မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Sunday, November 27, 2011

Network Topology ဆိုတာ



Network Topology ဆိုတာ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ကို Network Topology လို့ ခေါ်ပါတယ်။ Network Topology လို့ ပြောတဲ့နေရာမှာ Network ချိတ်ဆက်မှု ပုံစံတွေ Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Network ကြိုးတွေ၊ Computer တွေ စတာတွေ အားလုံးသည် Network ရဲ့ Topology ထဲမှာ အားလုံး ပါဝင်ပါတယ်။
၎င်း Network ကြိုးတွေ Computer တွေပေါ် မူတည်ပြီး  Network Toplogy
တွေ ကွဲပြားပြီး ထွက်လာပါတယ်။ အဲဒီလို ကွဲပြားပြီး ပေါ်ထွက်လာတဲ့ Network Topology ကို အမျိုးအစား (၄) မျိုး
ခွဲထားပါတယ်။ အဲဒီ Network Topology အမျိုးအစားတွေကတော့
(1) Bus Topology
(2) Ring Topology
(3) Star Topology
(4) Mash Topology တို့ပဲ ဖြစ်ပါတယ်။

(1)    Bus Topology ရဲ့ ပုံသဏ္ဍန်








ကျွန်တော် အထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Bus Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍာန်ပဲ
ဖြစ်ပါတယ်။ Bus Topology ရဲ့ Network ချိတ်ဆက်မှုတွင် Backbone နှင့် Segment ဆိုပြီး (၂)မျိုး ဆွဲထားပါတယ်။
Segment အားလုံးသည် Backbone နဲ့ သွားရောက် ချိတ်ဆက်ထားရပါတယ်။ ၎င်း Backbone နဲ့ Segment ကို
ချိတ်ဆက်ရာတွင် Connector ဖြင့် ချိတ်ဆက်ရပါတယ်။ Bus Topology ဖြင့် Network ချိတ်ဆက်မှုတွင် ပထမဆုံး
Computer နှင့် နောက်ဆုံး Computer တို့ရဲ့ အစွန်းတစ်ဖက်စီမှာ Tarminator ဖြင့် ပိတ်ထားပေးရပါတယ်။ Bus
Topology မှာ အသုံးပြုတဲ့ Cable ကြိုးကတော့ Coaxial Cable ကြိုးကို အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။

(2)    Ring Topology









Physical အရမြင်နေရပုံ

ကျွန်တော် အထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Ring Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍန်ပဲ
ဖြစ်ပါတယ်။ ကျွန်တော်က Ring Topology မှာ Logical အရ အလုပ်လုပ်ပုံနှင့် Physical အရ မြင်နေရပုံ ဆိုပြီး ပုံ(၂)ပုံကို
တွဲလျှက် ယှဉ်ပြထားပါတယ်။ ၎င်း ပုံ(2)သည် အတူတူပဲ ဖြစ်ပါတယ်။ Ring Topology ဖြင့် Network ချိတ်ဆက်မှုတွင်
Physical အရ ကြည့်လိုက်ရင် Star Topology ဖြင့် ဆင်တူပါတယ်။ သို့သော် Physical အရ Star Topology ဖြင့်
တူသော်လည်း တကယ်တမ်း Logical အရ အလုပ်လုပ်တဲ့ ပုံစံကတော့ Ring ပုံစံဖြင့် အလုပ်လုပ်ပါတယ်။
အဘယ်ကြောင့်ဆိုသော် Ring Topology မှာ အသုံးပြုတဲ့ Central Davice က MAU (Multi Session Access Unit) ကို
အသုံးပြုပြီး ချိတ်ဆက်ထားရလို့ပဲ ဖြစ်ပါတယ်။ MAU Device ရဲ့ Logical အရ အလုပ်လုပ်တဲ့ပုံစံသည် Ring ပုံစံဖြင့်
အလုပ်လုပ်ပါတယ်။ Ring Topology မှာ အသုံးပြုတဲ့ Cable ကတော့ STP (Shielded  Twisted Pair) Cable ကို
အသုံးပြုပြီး ချိတ်ဆက်ရပါမယ်။

(3) Star Topology










ကျွန်တော် အခုအထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Star Topology ရဲ့ Network ချိတ်ဆက်မှု ပုံသဏ္ဍာန်ပဲ
ဖြစ်ပါတယ်။ Star Topology တွင် အသုံးပြုရတဲ့ Central Device ကတော့ Switch ကို အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။
၎င်း Switch သည် Switching ပိုင်းကို လုပ်ပေးရပါတယ်။ Star Topology မှာ အသုံးပြုတဲ့ Cable ကတော့ UTP
(Unshielded Twistad Pair) Cable ပဲ ဖြစ်ပါတယ်။

(4) Mesh Topology










ကျွန်တော် အခုအထက်မှာ ဆွဲပြထားတဲ့ ပုံသဏ္ဍာန်ကတော့ Mesh Topology ရဲ့ Network ချိတ်ဆက်မှုသည် Cable
များကို ရှုတ်ထွေးစွာ ချိတ်ဆက်ထားရပါတယ်။ ထို့ကြောင့် Mesh Topology ဖြင့် Network ချိတ်ဆက်မှုသည်
အမှားဒဏ်ကို ခံနိုင်မှု စွမ်းရည်ရှိပါတယ်။ သို့သော် Cable တွေရဲ့ ကုန်ကျမှုစရိတ်သည် အင်မတန်ကို များပြားပါတယ်။
Network ရဲ့ Physical Topologices ဖြစ်တဲ့ Bus Topology, Ring Topology, Star Topology နှင့် Mesh
Topology တို့သည် တစ်ခုနှင့်တစ်ခု တွဲလျှက်ချိတ်ဆက်ထားနိုင်သလို သိးသန့် Network Topology
တစ်ခုအနေနှင့်လည်းတည်ရှိနေနိုင်ပါတယ်။ ကျွန်တော်က အောက်မှာ ဥပမာအနေဖြင့် Network ရဲ့ Topology များ
အတူတကွ တည်ရှိနေပုံကို ဆွဲပြပေးလိုက်ပါတယ်။











Network ရဲ့ Topology များ တစ်ခုနှင့် တစ်ခု တွဲလျှက်ရှိပြီး Network ချိတ်ဆက်ထားပုံ

ကဲကဲ---Network ရဲ့ Topology အကြောင်းကတော့ ဒီလောက်ပါပဲ...။
ဒီတော့ နောက်ဆုံးအနေနဲ့ ကျွန်တော် တစ်ခုလောက်ထပ်မှာပါရစေ Network Topology ဆိုတာ Computer များ
တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်ကို Network Topology လို့
ခေါ်ပါတယ်။
Rev: Online Creator

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...