မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Friday, January 20, 2012

Hard Disk တွေ Memory Stick တွေကို လွယ်ကူစွာဘဲပိုင်းဖြတ်ကြမယ် (EASEUS Partition Master 9.0.0 Professional Edition)

  
                 ဒါလေးကတော့ ကျွန်တော် MMiTD မှာ ပေါက်ကွဲသံစဉ်တွေတဲ့တင်ထားတဲ့Post လေးပါဗျာ။
ပေါက်ကွဲသုံစဉ်ဆိုတော့လည်း တုန့်ပြန်မှုလေးတွေကတော့ ကျေနပ်စရာလေးတွေပါ။ အရေးအ
သားလေးတွေပါမပြင်ဘဲဒီအတိုင်ဘဲတင်ထားလိုက်ပါတယ်။
          ဒီတစ်ခေါက်တင်ပေးမယ့် Post လေးကတော့ EASEUS Partition Master 9.0.0 Professional Edition ဆို တဲ့ Hard Disk တွေ Memory Stick တွေကို ခွဲခြမ်းပိုင်းဖြတ်ပေးမယ့် Softwareလေးဘဲဖြစ်
ပါတယ်။ ဒီ Software လေးအကြောင်းကိုမရှင်းပြခင် ကျွန်တော်နည်းနည်းလောက်ရင်ဖွင့်ချင်ပါတယ်ဗျာ။ MMiTD မှာအခုနောက်ပိုင်း ကျွန်တော် Post တင်တာကျဲသွားပါတယ်။ အရင်ကလောက်သိပ်မတင်ဖြစ်
တော့ပါဘူး
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့လို Post တင်တဲ့သူတွေဟာ မိမိ Post တစ်ခုတင်
လိုက်ပြီဆိုရင် အဲဒီ Post အပေါ်မှာ အခြားသော Member ၀င်တွေက စိတ်ဝင်စားရဲ့ လား သဘောကျရဲ့လား
ဆိုတဲ့ ရလဒ်တစ်ခုကိုဘဲစိတ်ဝင်တစားနဲ့စောင့်ပြီး ဖတ်ကြပါတယ်။ မိမိတင်လိုက်တဲ့ Postမှာ Comment များများ ရေးပေးစေချင်ကြတာ Comment တွေကို ဖတ်ချင်ကြတာ ကျွန်တော် တို့ရဲ့ Feel လေးဘဲဗျ။
အခုနောက်ပိုင်း Post တင်ရတာလည်း တဖြည်းဖြည်းနဲ့ အားလျော့လာတယ်ဗျာ။ ကျွန်တော့် လိုဘဲ ပုံမှန် Post တွေတင်နေတဲ့ ဘော်ဒါတွေလည်း အခုနောက်ပိုင်းတင်တာမတွေ့ရတော့ဘူးဗျာ။ Post တစ်ခု တင်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူးဗျာ။ MMiTD မှာ ကျွန်တော့်ကို စတင်ပညာ
သင်ပေးခဲ့တဲ့ ဆရာထက်ပြောသလိုပေါ့ဗျာ။ ကိုယ်တင်တဲ့ Post တစ်ခုအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်စွာနား လည်နိုင်ရမယ်။ အဲဒီ Post မှာ ဖြစ်ပေါ်လာတဲ့ Error မှန်သမျှကို ဖြေရှင်းပေးနိုင်ရမယ်။ အဲဒီလိုဖြေရှင်းပေး
နိုင်ပြီဆိုမှ Post တစ်ခု ဖြစ်ပေါ်လာတာပါ။ အဲဒီ Post အတွက် စာတွေရေးရ ရှင်းပြရနဲ့ တင်ပေးခဲ့တဲ့ ကျွန်တော်တို့Post တစ်ခုအပေါ်မှာ အနည်းဆုံးတော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စာလေးတစ်စောင်တောင် ချန်မထားခဲ့တာတော့ဝမ်းနည်းမိပါတယ်ဗျာ။ အဲဒါကြောင့်လည်း Post တွေမတင်တော့ဘဲ ကိုချစ်ရဲ့ Post မှာဘဲ တစ်သလောက်မှတ်သလောက်လေးနဲ့ ကိုချစ်ကို ၀င်ပြီးကူညီပေးနေတာ ကြာပြီဗျာ။ ရှေ့ဆက် Post တွေတင်ဖို့လည်း အားတွေလည်းမရှိတော့ပါဘူး။ ပထမတစ်ခေါက် တင်လိုက်တဲ့ Post အတွက် Comment တွေဟာ ဒုတိယ Post အတွက် အင်အားတွေပါဘဲ။ ဒီ တစ်ခေါက် Post တင်ဖြစ်တာတော့ ကျွန်တော် တော်တော်လေးအားယူပြီးတင်ရပါတယ်။ ထွက်လာမယ့် ရလဒ်ကတော့ ဘယ်လိုလည်းတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကလည်း Software ကောင်းကောင်းလေး တွေရလာရင် MMiTD ကညီကိုမောင်နှမတွေကို မျှဝေပေးချင်နေတော့လည်း ဗျာ…………

လေကြောတွေရှည်နေတာနဲ့ဘဲ လိုရင်ကို မရောက်သေးပါဘူး။ အခုတော့ ပြောပြချင်တာလေးတွေပြောပြလိုက်ရလို့ နည်းနည်းတော့စိတ်ပေါ့သွားတာပေါ့ဗျာ။ လိုရင်ကိုစပြီးပြောပြပါတော့မယ်။
ဒီ Software လေးကတော့ ကျွန်တော့်ရဲ့ကျောင်းတုန်းကဆရာမက သူ့ရဲ့ Laptop မှာ Partition တစ်ပိုင်းဘဲပိုင်းပေးထားလို့ နှစ်ပိုင်းပိုင်းချင်လို့ ကျွန်တော့်ကိုအကူအညီတောင်းရာ
ကစတာဘဲဗျ။ သူတင်ထားတဲ့ Laptop လေးက Window 7 x 86bit တင်ထားတာဗျ။ ကျွန်တော့်မှာရှိတဲ့ Partition Software တွေနဲ့စမ်းကြည့်လိုက်တော့ အဆင်မပြေဘူးဗျ။
Partition Software တွေက 86 ကို Support မလုပ်နိုင်ကြဘူးဗျာ။ အဲဒါနဲ့ဘဲ ကိုချစ်ကိုဘဲအကူအညီတောင်းလိုက်တာပေါ့ဗျာ။ ကိုချစ်ရှာပေးတဲ့ Software လေးပါဘဲ။
အသုံးပြုပုံလေးကလည်းလွယ်ကူရိုးစင်းလွန်းပါတယ်။ အဲဒါလေးနဲ့ ကျွန်တော့်ဆရာမရဲ့ Laptop လေးကို Partition ပိုင်းလိုက်တာ 15 မိနစ်တောင်မကြာပါဘူးဗျာ။ အားလုံးအဆင်ပြေသွားတယ်။ ကျွန်တော်သဘောကျတာနဲ့ဘဲ ကျန်တဲ့ Window တွေကိုလိုက်စမ်းကြည့်တော့ အကုန်အဆင်ပြေတယ်ဗျာ Window XP . Window 7 , Vista အားလုံးကို Support လုပ်ပါတယ်ဗျာ။ ကျွန်တော် Full Version လေးဘဲတင်ပေးထားပါတယ်။ အသုံးပြုပုံကိုလည်း အားလုံးနားလည်အောင် ပုံလေးနဲ့တကွ ရှင်းပြပေးလိုက်ပါတယ်။





ပထမအနေနဲ့ Go to main Screen လေးကိုနှိပ်လိုက်ပါ။



ပုံမှာမြင်ရတဲ့အတိုင်း Partition ပိုင်းထားတာ C,D,E,F ဆိုပြီး အပိုင်းလေးပိုင်းကိုတွေ့မှာပါ။
နမူနာအနေနဲ့ ကျွန်တော်က E:Backup ဆိုတဲ့ အပိုင်းလေးကို နောက်ထပ်တစ်ပိုင်းဖန်တီးပြ
မှာပါ။
1.ကိုယ်ပိုင်းချင်တဲ့အပိုင်းလေးကို Select ပေးပြီးရင်
2.Resize/Moveကိုနှိပ်ပါ။

 

ဒါဆိုရင် အားလုံးမြင်ရတဲ့တိုင်းဘဲ ကိုယ်ပိုင်းချင်တဲ့အပိုင်းလေးပေါ်လာပါပြီ။
1.    အဲဒီမှာပါတဲ့အဝိုင်းလေးနားမှာ Mouse ကိုထားပြီး  ရှေ့တိုးနောက်ဆုတ်နဲ့ နောက်ထပ် Partition တစ်ခု ဖန်တီးနိုင်ပါတယ်။နောက်တစ်နည်းကတော့
2.    Partition Size မှာ မူလရှိနေတဲ့ ပမာဏကိုဖော်ပြပေးထားတာဖြစ်ပါတယ်။
3.    Unallocated Space After ကတော့ ထပ်မံဖန်တီးလိုတဲ့ Partition ပမာဏကို အတိအကျသတ်မှတ်ပေးရမှာဘဲဖြစ်ပါတယ်။ (1GB x 1024MB) မသိရှိသေးသူများအတွက်ပါ။ကိုယ်က နောက်ထပ် Partition မှာ 50GB ထားချင်တယ်ဆိုရင် 50 x 1024 = 51200MB ရိုက်ထည့်ရမှာဘဲဖြစ်ပါတယ်။

 

 ပုံမှာမြင်ရတဲ့အတိုင်း Unallocated ဆိုတဲ့ အပိုင်းတစ်ပိုင်းပေါ်လာပါပြီ။ Ok နှိပ်ပါ။


1.    Unallocated ဆိုတဲ့ အပိုင်းလေးကို ပြီးပြည့်စုံတဲ့ Partition အပိုင်းတစ်ပိုင်း ဖြစ်လာဖို့ ဖန်တီးရမှာဖြစ်ပါတယ်။ Unallocated ကို Select ပေးပါ။
2.    Created နှိပ်ပါ။
3.    Partition Label သတ်မှတ်ပေးပါ။ကျွန်တော်ကတော့ ဥပမာအနေနဲ့ Data လို အမည်ပေးထားပါတယ်။
4.    Driver Letter သတ်မှတ်ပေးရမှာဘဲဖြစ်ပါတယ်။

အားလုံးပြီးသွားရင်တော့ Ok နှိပ်လိုက်ပါ။


ဒါကနောက်ဆုံးအဆင့်ပါဘဲ။ မိမိတို့ ဖန်တီးခဲ့တဲ့ Partition လေးဟာပုံမှာမြင်ရတဲ့အတိုင်းပြီးပြည့်စုံသွားပါပြီ။
1.    ဒါဆိုရင် Apply ကိုနှိပ်ပါ။
2.    Shut down the computer after changes are applied. မှာအမှန်ခြစ်ပေးပါ။
3.    Yes နှိပ်ပါ။

လုပ်ငန်အားလုံးပြီးဆုံးသွားပါပြီ။ Window ပြန်တက်လာတဲ့အချိန်မှာတော့ Partition ပိုင်းတဲ့လုပ်ဆောင်ချက်ကို အလိုလျောက်လုပ်ဆောင်ပေးနေတဲ့အတွက် ခဏလေးတော့စောင့်ပေးပါ။ 100% ပြည့်ပြီး Window တက်လာရင်တော့ မိမိ ပိုင်းထားတဲ့
Partition ကို စတင်အသုံးပြုလို့ရပါပြီ။

ကျွန်တော်ရေးသားမှုအပေါ်မှာ အဆင်မပြေတာနားမလည်တာရှိရင် အရေးအသားကောင်းမွန်စွာမရှင်းပြနိုင်တဲ့အတွက် နားလည်းပေးစေချင်ပါတယ်။
အဆင်မပြေပါကလည်း မေးမြန်းနိုင်ပါတယ်။

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။ 

ထွက်လာမယ့် ရလဒ်လေးကိုတော့ဗျာ !!!!!!!!!!!!!!!!


အောက်က Link မှာ ယူကြပါနော်။



 

3 comments:

Related Posts Plugin for WordPress, Blogger...