မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Sunday, October 7, 2012

Exchange Mail Server အကြောင်း တစေ့တစောင်း

 

        Exchange Mail Server အကြောင်းကို ဘောလုံးကန်နေကြ အသင်းဖော် သူငယ်ချင်းတစ်ယောက်က တင်ပေးပါဆိုလို့  ကျွန်တော်လည်း ဘာမသိညာမသိနဲ့ ဟိုမွှေဒီမွှေနဲ့ ရှာတွေ့တဲ့ Exchange Mail Server
အကြောင်းကို အခြားသောသူငယ်ချင်းများလည်း သိရှိနိုင်အောင်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။
အဲဒီလိုပြော လိုက်လို့ ပြည့်ဖြိုးတစ်ယောက် တယ်ဟုတ်ပါလားလို့မထင်လိုက်နဲ့ IT လောက က Senior
တစ်ယောက်ရှင်းပြထားတာကို လေ့လာပြီး ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။  မူရင်းရေးသားသူကို
လေးစားသောအားဖြင့် မူရင်းအတိုင်းဘဲ တင်ပေးလိုက်ပါတယ်ဗျာ။
Credit to - Thant Zin Soe

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



                  Website လည်း Post အသစ် မတင်တာကြာလို့ ဖှုန်တက်နေလောက်ပါပြီ။ ဒါကြောင့် Email Server တွေအကြောင်း သိသလောက် ရေးကြည့်ရင် ကောင်းမလားလို့ပါ။ အဓိကတော့ Exchange Mail Server အကြောင်း ရေးချင်တာပါ။ မြန်မာ Forum တွေထဲမှာလည်း Exchange Mail Server အကြောင်း Forum ရေးထားတာ သိပ်မတွေ့မိသေးပါဘူး။မြန်မာလို စာအုပ်တွေလည်း မရှိပါဘူး။ ဒါကြောင့် Network ကို လေ့လာသူတွေ အထောက်အကူ ရလိုရများ ရေးလိုက်ပါတယ်။ ကျွန်တော်လည်း Networking ဘက် စလိုက်တုန်းက Exchange Server အကြောင်းကို  စပ်ကြား စပ်ကြား ကြားမိပါတယ်။ အဲ့တုန်းကတော့ Exchange Server ဆိုတာ Phone ရုံးမှာသုံးတဲ့ Server ကြီးများလားလို့။ Exchange Server လို့ပြောတာနဲ့ ဖုန်းရုံးဘဲ ပြေးပြေးမြင်မိပါတယ်။ နောက်မှ Exchange Server ဆိုတာ Mail Server ကြီးပါလား လို့သိခဲ့တာပါ။ Network field မှာကတော့ Sharing ပြီးရင် Email ကတော့ တော်တော်လုပ်ရတယ်ဗျ။ Mail Rule ချပေးတာတို့၊ Email Backup၊ Restore လုပ်ရတာတို့၊ Email Setup လုပ်ပေးရတာတို့ပေါ့။ အဓိကတော့ Mail Server ထိုင်ပေးရတာပါ။ Mail server ထိုင်ပြီးမှသာ user တွေ တစ်ယောက်နဲ့ တစ်ယောက် ရုံးအတွင်းမှာ Email ပို့နိုင်ကြမှာလေ။ internet မတပ်ထားလည်း ရုံးအတွင်းမှာ user တွေအချင်းချင်း email ပို့နိုင်ကြမှာပါ။ Internet တပ်ထားပြီး External mail account ရှိရင် (ဒါမှမဟုတ်) Public IP ရှိပြီး domain name ၀ယ်ထားရင် လည်း user တွေ လက်ရှိရုံးအတွင်းမှာသုံးနေတဲ့ email account ကို ဘဲသုံးပြီး internet ထဲသို့ email ပို့နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက user တစ်ယောက်ရဲ့ email client (microsoft outlook ဖြစ်ဖြစ်၊ outlookexpress ဖြစ်ဖြစ်) မှာ  email account တစ်ခုဘဲ  ရှိနေမှာဖြစ်ပါတယ်။Local မှာ email ပို့ဖို့အတွက် email account တစ်ခု၊ အပြင်ကို email ပို့ဖို့အတွက် email account တစ်ခုဆိုပြီး ရှိနေမှာ မဟုတ်ပါဘူး။ ရုံးထဲမှာဘဲ ပို့ပို့ အပြင်ကိုဘဲပို့ပို့ email account တစ်ခုဘဲ သုံးပြီး ပို့ရုံပါဘဲ။

မြန်မာပြည်မှာတော့ Email Server အဖြစ် VPOP3 Mail server ကို သုံးတာများပါတယ်။ ကျွန်တော် ရောက်ရောက်သွားတဲ့ Customer site တွေမှာ VPOP3 Mail Server ဘဲသုံးကြတာကိုတွေ့ရပါတယ်။ Microsoft ရဲ့ exchange server ကို မြန်မာပြည်မှာ သုံးတာ သိပ်မတွေ့ဖူးပါဘူး။ ရှိတော့ရှိမှာပါ။ Xin Jia Po မှာတော့ တော်တော် အသုံးများတယ်လို့ပြောကြပါတယ်။ Microsoft Exchange Server ရဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။အဓိကတော့ Microsoft ရဲ့ exchange mail server ကို email user တွေ အများကြီးရှိတဲ့ နေရာတွေမှာ သုံးသင့်ပါတယ်။ ကျွန်တော့် အတွေ့အကြုံတစ်ခုကိုပြောချင်ပါတယ်။ MEC site တုန်းက သုံးနေကျဖြစ်တဲ့ VPOP3 server ကို Email Server အဖြစ်သုံးခဲ့ပါတယ်။ အဲ့ဒီမှာက email user တွေက အယောက် ၆၀ လောက်ရှိပါတယ်။ ပြသနာက ဘာဖြစ်လဲဆိုရင် email address စာရင်းပါ။ user တစ်ယောက်ချင်းဆီကို မိမိရုံးမှာရှိတဲ့ email address တွေ သိအောင် လုပ်ပေးရပါတယ်။ ဒါမှသာ သူတို့တွေ အချင်းချင်း mail ပို့နိုင်ကြမှာလေ။ ဒါကြောင့် ထို ရုံးမှာရှိတဲ့ email တွေအားလုံးကို excel ထဲရိုက်ထည့်ပြီး ထို Excel file ကို လူတစ်ယောက်ချင်းဆီ email နဲ့ပြန်ပို့ပေးရပါတယ်။ အဲ့ဒီမှာ အဆင်မပြေမူတွေကို တွေ့ရတယ်။ ဘာလဲဆိုတော့ user တွေက email တစ်ခါပို့တိုင်း ထို excel file ကို ဖွင့်ရပါတယ် ။ နောက်တစ်ခုက သူတို့ဘာသာ email address မှားရိုက်မိပြီး သက်ဆိုင်ရာ လူဆီ email မရောက်ရင်လည်း Complaint တက်ကြပါတယ်။ ပြီးတော့ တချို့ user တွေက သူတို့ရဲ့ email address ကို မကြိုက်လို့ email address အသစ် ပြန်ပြင်ခိုင်းကြတယ်။ အဲ့ဒီလိုဖြစ်တိုင်း VPOP3 Mail server နဲ့ သူတို့ computer မှာ email address အသစ်ကို ပြန်ထည့်ရတယ်။ ဒါနဲ့ မပြီးသေးဘူး။ excel file မှာလည်း mail အသစ်ကို ထပ်ထည့်ရတယ်။ ပြီးရင် ပြင်လိုက်တဲ့ excel file ကို ရှိသမျှ user တွေအားလုံးဆီထပ်ပို့။ နောက် user ကလည်း email address အသစ်လိုချင်။ ထပ်လုပ်။ ထပ်ပို့။ အာ….တော်တော်ကို လုပ်ရတယ်။ user တွေကိုလည်း အပြစ် မတင်ချင်ပါဘူး။ သူတို့လည်း သူတို့ အဆင်ပြေသလို လုပ်ချင်ကြမှာဘဲ။ ကျွန်တော်ခုနက ပြောခဲ့ပါတယ်။ Mail server ကို VPOP3 Mail server ထိုင်ခဲ့ပါတယ်လို့။ အဲ့ဒီနေရာမှာ VPOP3 Mail Server မထိုင်ဘဲ Exchange Mail Server ထိုင်ခဲ့မယ်ဆိုရင် ???

Exchange Mail Server ထိုင်ခဲ့မယ်ဆိုရင်တော့ Email address List တွေကို user တွေဆီ Mail ပို့ဖို့ မလိုတော့ပါဘူး။Exchange Mail Server မှာ ဆောက်ထားတဲ့ Mail address တွေအားလုံးက user တွေရဲ့ Microsoft Outlook address book မှာ auto သွားပေါ်နေမှာပါ။ Exchange Server မှာ email address အသစ်ဆောက်လိုက်တာနဲ့ (သို့မဟုတ်) ပြင်လိုက်တာနဲ့ user တွေရဲ့ email client (Microsoft Outlook) မှာ တခါတည်း ပေါ်ပြီးသားဘဲ။ ဘယ်လိုပေါ်လဲဆိုရင် outlook ရဲ့ address book ကို Click နှိပ်လိုက်ရင် ပေါ်တယ်။ထပ်ပြောရမယ်ဆိုရင် user တစ်ယောက်က email ပို့မယ်ဆိုရင် New Mail ကိုနှိပ်။ “To” button ကို Click နှိပ်လိုက်တာနဲ့ ရှိသမျှ mail address list (exchange မှာဆောက်ထားတဲ့) တွေကျလာမယ်။ အောက်ကပုံမျိုး


  ထိုထဲက ကိုယ်ကြိုက်တဲ့ mail ကို ရွေးပြီး ပို့လိုက်ရုံဘဲ။ email address မှားတာတွေ။ ပို့လိုက်တဲ့ email address ကအဟောင်းကြီးဖြစ်နေတာတွေ။address list ကို Import လုပ်ရတာတွေ၊ email တစ်ခါပို့တိုင်း excel file ကြည့်ရတဲ့ ကိစ္စတွေ မရှိတော့ဘူး။ ပြီးတော့ Exchange server မှာ email address တွေကို department အနေနဲ့ ခွဲထားရင်လည်းရတယ်။ ဒီလိုဆိုရင် email ပို့တဲ့ အခါကျရင် လူတွေအများ အများကြီးထဲက ကိုယ်လိုချင်တဲ့ email address ကို လိုက်ရှာစရာမလိုတော့ဘူး။ကိုယ်ပို့ချင်တဲ့ လူရှိတဲ့ department ကိုရွေးပြီး ထို လူ့ရဲ့ email address ကို ရှာလိုက်ရုံဘဲ။ ဥပမာ admin department က မောင်အေးဆီ ပို့ချင်ရင် အရင် New email ကိုရွေး။ “To” ဆိုတဲ့ button ကိုနှိပ်။ email address book လာပြလိမ့်မယ်။ ထိုထဲမှာ admin department ကိုရွေးလိုက်။ ဒါဆိုရင် admin department မှာရှိကြတဲ့ ရှိသမျှ address တွေအားလုံးကို လာပြမယ်။ ထိုထဲမှမောင်အေး email address ကို ရွေးလိုက်ရုံဘဲ။ အဲ အဲ့သလို ဖြစ်အောင်တော့ exchange မှာ လုပ်ပေးရမှာပေါ့။

Exchange ရဲ့ နောက်ကောင်းတဲ့ feacture တစ်ခုက calendar …..

MIS ကျောင်းမှာ Network ဆင်တုန်း အဲ့ဒီက ကျောင်းအုပ်ကြီးက ဘယ်လို လိုချင်သလဲဆိုရင်

Timetable ကို ကျောင်းသားတွေဆီ email system သုံးပြီး ပို့ချင်တယ်တဲ့။ သူက Foreigner ဆိုတော့ တခြားမှာ အဲ့သလို သုံးဖူးပုံရတယ်။ Microsoft outlook မှာ calendar ဆိုတဲ့ Tab တစ်ခုပါပါတယ်။ တွေ့ဖူးကြသလားတော့ မသိဘူး။ Microsoft outlook ကို Exchange နဲ့ မချိတ်ဘဲ (exchange email account မဆောက်ဘဲ) သူ့ချည်းသုံးမယ်ဆိုရင် calendar က calendar လိုပြတယ်။ တော်တော် ရှင်းသွားပြီထင်တယ်။

Calendar မှာ date နံပါတ်တွေနဲ့။ ထပ်ရှင်းပြန်ပြီ။ အဲ့ဒီ date နံပါတ်တွေပေါ်မှာ click နှိပ်ပြီး ထို date, ဘယ်အချိန်မှာ ကိုယ်ဘာလုပ်ဖို့ရှိသလဲဆိုပြီး ရေးထားလို့ရတယ်။ ပြီးတော့ အဲ့ဒီ  လုပ်ရမယ့် ကိစ္စကို မမေ့အောင် alarm တွေပေးအောင် လုပ်လို့ရတယ်။ ကိုယ့်ကို လာလာသတိပေးနေမှာ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ outlook calendar မှာ  သူငယ်ချင်းတွေရဲ့ မွေးနေ့တွေထည့်ထားဖို့ စဉ်းစားထားတယ်။ J

ဒါက ရိုးရိုးသုံးတာပေါ့။ ဆန်းဆန်းသုံးတာကတော့…အဲ exchange နဲ့ တွဲသုံးရင်တော့ ကိုယ် Calender မှာ မှတ်ထားတဲ့ ကိစ္စတွေကို ကိုယ် ပို့ချင်တဲ့ လူဆီ လှမ်းပို့လို့ရတယ်။ ဟိုဘက်ရဲ့ လူရဲ့ calendar မှာ ကိုယ့်အတိုင်းဖြစ်သွားလိမ့်မယ်။

ခုနက ကျောင်းအုပ်ဆရာကြီးလုပ်ခိုင်းသလိုဆို

ကျောင်းဆရာတွေရဲ့ စက်မှာ ကျောင်းဆရာတွေက ဘယ်နေ့မှာ ဘာသင်မယ်ဆိုတဲ့ timetale ကို email calendar မှာ ဆောက်ပြီး သက်ဆိုင်ရာ ကျောင်းသားတွေဆီကို ပို့လိုက်ရုံဘဲ။ timetable ကို ပို့လိုက်တဲ့ ကျောင်းသားတွေက လွဲလို့ ဘယ်သူမှ မကြည့်နိုင်ဘူး။ ပိုရှုပ်အောင် ထပ်ပြောရရင် grade 4 ဆရာက exam time table ကို Grade 4 ကျောင်းသားတွေကို ပေးသိချင်တယ်။ကျောင်းသားတွေက သူတို့ရဲ့ outlook calendar ကိုကြည့်ပြီး ဘယ်နေ့မှာ ဘာ exam ရှိလဲဆိုတာကို သိနိုင်ရမယ်။

ဒါဆိုရင် ဆရာက အရင် outlook calendar မှာ date တစ်ရက်ကို နှိပ်။ message အလွတ် တက်လာမယ်။ Subject တွင် Myanmar Subject လို့ထည့်။ To နေရာတွင် grade 4 ကျောင်းသားတွေရဲ့ email address ကိုထည့်။ ပြီးရင် send button ကို နှိပ်လိုက်ရုံဘဲ။ ဒါဆိုရင် ဆရာ့ရဲ့ calendar မှာ ထို date တွင် Myanmar subject ဆိုတဲ့ အတုံးလေးတစ်ခု ရောက်နေတယ်။ ပို့လိုက်တဲ့ ကျောင်းသားတွေရဲ့ calendar မှာလည်း ထို အတိုင်း ဖြစ်သွားတယ်။ ဆရာ့ Outlook calendar မှာ လုပ်ဖို့ကျန်သေးတဲ့ ရက်တစ်ရက်ချင်းစီအတွက် အဲ့ဒီလိုမျိုး လိုက်လုပ်ပေးရမယ်။ အားလုံးပြီးသွားရင်တော့ grade 4 ကျောင်းသားတွေရဲ့ calendar မှာ exam time table ထွက်လာပြီပေါ့။ “To” textbox နေရာမှာ grade4@mis.com ဆိုပြီး ပို့လိုက်ရုံနဲ့ grade 4 ကျောင်းသားအားလုံးဆီ ရောက်စေချင်ရင်တော့ exchanger server မှာ Distribution mailbox လုပ်ထားလို့ရတယ်။ Exchange ရဲ့ distribution mailbox က VPOP3 မှာဆို List နဲ့ တူတယ်။

ပြီးရင်တော့ အောက်က Calander လိုမျိုး ဆရာရော၊ ကျောင်းသားတွေဆီမှာ ဖြစ်သွားတယ်။23 ရက်ကနေ 28 ရက်ထိ စစ်မယ့် Exam subject Information ပေါ့။
အောက်ကပုံကတော့ ဆရာက 23 ရက်နေ့ ဘာ စာမေးပွဲရှိလဲဆိုတာကို ဘယ်ကျောင်းသားဆီပို့မလဲဆိုတာကို လုပ်နေတာ။ ဆရာက 23 ရက်နေ့ပေါ်မှာ double click နှိပ်လိုက်ရင် အဲ့ဒီလို Message Form တက်လာမှာပါ။Subject မှာတော့ အဲ့နေ့မှာ စစ်မယ့် Subject ကို ရိုက်ထည့်လိုက်ပါတယ်။ ပြီးရင် “To” button ကိုနှိပ်လိုက်ရင် address book တက်လာလိမ့်မယ်။ အဲ့ဒီ address တွေထဲမှာမှ grade 4 ကျောင်းသားတွေကို ရွေးပြီးထည့်လိုက်ပါ။ ပြီးရင် Send button ကိုနှိပ်လိုက်ရင် ထို ကျောင်းသားတွေရဲ့ calendar မှာ ဆရာရဲ့ calander လိုမျိုးဖြစ်သွားလိမ့်မယ်။
ပြီးတော့ Exchange မှာ Unified messaging Server Role ကို သုံးရင် တစ်ယောက်နဲ့ တစ်ယောက် အသံ file တွေပါ ပို့လို့ရလာတယ်။ကျွန်တော် အဲ့ဒါကတော့ မစမ်းဖူးသေးဘူး။

Exchange မှာ ကောင်းတဲ့ အချက်တွေ ထပ်ရှိသေးတယ်။ ကျွန်တော်တို့ POP3 setting နဲ့ setup လုပ်တဲ့ mail တွေသုံးဖူးကြမှာပါ။ Teleport က ရောင်းတဲ့ mail တွေလေ။ အဲ့ဒီ Mail တွေမှာဆို ကျော်ကျော်က အေးအေးဆီ Mail ပို့လိုက်တယ်။ အေးအေးက Outlook တော့ ဖွင့်ထားတယ်။အေးအေးက Send/Receive button မနှိပ်မချင်း ကျော်ကျော်ပို့တဲ့ mail ကို ရမှာ မဟုတ်ဘူး။ (send/receive auto လုပ်ပေးတဲ့ Schedule ပေးထားတာကို မပြောဘူး)။ Exchange နဲ့ mail setup လုပ်ထားပြီး သုံးတယ်ဆိုရင်ကျော်ကျော်က အေးအေးဆီ Mail တစ်စောင် ပို့လိုက်တယ်။ ပို့ပြီးတာနဲ့ တပြိုင်နက် အေးအေး ရဲ့ outlook ထဲ တန်းဝင်လာရော။အေးအေးက Send/Receive button နှိပ်စရာမလိုဘူး။

နောက် Feacture တစ်ခု။ ကျွန်တော်တို့ Public chat တော့ သုံးဖူးကြမယ်ထင်ပါတယ်။ Public chat မှာ user တစ်ယောက်က ပြောလိုက်တဲ့ စာကို Log In ၀င်ထားတဲ့ user အားလုံးက ဖတ်လို့ရတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကို အားလုံးက တွေ့ရတယ်။ အားလုံးပြောတဲ့ စကားကို ကိုယ် တွေ့ရတယ်။ MIRC chatting ကို သုံးဖူးတဲ့သူတွေတော့သိမှာပါ။

အဲ့သလိုမျိုး email message တွေကိုလည်း Public Chat လို လုပ်လို့ရတယ်။ Exchange မှာတော့ Public folder feature  လို့ခေါ်တယ်။ Outlook ထဲမှာ Public folder ဆိုတာကို တွေ့ဖူးကြလားမသိဘူး။ ထို Folder ထဲမှာ message အသစ်ရေးပြီး Post button နှိပ်လိုက်ရင် ရှိသမျှ email user တွေအားလုံးက ထို email ကို မြင်ရလိမ့်မယ်။ Public folder ထဲမှာ Folder အသစ် ထပ်ဆောက်ရင်လည်းရတယ်။ ပြီးရင် အဲ့ဒီ Folder တွေကို ဘယ်သူတွေဘဲ ကြည့်ခွင့်ပေးမလဲဆိုပြီး Permission တွေ သတ်မှတ်ပေးလို့လည်းရတယ်။ အောက်က ပုံကတော့ Public folder ကို သုံးနေကြပြီး အချင်းချင်း စကားပြောနေကြတာပါ။ Network က လူတွေအချင်းချင်း စကားပြော (message ပို့) နေကြတာပါ။ Network Department ကလူတွေ Software folder ထဲဝင်ပြီး စကားပြော (message ပို့) လို့၊ message တွေဖတ်လို့မရအောင် Folder တွေကို Permission လည်းပေးလို့ ရပါသေးတယ်။
ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ outlook မှာ auto ပေါ်တဲ့ email address list တွေတို့၊ ၊calendar တို့၊ Public folder တို့၊ on the sport email receive တို့တွေက exchange mail server ကို သုံးတဲ့အခါ ရတဲ့ Advantages တွေပါ။ VPOP3 Mail Server မှာဆို မရနိုင်ပါဘူး။

Exchange ရဲ့ ဆိုးတဲ့အချက်တွေက Exchange Mail Server ကို installation လုပ်ချင်ရင် အရင် Computer တစ်လုံးမှာ Server OS တင်ရပါမယ်။ ဘာလို့လဲဆိုတော့ Exchange Mail Server က Server OS ပေါ်မှာသာ Install လုပ်နိုင်တာလေ။ VPOP3 Mail Server က အဲ့ဒီ အချက်မှာ Exchange Mail Server ထက်သာတယ်။ VPOP3 Mail Server က Server OS သာမက Client OS (window XP) မှာပါ install လုပ်လို့ရပါတယ်။ Exchange Mail Server ကို ပြန်ဆက်ရအောင်။ Server OS တင်ပြီးတာနဲ့ exchange installation တန်းလုပ်လို့မရပါသေးပါဘူး။ အရင် ထို Server ကို domain controller ပြောင်းပေးရပါသေးတယ်။ တနည်းအားဖြင့် AD တင်ရပါတယ်။ AD တင်ပြီးရင်တော့ Exchang Server တင်လို့………မရသေးပါဘူး။ setup /prepareschema,setup /prepareAD , setup /preparealldomains, servermanager –ip ….xml –restart စတဲ့ command တွေ၊ office 2007 convertor Microsoft filter pack တွေ install လုပ်ပေးရတယ်။ အများကြီးဘဲ လုပ်ပေးရတာတွေ။ အဲ့ဒါတွေက Exchange 2010 installation လုပ်ရင် လိုတာတွေကို ပြောတာပါ။ ပြီးတော့ Client computer တွေက mail ကို ဒီအတိုင်း သုံးလို့မရသေးပါဘူး။ Client computer က Exchange တင်ထားတဲ့ domain controller  computer ကို domain လှမ်းချိတ်ရပါမယ်။တနည်းအားဖြင့် domain member ဖြစ်အောင်အရင် လုပ်ရပါမယ်။ Client Computer က domain member ဖြစ်ပြီးမှသာ Domain controller မှာ ရှိတဲ့ user name နဲ့ password ကို သုံးပြီး window ကို login ၀င်ရမှာပါ။ window ရောက်ရင် Microsoft outlook ကို ဖွင့်လိုက်တာနဲ့ email account တစ်ခုကို ဆောက်ပေးလိုက်ပါလိမ့်မယ်။ ဘယ် email account နဲ့ ဆောက်ပေးလိုက်လဲဆိုရင် ကိုယ် login ၀င်ထားတဲ့ user နဲ့ဆိုင်တဲ့ email account ပါ။ (exchange Mail Server ဘက်ခြမ်းမှာတော့ ထို Domain user အတွက် Mailbox ကို အရင် create လုပ်ထားပေးဖို့လိုပါတယ်။ AD user တိုင်း Mail သုံးလို့မရနိုင်ပါဘူး။ Mailbox create လုပ်ပေးထားတဲ့ AD user မှသာ mail သုံးနိုင်တာပါ) ကျွန်တော်က အခု Configuration အပိုင်းထက် ဘာ feacture တွေရှိလဲဆိုတာကို ဇောင်းပေး ပြောနေတာပါ။ Configuration အပိုင်းရေးရင် Webpage ဆန့်တော့မှာမဟုတ်ဘူး။ အဲ့ဒီလို Feacture တွေ သိဖို့ကလည်း အရေးကြီးတယ်ဗျ။ detail Configuration ကြီး မသိရင်တောင် ဘာ feacture တွေရှိလည်းဆိုတာ သိထားရင် ပိုကောင်းတယ်။ဒါမှသာ Customer ပြောလိုက်တာနဲ့ ဘာသုံးရင် အဆင်ပြေမလဲဆိုတာ ခေါင်းထဲက တန်းထွက်လာမှာ။ နို့မဟုတ်ရင်တော့ ဘာမှ ဆက်လုပ်လို့မရတော့ဘူး။ စမ်းထားဖူးရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော့် အမြင်ပေါ့။

အဲ့။ ဘယ်တွေ ရောက်သွားပြီလဲတောင် မသိတော့ဘူး။ တွေ့တယ်မလား။ Exchange mail သုံးဖို့ဆိုရင် AD တင်ရတယ်။ Exchange တင်ရတယ်။ အဲ့ဒါက မဆိုးသေးဘူး။ဆိုးတာက Client စက်တွေကိုပါ Domain member ဖြစ်အောင်လုပ်ရတယ်။ ပြီးရင် domain user name နဲ့ password ကို သုံးပြီး Login ၀င်ရတယ်။ သိတဲ့အတိုင်းဘဲ။ Window ကို domain နဲ့ ချိတ်ပြီး login ၀င်တာက ရိုးရိုး Login ၀င်တာထက် ပိုကြာတယ်မလား။  တစ်ခုတော့ရှိတယ်ဗျ။ Client စက်ကို domain member မလုပ်ဘဲ ပုံမှန် Workgroup နဲ့ဘဲ သုံးပြီး Exchange က mail တွေကို စစ်လို့ရတာရှိတယ်ဗျ။ နှစ်နည်းရှိတယ်။ တစ်ခုက Web Browser ကိုသုံးပြီး ၀င်တာ။ နောက်တစ်ခုက Microsoft outlook မှာ exchange နဲ့ account မဆောက်ဘဲ POP3 နဲ့ဘဲ account ဆောက်ပြီး သုံးတာ။ POP3 နဲ့ သုံးရင်တော့ email တော့ စစ်လို့ရတယ်။ ဒါပေမယ့် Exchange ရဲ့ calendar feature တို့၊ Contact တို့၊ Pubic folder တို့ကိုတော့ သုံးလို့ရတော့မှာ မဟုတ်ဘူး။ (POP3 service ကိုသုံးချင်တယ်ဆိုရင် Exchange server မှာအရင် Microsoft exchange POP3 service ကိုတော့ ဖွင့်ပေးထားရမှာပါ)

အောက်ကပုံက Client စက်မှာ Exchange Mail ကို Web Browser ကိုသုံပြီး Mailbox ထဲဝင်နေတာ။ Public folder တွေ ရော။ Calander တွေပါ သုံးလို့ရတယ်။

နောက်ဆုံးထွက်လာတဲ့ Exchange Server version က 2010 ပါ။ အရင်က 2003 တို့ 2007 တို့ရှိပါတယ်။ Exchange 2010 ရဲ့ hardware requirement တွေကလည်း လွန်ပါတယ်။ Exchange 2010 ကို installation လုပ်နိုင်ဖို့ computer ကို Server 2008 64bit OS တင်ထားဖို့လိုပါတယ်။ ရိုးရိုး 2008 မရဘူး။ SP2 or R2 edition မှရမယ်။ 64bit OS တင်ရမှာ ဖြစ်တဲ့အတွက် computer မှာ 64 bit processor ရှိရပါမယ်။ Recommend လုပ်ထားတဲ့ Typical installation အတွက် Memory က 8 GB လား မသိဘူး။ တော်တော် မလွယ်တဲ့ကောင်။ ကြုံတုန်း တစ်ခုပြောချင်တယ်ဗျ။ Server 2008 64 bit edition မှာ Hyper V Feature တစ်ခုရှိတယ်ဗျ။ သူက VMWare၊ Virtual PC လိုမျိုးသုံးရတာ။ Server 2008 32 edition မှာတော့ Hyper V မပါဘူး။ 64 bit edition မှာဘဲပါတယ်။

Exchange Mail Server မှာ လုပ်နိုင်တဲ့ Feature တွေ ဆက်ကြည့်ရအောင်။

Customer က ကိုယ့်ကို ပြောတယ်။ တချို့ ရိုးရိုး office staff တွေကို MD ဆီ တိုက်ရိုက် Mail ပို့ခွင့် မပေးချင်ဘူး။ ဘာလို့လဲဆိုတော့ Office Staff တွေက MD ဆီ Complaint Email လှမ်းပို့တတ်ကြလို့။MD ကလည်း အာရုံနောက်တယ်။ Email တွေဆိုတာက address သိရင်ပို့လို့ရပြီလေ။ email address သာသိတယ်ဆိုရင် ဆင်းရဲသားကနေ President ထိပါ email ပို့နိုင်တာလေ။  ဒီလိုမျိုးမဖြစ်စေချင်ရင် ထို ရိုးရိုး ၀န်ထမ်းတွေရဲ့ email ကနေ ဘယ် address တွေဆီဘဲ ပို့ခွင့်ပေးမယ်ဆိုပြီး Exchange Server မှာသတ်မှတ်ပေးထားလို့ရတယ်။ VPOP3 မှာတော့ အဲ့ဒီ setting မပါဘူးထင်တယ်။ သေချာတော့ မရှာကြည့်ဖြစ်သေးဘူး။

MD က Director ဆီ ရောက်လာတဲ့ Mail တွေကိုလည်း ကြည့်ချင်တယ်တဲ့။ တနည်းအားဖြင့် Director ဆီ ရောက်သမျှ mail မှန်သမျှကို MD Mailbox ထဲလည်း ၀င်ချင်တယ်။ အဲ့ဒီလိုမျိုးကို Exchange မှာ director ရဲ့ mail forwarding setting မှ တဆင့်လုပ်နိုင်တယ်။

MD က သူ့ Mailbox တစ်ခုလုံးကို (inbox,sent,outbook,etc) သူ့ Assistant ဖြစ်တဲ့ လှလှ ဆိုတဲ့ user ကို ကြည့်ခွင့်ပေးမယ်။ ဒါပေမယ့် MD က လှလှကို သူ့စက်ကို မကိုင်စေချင်ဘူး။ လှလှစက်၊ လှလှ email account ကနေဘဲ ကြည့်ခွင့်ပေးမှာ။ ပြီးတော့ လှလှ စက်မှာ MD account ကို ဆောက်စရာမလိုဘဲ MD mailbox ကို ကြည့်စေချင်တယ်။ဘယ်လို ကြည့်လို့ရလဲဆိုရင် လှလှက မိမိရဲ့ Mail client ထဲမှာ open another mailbox (md@alphachannel.com) လို့ ရိုက်ထည့်လိုက်ရင် MD mailbox က လှလှ mailbox အောက်မှာ လာပေါ်တယ်။ (MD ရဲ့ mailbox မှာ လှလှကိုFull Access permission ပေးပြီး)

တခါတလေကျရင် MD က လှလှကို mail တွေကို သူ့အစား ပြန်ပို့ခိုင်းတယ်။ဒါပေမယ့် MD က သူ့ computer ကို လှလှကို မကိုင်စေချင်ဘူး။ လှလှက သူမ computer,သူမ account ကနေဘဲ ပြန်ပို့ရမှာ။ လှလှ account ကနေ ပို့ပေမယ့် ပြန်ပို့လိုက်တဲ့ mail ရဲ့from နေရာမှာ လှလှ mail address မဖြစ်စေချင်ဘဲ md mail address နဲ့တခြားလူဆီ ရောက်စေချင်တယ်။ ဒါဆိုရင် လှလှ ပို့တဲ့အခါ message ရဲ့ from နေရာမှာ MD ရဲ့ email address ကိုရွေးပြီးပို့နိုင်တယ်။ အဲ့ဒီလို ပို့နိုင်အောင်လို့ MD ရဲ့ mail setting မှာ လှလှကို Send As Permission ပေးပေးရမယ်။

Customer က ရုံးက ၀န်ထမ်းတွေကို Mailbox Storage ပမာဏ ကန့်သတ်ချင်တယ်။ မသတ်မှတ်ထားရင် -၀န်ထမ်းတွေက email ကို ပို့ချင်သလို ပို့ ပြီး Server မှာ Disk space ကုန်သွားမှာ စိုးရိမ်တယ်။ အဲ့ဒီလို Mailbox Storage ကို user တစ်ဦးချင်းစီအလိုက်လည်း ကန့်သတ်နိုင်တယ်။

ကျွန်တော်တို့ Gmail သုံးရင် Email Message ကို 5MB အများဆုံးဘဲ ထားပြီးပို့နိုင်တယ်။ ထို့ထက် ပို ပို့လို့မရဘူး။ Exchange Mail Server  မှာလည်း အဲ့သလို ဖြစ်အောင်လုပ်နိုင်တယ်။email တစ်စောင်ရဲ့ အများဆုံး ပို့နိုင်တဲ့ Size ကို သတ်မှတ်လို့ရတယ်။

2 comments:

  1. ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): Exchange Mail Server အကြောင်း တစေ့တစောင်း >>>>> Download Now

    >>>>> Download Full

    ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): Exchange Mail Server အကြောင်း တစေ့တစောင်း >>>>> Download LINK

    >>>>> Download Now

    ပြည့်ဖြိုး (နည်းပညာမျှဝေခြင်း): Exchange Mail Server အကြောင်း တစေ့တစောင်း >>>>> Download Full

    >>>>> Download LINK 7j

    ReplyDelete

Related Posts Plugin for WordPress, Blogger...