မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Monday, December 10, 2012

Google Play ကို မြန်မာပြည်မှ Access လုပ်ခွင့်ရစေရန် တောင်းဆိုခြင်း

 
                    မြန်မာပြည်မှ Android Users များအားလုံး Google Play ရဲ့ features များကိုအသုံးပြုခွင့်
ရရှိကြစေချင်တဲ့အတွက်ကျွန်တော်ဒီ Post လေးကိုမျှဝေပေးလိုက်ရပါတယ်ဗျာ။ သူငယ်ချင်းများအားလုံး
လည်းလက်လှမ်းမှီသလောက်လေးထပ်ဆင့်မျှဝေပေးကြပါခင်ဗျာ။
ဘယ်သူစလုပ်လုပ် ဘယ်သူဦးဆောင်ဆောင် အရေးကြီးတာက google play ကို မြန်မာနိုင်ငံကနေ တရား
ဝင် ၀င်ရဖို့ပဲမဟုတ်ပါလားဗျာ။ဒါကြောင့် အထိရောက်ဆုံးနဲ့ ဘယ်သူ့ကိုမှ credit ပေးစရာမလိုတဲ့ အားထုတ်
မှုတစ်ခုကို ကျွန်တော်တို့ ပြိုင်တူ လုပ်ကြရအောင်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။


Google Play ကို မြန်မာပြည်မှ Access လုပ်ခွင့်ရစေရန် တောင်းဆိုခြင်း
----------------------------------------------------------------------
Google Play ကို မြန်မာပြည်မှ Acces
s လုပ်ခွင့်ရစေရန် တောင်းဆိုရာမှာ အခုပြောမယ့် နည်းလမ်းနဲ့တောင်းဆိုခြင်းကပိုမိုထိရောက်မှုရှိပါတယ်။ အကြောင်းက Google Play ဆီဝင်ရောက်ရာမှာ Problem ရှိခဲ့ရင် ၊ Error ရှိခဲ့ရင် Google Play Team ဆီတိုက်ရိုက် အီမေလ်းပို့တောင်းဆိုနိုင်တဲ့
စာမျက်နှာမှာ တိုက်ရိုက်သွားပြီး အောက်မှာရေးပေးထားတဲ့ တောင်းဆိုစာ ကို ပို့ပေးရမှာဖြစ်ပါတယ်။ ဒီနည်းကပိုပြီးထိရောက်မှုရှိတဲ့အချက်ကတော့ ဒီ page မှာဝင်တောင်းဆိုဖို့အတွက် Google ရဲ့ Login စာမျက်နှာမှာ ကိုယ့်ရဲ့ Gmail Account နဲ့ဝင်ရောက်ပြီးမှ တောင်းဆိုစာရေးရမှာဖြစ်လို့ Google မှာတရားဝင် account လုပ်ထားတဲ့ Google Users တစ်ဦးအနေနဲ့တောင်းဆိုခြင်းဖြစ်တဲ့အတွက် အခုပြောမယ့်နည်းလမ်းကအကောင်းဆုံးဖြစ်ပါတယ်။ ကဲ.. ဒါဆို လုပ်ဆောင်ရမယ့် step တွေကိုပြောပြပေးပါ့မယ်။

အဆင့် (၁) - http://support.google.com/googleplay/bin/request.py?contact_type=apps_accessingplay_other
သို့ဝင်ရောက်ပါ။

အဆင့်(၂) - မိမိရဲ့ Gmail Account ဖြင့် Sign in ၀င်ရောက်ပါ။

အဆင့် (၃) - အောက်ပုံထဲကအတိုင်း မိမိရဲ့အမည် ၊ တောင်းဆိုရမည့်စာသားကို ဖြည့်စွက်ပါ။ တောင်းဆိုရမည့်စာသားကို
အောက်မှာ တစ်ခါတည်းရေးပေးထားပါတယ် ။ အဲဒါကိုပဲ copy ကူးပြီးထည့်ပေးလိုက်ပါ။

တောင်းဆိုရမည့်စာသား -

We are Android Users from Myanmar. Many people in Myanmar use your android OS. We want to use Google Play from our Android Phones. But We can't use Google Play. We just want to access Google Play from our Country (Myanmar). Please allow us to use your applications by removing the ban on us. We hope you will consider our request.

(အထက်ပါစာသားကိုအောက်ပုံတွင်ပြထားသည့်အတိုင်း Issue Description အကွက်တွင်ထည့်ပေးရမည်ဖြစ်ပါသည်။)

အဆင့် (၄) - ပြီးလျှင် Submit ခလုတ်ကိုနှိပ်ပါ။

အဆင့် (၅) - Your Email has been submitted ဆိုတဲ့စာသားနဲ့ Page တစ်ခုပေါ်လာပြီဆိုရင် တောင်းဆိုမှုပြုလုပ်ပြီးပြီဖြစ်ပါတယ်။

( ဒီနည်းကို Myanmar Mobile App မှကိုယ်တိုင်ရှာဖွေထားပါတယ်။ Google Play ရဲ့ Google Play Help ကနေ ရှာထားတာဖြစ်ပါတယ်။ ဒီပို့စ်ကိုယူသုံးလိုပါက Myanmar Mobile App ကိုလည်းCredit လည်းပေးစရာမလိုပါ။ မြန်မာပြည်မှ Android Users အားလုံးကောင်းဖို့ဖြစ်ပါတယ်။ ကြိုက်သလိုသုံးနိုင်ပါတယ်။ မိမိတို့စိတ်ကြိုက် share နိုင်ပါတယ်။ )

အခြား ဖုန်းသုံးစွဲသူများလည်း ၀င်ရောက်တောင်းဆိုပေးနိုင်အောင် ဒီပို့စ်လေးကို share ပေးစေချင်ပါတယ်။ မြန်မာပြည်မှ Android Users များအားလုံး Google Play ရဲ့ features များကိုအသုံးပြုခွင့်ရရှိကြပါစေလို့ Myanmar Mobile App Store မှဆုတောင်းပေးလိုက်ပါတယ်။


____________________________________
Reference and Credit to -Myanmar Mobile App

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...