မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Wednesday, May 30, 2012

iOS 5.1 အား Jailbreak လုပ်နည်း (Tethered Jailbreak)




          ကျွန်တော် အခု တဆင့်ပြန်လည်မျှဝေပေးချင်တဲ့ Post လေးကတော့ Myanmar Mobile Development ကနေပြီး ဖော်ပြပေးထားတာလေးဖြစ်ပါတယ်။ ကျွန်တော်ဖုန်းအကြောင်းကို သိပ်ပြီးနားမ
လည်ပါဘူး ကိုယ်တိုင်ရေးရင်အမှားပါနိုင်တာကြောင့် ဖော်ပြပေးပြီးသား Post လေးများကိုသာ ပြန်လည် တင်ပြပေးခြင်းဖြစ်ပါတယ်။အခု Phone နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးကတော့  iPhone 4S နှင့် 
iPad2 နဲ့ iDevice တွေမှာ Tethered Jailbreak ပြုလုပ်ပေးနိုင်ပါတယ်။ အောက်မှာ ပုံနှင့်တကွရှင်းပြပေး ထားပါတယ်ဗျာ။



မနေ့ တစ်နေ့ ကမှ Apple က Update ပေးလိုက်တဲ့ iOS 5.1 ကို Tethered Jailbreak လုပ်လို့ ရပါပြီ။
Tethered Jailbreak ဆိုတဲ့ အတဲ့ Power ပိတ်လို့ မရပါဘူး။ Power ပိတ်ခဲ့မိရင် Just Boot ပြန်လုပ်ပေးမှရပါလိမ့်မယ်။

ဒီနည်းကတော့ iPhone 4S နှင့် iPad2 ကလွဲလို့  ကျန်တဲ့ iDevice တွေအားလုံးကို Tethered Jailbreak လုပ်ပေးနိင်ပါတယ်။

အရင်ဆုံးလိုအပ်တဲ့ Files တွေကို အောက်က Link တွေမှာ ဒေါင်းလိုက်ပါ။

iOS 5.1 Firmwares for iPhone, iPad, iPod Touch 

Redsn0w 0.9.10b6 for Windows


အပေါ် File တွေကို Download ဆွဲပြီးရင်တော့ Redsn0w 0.9.10b6 ကို Administrator အနေနဲ့ run လိုက်ပါ။

Extras ထဲက Select IPSW မှာ သက်ဆိုင်ရာ iDevice အတွက် 5.1 Firmware ကိုရွေးပေးလိုက်ပါ။

ပြီးရင် Back နဲ့ ပြန်သွားပြီး Jailbreak ဆိုတာကို နှိပ်လိုက်ပါ။
DFU mode ထဲကိုဝင်ပါမယ်။ 
DFU mode ထဲကိုဝင်ဖို့အတွက်လုပ်နည်းကို ဆက်လက်ပြောပြပါမယ်။
ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင်
home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက်
နှိပ်လိုက်ပါ(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။
ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။
Jailbreak လုပ်ပြီးတဲ့အခါမှာတော့ iDevice ဟာ Reboot ပြန်တက်လာပါလိမ့်မယ်။ Cyida Icon လေးက အဖြူရောင်ကြီးဖြစ်ပြီး အလုပ်မလုပ်ဘဲ နေလိမ့်မယ်။
iDevice ကို PC နဲ့ ပြန်ချိတ်ပါ။ ဒီတစ်ခါတော့ Extras ထဲက Just boot ကိုရွေးပေးလိုက်ပါ။
Reboot ပြန်တက်လာရင်တော့ အဖြူရောင် Cydia Icon လေးဟာ ပုံမှန်အတိုင်း အညိုရောင် icon လေးဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ Jailbreak လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ......
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....:)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...