ဘုရားရှင်ကိုယ်တော်မြတ်ကြီး (၄၅)၀ါကာလပတ်လုံး ဟောကြားခဲ့တဲ့တရားတော်တွေထဲမှာ တစ်လုံးတစ်ပါဒမှ ထုတ်ပြစ်စရာ ပယ်ထားစရာ ပိုသွားတဲ့အရာဆိုတာ တစ်ခုမှမရှိပါဘူးနော်။ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့၊ ဘာဝနာပွားများဖို့ဆိုတဲ့ ကောင်းမှုမှန်သမျှတစ်ခုမကျန် အကုန်လုပ်ဆောင်ဖို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ ဒါနနဲ့ပါတ်သက်ပြီး သံသရာရှည်တယ်၊ နိဗ္ဗာန်မရောက်ဖူး၊ ဘုရားဆွမ်းတော်ကပ်တာ ကြွက်စာပဲ၊ ပန်းလှူတာ ရေလှူတာအလကားပဲဆိုတာတွေဟာ ဘုရားရှင်ရဲ့အဆုံးမတွေကို ပယ်ရာရောက်သွားသလို၊ တရားတော်ကိုလည်း ပါယ်ရာရောက်သွားတတ်ပါတယ်။ ကုသိုလ်ကောင်းမှုတိုင်းမှာ ဘယ်ကုသိုလ်ကောင်းမှုလုပ်လုပ် ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမတိုင်းလုပ်မယ်ဆိုရင် အားလုံးဟာလုပ်ဆောင်သင့်တဲ့ ကုသိုလ်အလုပ်တွေပါပဲ။ ဒါမို့လို့လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကုသိုလ်မှန်သမျှအကုန်လုပ်.. အကုသိုလ်မှန်သမျှ ဘာတစ်ခုမျှမလုပ်နဲ့ စိတ်ကိုဖြူစင်အောင် အမြဲထားလို့ ဟောပြဆုံးမခဲ့တာ ဖြစ်ပါမယ်။ ဒီတော့ ဒါနကိုလည်းပြု.. သီလကိုလည်းဆောက်တည်.. ဘာဝနာကိုလည်း ပွားများပြီး အမြဲမပြတ်စိတ်တွေ ဖြူစင်အောင်နေနိုင်မယ်ဆိုရင်တော
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောပြဆုံးမခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အကြောင်းရာထဲက ကျွန်တော့်အနေနဲ့ ကာလဒါနအကြောင်းကိုတော့ အနည်းငယ်ပြောချင်မိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါနနဲ့ပတ်သက်ပြီဆိုရင် အင်မတန်မှ သဒ္ဓါတရားကောင်းကြပါတယ်။ ကိုယ့်မှာ နေစရာစားစရာ ရှိချင်မှရှိမယ်.. လှူမယ်ဟေ့ဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးက ထိပ်ဆုံးကလို့တောင် ပြောလို့ရနိုင်ပါတယ်။ မရှိတဲ့အထဲက အလှူအတန်းဆိုရင် လက်မတွန့်တတ်တာ မြန်မာလို့တောင် ဆိုချင်မိပါသေးတယ်။ အချို့ဘာသာတွေက ချမ်းသာကြွယ်ဝလို့ ရှိတဲ့ထဲက ဆယ်ပုံပုံ တစ်ပုံလောက် လှူတတ်ကြတာပါ.. ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကတော့ မရှိတဲ့အထဲကကို ဒါနကို ရသလောက်ပြုပေးကြတဲ့သူတွေပါပဲ။ ဒီတော့ ကိုယ်လှူတဲ့ဒါနလေးကို သေချာလေးနက် တန်ဖိုးထားစေချင်မိပါတယ်။ ဆရာတော်အရှင်ဇ၀န ဟောပြဆုံးမသလိုပါပဲ.. “ဗုဒ္ဓဘာသာတွေလောက်လှူတာ ဗုဒ္ဓဘာသာတွေပဲရှိတယ်.. ဒါပေမယ့်.. ဒါနရဲ့အကျိုးအတိုင်း ကောင်းကျိုးပြန်လည်မရရှိကြတာ ဘာလို့လဲ ဆိုတော့.. ဒါနပြုတဲ့အခါမှာ ပညာဥာဏ်မရှိကြလို့ပဲ” ဆိုတဲ့ အတိုင်းပါပဲနော်။ အဓိကကတော့ ဘာ့ကြောင့်ဒါနပြုရတာလဲဆိုတဲ့ အသိဥာဏ်ပျောက်နေကြရတာပါ။ ဒါနပြုတယ်ဆိုတာ ဘာအတွက်လဲ.. ဒါနပြုတယ်ဆိုတာ လောဘဆိုတဲ့ ကိလေသာကုန်အောင်သတ်တာပါ။ ပစ္စည်းဝတ္ထုအပေါ်မှာ ပိုင်ဆိုင်လိုတဲ့ ရယူလိုတဲ့ တက်မက်လိုတဲ့ လောဘကိလေသာကို ဒါနပြုနေတုန်းမှာ သတ်လိုက်တာပါပဲ။ လောဘဆိုတဲ့ ကိလေသာနည်းလေလေ ထိုကိလေသာရဲ့နှိတ်စက်မှုနဲ့ ဝေးလေလေပါပဲ။ ဒ့ါကြောင့် လောဘဆိုတဲ့ ကိလေသာနဲ့ဝေးအောင် လောဘကိလေသာပါးအောင် ဒါနပြုကြရတာပါ။
ခုတော့ဖြင့် ဒါနပြုတာကို လောဘသတ်တယ် မထင်ကြတော့ပါဘူး။ ဒါနကို အကြောင်းပြုပြီး လောဘတွေပိုကြီးလာအောင် လုပ်ဆောင်နေကြပါတယ်။ ဒါနအလှူကို ဈေးရောင်းသလို လှူနေကြသလို.. ဒီလောက်ပေးလိုက်ရင် ဘယ်လောက်ပြန်ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။ ဆရာတော်အရှင်ဇ၀န ဟောပြဆုံးမသလိုပါပဲ.. “မျှော်လ့င်ချက်ဖြင့် ပေးကမ်းရင် အရောင်းဝယ်လုပ်တာ.. ဘာမျှော်လင့်ချက်မှမပါပဲ ပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ဒါနပါရမီ ဖြည့်ဆည်းခြင်းသာ ဖြစ်သည်” ဆိုတဲ့ အဆုံးမအတိုင်းပါပဲနော်။ ခုတော့ဖြင့် ဒီစကားနဲ့များ ဗြောင်းပြန်လုပ်နေကြသလားလို့တော
နောက်ထပ် ရှိပါသေးတယ်။ အလှူခံပုဂ္ဂိုလ်(၁၄)ဦး ဆိုတာပါ။ အလှူခံပုဂ္ဂိုလ်(၁၄)ဦးကို အဆင့်လိုက်လှူရင် အကျိုးကျေးဇူးလည်း အဆင့်လိုက် အကျိုးများတယ်ဆိုတာကိုတော့ လူတိုင်း သိကြမယ်ထင်ပါတယ်။ အယုတ်ညံ့ဆုံးဖြစ်တဲ့ တိရိစ္ဆာန်ဆိုတဲ့ ခွေးလေးတွေ ကြောင်လေးတွေကျွေးရင် ဘ၀တစ်ရာ ကောင်းကျိုးရတယ်ဆိုတာ၊ သီလမရှိတဲ့ လူမိုက်ကိုလှူရင် ဘ၀တစ်ထောင် ကောင်းကျိုးရတယ်ဆိုတာ၊ သီလရှိတဲ့ ပုဂ္ဂိုလ်ကိုလှူရင် ဘ၀တစ်သောင်း ကောင်းကျိုးပေးတယ်ဆိုပြီး အဆင့်ဆင့်အနေဖြင့် နောက်ဆုံး ဘုရားရှင်ကိုယ်တော်မြတ်ကြီးအထိ သီလ၊ သမာဓိ၊ ပညာ အဆင့်ဆင့်လိုက် လှူဒါန်းမယ်ဆိုရင် ဘ၀ပေါင်း မရေမတွက်နိုင်အောင် ကောင်းကျိုးပေးနိုင်တယ်ဆိုတဲ့ အကျိုးတရားတွေ ရရှိနိုင်တယ်ဆိုတာ ဖော်ပြထားတဲ့ အကြောင်းရာလေးပါ။ ဤအကြာင်းရာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အလှူခံပုဂ္ဂိုလ်တွေ ကြီးကျယ်မြင့်မြတ်ရင် မြင့်မြတ်သလို အကျိုးကျေးဇူးများတာကို သိစေချင်တဲ့အတွက် ဟောပြပေးထားတာပါ။ ဒါနပြုတဲ့အခါ အကျိုးများအောင် ပုဂ္ဂိုလ်ရွေးလှူခိုင်းစေခဲ့ခြင်
ဒီလို လှူလိုက်တဲ့သူဟာ အကျိုးများမများဆိုတာကို အရင်ဆုံးကြည့်တဲ့အတွက် ကိုယ့်အကျိုးက ရှေ့ရောက်နေပါတယ်။ ငါကောင်းစားဖို့ဆိုတဲ့ ငါဆိုတဲ့အတ္တကြီးက ဒါနရဲ့ရှေ့ကရောက်နေပြန်ပါတယ်။ ငါကောင်းစားဖို့လှူရင် ဒါနပါရမီလုံးဝမဖြစ်ပါဘူး။ ဒါ့ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ဒါနနဲ့ ပါတ်သက်ပြီး ပါရမီထိုက်အောင် လှူတတ်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒါနကိုအကြောင်းပြုပြီး သံသရာလည်ရတာဟာ.. နောက်တစ်ခါ အို၊ နာ၊ သေထပ်ပြီးခံစားရဖို့ ငွေနဲ့ပေးဝယ်နေတာနဲ့ တူပါတယ်။ နောက်ထပ်ဒုက္ခတွေ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတွေ တွေ့ချင်သေးလို့ နောက်ဘ၀တစ်ခု ထပ်ပေးပါဦးလို့ တောင်းတာနဲ့ တူနေပြန်ပါတယ်။ ယခုဘ၀ ပင်ပင်ပန်းပန်း ရှာထားလို့ရထားတဲ့ ဥစ္စာဓနတွေလည်း ကုန်ရ.. နောက်ဘ၀ကျလည်း အဲ့ဒါနကို အကြောင်းပြုပြီး မွေး၊ အို၊ နာ၊ သေထပ်တွေ့ရနဲ့.. နှစ်ခါရှုံးရပါတယ်။ သီတဂူဆရာတော်ဘုရားကြီး ဆုံးမသြ၀ါဒပေးသလိုဆိုရင်တော့.. ဒါနကိုသံသရာလည်အောင်လှူရင်၊ ဒါနအလှူမတတ်ရင် နွားဘ၀နဲ့ဘာမှမထူးဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်။ နွားတွေဟာ လူတွေကို လယ်ထွန်ပေးတယ်၊ နွားနို့ထုတ်ပေးတယ်၊ နောက်ဆုံး အသက်သေတဲ့အထိ အသားတွေပေးသွားတယ်.. ဒါပေမယ့် သူတို့မှာ ဘာရတုန်းဆိုတော့ ဘာမှမရဘူးတဲ့.. ဘာလို့လည်းဆိုတော့ သူတို့လုပ်တဲ့အလုပ် သူတို့ပြုတဲ့ဒါနတွေဟာ အသိဥာဏ်မပါတဲ့အတွက် ဦးတည်ချက်ပျောက်တဲ့ အလှူတွေဖြစ်နေတဲ့အတွက် နောင်တဖန် မြက်ထပ်စားရမယ့် နွားဘ၀က မကျွတ်နိုင်ဘူးဆိုတဲ့ သဘောတရားကို ဆရာတော်ဘုရားကြီးက သိစေချင်တာပါ။ အော်.. အသိဥာဏ်ဟာ အင်မတန် အရေးကြီးပါပေတယ်။
ကျွန်တော်တို့တွေဟာလည်း ယခုလို ဘုရားသာသနာနဲ့တွေကြုံနေတဲ့ အချိန်ခါမှာ ဘုရားအဆုံးမနဲ့အညီ ဒါနမပြုပဲနဲ့.. သံသရာလည်စေတဲ့အလှူမျိုး၊ မျှော်လင့်ချက်နဲ့ ရောင်းဝယ်တာမျိုးဖြစ်မယ်ဆိုရင်ေ
အသိဥာဏ်ဦးဆောင်တယ်ဆိုတာ ဘယ်အလှူပဲလှူလှူ.. သူတစ်ပါးအတွက် တကယ်လိုအပ်ရမယ်၊ ကိုယ့်အကျိုးအတွက်လုံးဝလည်း ပြန်မကြည့်ပဲနဲ့ စွန့်လွှတ်နိုင်ရမယ်၊ အလှူခံပုဂ္ဂိုလ် စိတ်ချမ်းသာဖို့အတွက်ကို အဓိကထားပြီးတော့ လှူဒါန်းနိုင်ရမယ်၊ လောကအတွက် သာသနာအတွက် အကျိုးများစေရမယ်၊ နောက်ပြီး လှူလိုက်တဲ့ဒါနကိုအကြောင်းပြု
http://www.dhammamittar.com/
No comments:
Post a Comment