
Android မှာသုံးနေတဲ့ Screen Lock လေးကို PC မှာလည်းအသုံးပြုနိုင်ပါတယ်ဗျာ။ ဒါလေး
ကိုအရင်ကလည်း ကျွန်တော်တစ်ခါတင်ပေးဖူးပါတယ်။ အခုက Version အသစ်ထွက်လာလို့ ပြန်ပြီး ထပ်
တင်ပေးလိုက်ပါတယ်ဗျာ။အောက်မှာ ပုံလေးနဲ့ ရှင်းပြထားပါတယ်ဗျာ။ အရင်တုန်းက ရှင်းပြတဲ့အတိုင်း
အတူတူပါဘဲ။ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ သူ့နာမည်က XUS PCLock ဘဲဖြစ်ပါတယ်။ Android ဖုန်း
တွေမှာ Screen ကို Lock ချတဲ့ဒီဇိုင်းလေးနဲ့ ကွန်ပြူတာကိုလည်း အဲဒီပုံစံမျိုး Lock ချလို့ရပါတယ်။ လက်
ညိုးလေးနဲ့ လုပ်ရတာနဲ့Mouse လေးနဲ့လုပ်ရတာဘဲကွာပါတယ်။ ကျွန်တော် Full Version လေးဘဲတင်ပေး
ထားပါတယ်။ကျန်တာတွေအားလုံးအတူတူပါဘဲ။တစ်ခုတော့အရင်ပြောထားပါရစေဗျာ။ ဒီကောင်လေး
ကို install လုပ်ပြီးတာနဲ့သူက အလိုလို Password ပေးပြီးသားဗျ။အဲဒီ Password ပုံစံလေးကZ ပုံစံလေး
ပါအခုအောက်မှာမြင်နေရတဲ့ပုံစံလေးဖြစ်ပါတယ်
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
ဒီအဆင့်လေးကတော့ နဂို ရှိပြီးသား Password ကိုဖြုတ်ချပြီး Password အသစ် ပေးမယ့်နည်းလမ်းလေးပါ။ XUS PCLock လေးကို Run လိုက်ပါ။ပြီး ပြီးသွားရင် Win key+C ကိုနှိပ်လိုက်ပါ။ XUS PCLock-Configure Box လေးကျလာပါလိမ့်မယ်။ အဲဒီ Box လေးမှာ ရှိပြီးသား Password ပုံစံဖြစ်တဲ့ Z ပုံစံလေးကို လုပ်ပြီး Reset Pattern လေးကိုနှိပ်လိုက်ပါ ဒါဆို Password မရှိတော့ပါဘူး။
အခုလိုပုံစံမျိုးလေး ပေါ်လာမှာပါ။
ဒါလေးကတော့ မိမိလိုချင်တဲ့ Password အသစ်လေး ထားမယ့်အဆင့်ပါ မိမိလိုချင်တဲ့ ပုံစံလေးသတ်မှတ်
ပေးပြီးသွားပြီဆိုရင်တော့ Ok နှိပ်လိုက်ပါ။ Save လုပ်မလားဆိုတဲ့ Message Box လေးကျလာပါလိမ့်မယ်။ No ကိုနှိပ်ပေးပါ။ဒါဆိုရင် Password ပေးတဲ့အဆင့်ပြီးဆုံးသွားပါပြီ။
ဒါကတော့ Window မှာ Lock ကျနေတဲ့မြင်ကွင်းလေးပါ။ညာဖက်ထာင့်က အကွက်လေးနှစ်ကွက်ကိုရှင်းပြ
ချင်ပါတယ်
၁။ အဲဒီအကွက်လေးကတော့ မိမိ Password နှိပ်တဲ့အခါမှာ ဘယ်လိုမျိုးပုံစံလည်းဆိုတာကိုမြင်ရမှာဖြစ်
ပါတယ်။
၂။ အဲဒီအကွက်လေးကတော့ မိမိပေးထားတဲ့ Password က ဘယ်လိုမျိုးလည်းဆိုတာ မမြင်ရပါဘူး။
မိမိ ကွန်ပြူတာနားမှာမရှိဘူးဆိုရင်တော့ Win Key + A လေးကိုနှိပ်ပြီး Lock ချခဲ့လို့ရပါတယ်။
ဒီလောက်ဆို အားလုံးနားလည်လောက်ပြီလို့ထင်ပါတယ်ဗျာ။စိတ်ဝင်စားတယ်ဆိုရင်တော့အောက်ကLink
မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

No comments:
Post a Comment