မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Dashboard

Tuesday, January 31, 2012

Security Cam Hacking v.2012



                    Hacking ၀ါသနာပါသူများအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ အမှန်အကန် ကလိကြပါနော်။
အသစ်ထွက်တာလေးတွေ့လို့ ကျွန်တော် တင်ပေးလိုက်တာပါ။ ကျွန်တော်လည်း ကလိရမှာဘဲဗျ။ အ ခုလောလောဆယ်တော့ ဒေါင်းနေတုန်းဘဲရှိသေးတယ်ဗျာ။ အမြဲတမ်းအသုံးပြုနိုင်အောင် Full Version
လေးတင်ပေးလိုက်ပါတယ်။ အသုံးတည့်မယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။

အားလုံးဘဲအဆင်ပြေကြပါစေနော်။

အထူးသတိပြုရန် Rar Password - www.sysfilm.com


Read More ...

Monday, January 30, 2012

TeraCopy Pro v2.12

                   အခုကျွန်တော်တင်ပေးမယ့် Software လေးကတော့ Tera Copy ဆိုတဲ့ Software လေး
ဘဲဖြစ်ပါတယ်။ ဒီကောင်လေးက Data တွေကို ကူးယူတဲ့အခါမှာ လက်ရှိ ကူးယူတဲ့ နှုန်းကိုမြှင့်တင်ပေး
တာဘဲဖြစ်ပါတယ်။ အဲဒီအပြင် ကူးနေတဲ့ အချိန်အတွင်းမှာ အကြောင်းတစ်ခုခုကြောင့် ကွန်ပြူတာပိတ်သွား
ရင်ဘဲဖြစ်ဖြစ်။ အခြား Program တွေကြောင့် စက်လေးပြီး ရပ်သွားရင်ဘဲဖြစ်ဖြစ်။ Resume လုပ်ပြီး Transfer ဆက် လက်လုပ်ဆောင်ပေးတာဘဲဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 2.4 MB ဘဲရှိတဲ့အတွက် ဒေါင်း
ယူထားလည်း အပန်းမကြီးပါဘူး။အထဲမှာလည်း Serial Key ပါ ထည့်ပေးထားပါတယ်။
ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့တင်ပေးလိုက်ပါတယ်။ အဆင်ပြေတဲ့ Link ကနေ
ဒေါင်းယူနိုင်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေနော်။



Read More ...

Animated Wallpaper Maker 2.3.0


                         ဒါလေးကတော့ Wallpaper လှလှလေးတွေကို Animation Affect လေးတွေထည့်ပြီး
အလှဆင်ပြုလုပ်ချင်သူများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Function လေးတွေလည်း မဆိုး
ဘူးဗျ။ စုံစုံလင်လင်ဘဲ။ ရုပ်ထွက်လေးတွေလည်း ကောင်းမွန်ပါတယ်ဗျာ။ အမြဲတမ်းအသုံးပြုနိုင်အောင် ထုံးစံ
အတိုင်းဘဲ။ Full Version လေးဘဲတင်ပေးလိုက်ပါတယ်ဗျာ။ Serial no လေးတွေပါ တခါတည်း ထည့်သွင်း
ပေးထားပါတယ်။ File Size ကလည်း 6MB ဘဲရှိပါတယ်ဗျာ။
ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့ တင်ပေးလိုက်ပါတယ်ဗျာ။စိတ်ပါဝင်စားသူများဒေါင်းယူနိုင်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေနော်။





Read More ...

DVD Cutter 1.7


                      VCD Cutter လေးတွေ့တော့ပေါတယ်ဗျ။တင်လည်းတင်ပေးပြီးသွားပြီ။ အခုတစ်ခါတော့
DVD cutter လေးတင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ အသုံးပြုရအဆင်ပြေမယ့် Version မျိုးဘဲ
တင်ပေးလိုက်ပါတယ်ဗျာ။ 2.5MB ဘဲရှိပါတယ်။ဘယ်လိုနေ့မျိုးတွေမှာ အသုံးများလည်းဆိုရင် DVD Video
File တွေကို ကိုယ်လိုချင်တဲ့ နေရာလေးတွေဘဲ ရွေးပြီးဖျတ်မယ်ဆိုရင် တော့ ဒါလေးကအသုံးဝင်ပါတယ်။

အသုံးတည့်မယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။


Read More ...

Sunday, January 29, 2012

Window တက်တာမြန်စေမယ့် Hijack This


                   ရှိပြီးသား မိတ်ဆွေများ တော့ သည်းခံပေးပါနော် ကွန်ပျူတာကိုဖွင့်လိုက်တယ်။ Desktop
တော့မြင်နေရပြီ။ ဒါပေမဲ့ pointer က သဲနာရီနဲ့ Busy ဖြစ်နေတယ်။ Screen ညာဘက်အောက်ထောင့်က System Tray area မှာ startup program လေးတွေက တစ်ခုပြီးတစ်ခု ပေါ်လို့ မဆုံးနိုင်ဘူး။ စောင့်ရတာ
လည်း စိတ်မရှည်တော့ဘူး။ အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Hijack This ဆိုတဲ့ program လေးရှိပါတယ်။ install လုပ်စရာမလိုဘူး။ တန်းသုံးရုံပဲ။ သူက ကွန်ပျူတာဖွင့်ဖွင့်ချင်း run တဲ့ program တွေ၊ Browser
တွေမှာ အပိုဖြစ်နေတဲ့ Toolbar သို့မဟုတ် BHO (Browser Helper Object) တွေကို ရှင်းလင်းပေးပါတယ်။ တကယ်ကောင်းပါတယ်။ သုံးနည်းကတော့ သူ့ကို ဖွင့်ပါ။
Scan ကိုနှိပ်ပါ။ ထွက်လာတဲ့ list တွေထဲမှာမလို
အပ်ဘူးထင်တာတွေကို အမှန်ခြစ်ပေးပါ။ ပြီးရင် Fixed Checked ကို နှိပ်ပါ။ကွန်ပျူတာကို restart လုပ်ပါ။ အရင်တုန်းကလောက်တော့ မစောင့်ရတော့ဘူးပေါ့။ ကဲဗျာဒီလောက်ဆို သုံးရတာအဆင်ပြေလောက်ပြီထင်
ပါတယ်။ အသုံးတည့်မယ့် Software လေးပါ။ အောက်က Link မှာယူကြပါဗျာ။ အားလုံးဘဲအဆင်ပြေကြပါ
စေနော်။


Read More ...

Internet Download Manager v6.08 Build 9 နောက်ဆုံးထွက် Version


                       အခုနောက်ဆုံးထွက်တာလေးတွေ့လို့တင်ပေးလိုက်တာပါ။ IDM တွေက version တွေ
ခဏခဏထွက်နေတော့ မတင်ဘူးလို့တောင်နေနေတာဗျာ။ ဒါပေမယ့်လည်း တစ်ခုလောက်တော့ ရှိထား
သင့်တယ်ထင်တော့ လည်း တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာသုံးနေတာ ဒီ Versionထက်
အများကြီးနိမ့်တယ်ဗျာ။ ဒါပေမယ့်လည်းသုံရအဆင်ပြေနေတာပါဘဲ။ အခုလည်း ကျွန်တော် Full Version
လေး ဘဲတင်ပေးထားပါတယ်။ Patch File ပါ ထည့်သွင်းပေးထားပါတယ်ဗျာ။
အသုံးတည့်မယ်ဆိုရင်တော့
အောက်က Link မှာယူကြပါဗျာ။ ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့တင်ပေးလိုက်ပါတယ်။ အားလုံး
ဘဲအဆင်ပြေကြပါစေနော်။






Read More ...

Friday, January 27, 2012

Desktop Wallpaper Collection Vol-1


                         အခုတင်ပေးလိုက်တာလေးကတော့ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ Desktop မှာ
Wallpaper အလန်းလေးတွေတင်ထားချင်သူတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ တ
ချို့ User တွေတော်တော်များများတွေ့ဖူးတယ်ဗျာ Desktop ပေါ်မှာ Wallpaper လှလှလေးတွေ အမျိုးမျိုး
ပြောင်းတင်ပြီး ခဏခဏကြည့် ပြီးတော့ ပီတိတွေဖြစ်နေတက်တဲ့သူတွေများကြီးရှိတယ်ဗျာ။အဲလိုလူမျိုး
တွေအတွက်ကတော့ရှယ်ဗျာ။ပုံလေးတွေက တော်တော်လန်းတယ်ဗျ 3D ပုံတွေလည်းပါတယ်။ အစုံပါဘဲ။
ကွန်ပြူတာမှာမရှိမဖြစ်လိုအပ်တဲ့အရာထဲမှာတော့မပါပါဘူး။ ဒါပေမယ့်
အကြိုက်ချင်းမတူကြတဲ့အတွက် အသုံးဝင်မယ့်သူများ စိတ်ဝင်စားသူများအတွက် အောက်က Link ကနေ
ဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။ဒါလေးကို ကိုနေမင်းမောင် တင်ထားတာတွေ့
လို့ ဒေါင်းယူပြီး ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။



Read More ...

Install ပြုလုပ်မရသော Software များကို Advanced Installer 8.9 လေးနဲ့ လုပ်ကြည့်မယ်






                           အခုတင်ပေးမယ့် Software လေးကတော့ install လုပ်လို့ မရတဲ့ Software တွေ
ကို Install လုပ်လို့ရအောင် လုပ်ဆောင်ပေးမယ့် ကောင်လေးဘဲဖြစ်ပါတယ်။ သူများတွေက Uninstaller
တင်ကြတယ်ဗျ။ တော်တော်များများကိုတွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ ပြောင်းပြန် Installer တင်တယ်
ဗျာ။ ဒီ Software လေးက ဘယ်လိုနေရာတွေများအသုံးဝင်သလည်းဆိုရင် တချို့ Antivirus တွေမှာ Virus
ပြသာနာကြောင့် Install လုပ်လို့မရပါဘူး။ Virus ကလည်း Antivirus တွေကို Install လုပ်ခွင့် မပြုပါဘူး

အဲဒီလို ပြသာနာတွေကြုံလာပြီဆိုရင်တော့ ဒီ Installer လေးကလုပ်ဆောင်ပေးပါလိမ့်မယ်။ တကယ်အသုံး
ဝင်ပါလိမ့်မယ်။ ဆောင်ထားသင့်တဲ့ Software တစ်မျိုးပါဘဲ။ အသုံးတည့်မယ်ဆိုရင် အောက်က Link မှာ
ဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။


Read More ...

Thursday, January 26, 2012

Alligator Flash Designer 8.0.19 (Full Version)

                     အခုတင်ပေးမှာလေးကတော့ Flash နဲ့ပတ်သတ်တဲ့ Animation လေးတွေ Slideshow
လေးတွေ ဖန်တီးချင်သူများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။  အခုမှစပြီးစမ်းသပ်လေ့လာချင်
သူများလည်း အဆင်ပြေပါလိမ့်မယ်။ အသုံးပြုပုံလေးက လွယ်ကူရိုးရှင်းပါတယ်။ အမြဲတမ်းအသုံးပြုနိုင်
အောင် ထုံးစံအတိုင်း Full Version လေးပေးထားပါတယ်ဗျာ။ Folder ထဲမှာ Crack File လေးပါထည့်ပေး
ထားပါတယ်။
အခု တင်ထားတဲ့ Software လေးကို အရင်ဦးဆုံး Install လုပ်လိုက်ပါ။ ပြီးသွားရင် Crack
File လေးကို Copy ကူးပြီး။ C ထဲက Program Files ထဲက Selteco ထဲက Alligator Flash Designer 8
ထဲမှာ Paste လုပ်ပေးလိုက်ပါ။ ပြီးသွားရင် အဲဒီ File လေးကို Double Click နှိပ်ပေးပါ။ ဒါဆို Full Version
ဖြစ်သွားပါပြီ။ အသုံးတည့်မယ်ဆိုရင် အောက်က Link မှာဒေါင်းယူနိုင်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါ
စေဗျာ။




Read More ...

Wednesday, January 25, 2012

SolveigMM Video Splitter 2.5






                        ဒီကောင်လေးကတော့ လူသိများကြတဲ့ Video Cutter ပုံစံမျိုးပါဘဲ။ ဒီကောင်လေးက
Video File တွေကို ဖြတ်တောက်ဖို့ အတွက် သီးသန့်ထုတ်ထားတဲ့ Software တစ်မျိုးပါ။ အမြဲတမ်းသုံးနိုင်
အောင် Full Version လေးဘဲတင်ပေးထားပါတယ်။ ဒေါင်းရအဆင်ပြေအောင် Link နှစ်မျိုးနဲ့တင်ပေးထား
ပါတယ်ဗျာ။ လိုအပ်မယ်ထင်ရင်ဒေါင်းယူနိုင်ပါတယ်။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ။




Read More ...

Sothink SWF to Video Converter V2.4 (Full Version)


                        ဒီ Converter လေးကတော့ SWF to Video Converter လေးပါ။ SWF လို့ ပါပေမယ့်
ကျန်တဲ့ Format များပါ Convert လုပ်ပေးနိုင်ပါတယ်။ ဘယ်လို File Type မျိုးတွေကို Convert လုပ်ပေး
နိုင်လည်းဆိုရင်တော့ avi , ipod video (mp4) , 3gp , 3g2 , mpg , PSP Video (mp4) နဲ့ Image
series တွေဖြစ်တဲ့ (jpeg , gif , png , bmp , animated gif) စတဲ့ File Type တွေကို Convert လုပ်ပေး
ပါတယ်ဗျာ။ Full Version လေးဖြစ်အောင် Keygen လေးပါထည့်ပေးထားပါတယ်ဗျာ။
Keygen ကိုဖွင့်ပြီး
အထဲကနေ Sothink SWF to Video Converter ကိုရွေးပါ။ပြီးရင် Generate ကို နှိပ်လိုက်ပါ။ ဒါဆို Serial
Key လေးကို ကူးပြီး ဖြည့်လိုက်ရင် Full Version လေးဖြစ်သွားပါပြီဗျာ။ဒေါင်းရအဆင်ပြေအောင် Link သုံး
မျိုးနဲ့တင်ပေးထားပါတယ်။အားလုံးဘဲအဆင်ပြေပါစေနော်။



Read More ...

Tuesday, January 24, 2012

Corel Draw Graphic Suite X4 (Full Version)


                       Corel Draw Graphic Suite X4 လေးတွေ့လို့ တင်ပေးလိုက်ပါတယ်။ အသုံးတည့်သူ
များလည်း ဒေါင်းယူနိင်ပါတယ်ဗျာ။ သူကတော့ ကွန်ပြူတာမှာ ဒီဇိုင်းဆွဲချင်သူတွေ ၊ မြန်မာမှု အနုပညာတွေ
ဖန်တီးသူတွေ၊ ဒီဇိုင်းသမားတွေဆောင်ထားသင့်တဲ့ Design Software တစ်မျိုးပါ။ ဒီဇိုင်းကို အခုမှစပြီး
လေ့လာလိုသူတွေအတွက်လည်းအဆင်ပြေအောင် မြန်မာ ဘာသာပြန် အသုံးပြုနည်း EBook ကိုပါတစ်ခါ
တည်းထည့်ပေးထားတယ်ဗျာ။
တင်ပေးနေကြ ပုံစံလေးအတိုင်းဘဲ Full Version တင်ပေးထားပါတယ်။
Keygen ပါတစ်ခါတည်းထည့်ပေးလိုက်ပါတယ်ဗျာ။ ဒေါင်းရအဆင်ပြေအောင်လည်း အပိုင်း 6 ပိုင်းခွဲပြီးတင်
ပေးထားပါတယ်ဗျာ။ တစ်ပိုင်းမှာ 50MB ပါပါတယ်။ စိတ်ဝင်စားမယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်
ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။



Read More ...

Kaspersky TDSS Killer 2.7.0.0 (Portable)


                        Kespersky ကနေ ထုတ်ထားတဲ့ Malware Killer လေးပါ။ ကွန်ပြူတာ တော်တော်များ
များမှာ ပြသာနာရှာနေတဲ့ Win32  Virus တော်တော်များများကို အကောင်းဆုံး ရှင်းလင်းပေးနိုင်ပါတယ်။
Win 32 Virus ဆိုလို့ အထင်တော့ မသေးလိုက်နဲ့နော်။ Win 32 အမျိုးအစားပေါင်းများစွာရှိပါတယ်။အဲဒီ အမျိုးအစားပေါင်းများစွာကို နိုင်နင်းတဲ့အတွက် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။အဲဒီ အပြင်Trojanကိုလည်း
ကောင်းကောင်းလေးနိုင်နင်းစွာရှင်းလင်းသုတ်သင်ပေးပါတယ်။ သူက Window Xp , Vista , Window 7
အားလုံးကို  Support လုပ်ပေးနိုင်ပါတယ်။ 32bit & 64bit အားလုံးကို Support လုပ်ပေးပါတယ်။

အသုံးပြုပုံကိုလည်း အထဲမှာ ပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။ဆောင် ထားသင့်တဲ့ Software တစ်မျိုး ပါဘဲ။ ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့တင်ပေးထားပါတယ်ဗျာ။အဆင်ပြေတဲ့ Link ကနေဒေါင်းယူ
နိုင်ပါတယ်။အားလုံးဘဲအဆင်ပြေကြပါစေနော်။




Read More ...

Monday, January 23, 2012

Oxford English Dictionary (Portable) with Pronunciation


                      ကမ္ဘာ့အဆင့်သတ်မှတ်မှတ်ချက် နံပါတ် 1 နေရာမှာ ရှိတဲ့ Oxford English Dictionary
လေးကို တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က လည်း 7MB ဘဲရှိတဲ့အတွက် သွားလေရာကို Memory Stick
လေးနဲ့ သယ်ဆောင်သွားပြီးအသုံးပြုနိုင်ပါတယ်။ Portable လေးဖြစ်တဲ့အတွက် ပိုပြီး အသုံးပြုရပါအဆင်
ပြေစေပါတယ်ဗျာ။ တကယ်ကောင်းလွန်းလို့တင်ပေးလိုက်တာပါ၊ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးနဲ့
တင်ပေးထားပါတယ်ဗျာ။
စိတ်ဝင်စားတယ်ဆိုရင်အောက့် Link မှာ ယူကြပါဗျာ။ အားလုံးဘဲအဆင်ပြေ
ကြပါစေနော်။

Read More ...

Sunday, January 22, 2012

Angry Birds Seasons v2.1.0 Full Crack


                   အခုတစ်ခေါက်တင်ပေးလိုက်တာကတော့ အရမ်းနာမည်ကြီးလာတဲ့ Phone တွေမှာအများ
ဆုံးကစားကြတဲ့ ANGRY BIRDS လေးဘဲဖြစ်ပါတယ်။ ဘယ်လောက်တောင်နာမည် ကြီးနေသလည်းဆိုရင်
တော့  နေရာတကာမှာ Angry Birds ပုံတွေချည်းဘဲတွေ့နေရတာဘဲဗျာ။အခုတင်ပေးထားတာကတော့ Phone တွေမှာဆော့ လို့မရဘူးနော် Computer မှာ ကစားလို့ရတဲ့ Version လေးတင်ထားပေးတာပါ။ Phone လေးနဲ့ဆော့လို့အားမရသူတွေအတွက်တော့ PC မှာ အားရပါးရ ကစားကြပေါ့ဗျာ။
အခြားဆိုဒ်
တော်တော်များများမှာတော့ တင်ပြီးသားတွေတွေ့ရပါတယ်။ ကျွန်တော်ကတော့ တင်မယ်တင်မယ်နဲ့အခု

 မှဘဲတင်ဖြစ်သွားတာပါဗျာ။ဒေါင်းရအဆင်ပြေအောင် Link နှစ်မျိုးနဲ့ တင်ပေးထားပါတယ်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link မှာယူကြပါဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။




Read More ...

Friday, January 20, 2012

RealPlayer v.15.0.1.13 နောက်ဆုံးထွက် Version


                       ဒါလေးကတော့ Real Player လေးပါ။ လူတိုင်းလည်း သိပြီးသားဖြစ်မှာပါ။ လူတိုင်းလည်း
သုံးဖူးပြီးသား Player လေးတစ်မျိုးပါ။ ဒါပေမယ့် နောက်ဆုံးထွက် Version လေးမို့ တင်ပေးလိုက်ပါတယ်။
ဒီ Player လေးကလည်း Video , Audio ဖိုင် အမျိုးအစားများစွာကို Support လုပ်ပေးပါတယ်။ပေါ့ပေါ့
ပါးပါးလေးနဲ့အသုံးပြုရအဆင်ပြေစေပါတယ်။ File Size ကလည်း 28MB ဘဲရှိပါတယ်။
အသုံးတည့်မယ်
ဆိုရင်တော့ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။




Read More ...

Hard Disk တွေ Memory Stick တွေကို လွယ်ကူစွာဘဲပိုင်းဖြတ်ကြမယ် (EASEUS Partition Master 9.0.0 Professional Edition)

  
                 ဒါလေးကတော့ ကျွန်တော် MMiTD မှာ ပေါက်ကွဲသံစဉ်တွေတဲ့တင်ထားတဲ့Post လေးပါဗျာ။
ပေါက်ကွဲသုံစဉ်ဆိုတော့လည်း တုန့်ပြန်မှုလေးတွေကတော့ ကျေနပ်စရာလေးတွေပါ။ အရေးအ
သားလေးတွေပါမပြင်ဘဲဒီအတိုင်ဘဲတင်ထားလိုက်ပါတယ်။
          ဒီတစ်ခေါက်တင်ပေးမယ့် Post လေးကတော့ EASEUS Partition Master 9.0.0 Professional Edition ဆို တဲ့ Hard Disk တွေ Memory Stick တွေကို ခွဲခြမ်းပိုင်းဖြတ်ပေးမယ့် Softwareလေးဘဲဖြစ်
ပါတယ်။ ဒီ Software လေးအကြောင်းကိုမရှင်းပြခင် ကျွန်တော်နည်းနည်းလောက်ရင်ဖွင့်ချင်ပါတယ်ဗျာ။ MMiTD မှာအခုနောက်ပိုင်း ကျွန်တော် Post တင်တာကျဲသွားပါတယ်။ အရင်ကလောက်သိပ်မတင်ဖြစ်
တော့ပါဘူး
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့လို Post တင်တဲ့သူတွေဟာ မိမိ Post တစ်ခုတင်
လိုက်ပြီဆိုရင် အဲဒီ Post အပေါ်မှာ အခြားသော Member ၀င်တွေက စိတ်ဝင်စားရဲ့ လား သဘောကျရဲ့လား
ဆိုတဲ့ ရလဒ်တစ်ခုကိုဘဲစိတ်ဝင်တစားနဲ့စောင့်ပြီး ဖတ်ကြပါတယ်။ မိမိတင်လိုက်တဲ့ Postမှာ Comment များများ ရေးပေးစေချင်ကြတာ Comment တွေကို ဖတ်ချင်ကြတာ ကျွန်တော် တို့ရဲ့ Feel လေးဘဲဗျ။
အခုနောက်ပိုင်း Post တင်ရတာလည်း တဖြည်းဖြည်းနဲ့ အားလျော့လာတယ်ဗျာ။ ကျွန်တော့် လိုဘဲ ပုံမှန် Post တွေတင်နေတဲ့ ဘော်ဒါတွေလည်း အခုနောက်ပိုင်းတင်တာမတွေ့ရတော့ဘူးဗျာ။ Post တစ်ခု တင်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူးဗျာ။ MMiTD မှာ ကျွန်တော့်ကို စတင်ပညာ
သင်ပေးခဲ့တဲ့ ဆရာထက်ပြောသလိုပေါ့ဗျာ။ ကိုယ်တင်တဲ့ Post တစ်ခုအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်စွာနား လည်နိုင်ရမယ်။ အဲဒီ Post မှာ ဖြစ်ပေါ်လာတဲ့ Error မှန်သမျှကို ဖြေရှင်းပေးနိုင်ရမယ်။ အဲဒီလိုဖြေရှင်းပေး
နိုင်ပြီဆိုမှ Post တစ်ခု ဖြစ်ပေါ်လာတာပါ။ အဲဒီ Post အတွက် စာတွေရေးရ ရှင်းပြရနဲ့ တင်ပေးခဲ့တဲ့ ကျွန်တော်တို့Post တစ်ခုအပေါ်မှာ အနည်းဆုံးတော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စာလေးတစ်စောင်တောင် ချန်မထားခဲ့တာတော့ဝမ်းနည်းမိပါတယ်ဗျာ။ အဲဒါကြောင့်လည်း Post တွေမတင်တော့ဘဲ ကိုချစ်ရဲ့ Post မှာဘဲ တစ်သလောက်မှတ်သလောက်လေးနဲ့ ကိုချစ်ကို ၀င်ပြီးကူညီပေးနေတာ ကြာပြီဗျာ။ ရှေ့ဆက် Post တွေတင်ဖို့လည်း အားတွေလည်းမရှိတော့ပါဘူး။ ပထမတစ်ခေါက် တင်လိုက်တဲ့ Post အတွက် Comment တွေဟာ ဒုတိယ Post အတွက် အင်အားတွေပါဘဲ။ ဒီ တစ်ခေါက် Post တင်ဖြစ်တာတော့ ကျွန်တော် တော်တော်လေးအားယူပြီးတင်ရပါတယ်။ ထွက်လာမယ့် ရလဒ်ကတော့ ဘယ်လိုလည်းတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကလည်း Software ကောင်းကောင်းလေး တွေရလာရင် MMiTD ကညီကိုမောင်နှမတွေကို မျှဝေပေးချင်နေတော့လည်း ဗျာ…………

လေကြောတွေရှည်နေတာနဲ့ဘဲ လိုရင်ကို မရောက်သေးပါဘူး။ အခုတော့ ပြောပြချင်တာလေးတွေပြောပြလိုက်ရလို့ နည်းနည်းတော့စိတ်ပေါ့သွားတာပေါ့ဗျာ။ လိုရင်ကိုစပြီးပြောပြပါတော့မယ်။
ဒီ Software လေးကတော့ ကျွန်တော့်ရဲ့ကျောင်းတုန်းကဆရာမက သူ့ရဲ့ Laptop မှာ Partition တစ်ပိုင်းဘဲပိုင်းပေးထားလို့ နှစ်ပိုင်းပိုင်းချင်လို့ ကျွန်တော့်ကိုအကူအညီတောင်းရာ
ကစတာဘဲဗျ။ သူတင်ထားတဲ့ Laptop လေးက Window 7 x 86bit တင်ထားတာဗျ။ ကျွန်တော့်မှာရှိတဲ့ Partition Software တွေနဲ့စမ်းကြည့်လိုက်တော့ အဆင်မပြေဘူးဗျ။
Partition Software တွေက 86 ကို Support မလုပ်နိုင်ကြဘူးဗျာ။ အဲဒါနဲ့ဘဲ ကိုချစ်ကိုဘဲအကူအညီတောင်းလိုက်တာပေါ့ဗျာ။ ကိုချစ်ရှာပေးတဲ့ Software လေးပါဘဲ။
အသုံးပြုပုံလေးကလည်းလွယ်ကူရိုးစင်းလွန်းပါတယ်။ အဲဒါလေးနဲ့ ကျွန်တော့်ဆရာမရဲ့ Laptop လေးကို Partition ပိုင်းလိုက်တာ 15 မိနစ်တောင်မကြာပါဘူးဗျာ။ အားလုံးအဆင်ပြေသွားတယ်။ ကျွန်တော်သဘောကျတာနဲ့ဘဲ ကျန်တဲ့ Window တွေကိုလိုက်စမ်းကြည့်တော့ အကုန်အဆင်ပြေတယ်ဗျာ Window XP . Window 7 , Vista အားလုံးကို Support လုပ်ပါတယ်ဗျာ။ ကျွန်တော် Full Version လေးဘဲတင်ပေးထားပါတယ်။ အသုံးပြုပုံကိုလည်း အားလုံးနားလည်အောင် ပုံလေးနဲ့တကွ ရှင်းပြပေးလိုက်ပါတယ်။





ပထမအနေနဲ့ Go to main Screen လေးကိုနှိပ်လိုက်ပါ။



ပုံမှာမြင်ရတဲ့အတိုင်း Partition ပိုင်းထားတာ C,D,E,F ဆိုပြီး အပိုင်းလေးပိုင်းကိုတွေ့မှာပါ။
နမူနာအနေနဲ့ ကျွန်တော်က E:Backup ဆိုတဲ့ အပိုင်းလေးကို နောက်ထပ်တစ်ပိုင်းဖန်တီးပြ
မှာပါ။
1.ကိုယ်ပိုင်းချင်တဲ့အပိုင်းလေးကို Select ပေးပြီးရင်
2.Resize/Moveကိုနှိပ်ပါ။

 

ဒါဆိုရင် အားလုံးမြင်ရတဲ့တိုင်းဘဲ ကိုယ်ပိုင်းချင်တဲ့အပိုင်းလေးပေါ်လာပါပြီ။
1.    အဲဒီမှာပါတဲ့အဝိုင်းလေးနားမှာ Mouse ကိုထားပြီး  ရှေ့တိုးနောက်ဆုတ်နဲ့ နောက်ထပ် Partition တစ်ခု ဖန်တီးနိုင်ပါတယ်။နောက်တစ်နည်းကတော့
2.    Partition Size မှာ မူလရှိနေတဲ့ ပမာဏကိုဖော်ပြပေးထားတာဖြစ်ပါတယ်။
3.    Unallocated Space After ကတော့ ထပ်မံဖန်တီးလိုတဲ့ Partition ပမာဏကို အတိအကျသတ်မှတ်ပေးရမှာဘဲဖြစ်ပါတယ်။ (1GB x 1024MB) မသိရှိသေးသူများအတွက်ပါ။ကိုယ်က နောက်ထပ် Partition မှာ 50GB ထားချင်တယ်ဆိုရင် 50 x 1024 = 51200MB ရိုက်ထည့်ရမှာဘဲဖြစ်ပါတယ်။

 

 ပုံမှာမြင်ရတဲ့အတိုင်း Unallocated ဆိုတဲ့ အပိုင်းတစ်ပိုင်းပေါ်လာပါပြီ။ Ok နှိပ်ပါ။


1.    Unallocated ဆိုတဲ့ အပိုင်းလေးကို ပြီးပြည့်စုံတဲ့ Partition အပိုင်းတစ်ပိုင်း ဖြစ်လာဖို့ ဖန်တီးရမှာဖြစ်ပါတယ်။ Unallocated ကို Select ပေးပါ။
2.    Created နှိပ်ပါ။
3.    Partition Label သတ်မှတ်ပေးပါ။ကျွန်တော်ကတော့ ဥပမာအနေနဲ့ Data လို အမည်ပေးထားပါတယ်။
4.    Driver Letter သတ်မှတ်ပေးရမှာဘဲဖြစ်ပါတယ်။

အားလုံးပြီးသွားရင်တော့ Ok နှိပ်လိုက်ပါ။


ဒါကနောက်ဆုံးအဆင့်ပါဘဲ။ မိမိတို့ ဖန်တီးခဲ့တဲ့ Partition လေးဟာပုံမှာမြင်ရတဲ့အတိုင်းပြီးပြည့်စုံသွားပါပြီ။
1.    ဒါဆိုရင် Apply ကိုနှိပ်ပါ။
2.    Shut down the computer after changes are applied. မှာအမှန်ခြစ်ပေးပါ။
3.    Yes နှိပ်ပါ။

လုပ်ငန်အားလုံးပြီးဆုံးသွားပါပြီ။ Window ပြန်တက်လာတဲ့အချိန်မှာတော့ Partition ပိုင်းတဲ့လုပ်ဆောင်ချက်ကို အလိုလျောက်လုပ်ဆောင်ပေးနေတဲ့အတွက် ခဏလေးတော့စောင့်ပေးပါ။ 100% ပြည့်ပြီး Window တက်လာရင်တော့ မိမိ ပိုင်းထားတဲ့
Partition ကို စတင်အသုံးပြုလို့ရပါပြီ။

ကျွန်တော်ရေးသားမှုအပေါ်မှာ အဆင်မပြေတာနားမလည်တာရှိရင် အရေးအသားကောင်းမွန်စွာမရှင်းပြနိုင်တဲ့အတွက် နားလည်းပေးစေချင်ပါတယ်။
အဆင်မပြေပါကလည်း မေးမြန်းနိုင်ပါတယ်။

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။ 

ထွက်လာမယ့် ရလဒ်လေးကိုတော့ဗျာ !!!!!!!!!!!!!!!!


အောက်က Link မှာ ယူကြပါနော်။



 

Read More ...

Thursday, January 19, 2012

Driver Genius Professional 10.0.0.526


                        ဒါလေးကတော့ Window တင်ပြီး လိုအပ်တဲ့ Driver တွေ ကို ရှာဖွေပြီး Auto တင်ပေး
တဲ့ Driver Genius Professional ပါ။ ကွန်ပြူတာရှိသူတိုင်းဆောင်ထားသင့်တဲ့ Software တွေထဲ မှာ
တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်။ File Size ကလည်း။ 11.66MB ဘဲရှိလို့ ဒေါင်းထားရင်လည်း မမှားပါဘူး
သူကတော့ Window XP , Window 7 , Window Vista အားလုံးကို Support လုပ်ပေးပါတယ်။ သုံးရတာ
လည်းပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။ကျွန်တော့်ရဲ့တင်ပေးနေကြပုံစံအတိုင်းဘဲ Full Version လေးဘဲ
တင်ပေးထားပါတယ်။
Serial Key ကို အထဲမှာ ထည့်သွင်းပေးထားပါတယ်။ အသုံးတည့်မယ်ဆိုရင်အောက်
က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။


Read More ...

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်



                      (၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာ
နှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်း
လေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ
ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု
ဝါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု
ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ
စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊
ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊
ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ
မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို
မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း
(၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ
ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို
ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက်
ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း,
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း
လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင်
အဖြစ်ရောက်ရှိပါတယ်၊

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး
ရှိပါတယ်၊ အဲဒါတွေကတော့.....

(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့
စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ
လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊
အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊
လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ
အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း,
ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို
စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို
ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊
ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို
စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း
ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက်
ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။

အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ
ချပြတော်မူခဲ့ပါတယ်။

တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး
တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း
ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး,
ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်,
ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်,
အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့
ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့်
မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို
လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့
မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ”
အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်….
နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊
မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း,
အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး
ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို
ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို
မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို
တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ
အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး
မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏
ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း
ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင်
မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို
ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။

ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…

(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-

ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား
ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ
မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့
တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး
ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ
စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့
အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ်
ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့
သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။

(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ
အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း
စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့
နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့
ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ
တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော်
စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ
အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့
စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ်
သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို
လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ
ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊

ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “
ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို
ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ
ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ
နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့
မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည်
,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို
ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ
ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ
ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ
အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့
ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင်
ကြိုးစားကြပါစို့…….။

http://www.dhammaweb.net/notes/view.php?id=30 မှ ပြန်လည်ကူးယူ ပူဇော်ပါသည်။
Read More ...

မိမိ ကွန်ပြူတာရဲ့ Desktop မှာ နာရီလှလှလေးနဲ့ အလှဆင်ရအောင်



                     အခုတင်ပေးလိုက်တာလေးကတော့ နာရီလှလှလေးဘဲဖြစ်ပါတယ်။ Desktop ပေါ်မှာ အလှဆင်လိုသူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ တခြား Software တွေလိုမျိုး Desktop ပေါ်မှာ တင်ပြီး လေးလံခြင်းမရှိပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့အသုံးပြုရတာ လွယ်ကူပါတယ်။ အဆင်ပြေ
ပါတယ်။File Size ကတော့ 1.82MB လေးဘဲရှိပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးအဆင်ပြေကြပါစေဗျာ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9SfbtdAqVFkLMCJdWqITARASIlIssWW0Jb3M8gbt6Or3UN3lpS0OmiYCSGFKUOJqNaQ2K0fQHBeT2Yui4NXF8FK8tdfULPGmEgRhFzmagKv1gUKY6OamVxn5mWyMSWGBbhIm7IRCG7dA/s1600/1.Download+Here.gif

Read More ...

Spider Man - 2


                  ဒီတစ်ခေါက်လည်း Game လေးဘဲထပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ အများအားဖြင့်တော့
လူငယ်လေးတွေကြိုက်ကြမယ်လို့တော့ထင်ပါတယ်။ Portable လေးဖြစ်တဲ့အတွက် ဒေါင်းရတာရော ကစားရတာပါ အဆင်ပြေပါလိမ့်မယ်ဗျာ။ Game ဆိုတော့ လည်း တခြား Software တွေလို ရှည်ရှည်ဝေး
ဝေးရှင်းပြနေစရာမလိုတော့ပါဘူးဗျာ။ စိတ်ဝင်စားတယ်ဆိုရင်အောက်က Link မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။



Read More ...

Wednesday, January 18, 2012

Format Factory 2.70 Portable Converter

                      ဒါလေးကတော့ ကျွန်တော်သုံးဖူးသမျှ Converter တွေထည်းမှာတော့ အကြိုက်ဆုံးဘဲဗျ
ဘာလို့အကြိုက်ဆုံးလည်းဆိုတော့ Movie ဘဲဖြစ်ဖြစ် Audio ဘဲဖြစ်ဖြစ် Convert လုပ်လိုက်ရင် မူရင်း အ
ရည်အသွေးကိုလျော့မသွားစေလို့ပါဘဲဗျာ။ Mp3 ကိုပြောင်းတာမျိုးဆိုရင်ကျွန်တော်တော်တော်လေးသ
ဘောကျတယ်ဗျာ။ File Size လည်း ချုံ့ သွားတယ်ဗျ။ အသံကလည်း မူရင်းအသံအတိုင်းမပျောက်စေပါဘူး။
နောက်တစ်ခု က ဘာသာစကား 56မျိုးကို Support လုပ်ပေးပါတယ်။ သူ Convert လုပ်ပေးနိုင်တဲ့ File အ
အမျိုးအစားတွေကလည်း စုံလင်နေတာပါဘဲဗျာ။ Window XP , Vista , 7 အားလုံးမှာ အသုံးပြုနိုင်ပါတယ်။
အောက်မှာတော့ အသေးစိတ်သေချာလေးဖော်ပြပေးထား
ပါတယ်ဗျာ။Serial , Crack , Keygen တွေ ဘာမှမလိုပါဘူး ဒီအတိုင်း Install လုပ်လိုက်ရုံပါဘဲ။ စိတ်ဝင်စား
တယ်ဆိုရင်အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

All to MP4/3GP/MPG/AVI/WMV/FLV/SWF.
All to MP3/WMA/AMR/OGG/AAC/WAV.
All to JPG/BMP/PNG/TIF/ICO/GIF/TGA.
Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format.
Supports RMVB,Watermark, AV Mux.
Format Factory's Feature:
1 support converting all popular video,audio,picture formats to others.
2 Repair damaged video and audio file.
3 Reducing Multimedia file size.
4 Support iphone,ipod multimedia file formats.
5 Picture converting supports Zoom,Rotate/Flip,tags.
6 DVD Ripper.
7 Supports 56 languages
OS requirements: All Windows OS



Read More ...

wxPyDict - ပေါ့ပေါ့ပါးပါးနဲ့ နောက်ပိုင်းလူသုံးများလာတဲ့ Dictionary






                     ဒီတစ်ခေါက်တင်ပေးထားတဲ့ Dictionary လေးကတော့ Babylon နီးပါး အသုံးများလာ
တာကိုတွေ့ရပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Serial , Crack , Keygen , တွေတစ်ခုမှမလိုပါဘူး။ တစ်ခါတည်း Install လုပ်ပြီးသုံးရုံပါဘဲ။ သူက English မှ Myanmar ပြီး
တော့ Myanmar မှ English နှစ်မျိုးလုံးသုံးနိုင်ပါတယ်။ File Size ကလည်း 5.58MB ဘဲရှိတဲ့အတွက် အပျင်းပြေဒေါင်းကြပေါ့ဗျာ။ကျွန်တော်တို့ တွေ Chat သလိုမျိုးဘဲ Shift + Ctrl တွဲနှိပ်ပြီး Fontပြောင်းပေး
ရုံပါဘဲ။
ပြီးတော့ Zawgyi ရော Myanmar3 (Unicode) နှစ်မျိုးလုံးကို Supportလုပ်ပေးပါတယ်။
ဒီ Dictionary လေးကို ကိုစိုးမင်း ရေးထားတာဖြစ်ပါတယ်။ မြန်မာ Programmer များကိုဂုဏ်ပြူသော
အားဖြင့်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ အသုံးတည့်မယ်ဆိုရင်တော့ အောက်က Link မှာဒေါင်းယူ
နိုင်ပါတယ်ဗျာ။ ဒေါင်းရအဆင်ပြေအောင် Link သုံးမျိုးမှာတင်ပေးထားပါတယ်။ အားလုံးဘဲအဆင်ပြေ
ကြပါစေဗျာ။




Read More ...
Related Posts Plugin for WordPress, Blogger...