မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Tuesday, January 17, 2012

Corel Draw Graphics Suite X5 15.0.0 Full Version

 
                             Cbox မှာ အကိုလား အမလား မသိ (charm: CorelDraw X3 / X4 / X5 ဆော့ဝဲလိုချင်တယ် X3 ကိုပိုပြီး လိုချင်တယ်။)  တောင်းထားတာတွေ့လို့ တင်ပေးလိုက်ရခြင်း
ဖြစ်ပါတယ်။ Corel Draw ကတော့ Graphics သမားများရဲ့လက်စွဲ Design Software တစ်မျိုးပါဘဲ။
နောက်ဆုံးထွက် Version လေးတွေ့လို့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ Keygen ထည့်သွင်းနည်းပါ
ဖော်ပြ ပေးလိုက်ပါတယ်ဗျာ။Charm ရေ ကျွန်တော်တင်ပေးလိုက်ပြီနော်။ နောက်ထပ် လိုအပ်သူများရှိရင်
လည်း ဒေါင်းယူသွားကြပါနော်။
အားလုံးဘဲအဆင်ပြေကြပါ
စေဗျာ။

1, OPEN THE KEYGEN AND CREATE A SERIAL NUMBER *****DO NOT CLOSE THE KEYGEN OR CHANGE THE SERIAL YOU WILL NEED IT AGAIN****
2, RUN CORALDRAW INSTALLER AND ADD THE SERIAL NUMDER YOU HAVE WHEN PROMPTED
3, SELECT TYPICAL INSTULATION (THIS FEELS LIKE IT TAKES FOR EVER)
4, ONCE DONE RUN CORAL DRAW X5 & BLOCK INTERNET ACCESS
5, ONCE X5 IS OPEN HIT "OTHER ACTIVATION OPTIONS"
6, HIT "PHONE CORAL" FROM THERE COPY THE INSTALATION CODE TO THE KEYGEN AND HIT "ACTIVATION CODE"
7, NOW YOU HAVE YOUR ACTIVATION CODE COPT IT TO THE CORAL DRAW X5 PROGRAM YOU HAVE OPEN THEN HIT "CONTINUE"
8, tHATS YOU DONE 'ENJOY' 


Read More ...

Deep Freeze standard 7 နဲ့ Deep Freeze အသုံးပြုနည်း အပြည့်အစုံ



                           Deep Freeze ကိုတော့ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ရပါတယ်။ Deep Freeze ကိုတော့ Internet ဆိုင်တွေ နဲ့ Network Game ဆိုင်တွေမှာ အသုံးများကြပါတယ်။ ကျွန်တော်က ဒီ Software
လေးကိုတင်ပေးလိုက်ပြီးအသုံးမပြုတက်မှာစိုးလို့ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံများကိုပါ။သေသေချာချာလေး
ပုံနဲ့တကွရှင်းပြပေးထားပါတယ်။
အဲဒါကိုတော့ ကျွန်တော် ရေးထားတာမဟုတ်ပါဘူး။ စာတွေအများကြီးရေး
ရမှာပျင်းလို့ သူများရေးပြီးသားကိုဘဲဖော်ပြပေးလိုက်ပါတယ်။အသုံးပြုနည်းကိုတော့Copmuter Spider မှာပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။



Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။

Deep Freeze Software ကို Window XP , Mac OS , Window Server , Linux စသည့် Operating System ( OS ) များတွင် အသုံးပြုနိုင်ပါသည်။ System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။

Deep Freeze Install ပြုလုပ်ခြင်း
Deep Freeze ကို
(၁) Deep Freeze Administrator Installation
(၂) Workstation Creation , and
(၃) Workstation Installation
အဆင့် (၃) ဆင့်ဖြင့် Install ပြုလုပ်သွားမည်။

(၁) Deep Freeze Administrator Installation

(က) Deep.Freeze.Ent.v6.10.220.1616.exe ကို Double Click နှိပ်ဖွင့်လိုက်ပါ။
(ခ) Install လုပ်ပါ။
(ဂ) Deep Freeze Administrator Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။


(၂) Workstation Creation

(က) Start > All Programs > Faronics > Deep Freeze 6 Enterprise > Deep Freeze 6 Administrator ကို ဖွင့်ပါ။
 
(ခ) Code ထည့်ပေးပါ။
( ဂ ) Ok and Exit ပေးပါ။
(ဃ ) ပေါ်လာသောအခါ Configuration tab ကိုရွေးပါ။ Workstation တွင် Check လုပ်ပြီး Password ထည့်ပေးပါ။
 
( င ) မိမိပေးခဲ့သော Password ကို လုံးဝမမေ့ပါစေနှင့်။ မှတ်သားထားပါ။ ယခုပေးလိုက်သော Password သည် Deep Freeze အား Control လုပ်မည့် Password ဖြစ်သည်။
( စ ) Drives ကိုရွေးပါ။ ကျွန်တော်ကတော့ Deep Freeze ကို Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တာမို့လို့ အောက်က ပုံအတိုင်း Drive C တစ်ခုတည်းကိုဘဲ Check လုပ်ပါ့မယ်။
အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ပေးချင်လျှင်လည်း ပေးချင်သော Drive ကို Check လုပ်ပြီး ပေးထားလိုက်ပါ။

(ဆ) Create Program Tab ကို ဖွင့်ပါ။
( ဇ ) Create a full workstation installation စာဘေးမှ ၀က်ဝံပုံအား နှိပ်ပါက အောက်ပါပုံအတိုင်း တွေ့မြင်ရပြီး C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာတွင် save လိုက်ပါ။
ေေ
(စ်) Workstation Creation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

(၃) Workstation Installation

(က) C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာသို့ ရောက်အောင်သွားပြီး အောက်ပုံတွင် တွေ့မြင်ရသော Df6Wks.exe file အား Install လုပ်ပါ။
( ခ ) Install လုပ်ပါ။
( ဂ ) Accept အား Check လုပ်ပြီး Next လုပ်ပါ။
(ဃ) Finish လုပ်ပါ။
( င ) အနည်းငယ် Wait နေပြီးပါက ကွန်ပျူတာသည် သူ့ဘာသာသူ Restart လုပ်ပြီး ပြန်ပွင့်လာသောအခါ သင့် ကွန်ပျူတာ၏ ညာဘက်ထောင့်အောက်ခြေတွင် ၀က်ဝံပုံ လေးပေါ်နေပြီး အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
( စ ) Workstation Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze Software အား မိမိစိတ်ကြိုက် အသုံးပြုခြင်း

Deep Freeze ဆိုတာက အပေါ်မှာ ပြောခဲ့သလိုဘဲ Security Software ဖြစ်တဲ့အတွက် ဒီ Software ကို အသုံးပြုဖို့အတွက်လည်း Security မြင့်ပါတယ်။
အခုဆိုရင် ကျွန်တော်က Drive ကို Drive C [ Window XP ( Operating System, OS ) ရှိနေသော Drive ] မှာရွေးချယ်ထားခဲ့တဲ့အတွက် ဒီကွန်ပျူတာမှာ မည့်သည့် Software မှ Install ပြုလုပ်ခြင်း ၊ My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ပြုလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အောက်ဖော်ပြပါပုံမှာ ရွေးချယ်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။

ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?

ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။

Deep Freeze အား Disable ပြုလုပ်နည်း

(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ ) လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်းနှိပ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရမည်။ ( ၁၀ စက္ကန့် အတွင်း ဘာမှ မလုပ်ပါက သူဘာသာသူ ပျောက်သွားမည်ဖြစ်သည်။ )
( ခ ) Password ရိုက်ထည့်ပါ။ အောက်ဖော်ပြပါ အဆင့်တုန်းက ပေးထားခဲ့သော Password ကို ဆိုလိုပါသည်။
 
( ဂ ) အောက်ဖော်ပြပါ ပုံအတိုင်းတွေ့မြင်ရပါက Boot Thawed ရွေးချယ်ပြီး OK ပေးပါ။
 
(ဃ) ထို့နောက် Restart ပြုလုပ်လိုက်ပါက ကွန်ပျူတာပြန်ပွင့်လာသောအခါ ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံ လေးတွင် အနီရောင်ကြက်ခြေခတ် ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
 
( င ) Deep Freeze အား Disable ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze အား Disable ပြုလုပ်ထားသော ယခုအချိန်တွင် သင် … သင်၏ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီ ဖြစ်ပါသည်။
ကျွန်တော်ပြောခဲ့သော ယခင်မူလ အနေအထားဆိုသည်မှာ သင်၏ကွန်ပျူတာတွင် Deep Freeze အား ပထမဦးဆုံးအကြိမ် Install မလုပ်ခင်ကအနေအထားနှင့် ယခုကဲ့သို့ Deep Freeze အား Install ပြုလုပ်ထားသော်လည်း Disable ပြုလုပ်ပြီး သင်… ပြင်ဆင်ထားသော အခြေအနေမျိုးကို ဆိုလိုသည်။

ပြင်ဆင်ပြုပြင်ပြီး မိမိကွန်ပျူတာအား Deep Freeze ပြန်လည် အသက် ၀င်စေခြင်း

မိမိပြင်ဆင်ချင်တာ အားလုံးပြင်ဆင်ပြီးပါက Deep Freeze အား အောက်ဖော်ပြပါ အတိုင်းပြန်လည်အသက်သွင်းရအောင်…
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ )
လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်း နှိပ်ပါ။
( ခ ) အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာသောအခါ Boot Frozen အား Check လုပ်ပြီး Ok ပေးပါ။
 
( ဂ ) ကွန်ပျူတာကို Restart ပြုလုပ်ပါ။ Deep Freeze သည် ပြန်လည်ပြီး Enable ဖြစ်သွားမည်။ နောက်တစ်ကြိမ် ကျွန်တော်တို့ Restart မလုပ်ခင် မူလအနေအထားသည် ယခုအနေအထားပင်ဖြစ်သည်

Deep Freeze အား Uninstall ပြုလုပ်ခြင်း

Deep Freeze ကို Uninstall ပြုလုပ်ရန်အတွက်
(က) Deep Freeze ကို Disable ဖြစ်နေအောင် အရင်လုပ်ပါ။
( ခ ) ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံမှာ အနီရောင်ကြက်ခြေခတ် ဖြစ်နေရမည် ဖြစ်ပါသည်။
( ဂ ) ထိုသို့ ဖြစ်နေသောအခါ
“ C :\> Program Files > Faronics > Deep Freeze 6 Enterprise > Install Programs “
သို့ရောက်အောင်သွားပြီး မြင်တွေ့ရသော “DF6Wks.exe” file အား Double Click လုပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့မြင်ရပြီး Uninstall ပြုလုပ်ပါ။

(ဃ) Ok to Uninstall ကို Check လုပ်ပြီး Finish လုပ်ပါ။
( င ) ကွန်ပျူတာက သူ့ဘာသာသူ restart လုပ်သွားပြီး စက်ပြန်ပွင့်
လာသောအခါ ညာဘက်ထောင့်
 အောက်ခြေတွင်ဝက်ဝံပုံလေး ရှိတော့မှာ မဟုတ်ပေ။
( စ ) Deep Freeze အား Uninstall ပြုလုပ်ခြင်း ပြီးစီးပြီဖြစ်သည်။

Computer Spider အားကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
Read More ...

Mobile Phone အတွက် နောက်ထပ် Game အသစ်များ Java Games 240x320 touch screen (2011)

               
                           ဒီတစ်ခေါက် တင်ပေးမယ် Mobile Game ကတော့ Java Games 240x320 touch screen (2011)ပါ။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ လူတန်းစားတော်တော်များ
များ Phone ကိုင်လာတာကိုတွေ့ရပါတယ်။ လူတိုင်းမှာ ဖုန်းကိုင်လာနိုင်တာနဲ့အမျှ လူတိုင်းမှာလည်း ဖုန်း
နဲ့ပတ်သတ်တဲ့ Application လေးတွေလိုအပ်လာပါတယ်။ ကျွန်တော်ကတော့ ဖုန်းအကြောင်းသိပ်နားမ
လည်ပါဘူး။ ဒါပေမယ့်လည်း ဖုန်းနဲ့ပတ်သတ်တဲ့ Game လေးတွေကိုတော့ စိတ်ဝင်စားတယ်ဗျ။ အခု
ခေတ် ဖုန်းကိုင်နေတဲ့ လူကြီး လူငယ်မရွေး  Game လေးတွေကို ကစားလာကြပါတယ်။ အခုကျွန်တော်တင်
ပေးလိုက်တဲ့ Game တွေကတော့ အမျိုးအစားပေါင်း 150 ကျော် 200 နီးပါးလောက်တော့ ပါတယ်ဗျ။

Phone အမျိုးအစားတော်တော်များများနဲ့ ကစားလို့ရတဲ့ Game လေးတွေပါဘဲ။ File Size ကလည်း
57MB ဘဲရှိတဲ့အတွက် ဒေါင်းယူထားရင်တော့ မမှားပါဘူးဗျာ။ ကိုယ့်ရဲ့ Phone နဲ့ ကစားလို့ရမယ့် 
Game ကတော့ 100 နီးပါးလောက် ပါမှာပါ။ TRUE TOUCH ဖိုင်နဲ့ JAM TOUCH ထဲမှာ ကိုယ်ကစားချင်
တဲ့ Game တွေကို Copy ကူးပြီး မိမိရဲ့ Phone ထဲက Memory Card ထဲမှာ သီးသန့် Folder တစ်ခု 
ဆောက်ပြီး Paste လုပ်လိုက်ပါ။ ပြီးသွားရင် Phone ကနေတဆင့် ကိုယ်ကစားချင်တဲ့ Game တွေကို Open လုပ် Run ပြီး ကစားရုံပါဘဲ။ ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့ တင်ပြီး ပေးလိုက်ပါတယ်ဗျာ။ File Size က 59MB လောက်ဘဲရှိပါတယ်။ မြန်မာနိုင်ငံရဲ့ကွန်အခြေအနေအရ နှစ်ပိုင်းခွဲပြီးတင်ရတယ်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင် အောက်က Link မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။



 
 
 
 
Read More ...

ခုတ်မယ် ထစ်မယ် သတ်မယ် ဖြတ်မယ် Blade and Sword (PC Game)


                          ဒီဂိမ်းလေးကိုတော့ ဟိုမွှေဒီမွှေ ဟိုရှာဒီရှာနဲ့မထင်မှတ်ဘဲတွေ့သွားတာဗျ။ ကျွန်တော်
မဆော့ကြည့်ရသေးပါဘူး။ သူ့ရဲ့ Screen Shoot လေးတွေကိုကြည့်ရတာ ဆော့လို့ကောင်းမယ်ထင်လို့
သူငယ်ချင်းများကစားနိုင်အောင်ပြန်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ စိတ်ဝင်စားအောင်တော့ Screen Shoot လေးတွေတင်ပေးလိုက်တယ်နော်။ သူ့ရဲ့ Requirement လေးတွေလည်းရေးပေးထားပါတယ်ဗျာ။
ဘယ်လို ဂိမ်းလည်း ဆိုတာ ကိုယ် တိုင်မစမ်းသပ်ဘဲနဲ့ တင်ပေးလိုက်ရတဲ့အတွက်စိတ်တော့မဆိုးကြပါနဲ့
ဗျာ။
လက်လွတ်စပါယ်လုပ်ပြီးတင် ပေးလိုက်တာလည်းမဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာကွန်မကောင်းလို့ ဘယ်လိုမှဆွဲဖို့ မဖြစ်နိုင်သေးလို့ပါ။ဒေါင်းရအဆင်ပြေအောင်အပိုင်းလေးပိုင်းပိုင်းပြီးတင်ပေးထားပါတယ်
ဗျာ။ကွန်ကောင်းတဲ့သူငယ်ချင်းများဆွဲပြီး။ ဆော့လို့ပြီးသွားရင်ပြောပြပေးစေချင်ပါတယ်ဗျာ။စိတ်ဝင်စား
တယ် ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

System requirement
Windows 98/ME/2000/XP
Pentium II 266MHz Processor
128MB RAM
4MB Video Card
1400MB Hard Disk Space
DirectX 8.1








Read More ...

Portable Emsisoft Emergency Kit 1.0.0.25

                       အခုကျွန်တော်တင်ပေးလိုက်တဲ့ Software လေးကတော့ ကွန်ပြူတာမှာ အတော်လေး
ပြသာရှာတက်တဲ့ သာမန် User တွေ ကြောက်ရွံ့ကြတဲ့ virus, worms , maware , adware , trojans ,
spyware , keyloggers , dialers စတဲ့ ကောင်တွေကို အလျင်မြန်ဆုံး နဲ့ အထိရောက်ဆုံး ဖယ်ရှားရှင်း
လင်းပေးတဲ့ Antivirus Software တစ်မျိုးပါဘဲ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Scan ကို နှိပ်လိုက်
ပြီး Ok နှိပ်လိုက်ရုံဘဲဗျာ။ အကောင်တွေကိုတွေ့ရင်တော့ Virus တွေရဲ့ ဘေးမှာ အကွက်လေး ရှိတယ်ဗျာ
အဲဒါလေးတွေကို အမှန်ခြစ်ပြီး Delete Select Objects ကိုနှိပ်ပြီးသတ်ပေးလိုက် ရုံပါဘဲဗျာ။ပြီးတော့ Portable လေးဖြစ်တဲ့အတွက် Install လုပ်စရာလည်းမလိုပါဘူး။ ကွန်ပြူတာသုံးနေတဲ့သူတိုင်းဆောင်ထား
သင့်တဲ့ Software တစ်မျိုးပါဘဲဗျာ။ ကျွန်တော်တင်ပေးနေကျပုံစံအတိုင်း Full Version လေးဘဲတင်ပေး
ထားပါတယ်ဗျာ။ အသုံးတည့်မယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်။ အားလုံးဘဲ
အဆင်ပြေကြပါစေဗျာ။


Read More ...

Monday, January 16, 2012

WinUSB Maker 1.0 - Windows Setup to USB Solution (x86/x64)



                           
                      ဒါလေးကတော့ Win USB Maker လို့အမည်ရတဲ့ Software လေးတစ်မျိုးပါဘဲဗျာ။
ဒီကောင်လေးကို ဘယ်လိုနေရာတွေများအသုံးပြုကြလည်းဆိုရင် Window ကိုအခွေနဲ့မတင်ဘဲနဲ့ USB နဲ့တင်ချင်သူများအတွက်အထူးရှယ်ပေါ့ဗျာ ။ နောက်ဆုံးထွက် Version လေးကိုတင်ပေးထားပါတယ်။
နောက်ဆုံးထွက်ဖြစ်လို့ ဒီကောင်လေးက Window 8 ကိုတောင် Support လုပ်ပေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 2.79MB ဘဲရှိတဲ့အတွက် ဆောင်ထားရင်လည်းမမှားပါဘူးဗျာ။ စိတ်ဝင်စားတယ် ဆိုရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

Read More ...
Related Posts Plugin for WordPress, Blogger...