology မှာ အသုံးပြုတဲ့ Cable ကတော့ UTP
(Unshielded Twistad Pair) Cable ပဲ ဖြစ်ပါတယ်။

(4) Mesh Topology










ကျွန်တော် အခုအထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Mesh Topology ရဲ့ Network ချိတ်ဆက်မှုသည် Cable
များကို ရှုတ်ထွေးစွာ ချိတ်ဆက်ထားရပါတယ်။ ထို့ကြောင့် Mesh Topology ဖြင့် Network ချိတ်ဆက်မှုသည်
အမှားဒဏ်ကို ခံနိုင်မှု စွမ်းရည်ရှိပါတယ်။ သို့သော် Cable တွေရဲ့ ကုန်ကျမှုစရိတ်သည် အင်မတန်ကို များပြားပါတယ်။
Network ရဲ့ Physical Topologices ဖြစ်တဲ့ Bus Topology, Ring Topology, Star Topology နှင့် Mesh
Topology တို့သည် တစ်ခုနှင့်တစ်ခု တွဲလျှက်ချိတ်ဆက်ထားနိုင်သလို သိးသန့် Network Topology
တစ်ခုအနေနှင့်လည်းတည်ရှိနေနိုင်ပါတယ်။ ကျွန်တော်က အောက်မှာ ဥပမာအနေဖြင့် Network ရဲ့ Topology များ
အတူတကွ တည်ရှိနေပုံကို ဆွဲပြပေးလိုက်ပါတယ်။











Network ရဲ့ Topology များ တစ်ခုနှင့် တစ်ခု တွဲလျှက်ရှိပြီး Network ချိတ်ဆက်ထားပုံ

ကဲကဲ---Network ရဲ့ Topology အကြောင်းကတော့ ဒီလောက်ပါပဲ...။
ဒီတော့ နောက်ဆုံးအနေနဲ့ ကျွန်တော် တစ်ခုလောက်ထပ်မှာပါရစေ Network Topology ဆိုတာ Computer များ
တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်ကို Network Topology လို့
ခေါ်ပါတယ်။
Rev: Online Creator
Read More ...

Peer to Peer Network တစ်ခုတည်ဆောက်ခြင်း


                          ကျွန်တော်တို့ Peer Network (or) Workgroup ချိတ်ဆက်တော့မယ်ဆိုရင် Hardware ပိုင်းအနေနှင့်ကတော့ (၁)Network ချိတ်ဆက်မယ့် Computer တွေလိုအပ်မယ်။ (၂) Computer အသီးသီးမှာ Network Card တွေရှိရမယ်။ (၃)၄င်း Network Card တွေကိုချိတ်ဆက်ဖို့အတွက် Network Cable တွေလိုအပ်မယ်။ (၄) ၄င်းနောက် Central Connecting Device ဖြစ်တဲ့ Hub (or) Switch တွေလိုအပ်မယ်။
Hardware ပိုင်းအနေနဲ့က ဒါတွေရှိရင် Network ချိတ်လို့ရပါပြီ။ Peer Network မှာ NOS ဆိုတဲ့ Network Operating System သီးခြားမလိုအပ်ပါဘူး။ ကိုယ့်စက်မှာ အသုံးပြုနေတဲ့ Microsoft Windows နဲ့တင် Network တစ်ခုတည်ဆောက်လို့ ရပါတယ်။Workgroup Network တစ်ခုမှာရှိတဲ့ Computer တိုင်းမှာ Network Card Driver တင်ပြီးသားဖြစ်နေရပါမယ်။  Computer အသီးသီးမှာ UserAccount ရှိရမယ်။ ၄င်း User Account ဟာလည်း Computer Administrator Account တစ်ခုဖြစ်ရမယ်။ ၄င်းနောက်Network ချိတ်ဆက်တဲ့အခါမှာ အရေးကြီးဆုံး ဖြစ်တဲ့ TCP / IP Address တွေ သတ်မှတ်ပေးရမယ်။ ၄င်း TCP/ IP Address တွေဟာ တစ်ခုနဲ့တစ်ခုတူလို့မရဘူးနော်။ TCP / IP Address တွေတူနေလို့ ရှိရင် Network မိမှာမဟုတ်ဘူး။
TCP/IP Address သတ်မှတ်ပြီးလို့ရှိရင် Service (File and Printer Sharing for Microsoft Networks ) Run
ပေးရပါမယ်။ ၄င်း Service ဟာ File တွေ Printer တွေကို Share ပေးဖို့အတွက်ပါ။ ၄င်းနောက် Client for Microsoft
Network က Runနေရပါမယ်။ အဲဒါပြီးရင် Computer Name တွေသတ်မှတ်ပေးရမယ်။ ၄င်း Computer Name
တွေကလည်းပဲ မတူရပါဘူး။ ဒါကြောင့်မို့လို့ Computer Name တွေကို သတ်မှတ်တဲ့အခါမှာ
စနစ်တကျသတ်မှတ်ပေးရပါမယ်။ Workgroup Network တည်ဆောက်တာဖြစ်တဲ့အတွက် Workgroup Name
တွေလည်းသတ်မှတ်ပေးရမယ်။ Workgroup Name တွေကျတော့ တူကိုတူရမယ်။ မတူလို့ မရပါဘူး။ ရှုပ်မသွားနဲ့အုံးနော်။
ရှင်းသွားအောင်နောက်တစ်ခေါက်ထပ်ပြောမယ်။ Workgroup Network တစ်ခုတည်ဆောက်မယ်ဆိုရင်
- User Account
- မတူညီတဲ့ TCP / IP Address
- File and Printer Sharing Service
- မတူညီတဲ့ Computer Name
- တူညီတဲ့ Workgroup Name   တို့ လိုအပ်ပါတယ်။
ကဲ........ ဒါဆိုရင် Workgroup Network တစ်ခုတည်ဆောက်ကြရအောင်။ ပထမဦးဆုံး User Account တစ်ခုနဲ့
Computer ကို Log on ၀င်လိုက်ပါ။ ၄င်းနောက် Network Card တွေကို Driver တင်ထားလားဆိုတာကို စစ်ဆေးပါ။
Driver တင်မထားလို့ရှိရင် Driver တင်ပေး လိုက်ပါ။ Network Card Driver တင်ပြီးလိုက်တာနဲ့တစ်ပြိုင်ထဲ File and
Printer Sharing for Microsoft Networks Service နဲ့ Client for Microsoft Networks ဟာ တစ်ခါထဲ Run
ပြီးသားဖြစ်သွားမှာပါ။ အောက်မှာပြထားတဲ့ ပုံကိုကြည့်လိုက်ပါ။




၎င်းပုံထဲမှ Client for Microsoft Network နဲ့ File and Printer Sharing for Microsoft Network ဆိုတဲ့ဘေးမှာ ရှိတဲ့
check box တွေက on မထားသေးဘူးဆိုလို့ရှိရင် ၄င်း check box တွေကို on ပေးလိုက်ပါ။


အခု TCP / IP Address သတ်မှတ်ကြရအောင်။ TCP/IP Address ကိုသတ်မှတ်မယ်ဆိုလို့ရှိရင် Local Area
Connection ကိုရောက်အောင်သွားရမှာ ဖြစ်ပါတယ်။. Local Area Connection ကိုသွားမယ်ဆိုရင် Desktop ပေါ်မှာရှိတဲ့
My Network Place ကို Right Click နှိပ်ပြီးတော့ Properties ကိုနှိပ်လိုက်ပါ။



အဲဒါဆိုလို့ရှိရင် Local Area Connection box ကျလာပါလိမ့်မယ်။




ဒါမှမဟုတ် နောက်တစ်နည်းက Start ကနေ Control Panel ကို သွားလိုက်ပါ။



Control Panel Windows Box ပွင့်လာပါ့မယ်။ အောက်မှာပုံကိုကြည့်လိုက်ပါ။



၎င်း Control Panel Windows Box ထဲက Network Connections ဆိုတာ တွေ့တယ်မဟုတ်လား။ ၄င်း Network
Connection Icon လေးကို နှစ်ချက်နှိပ်ပြီးတော့ Open လုပ်လိုက်ပါ။



Network Connection Windows Box ကျလာပါလိမ့်မယ်။



၎င်း Network Connection Windows Box ထဲမှာ Local Area Connection ဆိုပြီး Computer နှစ်လုံးပုံ Icon
လေးကို တွေ့ရပါလိမ့်မယ်။ ဒီ နေရာမှာ တစ်ခုပြောချင်တာက ၄င်း Local Area Connection Icon ပေါ်မနေဘူးဆိုရင်တော့
အဲဒီစက်မှာ Network Card Driver တင်မထားလို့ပါပဲ။ Network Card Driver တင်ထားမှ ၄င်း Local Area Connection
Icon ပေါ်နေမှာဖြစ်ပါတယ်။ကဲ.....ဆက်ကြရအောင်။ ၄င်း Local Area Connection ကို Right Click တစ်ချက်နှိပ်လိုက်ပြီး
Properties နှိပ်လိုက်ပါ။



Local Area Connection Properties Box ပွင့်လာပါပြီ။



၎င်း Local Area Connection Properties Box ထဲက Internet Protocol (TCP / IP) ဆိုတာကို Select
မှတ်ပြီးတော့ Properties ဆိုတဲ့ Button ကို Click တစ်ချက်နှိပ်ပါ။



ဒီတစ်ခါတော့ TCP / IP Address ပေးလို့ရမယ့် Internet Protocol (TCP / IP) Properties Box ပေါ်လာပါပြီ။



၎င်း TCP / IP Properties Box ထဲမှာ Use the following IP Address ကို တစ်ချက်နှိပ်ပြီး On ပေးလိုက်ပါ။
အဲဒါဆိုရင် IP Address သတ် မှတ်လို့ ရသွားပါပြီ။



ကဲ.....အဲဒါဆိုရင် ကျွန်တော်တို့ TCP / IP Address သတ်မှတ်လိုက်ကြရအောင်။ TCP / IP Address ပေးတဲ့အခါမှာ
ကိုယ်ပေးချင်တဲ့ Address (ပေးချင်တဲ့ Class) ကို ပေးလို့ရပါတယ်။ ဒါပေမယ့် အရေးကြီးတာက Network တစ်ခုထဲမှာ
Computer အားလုံးကပေးတဲ့ TCP / IP Address ဟာ Class တူရပါမယ်။ တူညီတဲ့ Subnet Mask တစ်ခုအတွင်းမှာ
ရှိရမယ်။ ကျွန်တော်ကတော့ ဥပမာအနေနဲ့ Class C ကို အသုံးပြုပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ IP Address နေရာမှာ
192.168.10.1 လို့ ရိုက်ထည့်လိုက်ပါ။



အဲဒီမှာ IP Address ရဲ့အောက်က Subnet Mask ကိုလည်း သတ်မှတ်ပေးရပါမယ်။ ၄င်း Subnet Mask
ကိုမိမိဘာသာသတ်မှတ်လို့လည်းရတယ်။ ဒါမှမဟုတ် ၄င်း Subnet Mask ရဲ့ Box လေးထဲကို Click
တစ်ချက်နှိပ်လိုက်ရင်လည်း အလိုအလျောက် Subnet Mask ကျလာပါလိမ့်မယ်။



ကဲ.....TCP / IP Address တွေ Subnet Mask တွေသတ်မှတ်ပြီးပြီဆိုရင် ၄င်း Internet Protocol (TCP / IP)
Properties Box ထဲက OK ကို နှိပ်လိုက်ပါ။ ၄င်းနောက် Local Area Connection Properties Box ထဲက Closeကို
ထပ်နှိပ်ပါ။ TCP / IP Address သတ်မှတ်လို့ပြီးသွားပါပြီ။ ဒါပေမယ့် Computer တစ်လုံးနဲ့တစ်လုံး Network
မမိသေးဘူးနော်။ Computer Name တွေ၊ Workgroup Name တွေ သတ်မှတ်ပေးရဦးမယ်။ Computer Name နဲ့
Workgroup Name သတ်မှတ်ဖို့အတွက် မိမိ Computer ရဲ့ Desktop ပေါ်မှာရှိတဲ့ My Computer Icon ကို Right Click
နှိပ်ပြီး Properties ကို နှိပ်လိုက်ပါ။



System Properties Box ကျလာပါလိမ့်မယ်။ အောက်ကပုံကို ကြည့်လိုက်ပါ။



၎င်း System Properties Box ထဲက Computer Name ဆိုတဲ့ Tag လေးကို Click လိုက်ပါ။



၎င်း Box ထဲမှာ Full Computer Name တွေ၊ Workgroup Name တွေရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က
စနစ်တကျသတ်မှတ်ဖို့ရန်အ တွက် ၄င်းတို့ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် Computer Name နဲ့ Workgroup
Name ကို Change ဖို့အတွက် ၄င်း Box ထဲက Change ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် Computer
Name နဲ့ Workgroup Name တွေကို Change လို့ရမယ့် Box ပေါ်လာပါပြီ။



၎င်း box ထဲက Computer Name နေရာမှာ Client 1 လို့အမည်ပေးလိုက်ပါ။ Workgroup မှာ HOME လို့ ပေးလိုက်ပါ။
Computer Name တွေ Workgroup Name တွေကို မိမိသတ်မှတ်ချင်တဲ့အမည်တွေ သတ်မှတ်လို့ရတယ်နော်။
အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။



အဲ.....Computer Name တွေ Workgroup Name တွေ သတ်မှတ်ပြီးလို့ရှိရင် OK ကို နှိပ်လိုက်ပါ။ Welcome to
HOME Workgroup ဆိုတဲ့ Boxလေး ပေါ်လာပါပြီ။ Ok ထပ်နှိပ်လိုက်ပါ။



ဒီတစ်ခါတော့ မိမိ Change လိုက်တဲ့ဟာတွေကို အကျိုးသတ်ရောက်စေချင်ရင် Restart ချရမယ်ဆိုတဲ့ Box ကျလာပါပြီ။



OK ကိုနှိပ်လိုက်ပါ။ ၄င်းနောက် System Properties Box ထဲက OK ကိုထပ်နှိပ်လိုက်ပါ။ Restart အခုလုပ်မှာလားဆိုတဲ့
Box ထပ်ကျလာပါလိမ့်မယ်။ အဲဒါဆိုရင် Restart ချဖို့အတွက် Yes ကို နှိပ်လိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။
မိမိပြောင်းထားတဲ့ computer name တွေ ၊ Workgroup name တွေကိုအကျိုးသက်ရောက်စေချင်တယ်ဆိုလို့ရှိရင်
Restart ကချကိုချပေးရမှာပါ။ Restart မချလို့ရှိရင် မိမိပြောင်းထားတဲ့အရာတွေဟာ အကျိုးမသက်ရောက်ပါဘူး။
အထက်ကလုပ်ဆောင်ချက်တွေကို Wrokgroup ချိတ်ဆက်မယ့် Computer အသီးသီးမှာပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကျွန်တော် Hub (or) Switch လိုတယ်လို့ပြောခဲ့တယ် နော်။ Hub (သို့မဟုတ်) Switch ကို Central Device
အနေနဲ့ထားပြီး Computer အားလုံးကို ချိတ်ဆက်တာပါ။ Network Cable တွေကို Computer ရဲ့ Network Card မှာ
တစ်ဖက်၊ Switch မှာ တစ်ဖက်တပ်လိုက်ပါ။ အားလုံးလုပ်ပြီးပြီဆိုရင် Computer တွေအချင်းချင်း Network မိ မမိ
စမ်းသပ်လို့ရသွားပါပြီ။ ချိတ်ဆက်မှုမိ မမိစမ်းသပ်ချင်ရင်တော့ ping Command ကို အသုံးပြုရပါတယ်။ Start ကနေ Run
Box ထဲကို cmd လို့ရိုက်ပြီး OK နှိပ်လိုက်လို့ရှိရင် Command Prompt ကို ရောက်ပါတယ်။ ၄င်း Command Prompt
ထဲမှာ ping IP Address (or) User Name ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။



Computer တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်မိပြီဆိုလို့ရှိရင် Reply from........ ဆိုပြီးပေါ်လာပါလိမ့်မယ်။



အကယ်၍ ချိတ်ဆက်မှုမမိဘူးဆိုရင်တော့ Destination Host Unreachable (or) Request Time Out ဆိုပြီး Error
တစ်မျိုးမျိုးနဲ့ ဖော်ပြနေပါ လိမ့်မယ်။



အဲဒီလို ချိတ်ဆက်မှုမမိသေးဘူးဆိုရင်တော့ မိမိရဲ့ Network Card တွေ Network Cable တွေနဲ့ အခြားအရာများကို
သေသေချာချာ စစ်ဆေးကြည့်ပါ။ ကဲဗျာ.... ဒီလောက်ဆိုရင်တော့ Peer Network (or) Workgroup ချိတ်ဆက်တာကို ရလောက်ပြီလို့ထင်ပါတယ်။
Xai Yak မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Read More ...

Remote Desktop Connection ဆိုတာဘာလဲ။






                       ကဲဒီတစ်ခေါက်တော့ Microsoft ရဲ့ Operating System တွေမှာပါဝင်တဲ့ Feature တွေထဲက Remote Desktop Connection ဆိုတဲ့ Feature လေးအကြောင်းကို မိတ်ဆက်တင်ပြပေးချင်ပါတယ်။ ဒီ Remote Desktop Connection ဆိုတဲ့ Feature လေးဟာ သုံးစွဲဖူးသူ user များတော်တော်လေး ကြိုက်နှစ်သက်ကြတဲ့ Feature ကောင်းလေး တစ်ခု ဖြစ်ပါတယ်။
ဒီ Remote Desktop Connection အကြောင်းကို Microsoft Windows Operating System တွေနဲ့ ရင်းနှီးနေပြီးသား ဖြစ်တဲ့ Online ICT Reader ပရိသတ်ကြီး အနေနဲ့ သိပ်မစိမ်းလှဘူးလို့တော့ ထင်ပါတယ်။ ဒီ Remote Desktop Connection က ဘယ်လို Feature မျိုးလဲ၊ ဘယ်လိုနေရာတွေမှာ သုံးရတာလဲဆိုတာလေးကို ကျွန်တော်ကဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဘယ်လို Feature မျိုးလဲဆိုတော့ ............... ကွန်ပျူတာ နှစ်လုံးရှိတယ်၊ အဲဒီ ကွန်ပျူတာ နှစ်လုံးက Network တစ်ခုတည်းအတွင်းမှာပဲရှိတာလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် Connection အချိတ်အဆက် မိနေတဲ့ သီးခြား Network တစ်ခုစီမှာ တည်ရှိနေတာလည်းဖြစ်နိုင်တယ်၊ ဘာပဲပြောပြော အဲဒီ ကွန်ပျူတာနှစ်လုံးဟာ Network Connection မိနေဖို့တော့ လိုတယ်။ အဲဒါဆိုရင် ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B ပဲထားပါတော့ သူတို့ နှစ်လုံးစလုံးကို User တစ်ယောက်တည်းက အသုံးပြုနေတာဖြစ်တယ်။ အဲဒီမှာ User က ကွန်ပျူတာ A မှာ ထိုင်သုံးနေရင်းနဲ့ ကွန်ပျူတာ B မှာ လုပ်ရမယ့် အလုပ်တွေကလည်းပေါ်လာတယ်ဆိုပါတော့။ (ဥပမာ User က ကွန်ပျူတာ A မှာ ပုံမှန် Office Application လေးတွေနဲ့ အလုပ်လုပ်နေတုန်း Photoshop CS နဲ့ လုပ်ရမယ့် အလုပ်လေးတွေကပေါ်လာမယ် အဲဒီ Photoshop CS ကလည်း ကွန်ပျူတာ A မှာ မရှိဘူး ကွန်ပျူတာ B မှာပဲ ရှိတယ်ဆိုပါတော့၊) အဲဒီလို အနေအထားမျိုးမှာ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B နဲ့က ဟိုဘက်ဒီဘက် နီးနီးလေးဆိုရင်တော့ထားပါတော့။ ဒါပေမယ့် အဲလို မဟုတ်ဘဲ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B က ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး တော်တော်ဝေးတယ် ဒါပေမယ့် Network တော့ ချိတ်ထားတယ် ဆိုရင်တော့ User ဟာ ကွန်ပျူတာ B ဆီကို ထသွားစရာမလိုပါဘူး။ ကွန်ပျူတာ A ကနေပဲ Remote Desktop Connection ကို သုံးပြီး ကွန်ပျူတာ B ကို လှမ်းပြီးချိတ်ဆက်နိုင်ပါတယ်။ လိုအပ်တဲ့ Configuration လေးတွေတော့ လုပ်ထားရမှာပေါ့နော်။
Remote Desktop Connection ချိတ်မိသွားပြီဆိုရင်တော့ User ဟာ ကွန်ပျူတာ A ရဲ့ ရှေ့မှာ ထိုင်နေပေမယ့် ကွန်ပျူတာ A ရဲ့ Monitor ပေါ်မှာကို ကွန်ပျူတာ B ရဲ့ Monitor မှာ မြင်ရမယ့် မြင်ကွင်းအတိုင်း မြင်နေရမှာဖြစ်ပြီး ကွန်ပျူတာ B ရဲ့ ရှေ့မှာ ထိုင်သုံးနေသကဲ့သို့ကို ကွန်ပျူတာ B မှာ ရှိသမျှ Program တွေ File တွေ Folder တွေအားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Monitor တစ်လုံးတည်းနဲ့ System Unit နှစ်လုံးကို တပြိုင်တည်းအသုံးပြုချင်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ခုနကလိုမျိုး အလှမ်းဝေးတဲ့ နေရာ နှစ်ခုမှာရှိနေတဲ့ ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်း အသုံးပြု ချင်တဲ့အခါမှာဖြစ်စေ Remote Desktop Connection ကို အသုံးပြုနိုင်ပါတယ်။ နိုင်ငံရပ်ခြား ကုမ္ပဏီကြီးတွေမှာဆိုရင် သူတို့ရဲ့ ၀န်ထမ်းတွေကို သူတို့ရဲ့ အိမ်မှာရှိတဲ့ ကွန်ပျူတာတွေကနေပဲ ရုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကွန်ပျူတာ အသီးသီးကို Remote Desktop Connection ကိုအသုံးပြုပြီး လှမ်းချိတ်ဆက်ကာ လုပ်စရာရှိတာတွေကို အိမ်မှာနေရင်းလည်းလုပ်နိုင်အောင် ဖန်တီးပေးထားတတ်ကြပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေရဲ့ အလုပ်ချိန်ကို ပိုမို အသုံးချနိုင်လာကြပါတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း အိမ်က ကွန်ပျူတာကို ကြားခံ သုံးနေရပေမယ့် တကယ့်တကယ် သုံးနေရတာက ရုံးကကွန်ပျူတာဖြစ်တဲ့အတွက် ရုံးမှာသုံးနေရတဲ့အတိုင်း အဆင်ပြေမှုကိုခံစားရမှာပါ။ နောက်နေ့ ရုံးကို ရောက်တော့လည်း ရုံးက ကွန်ပျူတာမှာ ညက အိမ်မှာ လုပ်ခဲ့တဲ့အတိုင်း ရပ်ထားခဲ့တဲ့ နေရာကနေ အခန့်သင့် ဆက်လုပ်ရုံ ဖြစ်တဲ့အတွက် ဘာမှ အခက်အခဲ အဆင်မပြေမှုတွေကို တွေ့ကြုံရမှာမဟုတ်ပါဘူး။
နောက်ပြီးတော့ သူ့ကို အသုံးပြုနိုင်တဲ့ အခြေအနေ နှစ်မျိုးရှိတယ်ဆိုတာကိုတော့ ပြောပြချင်ပါသေးတယ်။ Client to Client အခြေအနေ နဲ့ Client to Server အခြေအနေပါ။ ဘာကွာသလဲဆိုတော့ Client to Client မှာ ကွန်ပျူတာ A ကော ကွန်ပျူတာ B ကော ဟာ Client Operating System တွေ (ဥပမာ Windows XP) ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာဆိုရင် ကွန်ပျူတာ A ကနေ ကွန်ပျူတာ B ဆီကို  Remote Desktop Connection တစ်ခု တည်ဆောက်လိုက်မယ် ဆိုတာနဲ့ Connection မိသွားပြီ ဆိုရင် ကွန်ပျူတာ B ဟာ Auto Log off ဖြစ်သွားမှာဖြစ်ပါတယ်။ ကွန်ပျူတာ B ပေါ်မှာ လက်ရှိ Running ဖြစ်နေသမျှ Program အားလုံးဟာ ဒီအတိုင်း ကွန်ပျူတာ A ပေါ်မှာ ဆက်ပြီး Running ဖြစ်နေမှာဖြစ်ပါတယ်။ ကွန်ပျူတာ A ကနေ Remote Desktop Connection ကို ပိတ်လိုက်မယ်ဆိုရင်လည်း ကွန်ပျူတာ B ဟာ Log Off ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာ A ကနေတော့ Remote Desktop Connection ကို ထပ်မံ ချိတ်ဆက်ချင်သေးတယ်ဆိုရင် အချိန်မရွေး ပြန်လည် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ B ကို Log On ပြန်ဝင်စေချင်တယ် ဆိုရင်တော့ ကွန်ပျူတာ B ရဲ့ရှေ့မှာ သွားပြီး ကိုယ်တိုင်  Log On ၀င်ပေးဖို့လိုပါတယ်။ ကဲဒီလောက်ဆိုရင် Client to Client အနေအထား Remote Desktop Connection ဆိုတာဘယ်လိုပုံစံဆိုတာ တွေးမြင်သဘောပေါက်နိုင်ကြလောက်ပြီထင်ပါတယ်။
ဒါဆိုရင် နောက်တစ်မျိုးဖြစ်တဲ့ Client to Server အနေအထား အကြောင်းကို ဆက်ပြီးလေ့လာကြည့်ကြရအောင်။ Client to Server အနေအထားမျိုးကတော့ ခုနက အနေအထားမျိုးထက် အများကြီးပိုပြီး သုံးစွဲသင့်တဲ့ သုံးစွဲနိုင်တဲ့ နေရာတွေရှိပါတယ်။ အဲဒီလို အနေအထားမျိုးမှာ Server နေရာက ကွန်ပျူတာက Client နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး သုံးလို့ ရနိုင်ပေမယ့် သုံးတာကတော့ အင်မတန်နည်းပါတယ်။ ပုံမှန်အားဖြင့်ကတော့ Client နေရာက ကွန်ပျူတာကသာ Server နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး ချိတ်ဆက်သုံးလေ့ရှိပါတယ်။ ဒီနေရာမှာ Client နေရာက ကွန်ပျူတာဆိုတာက Client Operating System (ဥပမာ Microsoft Windows XP) တင်ထားတဲ့ ကွန်ပျူတာမျိုးလို့ အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။ ဒါဆိုရင် Server နေရာက ကွန်ပျူတာဆိုတာဟာလည်း Server Operating System (ဥပမာ Microsoft Windows Server 2003) တင်ထားတဲ့ ကွန်ပျူတာမျိုးဆိုတာ အလွယ်တကူ ဆက်စပ် တွေးမြင်နိုင်မယ်လို့ ထင်ပါတယ်နော်။
Client to Server အနေအထားမှာကျတော့ Client ကနေ Server ဆီကို လှမ်းပြီး Remote Desktop Connection လှမ်းပြီးချိတ်ဆက်လိုက်တဲ့ အချိန်မှာ Connection ချိတ်ဆက်မိသွားတဲ့ အချိန်မှာလည်း Server ဟာ Log Off ဖြစ်သွားမှာမဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိအနေအထားအတိုင်းပဲ ဆက်လက် Running ဖြစ်နေမှာဖြစ်ပါတယ်။ Client ဆီမှာလည်း Server ရဲ့ လက်ရှိအနေအထားကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ပထမဆုံးအကြိမ် လှမ်းချိတ်ဆက်တာ ဆိုရင် စတင် ချိတ်ဆက်မိသွားတဲ့အခါမှာ OS စတက်လာတဲ့အချိန် ပထမဆုံး Log On ၀င်တုန်းကပုံစံအတိုင်း တက်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Server မှာ ရှိတဲ့ Program တွေ File တွေနဲ့ Folder တွေကိုတော့ ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီအနေအထားဟာ User တစ်ယောက်တည်းက ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်းသုံးတဲ့ အနေအထားမျိုးမဟုတ်တော့ဘဲ ကွန်ပျူတာတစ်လုံး (ပြောရမယ်ဆိုရင် စွမ်းရည်မြင့် Server ပေါ့) မှာရှိတဲ့ Resources တွေ (တနည်းပြောရရင် တင်ထားတဲ့ Program တွေ Data တွေ ပြီးတော့ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ Hardware Peripheral တွေ) ကို စွမ်းဆောင်ရည် အနည်းငယ်သာရှိတဲ့ ကွန်ပျူတာလေးတွေက ရယူသုံးစွဲပြီး လုပ်စရာရှိတာတွေကို အဲဒီ Server ပေါ်မှာ တခါတည်းလုပ် ပြီးရင် တခါတည်းအဲဒီ Server ပေါ်မှာပဲ သိမ်းဆည်းထားခဲ့နိုင်တဲ့ အနေအထားဖြစ်သွားပါပြီ်။ အဲဒီတော့ Client ကွန်ပျူတာလေးတွေများစွာမှာ Data သိမ်းဆည်းဖို့ အတွက် Hard Disk ပမာဏ များများလည်း တပ်ဆင်ထားစရာ မလိုတော့သလို Program တွေ အများကြီးကိုလည်း အလေးခံပြီး တင်ထားစရာမလိုတော့ပါဘူး။ ပြီတော့ Processing လုပ်မယ့် Data တွေကိုလည်း Server ပေါ်ကနေပဲ တခါတည်းရယူပြီး Process လုပ်၊ ပြီးရင်လည်း အချောထည် (Processing လုပ်ပြီးသား) Data တွေကို Server ပေါ်မှာပဲ တခါတည်း သိမ်းခဲ့ဆိုတော့ Data Centralized Management ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
Client to Client အနေအထားမှာ Remote Desktop Connection ဟာ တစ်ခုထက် ပိုပြီးတည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ဆုံး Connection တစ်ခုထဲပဲ Active ဖြစ်ကျန်နေမှာဖြစ်ပြီး သူ့ရှေ့က တည်ဆောက်ထားတဲ့ Connection (လှမ်းချိတ်ဆက်ခံထားရတဲ့ Host ကွန်ပျူတာ အပါအ၀င်ပေါ့) တွေအားလုံးဟာ Inactive (Log Off) ဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် Client to Server အနေအထားမှာတော့ Server (လှမ်းချိတ်ဆက်ခံရမယ့် Host ကွန်ပျူတာပေါ့နော်) ဆီကို Client နှစ်ဦးထက်မကက တပြိုင်နက်တည်းမှာတင် လှမ်းပြီးချိတ်ဆက်နိုင်ပါတယ်။ သူတို့တွေဟာ တပြိုင်နက်တည်းမှာပဲ Server ပေါ်မှာ လုပ်ဆောင်စရာရှိတာတွေကို အသီးသီး လုပ်ဆောင်နေနိုင်ကြပါတယ်။ Server ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီးတော့ ပမာဏပိုမိုများပြားလာဖို့သာရှိပါတယ်။
Client to Client အနေအထားမှာတော့ Host ကွန်ပျူတာရဲ့ ဘယ်အစိတ်အပိုင်း ဘယ် Program တွေကို ရယူသုံးစွဲခွင့်ပေးမှာလဲ ဆိုတဲ့ Permission အပိုင်းဟာ သိပ်ပြီး စဉ်းစားကြလေ့မရှိပါဘူး။ ဒါပေမယ့် Client to Server အနေအထားမှာကျတော့ Permission အပိုင်းဟာ တော်တော်လေး ထည့်သွင်းစဉ်းစားကြလေ့ရှိသလို မေ့ထားလို့လဲ မသင့်တဲ့ အနေအထားဖြစ်ပါတယ်။ Server ကိုလှမ်းပြီး ချိတ်ဆက်မယ့် Client အရေအတွက်က တစ်လုံးထက်မကတဲ့အတွက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် Client တစ်လုံးချင်းစီအတွက် (User တစ်ယောက်ချင်းစီအတွက်) ကို သီးသန့် သက်ဆိုင်ရာ Permission တွေ ပေးထားဖို့လိုပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Remote Desktop Connection ဆိုတာ ဘယ်လို Feature မျိုးလဲဆိုတာရယ် သူ့ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးလို့ရတယ်ဆိုတာတွေကို သဘောပေါက် တွေးမြင်နိုင်ကြလောက်ပြီလို့ထင်ပါတယ်နော်။

Xai Yak မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
Read More ...
Related Posts Plugin for WordPress, Blogger...