ပထမဆုံးအနေနဲ့ ကျွန်တော့်ဆိုဒ်မှာ အမြဲတမ်း ၀င်ပြီး Software တွေကို ဒေါင်းလုပ်ဆွဲနေကြ
တဲ့သူငယ်ချင်းများအားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ဒီတစ်ခေါက်ဖျက်
ခံရတာ တော်တော်ကြီးကိုဆိုးဝါးတယ်ဗျာ။ ကျွန်တော်အချိန်ကုန်ခံ ပိုက်ဆံအကုန်အကျတွေခံပြီးတင်ထား
ရတာတွေအားလုံး သဲထဲရေသွန်လိုက်သလိုဘဲဗျာ။ ပထမဆုံးအကြိမ်တုန်းက Minus မှာတင်ထားတဲ့ File
တွေ စုစုပေါင်း 250 ကျော် 300 နီးပါး ရှိတဲ့ Account အဖျက်ခံလိုက်ရတယ်ဗျာ။ အဲဒီတုန်းက ကျွန်တော်
နည်းနည်းလေးစိတ်ဓါတ်ကျသွားတယ်ဗျာ။ ဒါပေမယ့်လည်း ပညာဒါနကုသိုလ်ရပါတယ်လေဆိုပြီး နောက်
တစ်ကြိမ် Mediafire မှာ ထပ်တင်တယ် File ပေါင်း 100 ကျော်ကျော်လောက်တင်ပြီးမှဘဲ အဖျက်ခံလိုက်ရ
ပြန်တယ်ဗျာ။
Mediafire မှာ Accountတစ်ခုထပ်လုပ်ပြီးတော့ Upload တင်တယ်။ ဒီတစ်ခါတင်တာတွေက ရှယ်တွေချည်း
ဘဲဗျာ။ File Size တွေအကြီးတွေလည်းပါတယ်။ ကျွန်တော်အရမ်းသဘောကျတဲ့ တရားခွေလည်းပါတယ်။
အဲဒီတရားခွေဆိုရင် 1ပတ်ကျော်လောက်ကြာတယ်ဗျာ။ အခြားအရမ်းကောင်းတဲ့ Software တွေလည်းအ
များကြီးပါတယ်။ ကျွန်တော့်ရဲ့ မရှိမယ့်ရှိမယ့် ဖုန်းကွန်နရှင်လေးနဲ့ Upload တွေတင်ထားရတာ File တွေ
100 ကျော်သွားပြီလေ။ ပိုက်ဆံလည်းတော်တော်ကုန်သွားတယ်။ အဲဒါကြီးပါထပ်ပြီး အဖျက်ခံလိုက်ရတော့
ကျွန်တော် တော်တော်ကြီးကို စိတ်ဓါတ်ကျသွားတယ်။ ဒီ Website တစ်ခုလုံးကို ဖျက်ပစ်ဖို့အထိတောင်စိတ်
ကူမိတယ်ဗျာ။
အခုတော့ ကျွန်တော်ဘယ် Website မှာ ပြန်တင်ရင် ပိုအဆင်မပြေမလည်းလို့စဉ်းစား
နေတုန်းဗျာ။ သူငယ်ချင်းများ ဆရာသမားများလည်း စိတ်ချရမယ် Upload တင်လို့ကောင်းမယ့် ဆိုဒ်လေး
ရှိရင်ကျွန်တော့်ကိုပြန်ပြီး Share ခဲ့ပါဦးဗျာ။ လောလောဆယ်တော့ 4share မှာတင်မလားလို့ စဉ်းစား
နေတာဗျ။ 4Share ကလည်း Account တစ်ခုလုပ်ထားမှ upload တင်ထားတာတွေကို ဒေါင်းလုပ်ဆွဲခွင့်
ပေးတဲ့ ဆိုဒ်မျိုးဆိုတော့ သူငယ်ချင်းအားလုံးအတွက်အဆင်မပြေမှာစိုးတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တင်
ပေးဖြစ်မယ်ဆိုရင်လည်း Account တစ်ခုလုပ်နည်းကို ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
Account လုပ်ရတာလည်းလွယ်ပါတယ်။ ဒါကလည်းမသေချာသေးပါဘူး။ စမ်းပြီးတင်နေတုန်းရှိပါသေး
တယ်။
ထပ်ပြီးဆိုးရွားတာကတော့ အဲဒီ 4Share မှာစမ်းတင်နေတဲ့ File တွေကလည်း 22.6.2013
ဆိုရင် Expire ဖြစ်မယ်လို့ဖော်ပြထားတော့လည်း တင်ရမှာခပ်လန့်လန့်ဖြစ်နေပြန်တယ်ဗျာ။ ဒါပေမယ့်
ကိုယ်တင်တဲ့ File တွေက 6လလောက်ခံမယ်ဆိုရင်လည်း နည်းပညာလေ့လာနေတဲ့သူငယ်ချင်းတွေကို
6လလောက်အကျိုးပြုပေးနိုင်လည်းမဆိုးဘူးလို့ တွက်မိတယ်ဗျာ။ ကျွန်တော်ရှေ့တစ်ပတ်လောက်မှာတော့
Post ပြန်တင်ဖြစ်မယ်ထင်ပါတယ်ဗျာ။ ဒါကလည်းအလွန်ဆုံးပြောတာပါ။ မနက်ဖြန်သဘက်ခါလည်းတင်ဖြစ်
ချင်တင်ဖြစ်မှာပါ။ ကျွန်တော် အချိန်ကုန်ခံငွေကုန်ခံပြီးတင်တားတဲ့ File ပေါင်း 600 နီးပါးလောက်အဖျက်ခံ
ထားရတော့ ခဲမှန်ဘူးတဲ့စာသူငယ်ဖြစ်နေတယ်ဗျာ။
နောက်ပြီး ကျွန်တော်ရဲ့ ဒိုမိန်းကလည်း 2လပိုင်းဆို သက်တမ်းတိုးရဦးမှာဗျာ။ ဒီလိုဘဲဆက်
ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်ဆက်ပြီးမတင်ရဲသလောက်ဖြစ်နေပြီဗျ။ ကျွန်တော်ကတော့ စေတနာ
နဲ့တင်ပေးလိုက်တာ တင်သမျှကအဖျက်ခံနေရတော့ ဒေါင်းလုပ်ဆွဲတဲ့သူတွေက ဒီ www.pyaephyo.com
ဆိုတာကြီး အလကားပါ ဒေါင်းလို့လည်းမရဘူးဆိုပြီး စေတနာကို ဝေဒနာအထင်ခံရမှာလည်းစိုးရိမ်တယ်
ဗျာ။ ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်လေးများကိုပြီးဆုံးအောင်ဖတ်ပေးတဲ့သူငယ်ချင်းများအားလုံးကိုကျေး
ဇူးတင်ပါတယ်ဗျာ။
နည်းပညာလေ့လာသူများအားလုံးကိုအစဉ်လေးစားလျှက်
ဒီထက်ကောင်းအောင်အမြဲတမ်းကြိုးစားသွားမှာပါ။
Pyae Phyo (MMiTD)
အစ်ကိုပြည့်ဖြိုးရဲ့စိတ်ဓါတ်ကိုတော့လေးစားသွားပြီဗျာ။
ReplyDeleteစိတ်ဓါတ်မကျပါနဲ့  ။
ReplyDeleteအစစ အရာရာ အဆင်ပြေပါစေ ။
အစ်ကိုပြည့်ဖြိုး ကျနော် ကိုယ်ချင်းစာပါတယ်.ကျနော်တို့ ၀င်းကမ္ဘာကျော်လည်း.ဒီလိုကြုံခဲ့ရပြီးပါပြီ.
ReplyDeleteအစ်ကိုဘာလို့အဖျက်ခံနေရသလဲဆိုရင် အစ်ကိုတင်တဲ့ ဖိုင်တွေမှာ Crack , Keygen တွေပါနေတာကြောင့် Mediafire ကဖျက်ချခြင်းဖြစ်ပါတယ်..ဖျက်တာတောင် တန်းဖျက်တာမဟုတ်ပါဘူး..သတိပေးစာတွေပြပါသေးတယ်..ဒါကြောင့်အဖျက်ခံရတဲ့ အဓိက အကြောင်းရင်းက Crack ,Keygen တွေပါလို့ပါ.ဒါတွေကို သတိထားပါ..ကျနော့်ဆိုဒ်မယ် တင်ရင် Crack , Keygen တွေကိုအခြားဆိုဒ်မှာတင်ပေးပါတယ်..ဒေါင်း၇တာလဲအဆင်ပြေပါတယ်..Setup Files ကိုတော့ Mediafire ကနေတင်ပါတယ်..အစ်ကိုပြည့်ဖြိုး အဖျက်မခံချင်ဘူးဆိုရင် ကျနော့်ရဲ့ Mediafire ကိုယူသုံးနိုင်ပါတယ်.ကျနော် ဘန်းဝေ့ထ် 500GB အထိ ၀ယ်ထားပါတယ်..ဒါကြောင့် အစ်ကိုတင်ချင်တဲ့ တရားခွေးတွေ.စာအုပ်တွေ.Setup Files တွေကို ကျနော့်ရဲ့ Mediafire မှာလာတင်ပါ..ကျနော်ကြိုဆိုပါတယ်.ညီအစ်ကိုတွေဘဲဗျာ.ကိုယ်ချင်းစာပါတယ်..နောက်ပြီး..အခုကျနော်တို့သုံးနေတဲ့ Upload website အချို့ကိုပြောပြပါ့မယ်..တော်တော်များများလဲအဆင်ပြေပါတယ်.. www.tusfiles.net ,verzend.be , www.solidfiles.com , www.2shared.com , တွေက Crack ရော.Setup Files ပါ တင်လို့ရပါတယ်..အစ်ကို Mediafire သုံးချင်ရင်တော့ ကျနော့်ကိုပြောပါ.အားမနာပါနဲ့..အစ်ကို သုံးမယ်ဆိုရင် mailserver.npt@gmail.com , Ph - 09 420 700 582 ကိုဆက်သွယ်ပေးပါ..User and Pass ပြန်ပေးပါ့မယ်။
(ITHelper -www.winkabarkyaw.blogspot.com)
အကို့ရဲ့ ကူညီမှုကို ကျေးဇူးတင်ပါတယ်ဗျာ။ ဂုဏ်လည်းယူပါတယ်ဗျာ။
Deleteတကယ်စိတ်မကောင်းဖြစ်မိပါတယ်။ Post တွေတင်ဖြစ်အောင်ကြိုးစားပါအုန်း။
ReplyDeleteပျက်သွားတာတွေကဖြည်းဖြည်းချင်းပြန်တင်ရင်ရပါတယ်။စိတ်ဓါတ်မကျပါနဲ့။
အချိန်ကုန်၊ငွေကုန်တာကိုယ်ချင်းစာမိပါတယ်။ကိုယ်ကမျှဝေနေတာဘာစီးပွားရေးမှမပါမှန်းလူတိုင်သိပါတယ်။ကိုပြည့် Member တွေကအမြဲစောင့်မျှော်လျှက်ပါ။အမြဲအားပေးလျှက်ပါ။
ကျွန်တော်က http://sendspace.com/ မှာတင်ထားတာဘယ်တော့ဖျက်ခံရမလဲမသိဘူး။
အဆင်ပြေနိုင်ပါစေဗျာ။