မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Tuesday, June 19, 2012

KBG Archiver (File များကို အံ့မခန်း ချုံ့ပေးနိုင်သည်)


                       သူငယ်ချင်းတွေအားလုံး စိတ်ဝင်စားနေကြတဲ့( Highly Compress ) အံ့မခန်းဖွယ် File
တွေကိုချုံ့ပေးနိုင်တဲ့ Software လေးကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီဗျာ။ ရှာတွေ့ထားတာတော့ ကြာပါပြီ
သေချာအောင်စမ်းပြီးသုံးနေလို့အခုမှ ပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ကျွန်တော်တစ်ယောက်
တည်းစမ်းသုံးကြည့်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဘော်ဒါတွေကိုလည်း စမ်းသုံးကြည့်ဖို့ ပြောထားပါ
တယ်။ အားလုံးကလည်းအဆင်ပြေကြတယ်ပြောလို့ ကျွန်တော်သုံးတာလည်းအဆင်ပြေသွားလို့အခုလိုစိတ်
ချလက်ချမျှဝေပေးလိုက်ပါတယ်ဗျာ။
ဒီ Software လေးကတော့ ကျွန်တော်တို့လို Upload တင်တဲ့သူတွေ
အတွက် အကောင်းဆုံးဘဲဗျ။ ကြီးချင်သလောက်ကြီးတဲ့ File တွေ လာခဲ့ ဒါလေးနဲ့ ချုံ့ပြီး အေးအေးဆေး
ဆေး Upload တင်ပေးနိုင်ပါတယ်ဗျာ။ ဘယ်လောက်တောင် ချုံ့နိုင်လည်းဆိုရင်2GB 3GB လောက်ရှိတဲ့
File တွေကို 10MB လောက်ဘဲကျန်အောင်ချုံ့နိုင်လို့ပါဘဲ။ ဒါပေမယ့်အချိန်တော့စိတ်ရှည်ရှည်ထားပြီးပေး

ရပါတယ်ဗျာ။ ကျွန်တော်ချုံ့တာ 5နာရီ ၀န်းကျင်ကြာပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူရိုးစင်းပါ
တယ်။ အောက်က ပုံလေးကိုကြည့်ပါ။


 Step - 1   အပေါ်ဆုံးက Archive အကွက်မှာ မိမိပေးချင်တဲ့ File Name ပေးလိုက်ပါ။
 Step - 2   Archive Format မှာတော့ KGB ကိုရွေးပေးပါ။ Zip ကိုရွေးလည်းရပါတယ်။ KGB က ပိုပြီး ချုံ့
               နိုင်လို့ပါ။
 Step - 3   Compression Level မှာတော့ Maximun ကိုရွေးပေးပါ။
 Step - 4   Add File နေရာမှာတော့ မိမိချုံ့ချင်တဲ့ File ကိုရွေးပေးပါ။
 Step - 5   ပြီးသွားရင်တော့ Next ကိုနှိပ်ပေးပါ။ သင့်ရဲ့ File ကိုစတင်ချုံ့ပေးမှာဖြစ်ပါတယ်။
မှတ်ချက် ။            ။ အချိန်တော့ပေးနိုင်ရပါလိမ့်မယ်။

သူငယ်ချင်းများအားလုံးအောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

6 comments:

  1. ပြည့်ပြည့်စုံစုံလေးဖော်ပြပေးစေလိုပါတယ်ခင်ဗျာ... ကျွန်တော်စမ်းတုန်းက ပထမ install လုပ်မရပါဘူး... ခုတော့လုပ်လို့ရသွားပါပြီ... ဒါပေမယ့် ချုံလို့မရသေးပါဘူး... error တစ်ခုတက်နေပါတယ်...option ---> Explor shell extension ထဲက *kgb ပဲရွေးရွေး *zip ကိုပဲရွေးရွေး Access to the regisity key " HKEY-CLASSES-ROOT\.Kgb" is denied. ဆိုပြီးပြနေပါတယ်...

    ReplyDelete
  2. ကျွန်တော်ပေးတဲ့ Version ကိုဘဲသုံးပါ။ အကိုသုံးတာက Beta Version ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အဆင်ပြေတယ်ဗျ။ တစ်ခုဘဲ
    အချိန်တော့ တော်တော်ကြီးကိုပေးရပါတယ်။

    ReplyDelete
  3. ဝေငှခွင့်ပြုပါဦးဗျာ၊ မသိသေးသူတွေ သိအောင်လို့ပါ။ ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  4. အစ်ကိုရေ အစ်ကိုပေးတဲ့ software တွေသုံးရတာ အရမ်းအဆင်ပြေပါတယ်။ တစ်ခု အကြံပေးချင်လို့ပါ။ အစ်ကို့ ဆိုဒ်မှာက Animation တွေအရမ်းများတော့ internet မကောင်းတဲ့အချိန် ၀င်ကြည့်ရတာ မဆင်လို့ပါ။ အရမ်းလေးပါတယ်။ animation လေးတွေ နည်းနည်းပဲ ထားတယ် ကောင်းမယ်ထင်ပါတယ်။ အကြံပေးပါတယ်။ အမှားပါရင် ခွင့်လွှတ်ပါ

    ReplyDelete
  5. I've already tried but can't download from minus.If possible,please upload to another file sharing site to download easily.I'm very interesting in KGB Archiver. Thanks.

    ReplyDelete
  6. Now I've got that KGB Archiver.Thanks a lot.

    ReplyDelete

Related Posts Plugin for WordPress, Blogger...