မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Wednesday, February 29, 2012

PC Optimizer Pro 6.1.8.6


                       မိမိရဲ့ကွန်ပြူတာကို ယခင်သုံးနေတဲ့နှုန်းထက်ပိုမိုမြန်မြန်ဆန်ဆန် အသုံးပြုချင်တယ်ဆို
ရင်တော့ အခု တင်ပေးလိုက်တဲ့ PC Optimizer Pro 6.1.8.6 လေးက သင့်တော်ပါတယ်။ ဒီကောင်ေးလ
နှေးကွေးနေတဲ့ ကွန်ပြူတာကို လည်း 90% လောက်ပြန်ပြီး မြန်ဆန်လာစေတယ်လို့ သူ့ရဲ့ မူရင်းဆိုဒ်မှာ 
ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Computer မှာရှိနေတဲ့ Registry တွေ Error ရှိနေရင်လည်း ဖြေရှင်း
ပေးနိုင်ပါတယ်။ Computer ရဲ့ System Error များကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ဒါ့အပြင်အခြားသော
Function များစွာလည်းပါဝင်ပါတယ်။
မိမိ ကိုယ်တိုင်စမ်းသုံးကြည့်ကြပါလို့ဘဲပြောချင်ပါတယ်။ Patch File ပါဒေါင်းပြီးယူကြပါနော်။ အဆင်ပြေတဲ့ Link တစ်ခုက နေယူနိုင်ပါတယ်ဗျ။ အသုံးတည့်မယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNAyfDxzQuvXjzVfpt4yNbROSkFSKERnMaUwmnjNO_pTMG9DkgP_6MY9a-3Zlb_mCe3zZ94D5qjQCColajQyd3sC8Mp3dWjdoVjOfNaZPV5GQnK98htZISTReW3kYoeKJP7tSlt5loxo/h120/image005.gif

Or


 




Read More ...

Tuesday, February 28, 2012

Skype 3.2.0.148


                  ပုံလေးကိုမြင်လိုက်ပြီဆိုတာနဲ့တင် မသိတဲ့သူမရှိလောက်ပါဘူး။ ကျွန်တော့ဆိုဒ်လေးမှာ
Post တွေစုံအောင်လိုအပ်တာတွေကိုစဉ်းစားပြီးတင်ပေးနေတာပါဗျာ။ မသိတဲ့သူမရှိလောက်ပေမယ့်လည်း
ဒါလေးကိုလိုအပ်သူများလည်းရှိနေပါတယ်။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း တစ်ခါတစ်လေဒေါင်းယူရတာအဆင်
မပြေတက်ပါဘူး။ဒါကြောင့်အားလုံးအဆင်ပြေပြေဆွဲနိုင်မယ့် Mediafire မှာတင်ပေးလိုက်ပါတယ်ဗျာ။
စိတ်ဝင်စားတယ်အသုံးလိုတယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြ
ပါစေဗျာ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNAyfDxzQuvXjzVfpt4yNbROSkFSKERnMaUwmnjNO_pTMG9DkgP_6MY9a-3Zlb_mCe3zZ94D5qjQCColajQyd3sC8Mp3dWjdoVjOfNaZPV5GQnK98htZISTReW3kYoeKJP7tSlt5loxo/h120/image005.gif

Read More ...

Window (32 bit & 64 bit) များအကြောင်း

                  ဒါလေးက ကျွန်တော်တို့ MMiTD ရဲ့ Admin ကိုဟူး တင်တဲ့ Post လေးပါ။ တော်တော်လေး
ကိုကောင်းလို့ကြိုက်လွန်းလို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ သေသေချာချာလေးဖတ်စေချင်ပါတယ်

32 bit တို့ 64 bit တို့ဆိုတာ Processor ရဲ့ လုပ်နိုင်စွမ်း Data တွေကို တွက်ချက်နိုင်စွမ်း နည်းပညာတွေပါလို့ပဲ အရင် မှတ်ထားလိုက်ပါ.. သိထားရမှာကတော့ 64 bit processor ရဲ့ လုပ်ဆောင်ချက်က 32 bit ထက် ပိုပြီး မြန်ဆန်သွက်လက်ပါတယ်.. တချိန်တည်းတပြိုင်တည်းမှာပဲ Program တွေအများကြီးကို Run ထားနိုင်ပါတယ်..

32 bit OS တို့ 64 bit OS တို့က တော့ Operating System (Windows) ကို ပြောတာပါ.. 64 bits OS က RAM ပမာဏကို ပိုပြီး အသုံးချ နိုင်တယ်.. 32 bits OS က တော့ RAM ပမာဏ ကို အပြည့်အ၀ အသုံးမချနိုင်ဘူး..
အဲတော့ 64 bits OS က ပိုမြန်တယ်လို့ ဆိုနိုင်တယ်.. RAM ကို 4GB ကနေ အထက် သုံးနိုင်တယ်.. ဒါပေမယ့် .. သူ့အတွက်က လိုချင်တဲ့ဆော့ဝဲတွေကို အလွယ်တကူ အင်စတော လုပ်လို့မရနိုင်ဘူး 64 bits OS ကို support လုပ်နိုင်တဲ့ specified application/software တွေ အသုံးပြုလို့ရနိုင်မယ်.. များသောအားဖြင့်တော့ application တော်တော်များများက 64 bit အတွက်ပါ အဆင်ပြေအောင်တော့ ရေးထားကြပါတယ်..

အဲတော့ မေးစရာတွေ ရှိလာပါလိမ့်မယ်..

၁။ ကျနော့စက်မှာတင်ထားတာက 32 bit OS လား 64 bit OS လား.
အဖြေ.>> အလွယ်ဆုံးနည်းကတော့ My Computer ကို Right Click>> Properties >> General Tab မှာ လက်ရှိ windows အမျိုးအစားကိုပြပါတယ် ဥပမာအားဖြင့်
64 bit OS ဆိုရင် Windows XP Professional x64 Edition Version ...
32 bit OS ဆိုရင် Windows XP Professional Version / Service pack .. စသည်ဖြင့်ပေါ့.
မသေချာဘူး နောက်တစ်မျိုး ထပ်ပြီးဘယ်မှာ ကြည့်လို့ရနိုင်မလဲ.. ရပါသေးတယ်.. Run မှာ dxdiag လို့ ရိုက်ပါ.. အဲဒိမှာ Operating System မှာ ကြည့်ကြည့်ပါ.. 64 bit ဆိုရင် 64-bit လို့ ရေးထားပါလိမ့်မယ်.. x86(32 bit) ဆိုရင်တော့ ပုံမှန်ပဲ ပြထားပါလိမ့်မယ်..
နောက်တစ်နည်း ကတော့ Start Menu >> Run >> winmsd.exe လို့ ရိုက်လိုက်ပါ.. အဲဒိမှာလည်း System type မှာ.. x86(32 bit) လား x64(64 bit) လားဆိုတာ ပြနေပါလိမ့်မယ်..
နောက်တစ်နည်းကတော့ Device Manager မှာ Processor ကို Double Click (or) Right Click >> Properties .. မှာ Detail Tab မှာ .. x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..
နောက်တစ်နည်းရှိသေးတယ်. :D Run >> regedit >> HKLM\Hardware\DESCRIPTION\System\CenteralProcessor\0 မှာ ညာဘက်က Identifier ဆိုတဲ့ value မှာ အပေါ်ကလိုပဲ x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..

၂။ 32 bit Processor နဲ့ 64 bit Processor ဘယ်လိုခွဲမလဲ
အဖြေ >> ဖိုရမ်တော်တော်များများမှာ ဒီကိစ0x081စနဲ့ ပတ်သတ်လို့ တော်တော်လေး ခေါင်းစားထားကြတာတွေ့ရပါတယ်..
နည်းမျိုးစုံသုံးပြီးတော့ ခွဲနေကြပါတယ်.. ဒါပေမယ့် ခေါင်းပဲစားနေဆဲဖြစ်နေကြပါတယ်.. အဲတော့ ခေါင်းမစားပဲ တစ်ခုခု စားကြရအောင် :D CPU-Z .(installer ကိုပဲ Download လုပ်ပါ) သို့မဟုတ်
AIDA32 ဆိုတဲ့ Freeware လေးတွေနဲ့ စစ်လို့ရပါတယ်.. CPU-Z ကို run လိုက်ပြီးရင် အောက်မှာပြထားသလိုပေါ့..

အနီကွက်ထဲက Instruction မှာ EM64T (if its Intel) or AMD64 (if its AMD) ဆိုတာ ပါရင် 32 bit Processor ဖြစ်နေရင်တောင်မှ 64 bit capable ရှိတဲ့ Processor ဖြစ်တဲ့အတွက် 64 bit OS တင်လို့ရနိုင်ပါတယ်.. AIDA32 မှာဆိုရင် အောက်ကလိုမျိုးလေးပေါ့


၃။ 32 bit processor ရှိတဲ့ computer မှာ 64 bit OS install လုပ်လို့ရပါသလား..
အဖြေ>> အပေါ်က ပြောထားသလိုပါပဲ... 32 bit processor မှာ 32 bit OS ပဲ run လို့ရပါတယ်... 64 bit capable ရှိတဲ့ 32 bit processor ဆိုရင်တော့ 64 bit OS ကို run လို့ရပါတယ်.. မိမိစက်က Processor က 64 bit capable ရှိမရှိကို အပေါ်က နည်းအတိုင်း စစ်ဆေးကြည့်နိင်ပါတယ်.. ဒိထက်သေချာချင်ရင်တော့ 64 bit OS ကို install လုပ်ကြည့်လိုက်ပါ.. အောက်ကပုံအတိုင်း message တက်လာရင် မရဘူးလို့မှတ်ပေါ့ :D



အားလုံးအဆင်ပြေကြပါစေနော်။
Read More ...

Banner Designer Studio 5.1.0.0 Portable

http://img228.imageshack.us/img228/7063/matrixbkbanner.jpg

                         ကိုယ်ပိုင် Website ရှိသူများအနေနဲ့ မိမိ Site ရဲ့ ဘန်နာကို လှလှပပလေးဒီဇိုင်းဆွဲချင် 
တယ်ဆိုရင်တော့  Banner Designer Studio လေးကသင့်တော်ပါတယ်။ သူ့မှာလည်း အဆင်သင့်ယူသုံး
လို့ရတဲ့ ဒီဇိုင်းတွေများစွာပါဝင်ပါတယ်။ ဒါမှမဟုတ်လည်း မိမိကိုယ်တိုင် Design တွေကိုဖန်တီးယူလည်းရ
ပါတယ်။ ကြေငြာပုံလေးကတော့ ရထားဂိတ်တွေကားဂိတ်တွေမှာ လျှက်ဆားရောင်းတာနဲ့တောင်သွားတူ
နေပြီဗျာ။ ဟားဟားဟား။ Design ပိုင်းဆိုတော့ ကျွန်တော်အသေးစိတ်ရှင်းပြဖို့တော့ မလွယ်ကူပါဘူး။

ကိုယ်တိုင်စမ်းသုံးကြည့်လိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒီ Software လေးက Photoshop လိုမျိုး ဒီဇိုင်း
Software တွေအခြေခံရှိမှ သုံးလို့အဆင်ပြေမှာဖြစ်ပါတယ်။ အသုံးလိုသော သူငယ်ချင်းများအောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNAyfDxzQuvXjzVfpt4yNbROSkFSKERnMaUwmnjNO_pTMG9DkgP_6MY9a-3Zlb_mCe3zZ94D5qjQCColajQyd3sC8Mp3dWjdoVjOfNaZPV5GQnK98htZISTReW3kYoeKJP7tSlt5loxo/h120/image005.gif



Read More ...

Monday, February 27, 2012

Active Desktop Calendar



                     ဒီ Post လေးကိုတော့ သဘောကျလို့ မူရင်အတိုင်းဘဲ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။
မူရင်းရေးသားသူကတော့ MMiTD က ကျွန်တော့်ရဲ့ အကို ၊ ဆရာ ၊ ဘော်ဒါကြီး ဂျိုကာ (ခ) ကိုဇော်ကိုဦး
ကရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော်သုံးကြည့်တာတော်တော်လေးကိုလန်းပါတယ်ဗျာ။ ဒီ Post လေး
ကိုတော့ MMiTD ကမန်ဘာဝင်တော်တော်များများသုံးပြီးနေလောက်ပါပြီ။ဒါပေမယ့် MMiTD ကအခြား
သောသူများမသုံးရသေးလို့ သုံးနိုင်အောင် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။အောက်မှာကြည့်ကြပါဗျာ။


Active Desktop Calendar..... တဲ့.... သိပီးသားကြီးလားတော့ မပြောတတ်ဖူးဗျာ..... မသိသေးတဲ့လူတွေကတော့ ထင်မှာပဲဗျ.... ပြက0x081ခဒိန် ဆော့ဝဲလ်များ ကွန်ပျူတာရဲ့ Gadgets ထဲမှာ အလကားရှိနေတာကို အထူးအဆန်းလုပ်လို့ ဆိုပီး ထင်နိုင်ပါတယ်...

အဲ့ဒီလိုထင်မှာဆိုလိုး ဒီဆော့ဝဲလ်ရဲ့ အားသာချက်လေးတွေကို နည်းနည်းလောက် လေရှည်လိုက်ပါ့မယ်...

 1.ဒီဆော့ဝဲလ်လေးကို Desktop Calendar အနေနဲ့ အသုံးပြုလို့ ရပါတယ်... (နာမည်က Active Desktop Calendar ဆိုနေမှတော့ ပြောစရာမလိုတော့အောင်ကို ရှင်းနေတာကို ထပ်လေရှည်မိပြန်ပီ ) 


 
2.ကျတော်တို့တွေ တခါတလေမှာ အရေးကြီးတဲ့ နေစွဲတွေကို မေ့မေ့နေတတ်ပါတယ် ..ဥပမာ-ချစ်သူမွေးနေ့ဆိုပါတော့ဗျာ..အခန့်မသင့်ရင် ရည်းစားဘ၀ကပါ ရပ်စဲခြင်းခံရနိုင်ပါတယ် အဲ့ဒီလိုမေ့ပီး မလိုလားအပ်တဲ့ပြဿနာတွေ မပေါ်လာအောင်လို့ အရေးကြီးတဲ့ နေ့စွဲလေးတွေနဲ့ အဲ့ဒီနေ့က ဘာနေ့ပါဆိုပီး တော့ ကွန်ပျူတာရဲ့ စကရင်ပေါ်မှာ မြင်သာအောင် လုပ်ထားလို့ရပါတယ်....ကွန်ပျူတာ စကရင်ပေါ်မှာ မျက်စိနောက်တယ်ထင်ရင်တော့ setting ထဲမှာ ၀င်ပီးတော့ ဖျောက်ထားလို့ရပါတယ်..အပေါ်မှာ ပုံလေးလည်း ပြထားပါတယ်..



3.တစ်နေ့တာရဲ့ လုပ်ဆောင်ရမဲ့ ကိုယ်ရဲ့လုပ်ငန်းတာဝန်တွေကို (ဘယ်အချိန်မှာ ဘယ်သူနဲ့ ချက်တင်..နောက်တယောက်နဲ့က ဘယ်အချိန် ......စသဖြင့် ) မေ့သွားမှာဆိုးလို့ software ရဲ့ Tasks ဆိုတဲ့နေရာလေးမှာ မှတ်စုအနေနဲ့ ရေးပီးတော့ စကရင်ပေါ်မှာ တင်ထားလို့ ရပါတယ်... ကိုယ်ပိုင် အတွင်းရေးမူးတစ်ယောက် ပိုက်ပိုက်မကုန်ပဲ ရတာပေါ့ဗျာ..အဲ့ဒီနေရာမှာ ကျတော် မြန်မာလို(zawgyi)နဲ့ ရမလားလို့ ကြည့်တော့ fonts ထဲမှာ Zawgyi-One ကို သွားတွေ့တယ်....ဒီ software လေးက တယ်ဟုတ်ပါလားဆိုပီး အတွေးတွေနဲ့ စမ်းပီးရိုက်ကြည့်တော့ မြင်ရတယ်ဗျာ ???????????????????? ဆိုပီးတန်းစီပီးတော့လေ...အဲ့ဒီလိုဖြစ်မှပဲ မြန်မာစာ (zawgyi) ကို လက်လျှော့လိုက်ရတယ် .. အောက်မှ ပုံလေးပါ ပြထားပါတယ်.



4. ကျတော်လို  ဖုန်းနံပတ်တွေကို  ဖုန်းထဲမှာပဲ  အလွယ်တကူမှတ်သားထားပီး   တခါတလေ  အကြောင်းအမျိုးမျိုးကြောင့်  ဖုန်းပျက်စီး  ပျောက်ဆုံး  သွားတဲ့အခါမှာ  အရေးကြီးတဲ့ ဖုန်းနံပတ်တွေပါ  တခါတည်း ပျောက်ဆုံးသွားပါတယ်..ကိုယ်တိုင်ကလည်း  ကိုယ့်ဖုန်းနံပတ်တောင်  အလွတ်ရတာ  မဟုတ်တော့  ပီးရောပဲ    ..   ကျတော့လို   လူမျိုးတွေနဲ့  မိမိရဲ့  ကွန်ပျူတာထဲမှာပဲ  ဖုန်းနံပတ်  ၊  လိပ်စာ ၊ မေလ်း ..အစရှိတာတွေကို  မှတ်သားလို့ရအောင်  contact ဆိုတဲ့နေရာလေးမှာ  ၀င်ပီး   အချက်အလက်တွေကို  မှတ်သားထားနိုင်ပါသေးတယ်..


5. Desktop အပေါ်ကို ပုံလေးတွေတင်ချင်တဲ့လူတွေအတွက် ဒီဆော့ဝဲလ်ထဲကနေ တဆင့် ကိုယ်ကြိုက်သလောက် အရွယ်အစားရွေးပီး desktop ပေါ်ကို တင်လို့ရပါသေးတယ်...

Active Desktop Calendar လေးကို ဒီလောက်ဆိုရင်တော့ သဘောကျမယ်ထင်တာပါပဲ..ဖိုင်ဆိုဒ်ကတော့ 4 MB ပဲရှိပါတယ်.. ဆော့ဝဲလ်ကို  အသုံးပြုရအဆင်ပြေအောင်      ဖိုင်ထဲမှာ keygen လေးပါ တခါတည်းပေးထားပါတယ်......

ကျတော် လေရှည်နေတာနဲ့ လိုရင်းကိုခုမှရောက်တယ်...လိုချင်တဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးအတွက် အောက်မှာ ဒေါင်းလော့လင့်လေးတွေပေးထားပါတယ် ..၀င်ပီး အားပေးသွားကြပါအုံး ...


mediafire       ၊      ifile
Read More ...

Total Commander v7.56a Portable


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSzYfT8VPTUh-bPfUHZYBRehBVKfo5dpr1paOPDc6rWYLn4q7743-__wK0N_TQ_YYdxN3KUDuHuTIF-HFaBp9qQ4exE_8Jbp9i5ADOf9UPReGJ-qp_6cWf-siM6ndfjn-Tnxl7Dz5Lbs/



                      အခုတင်ပေးလိုက်တာလေးကတော့ Total Commander လေးပါ။ ဒီကောင်လေးကဘယ်

လိုနေရာမျိုးတွေမှာအသုံးဝင်လည်းဆိုရင်တော့ WinRar , WinZip , TAR , ARJ , UC2 , CAB , ACE,
LHA စတာတွေကို Support လုပ်ပေးနိုင်ပါတယ် လို့ သူ့ရဲ့ မူရင်းဆိုဒ်မှာဖော်ပြပေးထားပါတယ်ဗျာ။ ဒီကောင်လေး ရှိနေရင်တော့ rar တို့ zip တို့ကို ဖြည်စရာမလိုပါဘူး။ Total Commander Portable လေး
ကို ဖွင့်ပြီး တိုက်ရိုက်သုံးရုံပါဘဲ။ အဲဒါအပြင်အခြားသော Function များစွာလည်းပါဝင်ပါသေးတယ်။
ကိုယ်တိုင်းစမ်းသုံးကြည့်ကြပါဗျာ။ ဒေါင်းရအဆင်ပြေအောင် Link နှစ်မျိုးနဲ့တင်ပေးထားပါတယ်။အဆင်ပြေ
တဲ့Link ကနေဒေါင်းယူသွားပါနော်။ အားလုံးဘဲအဆင်ပြေကြပါစေ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNAyfDxzQuvXjzVfpt4yNbROSkFSKERnMaUwmnjNO_pTMG9DkgP_6MY9a-3Zlb_mCe3zZ94D5qjQCColajQyd3sC8Mp3dWjdoVjOfNaZPV5GQnK98htZISTReW3kYoeKJP7tSlt5loxo/h120/image005.gif

Read More ...

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

 
                        အခုတလော တရားတော်များဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော် Post မတင်ဖြစ်တာတော်
တော်တော်ကြာသွားပြီဗျာ။ အဲဒါနဲ့ဘဲ အခု  ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ ကိုတွေ့လို့ တင်ပေးလိုက်ပါ
တယ်ဗျာ။ဒီ Post ကိုလည်း မူရင်းရေးသားသူကို ကျွန်တော်မသိရှိတဲ့အတွက် Credit မပေးနိုင်တာကို ခွင့်
လွတ်နားလည်စေချင်ပါတယ်ဗျာ။ ကျွန်တော်ရှာတွေ့ခဲ့တဲ့ Link လေးကိုဘဲညွန်ပေးလိုက်ပါတယ်။ ဒီဆိုဒ်
ကနေတွေ့တာပါဗျာ။
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏


တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။

ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။

အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
 
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ


ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ


အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း



အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း


အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း


အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ


နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။


ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ


အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကိုရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ


ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 


ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ။ အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသောပိုးရွများ ဒူးခေါင်းအထိ တက်လာကြပုံ။ မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ


ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ


မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
Read More ...

Facebook Virus ကိုဘယ်လိုရှင်းမလဲ



 
                               ဒီ Post လေးကို ဖတ်ဖူးတာတော့ ကြာပါပြီ။ ကျွန်တော့် Site လေးမှာပြန်ပြီးမျှဝေ
ပေးချင်လို့ ပြန်ရှာကြည့်တော့ ဘယ် Site မှာဖတ်ဖူးမှန်းမမှတ်မိတော့ဘူးဗျ။ အခုမှဘဲ မမျှော်လင့်ဘဲ သူ
ငယ်ချင်တစ်ယောက်ဆီကနေ Link ပြန်ရလို ဖတ်ကြည့်လိုက်တော့ ဒါလေးဖြစ်နေတာနဲ့ဘဲ ၀မ်းသာအား
ရပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးကို တော့ ကိုနေမင်းမောင် ဆိုဒ်ကနေပြီး ပြန်လည်မျှ
ဝေပေးခြင်းဖြစ်ပါတယ်ဗျာ။ ကျွန်တော် စာတွေအဲဒီလောက်အများကြီး မရေးနိုင်တဲ့အတွက် တခြားကျွန်
တော်လေ့လာခဲ့ဖူးတဲ့ဆိုဒ်တွေကနေဘဲ မျှဝေပေးရခြင်းဖြစ်ပါတယ်ဗျာ။ 

 

အခုတစ်လော  Facebook  မှဝင်လာတဲ့  Malware  ကတော်တော်လေးကိုဒုက္ခပေးနေတာတွေ့ရပါတယ်
ဒီကောင်ဝင်လာပြီဆိုတာနဲ့စက်မှာရှိတဲ့ဘယ်  Antivirus  မဆိုအလုပ်မလုပ်တော့ပါဘူး..။ဖြုတ်လို့တောင်
မရတော့ပဲအသစ်ပြန်တင်တာနဲ့စက်က  Restart ထိုးထိုးကျသွားပြီးဘာမှကိုလုပ်လို့မရဘူးဖြစ်နေတာကို
တွေ့ရပါတယ်..အခုအကိုတစ်ယောက်ကလဲမေးထဲတာနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းလေးကိုအောက်
မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..မဖြစ်သေးတဲ့သူတွေလဲသတိထားစေချင်လို့အဲ့ဒီအကိုပို့လိုက်
Virus ၀င်လာပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်..

  မင်္ဂလာညီကိုရေ

 ကျနော်မသိတာလေးရှိလို့ မေးချင်လို့ ပါ....ခု ကျနော့စက်ထဲမှာ ဟိုနေ့ facebook က လင့် တခု ကိုသူငယ်ချင်းတယောက်က ပို့ ပေးလို့  ဖွင့်လိုက်တာ yotube ထဲရောက်သွားတယ်..ဒီထဲကလိုပဲ
( Facebook ထဲတွင်း သူငယ်ချင်းဆီကဖြစ်စေ မည်သည့်နေရာက ဖြစ်စေ အောက်ပါအတိုင်း ပေး
ပို့လာပါက မနှိပ်ကြရန်....... ၄င်းသည် virus ကဲ့သို့ အကယ်၍ နိပ်မိသွားပါကမိမိ စက်တစ်ခုခုဖြစ်
သည် သာမကကျန်သော Facebook ထဲမှ သူငယ်ချင်းတွေ အကုန်လုံးကို သူအလိုလို Auto လိုက်ပို့
သွားမည်ဖြစ်သည်.......​ မနေ့ညက ကျွန်တော်ကိုယ်တိုင်ခံလိုက်ရပါတယ်။ window auto shut 
down (သို့) restart ခဏခဏ ကျပါတယ် Antivirus တွေကိုပါ တစ်ခါထဲ သူက ဖျက်လိုက်ပါတယ်။ 
 antivirus လဲ ဘာမှလုပ်လို့မရတော့ပါဘူး။ window original 64 bit ပြန်တင်ရင်လဲ system ဖိုင်
တစ်ခုကို virus ကစားလိုက်သောကြောင့် Error 0x80070570 တက်ပီးတော့ window ဆက်တင်
လို့မရဖြစ်ပါလိမ့်မယ်။ Facebook မှ virus လာပုံက အောက်ပါအတိုင်းဖြစ်ပါတယ်။ hi. how are 
you? Wanna laugh? :):) http://46.185.65.225/100000512​217469   အနီရောင် လင့်ကိုနှိပ်
လိုက်တာနဲ့ youtube ကဲ့သို့သော စာမျက်နှာအားရောက်သွားပီး သင့်ကို Latest FlashPlayer 
တောင်းပါလိမ့်မယ် အဲ့ဒါကို နှိပ်မိပြီဆိုပါကသင့်စက်ကျွန်တော်ပြောထားသလိုဖြစ်မှာ သေချာ 
ပါတယ်။                         

အောက်ကပုံကိုတစ်ချက်ကြည့်ကြည့်လိုက်ပါ..။ဒါ U-Tube ကိုရောက်သွားတဲ့အချိန်မှာစတင်ပြီး  Malware
ဝင်တဲ့ပုံစံကိုပြထားတဲ့ပုံလေးပါ..။
 

အပေါ်ကပုံမှာပြထားတဲ့အတိုင်း  Download  it  from Adoble ကိုနှိပ်လိုက်ပြီဆိုတာနဲ့မိမိတို့စက်
ထဲကို Virus ကစတင်ဝင်ရောက်သောင်းကျန်းတော့မှာဖြစ်ပါတယ်...မဖြစ်သေးတဲ့သူများ သတိထား
သင့်ပါတယ်..အရင်ဆုံးကျွန်တော်တို့မိမိတို့ကွန်ပျုတာမှာဝင်ရောက်နေတဲ့ Virus ရဲ့မူရင်းအစဖြစ်တဲ့  Facebook  ကနေထပ်ပြီးမ၀င်ရောက်နိုင်တော့အောင်  Facebook  ကိုမိမိစက်ရဲ့  Host  ထဲကနေ   
Delete  လုပ်ပါမယ်..Keyboard  မှ  Windows  LogoR  ကိုနှိပ်ပြီး  Run Box  ကိုဖွင့်လိုက်ပါ.
.ပြီးရင်  Run  Box ထဲမှာအောက်ကအနီရောင်ကုဒ်လေးကိုရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ..။   

C:\Windows\System32\drivers\etc

အခုပြောတဲ့နည်းလမ်းလေးအတိုင်း Window XP , Vista နဲ့ Windows 7 အားလုံးမှာ
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်..

 အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် hosts ကို Double Click ပေးလိုက်ပါ..

အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် Note Pad ကိုရွေးပြီး Ok ပေးလိုက်ပါ..






အပေါ်ကပုံအတိုင်း  Notepad ကိုဖွင့်ပြီးပြီဆိုရင်အပေါ်ကပုံမှာမြင်ရသလို  102.54.94.97 
rhino.acme.com  # source server  လိုမျိုး  Facebook.com  ကိုရှာပြီး
Delete လုပ်ပေးရမှာဖြစ်ပါတယ်..(example: “127.0.0.1 http://www.facebook.com” )
Delete  လုပ်လိုက်ပါ..။ပြီးရင်  Notepad ကိုပြန်  Save လိုက်ပါ.. ပြီးရင်ဖွင့်ထားတဲ့ကောင်လေး
ကိုပြန်ပိတ်လိုက်ပါ..ပီးရင် Windows  Tab  Bar  ပေါ်မှာ  Right  Click  ထောက်ပြီး  Tab  Manager  ကိုဖွင့်လိုက်ပါ..။Keyboard မှ Ctrl + Shift + Esc  ကိုနှိပ်လိုက်ရင်လဲ  Tab  Manager ပွင့်လာပါလိမ့်
မယ်..။ Tab  Manager  ဖွင့်ပြီးပြီဆိုရင်  Processes  ထဲမှာ  fbtre6.exe  နဲ့  mstre6.exe ကိုရှာပြီးတွေ့
ပြီဆိုရင် End  Processes  ပေးလိုက်ပါ..





အပေါ်ကအဆင့်အတိုင်းပြီးပြီဆိုရင်တော့  Registry Editor ထဲမှာသွားပြီးတော့ရှင်းပါအုံးမယ်..။Run 
Boxကိုဖွင့်လိုက်ပါ..။ပြီးရင်  Run Box  ထဲမှာ  Regedit  လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ..။ဒါ
ဆိုရင်Registry  Editor  ပွင့်လာပါလိမ့်မယ်..ပြီးရင် HKEY_LOCAL_MACHINE > SOFTWARE 
>Microsoft > Windows  >  Current Version > Run   အထိအဆင့်ဆင်သွားလိုက်ပါ..
Run  ကိုရောက်ပြီဆိုရင်  Run  ကို  Click လိုက် ပါ..ပြီးရင်ညာဘက်မှာ ”systray”  ကိုရှာပါ..ပြီးရင်
အဲ့ဒီကောင်လေးကို  Double Click  ပေးလိုက်ပါ..ဒါဆိုရင်  Edit String ဆိုတဲ့ Box  လေးပေါ်
လာ  ပါလိမ့်မယ်..ပြီးရင်အဲ့ဒီမှာ Value  Data  တန်ဖိုး   c:\windows\mstre6.exe”  ကို  Delete 
လုပ်လိုက်ပါ..။ပြီးရင်  OK  ပြန်ပေးလိုက်ပါ..။Registry Editor  ကိုပိတ်လိုက်ပါ..။Value  Data  တန်ဖိုး
က“c:\windows\mstre6.exe”   နဲ့  “C:\Windows\fbtre6.exe”   လည်းဖြစ်နိုင်ပါတယ်..။
 




ကျွန်တော့်စက်ထဲမှာ Virus  မရှိတဲ့အတွက်  systray   ဆိုတာပေါ်မှာမဟုတ်ပါဘူး.လိုက်လုပ်ကလွယ်
အောင်ပုံလေးတွေနဲ့နမူနာပြပေးထားတာပါ..ဆက်ပြီးတော့ Registry  Editor  ကိုပိတ်ပြီးလို့ Restart
ချမှာလားလို့မေးရင်  Restart  မချပါနဲ့အုံး..။  C:\\Windows\\fbtre6.exe   နဲ့ C:\\Windows\\fmark2.dat  File  တွေကို  Registry  Editor  ထဲမှာ  Delete  လုပ်ပေးရပါအုံးမယ်..။ ဒီ  Registry  Key  တွေကို  Delete  မလုပ်ခင်  Backup လုပ်ထားဖို့လိုပါတယ်..ဒါမှမှားဖျက်မိတာတွေဘာတွေရှိတယ်
ဆိုရင်အလွယ်တကူပြန်ပြီးတော့Import  လုပ်ပေးယုံနဲ့အဆင်ပြေသွားမှာဖြစ်ပါတယ်..။Backup  ဘယ်လို
လုပ်ရမယ်ဆိုတာကိတော့အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..




  


အပေါ်ကပုံအတိုင်း Registry Key တွေကို  Backup  ဆွဲပြီးပြီဆိုရင်ပေါ်မှာပြောခဲ့သလို  Key  တွေကို
Delete  လုပ်ပါမယ်..ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့  Registry Editor  ကိုဖွင့်လိုက်ပါ...ပြီးရင်
Keyboard မှ  Ctrl + F  ကိုနှိပ်လိုက်ပါ.. Find  ဆိုပြီး  Box လေးကျလာရင်  Find watch  ထဲမှာ
C:\\Windows\\fbtre6.exe   နဲ့ C:\\Windows\\fmark2.dat  ကိုရိုက်ထည့်ပြီးရှာလိုက်ပါ..တွေ့ပြီ
ဆိုရင်အဲ့ဒီကောင်လေးကိုဘယ်လို  Delete လုပ်ရမယ်ဆိုတာအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..
တကယ်လို့မိမိမှားဖျက်မိလို့စက်က  Registry  ပိုင်းမှာ  Error  တစ်ခုခုတက်ပြီဆိုရင်လဲစောစောက
Backup လုပ်ထားတဲ့ကောင်လေးကို  export  အပေါ်မှာရှိတဲ့  import  ကနေရွေးပြီးပြန်ထည့်ပေး
လိုက်ယုံပါပဲ..။ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်..



 ပြီးရင်တော့မိမိတို့ကွန်ပျုတာကို  Restart  ချပေးလိုက်ပါ..။

Windows  ပြန်တက်လာပြီဆိုရင်မိမိတို့ရဲ့ကွန်ပျုတာကိုအောက်မှာပေးထားတဲ့ဆော့ဝဲလ်တွေသုံးပြီး
စစ်ကြည့်လိုက်ပါ..
Read More ...
Related Posts Plugin for WordPress, Blogger...