မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Friday, August 10, 2012

အလှူဒါန (၇)မျိုး

           တရားတော်များခေါင်းစဉ်နဲ့ မတင်ဖြစ်တာနည်းနည်းလေးကြာလာလို့ ကျွန်တော် အခု ဗုဒ္ဒဘာသာ
ဝင်တစ်ယောက်အနေနဲ့ ဘုရားဟောထားတဲ့ တရားတော်များကို မျှဝေပေးလိုက်ပါတယ်ဗျာ။

Facebook ရဲ့ Like Button လေးကိုနှိပ်ခြင်းအားဖြင့် Facebook မှာအခြားသောသူငယ်ချင်းများကိုလည်း ဖတ်ရှုနိုင်အောင် ကုသိုလ်ပြုလုပ်ပေးပါနော်။

         အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည်မည်သည့်
အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟုမေး
လျှောက်သည်။“အသင်သည် အလှူဒါနမပြုတတ်၍ဖြစ်သည်” ဟုမြတ်စွာဘုရားကဖြေကြားတော်မူသည်။ ”
 “ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။”
“ အသင်ဤသို့မဟုတ်သည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်
လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ.....

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွး
    သောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်
     ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း ၊ မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။ မည်သူမဆို ဤ
     အလှူဒါနခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကိုပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်း
    သည်ထက်ကြပ်မကွာလိုက်ပါလာမည်သာဖြစ်ပါသည်။ ”ပါမောက္ခဒေါ်ခင်ဖြူ(မြင်းခြံ)… မြတ်မင်္ဂလာစာ
    စောင်။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်စုံ
   ကြပါစေ။

http://www.wiradhamma.blogspot.com/ မှ အရှင်ဝိမလဝံသ ၏ Post ကို ပြန်လည်ကူးယူ ဒါနပြုပါသည်။

“အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ် စိတ် နှစ်ဖြာ ချမ်းသာကြပါစေ”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...