မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Friday, June 29, 2012

Counter Strike 1.6 Full Version

     

               အခုတင်တဲ့ Game လေးကတော့ မနေ့ (29.6.12) ကမှ ကျွန်တော်နဲ့ညီအကိုလို ရင်နီးသွား
တဲ့ ကိုအောင်အောင် ရဲ့ဆိုဒ်လေးကနေယူပြီး ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဗျာ။သူ့ရဲ့ မူရင်း
Post အတိုင်း ပြန်တင်ပေးလိုက်ပါတယ်နော်။
             ကျွန်တော် ဒီနေ့ Counter Strike 1.6 Full Version လေးတင်ပေးလိုက်ပါတယ်...!အဆင်ပြေပါတယ် ကျွန်တော် ဆော့နေတဲ့ Game လေးပါ...! ဖိုင်ဆိုဒ်ကကြီးတော့ အရင်တုန်းက မတင်နိုင်ဘူး အခုမှ ကိုပြည့်ဖြိုး... ကျေးဇူးကြောင့် ဖိုင်ဆိုဒ်ကြီးတာတွေ ကျွန်တော် တင်ပေးလို့ရတော့မယ်...! ဒီအတွက် ကိုပြည့်ဖြိုးကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြေားပါရစေ...! အခုကျွန်တော် တင်ပေးတင့် Counter Strike Game လေးဟာ ဒီဆိုဒ်မှာ ပထမဆုံး Upload လုပ်တဲ့ကောင်လေးပါပဲ...!
ဖိုင်ဆိုဒ်ကတော့ နည်းနည်းလေးကြီးတယ်..! လိုချင်ရင်တော့ အောက်မှာ ယူသွားပါ...!




ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...!





                                        " ဒီမှာယူသွားပါ..."  ( 478.4 MB )

                                 အသိပညာ အတတ်ပညာ တိုးပွားနိုင်ပါစေ...!
Read More ...

DriverPack Solution v12.3 Final


                    Driver တွေမတင်ရတာကြာလို့ ကျွန်တော် အသစ်ထွက်ထားတာလေးတင်ပေးလိုက်ပါ
တယ်ဗျာ။ ကွန်ပြူတာကို Window တင်ပြီးရင် လိုအပ်တဲ့ Driver တွေကို ပြန်ပြီး Install လုပ်ပေးရပါတယ်။
ကိုယ့်မှာရှိတဲ့ Driver အခွေပျောက်သွားရင်တော့ ဘာမှလုပ်လို့မရတော့ပါဘူး။ ဒါပေမယ့်စိတ်မပူပါနဲ့
DriverPack Solution လေးက Window XP , Window 7 , Vista အားလုံးကို Support လုပ်ပါတယ်ဗျာ။
တစ်ခွေထည်းနဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် File Size ကတော့3.2GB ရှိပါတယ်ဗျာ။ ကျွန်တော့်ဆီ
မှာ ကွန်နရှင်မကောင်းလို့ တင်ပြီးသား Link ကိုဘဲ ညွှန်ပေးလိုက်ရပါတယ်ဗျာ။
Rar ကိုပြန်ဖြည်ဖို့ အတွက် Password ကိုတော့မှတ်ထားပါနော်။ Password : www.p30download.com  မြန်မာနိုင်ငံမှသူငယ်
ချင်းများအတွက် ဒေါင်းရတာသိပ်အဆင်ပြေမယ်မထင်ပါဘူးဗျာ။ ကွန်နရှင်ကောင်းတဲ့ နယ်ပယ်မှသူငယ်
ချင်းများသာအဆင်ပြေမှာပါ။ အောက်က Link တွေမှာသာယူသွားကြပါနော်။ အားလုံးဘဲအဆင်ပြေကြပါ
စေဗျာ။


http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif




(Or)

 

Read More ...

Thursday, June 28, 2012

Ornagai Mobile Dictionary Version 2.0 (Java Phone)


               ကျွန်တော် Android Phone အတွက် Application တွေချည်းဘဲတင်နေလို့ Java Phone ကိုင်
ထားတဲ့သူတွေ အပြစ်တင်မှာလည်းကြောက်ရသေးတယ်ဗျ။ ဒါကြောင့် Java Phone အတွက် Dictionary
လေးတင်ပေးလိုက်ပါတယ်ဗျာ။ File size ကလည်းသေးသေးလေးနဲ့ စကားလုံးများစွာပါဝင်ပါတယ်။ စကား
လုံးပေါင်း 30000 ကျော်ကို English မှ မြန်မာသို့ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်ဗျာ။ ဒေါင်းယူဖို့အ
တွက်Link ကိုတော့ တိုက်ရိုက်ဘဲပေးထားပါတယ်ဗျာ။ မိမိလိုချင်တဲ့ Versionကို ရွေးပြီးဒေါင်းယူနိုင်ပါတယ်
ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Talking Tom & Ben News Free 1.0.2 For Android

 

                         Android ဖုန်းအတွက် နောက်ထပ် Application လေးတစ်ခု မျှဝေပေးချင်ပါတယ်ဗျာ။
Android Phone ဆိုရင် Talking Tom ဆိုတာက မပါမဖြစ်ပါနေသလိုဘဲဗျ။ ဒီတစ်ခေါက်တော့ Tom တင်
မဟုတ်တော့ဘူးနော်။ Ben ဆိုတဲ့ခွေးစုတ်ဖွားလေးပါ ပါဝင်လာပြီဖြစ်ပါတယ်ဗျာ။ ချစ်စရာ ခွေးနဲ့ကြောင်
နှစ်ကောင်ရဲ့ သတင်းတင်ဆက်မှုလေးက ဘယ်လိုလေးလည်းဆိုတာ သိချင်ရင်တော့ ..... ဟဲဟဲဟဲ ။
သတင်းတင်ဆက်ရင် ရန်ဖြစ်နေတာလေးက ချစ်စရာလေးပါ။
လိုချင်တယ်ဆိုရင်တော့ အောက်က Link မှာ
ဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 



Read More ...

Naturpic.Audio.File.Cutter.v4.0


                  Audio File တွေကို ကိုယ်လိုချင်တဲ့နေရာလေးတွေချည်းဘဲ သီးသန့်ရွေးပြီးဖျတ်တောက်ပေး
နိုင်တဲ့ Audio Cutter လေးတစ်ခုပါ။ Phone Ringtone လေးတွေလုပ်လို့အကောင်းဆုံးပါ။ ကိုယ်ကြိုက်တဲ့
တီးလုံးလေးတွေ ဒါမှမဟုတ် စာသားနေရာလေးတွေကို ဖြတ်ပြီး Ringtone လုပ်လို့ ရတာပေါ့။ မူရင် အသံ
ဖိုင်ရဲ့ Quality လည်း မကျသွားပါဘူး အမြဲတမ်းအသုံးပြုနိုင်အောင် Keygen လေးကိုထည့်ပေးထားပါတယ်
ဗျာ။ Keygen ကိုမဖွင့်ခင်မှာ Antivirus ကိုပိတ်ထားပေးဖို့လိုပါတယ်နော်။
ဒေါင်းယူလိုသူများအောက်က
Link မှာ ယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Wednesday, June 27, 2012

ကိုယ်ပိုင် Flash Ebook လေးလုပ်ကြမယ် Ncesoft Flip Book Maker 2.5.0

                ဒီ Post လေးကို ကျွန်တော်တင်ဖို့ပြင်ဆင်ထားတာတော်တော်ကြာပြီဗျ။ 6လလောက်တောင်
ရှိပြီထင်တယ်။ ကျွန်တော့် ဆရာဖြစ်တဲ့ကိုချစ် က MMiTD မှာ Ebook လုပ်မယ်ဆိုပြီးတာဝန်ပေးလိုက်လို့ တပည့်ကျော် ပြည့်ဖြိုးတစ်ယောက်ကလိကြည့်ရတာဖြစ်ပါတယ်ဗျာ။ ဒါကြောင့်ဘဲအခုလိုစမ်းသပ်ဖြစ်
တာပါ။လုပ်ရမယ့် အဆင်တွေကတော့ နည်နည်းလေးများတယ်ဆိုပေမယ့် လူတိုင်းနားလည်စေရန်
အတွက် ကျွန်တော်အသေးစိတ်ပုံလေးတွေနဲ့တကွရှင်းပြပေးလိုက်ပါတယ်ဗျာ။ စမ်းသပ်ကြည့်ချင်တဲ့
သူငယ်ချင်းများအောက်က ပုံလေးတွေကို ကြည့်ပြီး လိုက်လုပ်နိုင်ပါတယ်။ အမြဲတမ်းအသုံးပြုနိုင်အောင်
Crack File လေးပါထည့်ပေးထားပါတယ်ဗျာ။ Crack File လေးကို "C:\Program Files\Ncesoft\Flip Book Maker" ထဲကူးထည့်လိုက်ရင် Full Version ဖြစ်သွားပါပြီ။ အောက်မှာကြည့်ကြရအောင်ဗျာ။



FlipBook Maker မှာ အဆင့်သုံးဆင့်ရှိပါတယ်။ အဲဒါတွေကတော့
  1. Add File ( ဓါတ်ပုံ ၊ PDF နဲ့ FLV File များကိုပေါင်းထည့်ခြင်း)
  2. Style     (ပေါင်းထည့်လိုက်တဲ့ Flie များကို Effect များ ထည့်ခြင်း)
  3. Publish  (နောက်ဆုံးအဆင့် သိမ်းဆည်းခြင်း)
 အဆင့်1ကတော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး ပုံကိုကြည့်လိုက်တာနဲ့တင်သိပါတယ်။


 

အဆင့် 2 ကိုဘဲနည်းနည်းရှင်းပြရမှာပါ။



Customize မှာ အပိုင်းလေးပိုင်းပါဝင်ပါတယ်။




1.Background



အဲဒီမှာလည်း အပိုင်းနှစ်ပိုင်းပါဝင်ပါသေးတယ်။
1.စာအုပ်ရဲ့ နောက်ခံအရောင်ကိုရွေးချယ်ခြင်းဖြစ်ပါတယ်။
2.စာအုပ်ရဲ့ နောက်ခံ ပုံကိုရွေးချယ်ခြင်းတို့ဘဲဖြစ်ပါတယ်။ဒီ Software မှာပါတဲ့ နောက်ခံပုံကိုမကြိုက်ဖူးဆိုရင်တော့ မိမိတို့နှစ်သက်တဲ့ပြင်ပက ပုံလေးတွေနဲ့အစားသွင်းနိုင်ပါတယ်။

2.Control Button



ဒါလေးကတော့ စာအုပ်ရဲ့ Control လေးတွေဖြစ်ပါတယ်။ မိမိတို့ကြိုက်နှစ်သက်သလို ပြောင်းသုံးနိုင်ပါတယ်။ မိမိတို့မလိုချင်တဲ့ အပိုင်းလေးတွေကိုတော့ Advanced မှာသွား
ပြီးဖြုတ်နိုင်ပါတယ်။

3.Navigation Bar


Used Background
အဲဒီမှာလည်း စာအုပ်ရဲ့ နောက်ခံဘောင်လေးတွေကို အရောင်ရွေးပေးလို့ရပါတယ်။
Bar လေးတွေလည်းအပိုပါဝင်ပါသေးတယ်။

Title
စာအုပ်ရဲ့နာမည်ကို မိမိနှစ်သက်သလို အမည်ပေးနိုင်ပါတယ်။အဲဒီ Title ရဲ့ စာလုံး Font , Size , color စတာတွေကိုရွေးချယ်နိုင်ပါတယ်။

Link to
 စာအုပ်ရဲ့ Link လေးကိုရွေးချယ်ပေးနိုင်ပါတယ်။

Page Text
ဒီကောင်လေးကလည်း Pgae ရဲ့ စာလုံး Font နဲ့ အရောင်ကိုရွေးချယ်ပေးနိုင်ပါတယ်။

Book Page


ဒါလေးကိုတော့ရှည်ရှည်ဝေးဝေးရှင်းပြဖို့မလိုတော့ပါဘူး။ Navigation Bar နဲ့ပုံစံသဘောတရားခြင်းအတူတူပါဘဲ။မိမိကိုယ်တိုင်ကလိကြည့်ပါ။မရှင်းပြဘူးဆိုပေမယ့်
Use Content page ကိုတောရနည်းနည်းပြောပြချင်ပါတယ်။ အဲဒါလေးကိုတော့ အမှန်ခြစ်
ထားပေးစေချင်ပါတယ်။ဒီကောင်လေးက စာအုပ်ရဲ့မာတိကာသဘောမျိုးပါဘဲ။ မိမိဖတ်ချင်
တဲ့စာမျက်နှာကိုတိုက်ရိုက်တန်းသွားလို့ရပါတယ်။ ဒါမျိုးလေးပေါ့ဗျာ။


 


ဒီလောက်ဆိုရင်တော့ Style ရဲ့အပိုင်းအားလုံးပြီးဆုံးသွားပါပြီ။

ညာဖက်ထောင့်အပေါ်ဆုံးက Setting ဆိုတဲ့အပိုင်းကိုနည်းနည်းလောက်ရှင်းပြချင်ပါတယ်။



အဲဒီ Setting လေးကိုနှိပ်လိုက်ပါ။ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်။



Output Option ကတော့ မြင်နေရတဲ့အတိုင်းဘဲ Width : 900 ,  Height: 600 ဘဲထားပေးပါ Photo Quality ကိုလည်း Orignal size ထားပေးပါ။ အဲဒါအသင့်တော်
ဆုံးပါဘဲ။ဒါမှမဟုတ်လည်း ကိုယ်တိုင်စိတ်ကြိုက်ကလိပြီးမှာထားချင်လည်း ရပါတယ်။

Play Options မှာတော့ Auto Play Time ဆိုတာကတော့ စာမျက်နှာတစ်ခုရဲ့ကြာမြင့်ချိန်ဘဲဖြစ်ပါတယ်။ မိမိနှစ်သက်သလို ထားနိုင်ပါတယ်။
အောက်မှာလည်း Auto Play နဲ့ Manually Play ဆိုပြီး ရှိပါသေးတယ်။ ဥပမာ 3second ဘဲထားမယ်ဆိုရင် Auto Play ဆိုတာက 3second ပြည့်တာနဲ့စာရွက်က အလိုလျောက်
နောက်တစ်မျက်နှာကိုကူးသွားမှာဖြစ်ပါတယ်။ Manually Play ကတော့ ရှင်းပါတယ်။ ကိုယ်
တိုင်နောက်တစ်ရွက်ကိုကူးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့မှာ Control Button လေး
တွေရွေးခဲ့ကြတယ်လေ။ အဲဒါလေးတွေနဲ့ Manually ပြောင်းရမှာဖြစ်ပါတယ်။

Open in Full-Screen ဆိုတာကတော့ ဒီစာအလုပ်လေးကို ဖွင့်လိုက်ပြီဆိုတာနဲ့ Desktop ပေါ်မှာ အပြည့်မြင်ရအောင်လုပ်ပေးတာဖြစ်ပါတယ်။ မိမိတို့နှစ်သက်သလို ထားနိုင်ပါတယ်။
အပြည့်မြင်ရတော့ အားရတာပေါ့ဗျာ။ ကျွန်တော်ကတော့ Full-Screen ထားလိုက်ပါတယ်။
ဒါဆိုရင်လည်း Setting အပိုင်းပြီးဆုံးသွားပါပြီ။

အဆင့်3ဆင့်မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ File သိမ်းတဲ့အဆင့်ဖြစ်ပါတယ်။
3. Publish
 
ဒါကတော့ မြင်လိုက်တာနဲ့ရှင်းပါတယ်။ကိုသိမ်းချင်တဲ့ File Type ကို ရွေးပြီးသိမ်းပေးလိုက်ရုံပါဘဲ။  ဒီလောက်ဆိုရင်တော့အားလုံးဘဲသဘောပေါက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ည 2နာရီခွဲနေပြီဗျ။ ကျွန်တော်လည်းတော်တော်လေးကိုအိပ်ချင်နေပြီဗျာ။ အိပ်ချင်မူးတူးနဲ့ စာတွေရိုက်နေတာ မှားတော့မှာဘဲ။ ဟဲဟဲ စာလုံးပေါင်းပြန်မစစ်တော့ဘူးဗျာကျွန်တော်ရဲ့ထုံးစံအတိုင်းစာလုံးပေါင်းကမှားနေဦးမယ်ထင်ပါတယ်
ဗျာ။ သူငယ်ချင်များအားလုံးသည်းခံပြီးသာဖတ်ပေးကြပါနော်။ အားလုံးဘဲအဆင်ပြေချောမွေ့နိုင်ကြပါစေ
အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူကြပါဗျာ။
http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 
Read More ...

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service



            Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် 
 Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် 

အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။
ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Read More ...

Tuesday, June 26, 2012

သီချင်းနားဆင်ဖို့အတွက် Winamp.Pro.v5.63.Build.3234


                           Audio Player ကောင်းကောင်းလေးတစ်ခု ရထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဗျာ။ သီချင်းနားထောင်ရတာဝါသနာပါသူများအတွက်ရှယ်ပါ။ အသံကိုလည် မိမိလိုသလိုမျိုး Adjust လုပ်ယူ
နိုင်ပါတယ်။ နောက်ဆုံးထွက် Version လေးပါဗျာ။ အမြဲတမ်းသုံးနိုင်အောင် ကျွန်တော် Keygen လေးထည့်
ပေးထားပါတယ်ဗျာ။ Keygen ကို ဖွင့်မယ်ဆိုရင် Antivirus ကိုပိတ်ထားဖို့လိုပါတယ်နော်။ ဒါကတော့
သူငယ်ချင်းအားလုံးက သိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်က လျှာရှည်ပြီး လိုက်သတိပေးနေရတာပါ။


ဒေါင်းချင်ရင်တော့ အောက်က Link မှာ ရယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Monday, June 25, 2012

Android Phone ရဲ့ Internet ကို Wifi ပြန်လွင့်ဖို့ (WiFi HotSpot / WiFi Tether 1.7)


                  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် အသုံးပြုကြတာ နည်းနည်းလေးတွင်ကျယ်
လာပါပြီ။ ဖုန်းမှာရှိတဲ့ အင်တာနက်ကို ဖုန်းနဲ့ မသုံးချင်လို့ Laptop မှာလည်း သုံးလာကြပါပြီ။ တချို့ဖုန်း
တွေမှာ wifi ပြန်လွင့်နိုင်တဲ့ Function ပါမလာပါဘူး။ ဒါကြောင့်Phone မှတဆင့် Wifi ပြန်လွင့်နိုင်ဖို့အ
တွက် WiFi HotSpot / WiFi Tether 1.7 ဆိုတဲ့ Android application လေးတစ်ခု မျှဝေပေးရခြင်းဖြစ်ပါ
တယ်ဗျာ။Android Phone တိုင်းတော့ သုံးလို့ရမှာမဟုတ်ပါဘူး။ Android v2.2 အထက်မှသာအသုံးပြုနိုင်
မှာဖြစ်ပါတယ်ဗျာ။
လိုအပ်မယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ အားလုံးဘဲ
အဆင်ပြေကြပါစေဗျာ။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

Read More ...

FIFA 12 v1.2.5 For Android


                  ဘောလုံးကိုဝါသနာပါသောသူငယ်ချင်းအများအတွက် Game လေးတစ်ခုရထားလို့ မျှဝေပေး
လိုက်ပါတယ်ဗျာ။ Game ကို PC မှာ ဆော့လို့ အားမရသေးဘဲ Phone မှာပါကစားလို့ရပါတယ်။ Android
ဖုန်းတွေမှာသာကစားနိုင်တဲ့ Game လေးဖြစ်ပါတယ်ဗျာ။ နောက်ဆုံးထွက်ထားတဲ့ FIFA 2012 ဖြစ်ပါ
တယ်။ဘောလုံးဝါသနာပါသောသူငယ်ချင်းများ
အောက်က Link ကနေပြီးဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲ
အဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

Read More ...

Wifi လွင့်နည်းများ (Ebook)


                    Wifi လွင့်နည်းများ ဆိုပြီးတော့ ကျွန်တော်စာအုပ်လေးတစ်အုပ်ရထားလို့ ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်ဗျာ။ မူရင်းရေးသားထားသူကတော့ ဘယ်သူဘယ်ဝါဆိုတာကျွန်တော်သေချာမသိတဲ့
အတွက် Credit မပေးနိုင်တာကိုနားလည်စေချင်ပါတယ်ဗျာ။ စာအုပ်လေးထဲမှာတော့ Wifi လွင့်တဲ့နည်း
လမ်းတွေကို အခြေခံစတင်လေ့လာသူတွေဖတ်ရှုနိုင်အောင်ရေးသားထားတာဖြစ်ပါတယ်။ Professional
ဆရာသမားများဖတ်ရန်မသင့်တော်ပါဘူး။ကျွန်တော်တို့လို အညတရ လေးတွေ အတွက်သာရေးသားထား
ခြင်းဖြစ်ပါတယ်ဗျာ။
လေ့လာချင်သေးသူငယ်ချင်းများအောက်က Link ကနေပြီးဒေါင်းယူသွားနိုင်ပါတယ်
ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Android Phone အတွက် Theme လန်းလန်းလေး (Go Launcher Ex Theme)


              Android Phone တွေမှာ Go Luncher ဆိုတဲ့ Theme လေး က တော်တော်လေးလန်းပါတယ်။
iphone မှာတွေ့ရတဲ့ Barrel Effect လိုပုံစံမျိုးပါဘဲ။ အဲဒါလေးကို Android ဖုန်းတွေမှာ သုံးနိုင်ပါတယ်။
Page တစ်ခုကနေတစ်ခုကိုကူးရင် Application လေးတွေက လည်ပြီးတော့ ပြောင်းပြောင်းသွားပါတယ်။
ဒေါင်းလုပ်ဆွဲပြီးသွားရင် Rar ကိုဖြည်လိုက်ပါ။ အထဲမှာ Go Launcher ex နဲ့ iPhone Go Launcher EX
Theme ဆိုပြီး 2ဖိုင်တွေ့ရမှာပါ။ အဲဒီ နှစ်ဖိုင်ကို SD Card ထဲကို ကူးထည့်လိုက်ပါ။ ပြီးသွားရင် ပထမဦးဆုံး Go Launcher ex ကို Install လုပ်ပါ။ နောက် iPhone Go Launcher EX Theme ကို Install လုပ်ပါ။ ဒီ
လောက်ဆိုရင် Install လုပ်တဲ့ အဆင့် ပြီးဆုံးသွားပါပြီ။ ဒါဆိုရင် Go Launcher ကိုဖွင့်ပြီး
ခဏစောင့်
ပေးပါ။ Home screen ကိုသွားပါ။ မူလရှိနေတဲ့ Theme လေး ပြောင်းသွားပါလိမ့်မယ်။ ဒါဆို Menu ကို နှိပ်
ပြီး Preference ကို သွားပါ။ အဲဒီမှာ Theme Setting ဆိုတာရှိပါတယ်။ Theme Setting မှာ iphone Theme ကို ရွေးပေးပါ။ ပြီးသွားရင် ပြန်ထွက်လိုက်ပါ။ ခုနက ၀င်ထားခဲ့တဲ့ Preference ထဲက Effect
Setting ကိုရွေးပေးပါ။ Horizontal Scroll Effect ကို သွားပါ။ အဲဒီမှာ မိမိကြိုက်နှစ်သက်တဲ့ Effect ကိုစမ်း
သပ်ပြီးအသုံးပြုနိုင်ပါပြီ။ ဒီလောက်ဆိုနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဗျာ။ Android Phone မှာ Theme အလန်းစားလေး လုပ်ချင်သူများ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံး
ဘဲအဆင်ပြေကြပါစေနော်။ myanmar mobile application မှကိုးကားထားပါသည်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

Read More ...

Sunday, June 24, 2012

Avanquest PC Speed Maximizer 3.1.0.0


                    ဒီ Post လေးကိုတော့ Bro နှစ်ဦးဖြစ်တဲ့ ကိုရာဇာ နဲ့ Kyawthiha Maung  တို့အတွက် 

အဓိက ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ သူတို့ နှစ်ယောက် ဒေါင်းတဲ့ Software တွေရဲ့ Key က ကျွန်
တော်ပြန်ရှာလို့မရတော့ဘူးဗျ။ Antivirus လက်ချက်မိသွားတယ်။ ကျန်တဲ့ သူငယ်ချင်းများလည်း လိုအပ်
ရင် ရယူနိုင်ပါတယ်ဗျာ။ ဒါမျိုးတွေကိုလည်း ရှေ့မှာအများကြီးကိုတင်ပေးဖူးပါတယ်။ ဒါလေးကလည်း အခြား
Software တွေနဲ့ မတူဘဲ တမူထူးတဲ့ Software လေးပါဘဲ။ Optimise registry, Delete privacy files, Fix invalid short cuts, Optimise Windows, Manage start up စတာတွေကို လုပ်ဆောင်ပေးခြင်းဖြင့် ကွန်ပြူတာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ Full Version လေးဖြစ်အောင် ကျွန်တော် Patch File လေးပါ ထည့်ပေးထားပါတယ်ဗျာ။Patch File လေးကို မဖွင့်ခင်မှာတော့ Antivirus ကိုပိတ်ထားပေးပါနော်။
လိုအပ်မယ့်သူငယ်ချင်းများ
အောက်က Link ကနေပြီးဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။ 

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

Read More ...

Firefox ကို 3D Version နဲ့ အမြင်ဆန်းစေဖို့ FoxTab 1.4.5

 

                  ကျွန်တော် Add-ons လေးတွေကိုတစ်ခါမှမတင်ဖူးပါဘူးဗျာ။တင်ဖို့လည်းစိတ်ကူးမရှိခဲ့ပါဘူး ဒါပေမယ့်အခုတင်ပေးလိုက်တဲ့ Add-ons လေးက အရမ်းကိုလန်းလွန်းလို့ ကျွန်တော်မျှဝေပေးလိုက်ရတာ
ပါ။ဒီကောင်လေးက Firefox ကို 3D အနေအထားနဲ့ မြင်ရမှာဖြစ်ပါတယ်ဗျာ။ Internet ကိုလန်းလန်းလေး
သုံးချင်သူများအတွက်ရှယ်ပါဗျာ။ Link ကိုတော့ တိုက်ရိုက်ဘဲ ကျွန်တော်ပြန်တင်ပေးထားပါတယ်ဗျာ။
စမ်း
ကြည့်ချင်တဲ့သူငယ်ချင်းများအောက်က Link မှာ စမ်းသပ်နိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေဗျာ


http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Friday, June 22, 2012

Mozilla Firefox 14.0 beta 8

 

                     Mazilla Firefox 14.0 beta 8 အသစ်ထွက်လာပြန်ပြီဗျာ။ ကောင်းတော့လည်းကောင်းပါ
တယ်။ ဒီတစ်ခေါက် အသစ်ထွက်လာတဲ့ Firefox က အရင်တစ်ခေါက်တွေထက် နည်းနည်လေးပိုကောင်း
လာတယ်ဗျ။ Address Bar တွေကအစ နည်းနည်လေးပြောင်းလည်းပြီး ပိုပြီးသပ်ရက်သွားတယ်ဗျာ။ တော်
တော်များများမှာ ရှိပြီးသားလို့ထင်ပါတယ်။ ဒါပေမယ့်လိုအပ်မယ့်သူငယ်ချင်းများအတွက်သာရည်ရွယ်ပြီး
မျှဝေပေးလိုက်တာပါဗျာ။
အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Kaspersky Mobile Security 9.10.112 For Android



                   Kaspersky ကို PC မှာ သုံးရတာ အားမရလို့ Phone မှာပါ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေ
အတွက် ကျွန်တော်မျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့်ကို အမတစ်ယောက်ကလည်း တောင်းထားလို့
တင်ပေးလိုက်ရတာပါ။ Antivirus ဟာ PC မှာတင်မကဘဲ Phone မှာပါရှိထားသင့်တဲ့ Antivirus တစ်မျိုး
ပါ။ဒီကောင်လေးကို Android Version 2.2 အထက်မှာသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။
လိုအပ်မယ်ဆိုရင်တော့
အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Android Phone များအတွက် Mozilla Firefox 2012


          ကျွန်တော်တို့ PC မှာ Internet သုံးမယ်ဆိုရင် Mozilla Firefox ဟာ အသင့်တော်ဆုံးနဲ့အကောင်း
ဆုံး Browser တစ်ခုပါ။ အဲဒီ Mozilla ကို Android Phone တွေမှာ သုံးချင်သူများအတွက်ကျွန်တော်မျှဝေ
ပေးလိုက်ရတာပါဗျာ။ Mozilla ကိုဖုန်းဆိုင်တွေမှာ လွယ်ကူစွာထည့်သွင်းနိုင်တယ်ဆိုပေမယ့်။ ဖုန်းဆိုင်ကို
သွားဖို့ အခက်အခဲရှိသူများအတွက် ဒီ Post လေးကအဆင်ပြေစေမှာပါဗျာ။
လိုအပ်တဲ့သူငယ်ချင်းများ
အောက်က Link ကနေပြီးဒေါင်းယူသွားနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Thursday, June 21, 2012

Windows XP , 7 , Vista တင်နည်း (Ebook)


                         အကိုတစ်ယောက်က ကွန်မန့်ဝင်ရေးပြီးတောင်းသွားလို့ ကျွန်တော်ပြန်လည်မျှဝေပေး
လိုက်ပါတယ်ဗျာ။ အခြားသောသူငယ်ချင်းများလည်း လိုအပ်နိုင်မယ်ထင်ပါတယ်။ Window တင်နည်းကို
အပြည့်အစုံ ပုံနှင့်တကွ အပြည့်အစုံရှင်းပြပေးထားတာဖြစ်ပါတယ်။ Window သုံးမျိုးစလုံးကိုပေါင်းပြီး
တင်ပေးထားတာပါ။ File Size ကလည်း 1MB တောင်မရှိတဲ့အတွက်ဒေါင်းရအဆင်ပြေနိုင်ပါတယ်။
လိုချင်
တယ်ဆိုရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...

Defreeze Password Remover



                      တော်လေးလည်းတိုင်ပတ်တဲ့ Defreeze ဗျာ။ တကယ်လည်းအသုံးဝင်ပါတယ်။ မသုံးတက်
ရင်တော့လည်းတိုင်တော်တော်လေးပတ်ပါတယ်။ ဒီ Post လေးကို Mail ထဲမှာ အကိုတစ်ယောက်တောင်း
ထားလို့ တင်ပေးလိုက်တာပါ။ အခြားသောသူငယ်ချင်းများလည်း လိုအပ်နိုင်ပါတယ်ဗျာ။ ဘာလေးလည်းဆို
တော့ Defreeze ရဲ့ Password ကို Remove လုပ်ပေးနိုင်တဲ့ Software လေးပါဗျာ။ Defreeze ရဲ့အ
ကြောင်း Software နဲ့ အသုံးပြုပုံကို အရှေ့က Post တစ်ခုမှာ ကျွန်တော်ပုံနဲ့တကွရှင်းပြပေးထားပြီးသားပါ။ ဒီနေရာ မှာလေ့လာနိုင်ပါတယ်ဗျာ။
အခုလည်း Defreeze နဲ့ Password ပေးထားပြီး Password ကိုမေ့နေ
သူများအတွက် အသုံးဝင်မှာပါ။လိုအပ်မယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။အားလုံး
ဘဲအဆင်ပြေကြပါစေနော်။

http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif 

Read More ...
Related Posts Plugin for WordPress, Blogger...