မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Wednesday, September 19, 2012

Blog Page ကို ခဏလေး အမှောင်ချထားမယ်။

 

                    ဘာခေါင်းစဉ်ပေးရမှန်းကိုမသိတော့ဘူးဗျာ။ အဲဒါကြောင့် ပေးမိပေးရာလေးပေးမိပါတယ်။
ဘယ်လိုပုံစံလေးလည်းဆိုတော့ Blog Page ကို ဖွင့်ထားပြီးမကြည့်တာ နည်းနည်းလေးကြာသွားရင်
စာမျက်နှာတစ်ခုလုံးကို အမှောင်ချလိုက်တဲ့သဘောပါဘဲ။ စာမျက်နှာပေါ်ကို Mouse လေးလှုပ်လိုက်မှ
မူလစာမျက်နှာပြန်ပေါ်လာပါတယ်။ ထွေထွေထူးထူး ပြောင်းလည်းမှုတွေလုပ်တာတော့မဟုတ်ပါဘူး။
နည်းနည်းလေးများပိုလန်းသွားမလားလို့ ကလိကြည့်တဲ့သဘောပါ။ ဒါလေးလေကို လုပ်တက်ချင်လွန်း
လို့ ကိုအေးလွင်ကြီးကိုသင်ပေးပါလို့ ပြောလို့ ကိုအေးလွင်ကြီးသင်ပေးလိုက်တာပါ။ သူသင်ပေးတဲ့
အတိုင်းဘဲ Blogger မိတ်ဆွေများအားလုံးလည်း ကလိနိုင်အောင် မျှဝေပေးလိုက်ပါတယ်ဗျာ။ ဒါလေးလုပ်
ထားလို့ Site ကိုလေးလံသွားခြင်းမရှိစေပါဘူး ပုံမှန်အတိုင်းပါဘဲ။ ဒီမှာ နမူနာလုပ်ပြထားတယ်ဗျာသဘော
ကျရင်စမ်းသပ်ကြည့်နိုင်ပါတယ်။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။



အရင်ဆုံး Login to your Blogger dashboard --> Design --> Edit HTML ၀င်လိုက်ပါ။

Expand Widget Templates မှာ အမှတ်လေးပေးလိုက်ပါ။

</head>  ရှာပါ။တွေ့ပြီဆိုရင် အောက်မှာပေးထားတဲံ ကုဒ်လေးတွေကို copy ယူပြီး </head> အပေါ်က
ထည့်ပေးလိုက်ပါ။

<script language='javascript' src='http://yourjavascript.com/4932102091/koayelwin.js' type='text/javascript'/>

မိမိရဲ့ Template ကို Preview နဲ့ ကြည့်လိုက်ပါ။ Error မတတ်ဘူးဆိုရင် Template ကို save လိုက်ပါ။

မိမိစိတ်ကြိုက် ပြန်ပြင်လိုသူများအတွက်.....

အိပ်ပျော်နေချိန်မှာ စာတွေကိုပြန်ပြင်ချင်ရင်တော့ javascript မှာပြန်ပြင်ပါ။ ပြန်ပြင်ရန် အောက်ကအဆင့်တွေ ကို လုပ်ရပါမယ်။
http://yourjavascript.com/4932102091/koayelwin.js ကို copy ယူပြီး browser မှာ paste လုပ်ပြီးဖွင့်လိုက်ပါ။
အဲဒီက ကုဒ်တွေကို copy ယူပါ။ပြီးရင်ရင် Notepad မှာ paste လုပ်ပါ။
ကျနော်တင်ပေးထားတဲ့ javascript မှာ အိပ်ပျော်နေချိန်တွင်မြင်ရတဲ့ စာတွေ ကိုသာ ပြန်ပြင်ပါ...။ အခြားကုဒ်တွေကို
လုံးဝ ပြန်မပြင်ပါနဲ့ ။ ပြန်ပြင်ရင် script က အလုပ်လုပ်တော့ မှာ မဟုတ်ပါဘူး။ ပြီးရင် Notepad ကို ကြိုက်ရာနာမည်ပေးပြီး js (javascript)
လို့ နာမည်နဲ့ save ပါ...။ save တဲ့နေရာမှာ မြန်မာလိုရေး ရင်တော့ encoding မှာ UTF-8 ကိုပြောင်းပြီးမှ save ပါ။
ဥပမာ.....==> koayelwin.js=< ..... လို့ save လိုက်ပါတယ်....။koayelwin  ဆိုတာမှာ ကြိုက်ရာနာမည်ကိုပေးပါ။
အခုဆိုရင် မိမိ ပြန်ပြင်ထားတဲ့ javascript  file လေးရပါပြီ။ အဲဒီ javascript ဖိုင်လေးကို ကျနော်တို့ upload
တင်ဖို့ လိုပါပြီ။Javascript ကို ကိုယ်အသုံဲးပြုနေတဲ့ javascript hosting ဆိုဒ်မှာ upload တင်ပါ။
လက်ရှိ free hosting ဆိုဒ်မ ရှိရင် ကျနော်သုံးနေတဲ့ ဆိုဒ်လေးကို မျှဝေလိုက်ပါတယ်။
အကောင့်ဖွင့်စရာမလိုပါဘူး။မိမိ၏ အီးမေးအမှန်ကိုတော့ပေးရပါမယ်။
upload တင်လိုက်တဲ့ မိမိရဲ့ဖိုင်ကို
မိမိ၏ အီးမေးကို link ပို့ပေးမှာ ဖြစ်ပါတယ်။ ဆိုဒ်လိပ်စာကတော့ http://yourjavascript.com ဖြစ်ပါတယ်။
upload တင်ပြီးပြီ ဆိုရင်တော့ အောက်မှာပေးထားတဲ့
<script language='javascript' src='ဒီနေရာမှာ js ၏ link ကိုထည့်ပါ' type='text/javascript'/>
ကုဒ်ကို  Blogger dashboard --> Design --> Edit HTML ၀င်လိုက်ပါ။
Expand Widget Templates မှာ အမှတ်လေးပေးလိုက်ပါ။</hrad>  ရှာပါ။တွေ့ပြီဆိုရင် </hrad> အပေါ်က
ထည့်ပေးလိုက်ပါ။ မိမိ၏ Template ကို Preview နဲ့ကြည့်လိုက်ပါ...။ Error မတတ်ရင် Save လိုက်ပါ။

အဆင်ပြေပါစေညီလေး ။ အားရင် ဒါလေးကို post တင်လိုက်ပါနော် screen shot တော့ မထည့်လိုက်တော့ဘူး။

3 comments:

  1. ကျွန်တော့်မှာ Post a Comment Box မပေါ်လို့ဘယ်လိုလုပ်ရပါမလဲ။အမြဲအားပေးလျှက်

    ReplyDelete
  2. အပေါ်ကအတိုင်းကိုမရဘူးဖြစ်နေတယ်လုပ်ပါအုန်း ကိုပြည့်ဖြိုးရေ

    ReplyDelete
  3. ဒကာကြီး js ဖိုင်တင်လို့မရဘူး။ ဘယ်နေရာမှားနေလဲမသိဘူး။ ဒီစာအောက်က
    တွေဘဲထွက်လာတယ်။
    Processing...

    The file moenghsipaw.js has been uploaded

    Your javascript link has been sent to moenghsipaw@gmail.com

    done....

    If you have trouble to find the email, just check in bulk folder

    ReplyDelete

Related Posts Plugin for WordPress, Blogger...