မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Thursday, October 4, 2012

Blog မှာ Facebook Comment ထည့်နည်း

 

ဦးဇင်းပ၀ရ: ဒကာတော် facebook comment မှာ blogထဲမှာထည့်ချင်တယ် အဲတာဘယ်လိုလုပ်လဲ နည်းလမ်းရှိရင် တင်ပေးအုံ.နော်

            ဒီ Post လေးကိုကျွန်တော်တင်ဖို့ စိတ်မကူးထားပါဘူး။ တော်တော်လေးကိုလွယ်လို့ပါ။ ဒါပေမယ့်
ဦးဇင်းတစ်ပါးက တင်ပေးပါအုံးလို့ မိန့်လို့ ဦးဇင်းကိုလေးစားသောအားဖြင့် ကျွန်တော်တင်ပေးလိုက်ပါ
တယ်ဗျာ။ အခြားမသိရှိသေးသောသူငယ်ချင်းများလည်း သိသွားတာပေါ့ဗျာ။ တော်တော်လွယ်ပါတယ်။
အောက်မှာ ပုံနဲ့ သေချာလေးရှင်းပြထားပါတယ်နော်။ ဦးဇင်း လည်းအဆင်ပြေပါစေ ဘုရား ။ ဟဲဟဲ

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

အဆင့် 1
 ဒီနေရာ လေးကို သွားလိုက်ပါ။
လေးခုမြောက်နေရာက Comments ကိုနှိပ်လိုက်ပါ။ အောက်က ပုံအတိုင်းပါ။


 အဆင့် 2
URL to Comment on အောက်က အကွက်ထဲမှာ မိမိဆိုဒ်ရဲ့ Address ကိုရေးပေးပါ။
Number of Posts မှာ Comment အရေအတွက် ထားပေးပါ။
width နေရာမှာတော့ မိမိ ဆိုဒ်နဲ့ ချိန်ပြီး အတိုင်းအတာကို ရိုက်ထည့်ပါ။
Color Scheme မှာ မိမိကြိုက်တဲ့ အရောင်ထည့်ပါ။ အဖြူနဲ့ အမည်း နှစ်မျိုးတည်းရှိပါတယ်။
အားလုံးပြီးသွားရင်တော့ Get Code ကိုနှိပ်ပါ။ ခဏစောင့်ပါ။


 အဆင့် 3
အောက်က Box လေးကျလာပြီဆိုရင် HTML5 ကိုရွေးပါ။
No.2 က code ကို ကူးယူပါ။


အဆင့် 4
Design ထဲက Layout ထဲက Add Gadget ကိုနှိပ်ပေးပါ။

drop down menu

Box တစ်ခုကျလာရင် HTML Java Script ကိုရွေးပြီး  ကူးယူထားတဲ့ HTML Code ကို ကူးထည့်ပေးပါ။
ပြီးသွားရင် Save နှိပ်လိုက်ပါ။  HTML JAVASCRIPT A simple Drop Down Menu For Blogger
ဒါဆိုရင် အားလုံးပြီးဆုံးသွားပါပြီဗျာ။ အဆင်ပြေကြပါစေနော်။

1 comment:

  1. အဆင် မပြေဘူးဖြစ်နေတယ် Ko Pyae Phoyo ရေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...