Gtalk မှာ မိမိနားထောင်နေတဲ့သီလေးလေးပေါ်ချင်တယ်ဆိုပြီးတော့ ကျွန်တော့်ကို Mail မှာ ခဏခဏ မေးဖူးတယ်ဗျ။အဲဒီအချိန်တုန်းကတော့ ဘာမှန်းမသိသေးတာနဲ့ဘဲ မဖြေဖြစ်ဘူးဗျာ။ အခုမှဘဲ နည်းလမ်းလေးတစ်ခုတွေ့ထားလို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။သိပြီးသားသူငယ်ချင်းများ
လည်းရှိပါတယ်။ ကျွန်တော် က မသိသေးသူများအတွက်ရည်ရွယ်ပြီးမျှဝေပေးလိုက်ရပါတယ်။ နည်းလမ်းက
တော့လွယ်လွယ်လေးပါ။
Window Media Player နဲ့ မိမိနားထောင်ချင်တဲ့သီချင်းလေးကိုအရင်ဖွင့်ထားလိုက်ပါ။ ပြီးသွားရင် Tools > Options >Plug-ins ကိုရွေးပေးပါ။ ပြီးသွားရင် Category: ထဲကနေပြီးတော့ Background ကိုရွေးပေး
ပါ။ ဒါဆိုရင် ဘေးကအကွက်လေးမှာ Google Talk Music Plugin ကို ကိုအမှန်ခြစ်ပေးပါ ။ ပြီးသွားရင် Ok
နှိပ်ပေးပါ။

Gtalk မှာ အပေါ်ကပုံအတိုင်းရွေးပေးလိုက်တာနဲ့ မိမိနားထောင်နေတဲ့သီချင်းကိုပေါ်လာမှာဘဲဖြစ်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ။
ကျွှန်တော ကွန်ပြူတာမှာ google talk music plugin မပေါ်ဘူးဖြစ်နေတယ်
ReplyDeleteပြောပြပေးပါဦးနော် သိချင်လို့ပါ