မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Wednesday, October 17, 2012

Huawei C8812 ROOT လုပ်နည်း၊ မြန်မာဖောင့်သွင်းနည်း

 

                အခုတလော Root လုပ်နည်းတွေကို Mail မှာတော်တော်များများမေးကြတယ်ဗျာ။ ကျွန်တော်
လည်း Root လုပ်တာ သိပ်မကျွမ်းတော့ ရှင်းပြလိုက်ရင်အမှားပါမှာ စိုးရိမ်တာနဲ့။ Android ဆရာကြီးများ
ဖြစ်ကြတတဲ့ http://myanmarplay.com/ ကနေပြီတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်
တစ်ဆင့်ချင်းရှင်းပြထားပါတယ်ဗျာ။ Credit to myanmar play



Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



  • အရင်ဆုံးတော့ C8812 ရဲ့ Driver ကို မိမိစက်မှာ သွင်းပေးထားဖို့ လိုပါတယ်။ မရှိတဲ့သူများအတွက် အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်။ မိမိ Windows အလိုက် ဆွဲသွားကြပါ။
  • ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။
  •  ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။
ROOT လုပ်နည်း 
  1. အဲ Zip ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ ပါလာတဲ့ Recovery.exe ဖိုင်လေးကို Run လိုက်ပါ။
  2. ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲက Application ထဲမှာ Fast Boot ကို Off လုပ်ထားပေးပါ။
  3. မိမိဖုန်းရဲ့ SD Card ထဲသို့ ခုနက Extra လုပ်ထားတဲ့ update.zip ဖိုင်လေးကို ထည့်လိုက်ပါ။
  4. မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို 3 မိနစ်လောက် ဖိထားပါ။ Huawei Logo မှာရပ်နေပါမယ်။
  5. Logo မှာ ရပ်နေပါက ဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျုတာနှင့်ချိတ်လိုက်ပါ။
  6. ခုနက ကွန်ပျူတာမှာ Run ထားတဲ့ Recovery နေရာမှာ Space Bar နှိပ်သွားပါ။ Update လုပ်နေတာကို တွေ့ရပါမယ်။
  7. ပြီးလျှင် Battery ကို ဆွဲဖြုတ်လိုက်ပါ။ Volume Up + Power ကို ထပ်ပြီး တော့ ဖိထားပေးပါ။ Recovery Mode ထဲ ၀င်သွားပါမယ်။
  8. ပြီးလျှင် update.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။
  9. သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ မိမိဖုန်းဟာ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။
  •  မြန်မာဖောင့်သွင်းနည်း ( Credit to Myanmar Mobile User Club )
  •  မြန်မာဖောင့်သွင်းနည်းကို MMUC မှ ကိုသူရိန် ရေးထားတဲ့ ပို့စ်လေးကို တွေ့လို့ ပြန် Share လုပ်ပေးလိုက်ပါတယ်။ သွင်းဖို့အတွက် အောက်ကဖိုင်လေးကို Download လုပ်လိုက်ပါ။
  • ပြီးလျှင် မိမိဖုန်းထဲသို့ ထို apk ဖိုင်အား ထည့်ပြီး Install လုပ်လိုက်ပါ။ ပြီးလျှင် ဖွင့်လိုက်ပါ။ Check For Root Access ကို နှိပ်ပါ။ Superuser Permission တောင်းပါလိမ့်မယ်။ Allow လုပ်ပေးပါ။ ဒါဆို Installလုပ်လို့ရမယ့် ဖောင့်လေးတွေ ပေါ်လာပါမယ်။ မိမိနှစ်သက်တဲ့ ဖောင့်အမျိုးအစားကိုရွေးပြီး Install လုပ်လိုက်ပါ။ Sketch Font က ICS နဲ့ တော်တော်လှတယ်လို့ပြောပါတယ်။ ကိုယ်ကြိုက်တာကိုကိုယ် Install လုပ်ပါ။ Install ပြီးပါက Reboot လုပ်ခိုင်းပါမယ်။ လုပ်လိုက်ပါ။ ပြန်တက်လာလျှင်တော့ မြန်မာလို မြင်ရပြီဖြစ်ပါတယ်။
KEYBOARD သွင်းနည်း  
  • KEYBOARD သွင်းဖို့အတွက် အောက်မှာ Download လုပ်လိုက်ပါ။
  • ပြီးလျှင်  မိမိဖုန်းမှာ Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...