မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Thursday, July 26, 2012

Window Admin Password ကို USB နှင့် ကျော်ဝင်နည်း


                      ကျွန်တော် အရှေ့မှာ Window Admin Password ကို ကျော်ခွနည်းဆိုပြီး နှစ်မျိုးလောက်
တင်ပေးဖူးပါတယ်။ အဲဒါတွေက CD နဲ့တင်နည်းပါ။ အခုဟာက USB နဲ့တင်နည်းလေးတွေ့လို့ စမ်းကြည့်
တာအရမ်းသဘောကျသွားတယ်ဗျာ။ အဲဒါကြောင့်သူငယ်ချင်းများကိုမျှဝေပေးလိုက်တာပါ။ ဒါလေးကိုတော့
ကိုဝင်ကျော်ကျာ် (Winkabarkyaw) ဆီကနေယူလာတာဖြစ်ပါတယ်ဗျာ။ အောက်မှာ နည်းလမ်းလေးကို ဆရာကျော်က ပုံလေးတွေနဲ့ရှင်းပြထားတာပါ။ အောက်မှာ သေချာကြည့်လိုက်နော်။


ဒါလေးကတော့ Window Admin Password ကို USB နဲ့ ကျော်ဝင်ဖို့ပါ...အရင်က တင်ပေးထားတဲ့ Window Admin Password ကို USB နဲ့ ကျော်ဝင်နည်းက အဆင်မပြေဘူး ပြောနေလို့ ဒီနည်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

အသုံးပြုနည်းကတော့ 2GB (or) 4GB ပမာဏ ရှိတဲ့ USB တစ်ချောင်းကို ကွန်ပြူတာမှာ တပ်ပြီး Format ချပါ.. (USB Format ချနည်းကို ဒီမှာ ကြည့်နိုင်ပါတယ်)

အပေါ်က Download Button ကိုနှိပ်.rar ဖိုင်လ် လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ..။
ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb ဆိုတဲ့ Application လေးကို Double Click လိုက်ပါ...


CMD command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , G , H တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က F ဆိုရင် CMD command မှာ ကိုရေးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)

အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပြူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 BIOS ထဲဝင်ဖို့ နှိပ်ရမဲ့ Key တွေကတော့ ကွန်ပြူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) တခုခုကနေ BIOS Device Menu ကို ဝင်ပြီး 1st BOOT မှာ 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။

 


ခဏ နေလို့ Window တတ်လာရင် Enter ခေါက်ပြီး Admin Password ကို ကျော်လို့ရသွားပါပြီ...။

အားလုံး အဆင်ပြေကြပါစေ.... အဆင်မပြေရင် ဒီမူရင်းဆိုက်ဒ် မှာလေ့လာနိုင်ပါတယ်ခင်မျာ.....:)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...